< လုကာ 23 >
1 ၁ ထိုအခါ မင်း အရာရှိအပေါင်း တို့သည်ထ ၍ ကိုယ်တော် ကို ပိလတ် မင်းထံသို့ ဆောင်သွား ကြပြီးလျှင်၊
AND the whole multitude of them rising up, led him to Pilate,
2 ၂ ဤ သူသည် ပြည်သူ ပြည်သားများကို လှည့်ဖြား ၍ ၊ မိမိ သည် ခရစ်တော် တည်းဟူသောရှင်ဘုရင် ဖြစ် ကြောင်းကိုဆို လျက် ၊ ကဲသာ ဘုရင်ကို အခွန် မဆက် နှင့်ဟု မြစ်တား သည်ကို အကျွန်ုပ် တို့တွေ့ ပါပြီဟု အပြစ်တင် ကြ၏။
and began to accuse him, saying, We have found this fellow perverting the nation, and forbidding to pay tribute to Caesar; pretending that he himself is the King Messiah.
3 ၃ ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ယေရှု ကိုမေး လျှင်၊ မင်းကြီး မေးသည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။
Then Pilate interrogated him, saying, Art thou the King of the Jews? And he answering said to him, Thou sayest so.
4 ၄ ပိလတ် မင်းက ၊ ဤ သူ ၌ အဘယ် အပြစ် ကိုမျှငါမတွေ့ ဟု ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အပေါင်းတို့အား ပြောဆို လျှင်၊
Then said Pilate unto the chief priests and the multitudes, I find nothing culpable in this man.
5 ၅ ထိုသူ တို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက် ၊ ဤသူ သည် ဂါလိလဲ ပြည်မှစ၍ ဤအရပ် တိုင်အောင် ယုဒ ပြည်၌ အနှံ့အပြား ဆုံးမဩဝါဒ ပေး၍ လူ များကိုနှိုးဆော် သောသူ ဖြစ်ပါသည်ဟု လျှောက်ဆို ကြ၏။
But they were urgent, saying, He stirreth up the people, teaching through all Judea, beginning from Galilee even to this place.
6 ၆ ပိလတ် မင်းသည် ဂါလိလဲဟူသောစကားကိုကြား လျှင် ၊ ထိုသူ သည်ဂါလိလဲ လူဖြစ် သလောဟု မေးမြန်း ၍ ၊
When Pilate heard of Galilee, he asked whether the man were a Galilean?
7 ၇ ဟေရုဒ် မင်းပိုင် သော သူဖြစ်သည် ကို သိ သောအခါ ထိုမင်း ထံသို့ ပို့ စေ၏။ ထို အခါ ဟေရုဒ် မင်းသည် ယေရုရှလင် မြို့၌ ရှိ သတည်း။
And when he knew that he came out of Herod’s jurisdiction, he sent him to Herod, who was himself at Jerusalem in those days.
8 ၈ ထိုမင်း သည် ယေရှု ကိုမြင် လျှင် အလွန် ဝမ်းမြောက် ခြင်းရှိ၏။ အကြောင်းမူကား ၊ အထက်က သိတင်း တော်များကိုကြား ၍၊ ကိုယ်တော် ကိုမြင် ခြင်းငှာကြာမြင့် စွာ အလိုရှိ သည်ဖြစ် ၍၊ ပြ တော်မူသော နိမိတ် လက္ခဏာ တစ်စုံတစ်ခု ကို မြင် ရမည်ဟု မြော်လင့် လျက် နေ၏။
Now when Herod saw Jesus, he was vastly delighted: for he had been long desirous to see him, because he had heard many things of him; and he hoped to see some miracle wrought by him.
9 ၉ ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော် ကို များစွာ မေးမြန်း သော်လည်း အဘယ် စကား ကိုမျှ ပြန် တော် မမူ။
And he put a variety of questions to him; but he made him no reply.
10 ၁၀ ယဇ်ပုရောဟိတ် အကြီးနှင့် ကျမ်းပြု ဆရာတို့သည် ထ ၍ ပြင်းထန် စွာ အပြစ်တင် ကြ၏။
And the chief priests and the scribes stood up vehemently accusing him.
11 ၁၁ ဟေရုဒ် မင်းသည် စစ်သူရဲ တို့နှင့်တကွ ကိုယ်တော် ကို မခန့်မညား ဘဲ ပြက်ယယ်ပြု ၍ တင့်တယ် သော အဝတ် ကို ဝတ် စေပြီးမှပိလတ် မင်းထံသို့ပို့ ပြန်စေ၏။
Then Herod with his guards treated him with contempt, and in derision clothed him in a splendid robe, and sent him back to Pilate.
