< လုကာ 24 >
1 ၁ ခုနစ်ရက် တွင် ပဌမ နေ့ရက်အာရုဏ်တက် သောအချိန်၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့်တကွမိမိတို့ ပြင်ဆင် သောနံ့သာမျိုး ကို ဆောင် လျက် သင်္ချိုင်း တော်သို့ သွား ကြ၏။
On the first day of the week, very early in the morning, the women came to the tomb, bringing the spices they had prepared.
2 ၂ ရောက်သောအခါတွင်းဝ ၌ ပိတ်သောကျောက် သည် လိမ့် လန်လျက်ရှိသည်ကို တွေ့မြင် ၍ အတွင်း သို့ ဝင် သော် ၊
They found the stone rolled away from the tomb,
3 ၃ သခင် ယေရှု ၏အလောင်း တော်ကို မ တွေ့ ကြ။
but when they entered, they did not find the body of the Lord Jesus.
4 ၄ ထို အကြောင်း ကြောင့် သူ တို့သည် တွေးတော သောစိတ်ရှိ စဉ်တွင် ၊ လူ နှစ် ယောက်တို့သည် ပြိုးပြိုးပြက်ပြက် သော အဝတ်ကို ဝတ်ဆင် လျက် ပေါ်လာ၏။
While they were puzzling over this, suddenly two men in radiant apparel stood beside them.
5 ၅ ထိုမိန်းမ တို့သည် ကြောက်လန့် သောစိတ်နှင့် ငုံ့ ၍ နေ စဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေ ကောင်ရှိရာ အရပ်၌ အသက် ရှင်သောသူ ကို အဘယ်ကြောင့် ရှာ ကြသနည်း။
As the women bowed their faces to the ground in terror, the two men asked them, “Why do you look for the living among the dead?
6 ၆ ဤ အရပ်၌မ ရှိ ၊ ထမြောက် တော်မူပြီ။
He is not here; He has risen! Remember how He told you while He was still in Galilee:
7 ၇ လူ သား သည် ဆိုး သောသူ တို့လက် သို့ အပ်နှံ ခြင်း၊ လက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကိုခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟု ဂါလိလဲ ပြည်၌ ရှိ တော်မူစဉ် သင် တို့အား မိန့် တော်မူသောစကားကို အောက်မေ့ ကြဦးဟု ဆို ကြသည်ရှိသော် ၊
‘The Son of Man must be delivered into the hands of sinful men, and be crucified, and on the third day rise again.’”
8 ၈ ထိုမိန်းမတို့သည် စကား တော်ကို သတိရ ၍ ၊
Then they remembered His words.
9 ၉ သင်္ချိုင်း တော်က ပြန် လျှင် ထို အကြောင်းအရာအလုံးစုံ တို့ကို တစ်ကျိပ် တစ်ပါးသောသူ မှစ၍ ကြွင်း သော တပည့်တော်ဓါးအပေါင်း တို့အား ပြန်ကြား ကြ၏။
And when they returned from the tomb, they reported all these things to the Eleven and to all the others.
10 ၁၀ ထိုအကြောင်းအရာကို တမန်တော် တို့အား ပြော သောသူကား၊ မာဂဒလ မာရိ ၊ ယောဟန္န ၊ ယာကုပ် ၏ အမိဖြစ်သောမာရိ မှစ၍ အခြား သောမိန်းမများဖြစ် သတည်း။
It was Mary Magdalene, Joanna, Mary the mother of James, and the other women with them who told this to the apostles.
11 ၁၁ သူ တို့၏စကား ကို ဒဏ္ဍာရီ စကားကဲ့သို့ ထင်မှတ် ၍ တမန်တော် တို့သည် မ ယုံကြ။
But their words seemed like nonsense to them, and they did not believe the women.