12 ၁၂ ထိုနေ့ ၌ ပိလတ် မင်းနှင့် ဟေရုဒ် မင်းတို့သည် အချင်းချင်း အဆွေ ဖွဲ့ ကြ၏။ အထက် က ရန်ဘက် ဖြစ် ကြ သတည်း။
And Pilate and Herod the same day became friends together: for they had previously been at enmity with each other.
13 ၁၃ တဖန် ပိလတ် မင်းသည် ယဇ်ပုရောဟိတ် အကြီး၊
Then Pilate, convoking the chief priests and the rulers and the people,
14 ၁၄ ပြည်သူပြည်သား များကို ပုန်ကန် စေသောသူကဲ့သို့ ဤ လူ ကို သင်တို့သည် ငါ့ ထံသို့ပို့ဆောင် ကြသည် ဖြစ် ၍ ၊ သင် တို့ရှေ့ မှာ ငါ စစ်ကြော သော်လည်း၊ သင်တို့ တင် သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ ၌ ငါမတွေ့ ။
said unto them, Ye have brought this man to me, as one who perverteth the people: and lo! on examining him before you, I have found nothing culpable in this man, respecting the charges ye bring against him:
15 ၁၅ ဟေရုဒ် မင်းသည်လည်း မ တွေ့။ ထိုမင်း ထံသို့ ငါ ပို့ စေပြီ။ ဤသူ သည် အသေ သတ်ခြင်းကို ခံထိုက် သော အမှုတစ်စုံတစ်ခုကိုမျှ မ ပြု ။
nor Herod neither: for I referred you to him; and, lo, nothing is done to this man, as if he deserved death.
16 ၁၆ ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု ဆို လေ၏။
I will therefore, after scourging, discharge him.
17 ၁၇ ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။
(Now he held it necessary to release one to them at the feast.)
18 ၁၈ လူအပေါင်းတို့က၊ ထို သူကို ထုတ် ပါလော့။ အကျွန်ုပ် တို့အား ဗာရဗ္ဗ ကို လွှတ် ပါလော့ဟု တစ်ညီတစ်ညွတ် တည်း ဟစ်ကြော် ကြ၏။
Then the whole multitude set up a cry, saying, Away with this fellow, and release unto us Barabbas!
19 ၁၉ ထို ဗာရဗ္ဗကား၊ မြို့ ၌ ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင် ထဲ၌ လှောင် ထားသောသူဖြစ် သတည်း။
(who for a certain sedition raised in the city, and for murder, had been cast into prison.)
20 ၂၀ ပိလတ် မင်းသည် ယေရှု ကို လွှတ် ချင် သောကြောင့် သူ တို့အားတစ်ဖန် ပြောဆို လေ၏။
Again therefore Pilate called out to them, desirous to see Jesus at liberty.
21 ၂၁ သူတို့ကလည်း၊ ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ။ ရိုက် ထားပါဟု ဟစ်ကြော် ကြ၏။
But they clamoured the more, saying, Crucify, crucify him.
22 ၂၂ ပိလတ်မင်းက၊ ထိုသူ သည် အဘယ် အပြစ် ကို ပြု ဘိသနည်း။ သေ ထိုက်သောအပြစ် တစ်စုံတစ်ခု မျှသူ ၌ ငါမတွေ့ ။ ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု သုံး ကြိမ်မြောက်အောင်ဆို လျှင်၊
Then the third time he said to them, What evil hath this man done? I have found nothing deserving death in him: I will therefore, after scourging, discharge him.
23 ၂၃ လူများတို့သည် ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာကြီးစွာ သောအသံ နှင့် ကျပ်ကျပ် တောင်း သဖြင့်၊ သူ တို့၏အသံ နှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင် လေ၏။
But they were instant with the most clamorous vociferations, soliciting that he might be crucified. And their clamours, and those of the chief priests, bore him down.
24 ၂၄ ပိလတ် မင်းသည်လည်း သူ တို့တောင်း သည့်အတိုင်း ဖြစ် စေခြင်းငှာစီရင် ၍၊
Then Pilate decreed that their petition should be granted.
25 ၂၅ ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင် ထဲမှာ လှောင် ထားသောသူ ကို လူ များတောင်း သည်အတိုင်း လွှတ် ပြီးမှ ၊ ယေရှု ကို သူ တို့ အလို သို့အပ် လိုက်လေ၏။
Then released he to them him who for sedition and murder had been cast into prison; but he gave up Jesus to their will.