12 ၁၂ သို့သော်လည်း ပေတရု သည်ထ ၍ သင်္ချိုင်း တော်သို့ ပြေး လေ၏။ ရောက်သောအခါ ငုံ့ ကြည့်၍ ပိတ် ပုဆိုးသာ ရှိရစ်သည်ကို မြင် လျှင်၊ ထို အကြောင်းအရာကို အံ့ဩ ၍ မိမိ အိမ်သို့ ပြန်သွား ၏။
Peter, however, got up and ran to the tomb. And after bending down and seeing only the linen cloths, he went away, wondering to himself what had happened.
13 ၁၃ ထိုမှတစ်ပါး ၊ တပည့် တော်နှစ် ယောက်တို့သည် ယေရုရှလင် မြို့နှင့် ခရီး လေးတိုင် ကွာ သောဧမောက် အမည် ရှိသောရွာ သို့ ထို နေ့ ၌ သွားကြစဉ်တွင်၊
That same day two of them were going to a village called Emmaus, about seven miles from Jerusalem.
14 ၁၄ ဖြစ်ခဲ့ ပြီးသော အကြောင်း အရာအလုံးစုံ တို့ကို အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
They were talking with each other about everything that had happened.
15 ၁၅ ထိုသို့ ဆွေးနွေး ပြောဆို ကြစဉ် တွင်၊ ယေရှု သည် ချဉ်းကပ် ၍ သူ တို့နှင့်အတူကြွ တော်မူ၏။
And as they talked and deliberated, Jesus Himself came up and walked along with them.
16 ၁၆ ထိုသူ တို့သည် မျက်စိ ချုပ် လျက်ရှိ၍၊ ကိုယ်တော် ဖြစ်သည်ကို မ သိ ကြ။
But their eyes were kept from recognizing Him.
17 ၁၇ ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွား လျက် အချင်းချင်း ဆွေးနွေး သောစကား ကား၊ အဘယ်သို့ သော စကားနည်း။ အဘယ်ကြောင့်မျက်နှာ ညှိုးငယ်ကြသနည်း ဟု မေး တော်မူလျှင် ၊
He asked them, “What are you discussing so intently as you walk along?” They stood still, with sadness on their faces.
18 ၁၈ သူ တို့တွင် ကလောဖ အမည် ရှိသောသူက၊ သင် သည် ယေရုရှလင် မြို့၌ ဧည့်သည် ဖြစ်လျက်သာ ယခု အခါ ထိုမြို့ ၌ ဖြစ်ခဲ့ ပြီးသော အကြောင်း အရာတို့ကို မ သိ သလောဟု ပြောဆို ၏။
One of them, named Cleopas, asked Him, “Are You the only visitor to Jerusalem who does not know the things that have happened there in recent days?”
19 ၁၉ ကိုယ်တော် ကလည်း ၊ အဘယ် အကြောင်း အရာနည်း ဟု မေး တော်မူလျှင် ၊ ထိုသူတို့က၊ နာဇရက် မြို့သားယေရှု ၏ အကြောင်း အရာ ပေတည်း။ ထိုသူ သည် ဘုရားသခင် ရှေ့ ၊ လူ အပေါင်း တို့ရှေ့မှာ၊ နှုတ် သတ္တိ၊ လက် သတ္တိ နှင့် ပြည့်စုံ သော ပရောဖက် ဖြစ် ၏။
“What things?” He asked. “The events involving Jesus of Nazareth,” they answered. “This man was a prophet, powerful in speech and action before God and all the people.
20 ၂၀ ထိုသူ ကို ယဇ်ပုရောဟိတ် အကြီးနှင့် ငါ တို့မင်း များသည် အသေ သတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ ၍ လက်ဝါးကပ်တိုင် မှာ ကွပ်မျက် ကြပြီ။
Our chief priests and rulers delivered Him up to the sentence of death, and they crucified Him.
21 ၂၁ ထိုသူ သည် ဣသရေလ အမျိုးကို ရွေးနှုတ် အံ့သောသူ ဖြစ် သည်ဟု ငါ တို့သည် အထက်ကမြော်လင့် ကြ ပြီ။ ထိုမျှမက ဤ အကြောင်း အရာ ဖြစ်၍ယခု သုံး ရက် ရှိ ပြီ။
But we were hoping He was the One who would redeem Israel. And besides all this, it is the third day since these things took place.
22 ၂၂ ငါ တို့၏ အပေါင်း အဘော် မိန်းမ အချို့ တို့ သည်လည်း သင်္ချိုင်း တော်သို့ စောစော သွား ၍ ၊
Furthermore, some of our women astounded us. They were at the tomb early this morning,
23 ၂၃ အလောင်း တော်ကို မ တွေ့ လျှင် ၊ သခင် ယေရှုသည် အသက် ရှင်တော်မူ သည်ဟု ပြော သော ကောင်း ကင်တမန် ထင်ရှားရာ ရူပါရုံ ကို မိမိတို့ မြင် ကြောင်းကို ပြန်လာ ၍ ပြောဆို သဖြင့် ၊ ငါ တို့သည် မိန်းမော တွေဝေခြင်း ရှိကြ၏။
but they did not find His body. They came and told us they had seen a vision of angels, who said that Jesus was alive.
24 ၂၄ ထိုအခါ ငါ တို့တွင် အချို့ သောသူ တို့သည် သင်္ချိုင်း တော်သို့ သွား ၍ မိန်းမ တို့ပြောဆို သည်အတိုင်း တွေ့ သော်လည်း၊ ကိုယ်တော် ကို မ မြင် ရဟု ပြောဆိုကြ၏။
Then some of our companions went to the tomb and found it just as the women had described. But Him they did not see.”
25 ၂၅ ကိုယ်တော် ကလည်း ၊ ပရောဖက် ဟောပြော သောစကားများ ကို ယုံ နိုင်အောင် ဉာဏ် မရှိ၊ စိတ် ခိုင်မာသောသူတို့၊
Then Jesus said to them, “O foolish ones, how slow are your hearts to believe all that the prophets have spoken!
26 ၂၆ ခရစ်တော် သည် ဤသို့ပင်အသေခံ ၍ မိမိ ဘုန်း စည်းစိမ်တော် ကို ဝင်စား ရမည်မ ဟုတ်လော ဟု မိန့် တော်မူ၏။
Was it not necessary for the Christ to suffer these things and then to enter His glory?”
27 ၂၇ ထိုအခါ မောရှေ ၏ကျမ်းစာမှ စ ၍ပရောဖက် တို့၏ ကျမ်းစာများ ၌ ကိုယ်တော် ကိုရည်မှတ် ၍ ရေးထားသမျှ သော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာဖော်ပြ တော်မူ၏။
And beginning with Moses and all the Prophets, He explained to them what was written in all the Scriptures about Himself.
28 ၂၈ ထို တပည့်တော် တို့သည် သွား သောရွာ အနီး သို့ ရောက်သောအခါ ၊ ကိုယ်တော် သည် ထိုရွာ ကိုလွန်၍ သွား အံ့သော အခြင်းအရာကို ပြ တော်မူလျှင် ၊
As they approached the village where they were headed, He seemed to be going farther.
29 ၂၉ ထိုသူတို့က အကျွန်ုပ် တို့နှင့်အတူ ဝင်၍ နေ ပါ။ ညဦးယံ အချိန်ရှိ ပြီ။ မိုး လည်းချုပ် ပါသည်ဟူ၍ ကိုယ်တော် ကို ကျပ်ကျပ်သွေးဆောင် ကြ၏။ ထိုကြောင့် သူ တို့နှင့်အတူ နေ ခြင်းငှာဝင် တော်မူ၏။
But they pleaded with Him, “Stay with us, for it is nearly evening and the day is almost over.” So He went in to stay with them.
30 ၃၀ စားပွဲ၌ သူ တို့နှင့်အတူ လျောင်း တော်မူစဉ် ၊ မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူ တို့ အား ပေး တော်မူသည်တွင်၊
While He was reclining at the table with them, He took bread, spoke a blessing and broke it, and gave it to them.
31 ၃၁ သူ တို့သည် မျက်စိ ပွင့်လင်း ၍ ကိုယ်တော် ဖြစ်သည်ကို သိ ကြ၏။ ထိုအခါ ကိုယ်တော် သည် ကွယ် တော်မူ၏။
Then their eyes were opened and they recognized Jesus—and He disappeared from their sight.
32 ၃၂ တပည့်တော်တို့ကလည်း ၊ လမ်း ခရီး၌ ငါ တို့နှင့်ဟောပြော ၍ ကျမ်းစာ အနက်ကို ဖွင့်ပြ တော်မူသောအခါ ၊ ငါ တို့ စိတ် နှလုံးသည် ယိုဖိတ် မ တတ်ဖြစ် သည်မဟုတ်လော ဟု အချင်းချင်း ပြောဆို ကြ၏။
They asked each other, “Were not our hearts burning within us as He spoke with us on the road and opened the Scriptures to us?”
33 ၃၃ ထို တပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်း ထ ၍ ယေရုရှလင် မြို့သို့ ပြန် ပြီးမှ၊ တစ်ကျိပ် တစ်ပါးသော သူတို့သည် အပေါင်းအဘော် တို့နှင့်အတူ စုဝေး လျက်ရှိသည်ကို တွေ့ ကြ၏။
And they got up that very hour and returned to Jerusalem. There they found the Eleven and those with them, gathered together
34 ၃၄ စုဝေးသောသူတို့ကလည်း၊ သခင် ဘုရားသည် အမှန် ထမြောက် တော်မူပြီ။ ရှိမုန် အား ကိုယ်ကိုပြ တော်မူပြီဟုပြောဆို လျှင် ၊
and saying, “The Lord has indeed risen and has appeared to Simon!”
35 ၃၅ ထိုတပည့် တော်နှစ်ယောက်တို့သည် လမ်း ၌ ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့် ကိုဖဲ့ စဉ် တွင်ထင်ရှား တော်မူကြောင်းကို၎င်း၊ ပြန်ကြား ကြ၏။
Then the two told what had happened on the road, and how they had recognized Jesus in the breaking of the bread.
36 ၃၆ ထိုသို့ အချင်းချင်း ပြောဆို သောအခါ ၊ ယေရှု သည်သူ တို့အလယ် ၌ ရပ် တော်မူလျက်၊ သင် တို့အား ငြိမ်သက် ခြင်းဖြစ်စေသတည်း ဟု မိန့် တော်မူ၏။
While they were describing these events, Jesus Himself stood among them and said, “Peace be with you.”
37 ၃၇ တပည့်တော်တို့သည် တစ္ဆေ ကိုမြင် သည်ဟု စိတ်ထင် နှင့် ထိတ်လန့် ကြောက်ရွံ့ ခြင်းသို့ ရောက် ကြ၏။
But they were startled and frightened, thinking they had seen a spirit.
38 ၃၈ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူး အထွေထွ ေသော စိတ် ရှိ ကြသနည်း။
“Why are you troubled,” Jesus asked, “and why do doubts arise in your hearts?
39 ၃၉ ငါ့ လက် ကို ကြည့် ကြလော့။ ငါ့ ခြေ ကိုလည်း ကြည့်ကြလော့။ ငါ့ ကိုယ် ပင်ဖြစ် ၏။ ငါ့ ကို ကြည့်ရှု စမ်းသပ် ကြလော့။ ငါ သည် သင်တို့မြင် သည်အတိုင်း အရိုး အသား နှင့် ပြည့်စုံ ၏။ တစ္ဆေ မည်သည်ကား ဤကဲ့သို့မ ပြည့်စုံ ဟု မိန့် တော်မူလျက်၊
Look at My hands and My feet. It is I Myself. Touch Me and see—for a spirit does not have flesh and bones, as you see I have.”
40 ၄၀ လက် တော်ခြေ တော်တို့ကို တပည့် တော်တို့အား ပြ တော်မူ၏။
And when He had said this, He showed them His hands and feet.
41 ၄၁ ထိုသူ တို့သည် အံ့ဩ ၍ ဝမ်းမြောက် သောအားဖြင့် မ ယုံနိုင်ဘဲ နေသေး သောအခါ ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခု ရှိ သလော ဟု မေး တော်မူလျှင်၊
While they were still in disbelief because of their joy and amazement, He asked them, “Do you have anything here to eat?”
42 ၄၂ ငါး ကင် တ ပိုင်းနှင့် ပျားလပို့ကို ကပ်ပေး ကြ၏။
So they gave Him a piece of broiled fish,
43 ၄၃ ကိုယ်တော်သည် ယူ ၍ သူ တို့ရှေ့ မှာစား တော်မူ၏။
and He took it and ate it in front of them.
44 ၄၄ တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။
Jesus said to them, “These are the words I spoke to you while I was still with you: Everything must be fulfilled that is written about Me in the Law of Moses, the Prophets, and the Psalms.”
45 ၄၅ ထိုအခါ ကျမ်းစာ ကို နားလည် စေခြင်းငှာတပည့် တော်တို့၏ ဉာဏ် ကို ဖွင့် တော်မူလျှင်၊
Then He opened their minds to understand the Scriptures.
46 ၄၆ ဤသို့ ကျမ်းစာ လာ၏။ ဤသို့ ခရစ်တော် သည် အသေခံ ၍ သုံး ရက်မြောက်သောနေ့ ၌ သေ ခြင်းမှ ထမြောက် ရမည်။
And He told them, “This is what is written: The Christ will suffer and rise from the dead on the third day,
47 ၄၇ ခရစ်တော် ၏ အခွင့် အားဖြင့် နောင်တ တရားနှင့် အပြစ် လွှတ် ခြင်းတရားကို ယေရုရှလင် မြို့မှ စ သောလူမျိုး တကာ တို့အား ဟောပြော ရမည်။
and in His name repentance and forgiveness of sins will be proclaimed to all nations, beginning in Jerusalem.
48 ၄၈ သင် တို့သည်လည်း ဤ အကြောင်းအရာတို့၏ သက်သေ ဖြစ်ကြ၏။
You are witnesses of these things.
49 ၄၉ ငါ့ ခမည်းတော် ၏ ဂတိ ရှိသည်အတိုင်း သင် တို့၌ ငါ ပြု ဦးမည်။ သို့ဖြစ်၍ သင် တို့သည် ကောင်းကင် က တန်ခိုး ကို မ ခံ မှီတိုင်အောင်ယေရုရှလင်မြို့ ၌ နေ ကြဦးလော့ ဟု မိန့် တော်မူ၏။
And behold, I am sending the promise of My Father upon you. But remain in the city until you have been clothed with power from on high.”
50 ၅၀ ထိုနောက် တပည့် တော်တို့ကို ယေရုရှလင်မြို့ပြင် ၊ ဗေသနိ ရွာတိုင်အောင် ဆောင်သွား တော်မူပြီးမှ၊ လက် တော်ကို ချီ ၍ ကောင်းကြီး ပေးတော်မူ၏။
When Jesus had led them out as far as Bethany, He lifted up His hands and blessed them.
51 ၅၁ ထိုသို့ ကောင်းကြီး ပေးတော်မူစဉ် တွင်၊ တပည့် တော်တို့နှင့် ခွာ ၍ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံ တော်မူ၏။
While He was blessing them, He left them and was carried up into heaven.
52 ၅၂ တပည့် တော်တို့သည် ကိုယ်တော် ကို ပြပ်ဝပ် ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက် ဝမ်းသာခြင်းနှင့် ယေရုရှလင် မြို့သို့ ပြန်သွား ကြ၏။
And they worshiped Him and returned to Jerusalem with great joy,
53 ၅၃ ဘုရားသခင် ကို အံ့ဩချီးမွမ်း လျက် ဗိမာန် တော်သို့ ရောက်မြဲ ရောက်ကြ ၏။
praising God continually in the temple.