26 ၂၆ ကိုယ်တော် ကို ထုတ်သွား ကြစဉ်၊ ရှိမုန် အမည်ရှိသော ကုရေနေ ပြည်သားတစ် ယောက်သည် တောရွာ မှ လာ သည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှု နောက် တော်၌ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
And as they led him out, laying hold on one Simon, a Cyrenian, who was coming from the country, they laid on him the cross, to carry after Jesus.
27 ၂၇ နောက် တော်၌ လိုက်သောလူ များ အပေါင်း တို့တွင်၊ ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်း သော မိန်းမ အချို့ပါ၏။
And a great multitude of the people and of women followed him, who also beat their breasts and lamented him bitterly.
28 ၂၈ ထိုသူ တို့ကို ယေရှု သည် လှည့်ကြည့် ၍ ၊ ယေရုရှလင် မြို့သမီး တို့၊ ငါ့ ကြောင့် မ ငိုကြွေး ကြနှင့်။ မိမိ တို့နှင့် မိမိ တို့သား များကြောင့် ငိုကြွေး ကြလော့။
But Jesus turning to them, said, Daughters of Jerusalem, weep not for me, but for yourselves, and for your children.
29 ၂၉ အကြောင်းမူကား ၊ မြုံ သောမိန်းမသည် မင်္ဂလာ ရှိ၏။ ပဋိသန္ဓေ မ ယူဘူးသောဝမ်း နှင့် သူငယ်မ စို့ဘူး သောသားမြတ် သည် မင်္ဂလာရှိ၏ဟု ပြော ရသောနေ့ရက် ကာလရောက် လိမ့်မည်။
For, behold, the days are coming, in which they shall say, Blessed are the barren, and the wombs which have not borne, and the breasts which never suckled.
30 ၃၀ ထိုအခါ သူတို့က၊ အိုတောင် များတို့၊ ငါ တို့အပေါ်သို့ ကျ ကြပါ။ အိုကုန်း များတို့၊ ငါ တို့ကို ဖုံးအုပ် ကြ ပါဟု ခေါ် ကြလိမ့်မည်။
Then shall they begin to say to the mountains, Fall on us! and to the hills, Cover us!
31 ၃၁ အကြောင်းမူကား ၊ စိမ်း သောအပင် ကို ဤသို့ ပြု ကြလျှင် ၊ ခြောက် သောအပင် ၌ အဘယ်သို့ ဖြစ် လိမ့်မည်နည်း ဟု မိန့် တော်မူ၏။
For if they do all these things with the green wood, what will be done with the dry?
32 ၃၂ ထိုအခါ ကိုယ်တော် နှင့်အတူ လူဆိုး နှစ် ယောက် တို့ကိုလည်း သတ် အံ့သောငှာထုတ်သွား ကြ၏။
Now there were two other persons, malefactors, led out with him to be executed.
33 ၃၃ ကရာနိ အမည် ရှိသောအရပ် သို့ ရောက် ကြသော် ၊ ကိုယ်တော် နှင့်တကွ ထိုလူဆိုး တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။
And when they came to a place called Calvary, there they crucified him, and the malefactors, the one on the right hand, and the other on the left.
34 ၃၄ ယေရှု ကလည်း၊ အိုအဘ ၊ သူ တို့၏ အပြစ်ကိုလွှတ် တော်မူပါ။ သူတို့သည် ကိုယ်ပြု သောအမှုကို မ သိ ကြ ဟု မြွက်ဆို တော်မူ၏။ အဝတ် တော်ကိုလည်း စာရေးတံ ချ ၍ ဝေဖန် ကြ၏။
And Jesus said, Father, forgive them; for they know not what they do. Then dividing his garments, they cast the lot.
35 ၃၅ လူ များတို့သည်လည်း ကြည့်ရှု လျက် ရပ် နေကြ၏။ ထိုသူတို့နှင့်အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတစ်ပါး တို့ကိုကယ်တင် တတ်၏။ ခရစ်တော် တည်းဟူသောဘုရားသခင် ရွေးချယ် တော်မူသောသူ မှန်လျှင် ကိုယ် ကိုကယ်တင် ပါလေစေဟူ၍ပြက်ယယ်ပြု ကြ၏။
And the people stood looking on. And the rulers also with them derided him, saying, He saved others; let him save himself, if this fellow is the Messiah, the elect of God.
36 ၃၆ စစ်သူရဲ တို့သည်လည်း လာ ၍ ပုံးရည် ကို ကပ် ပေးလျက်၊
And the soldiers also insulted him, coming and offering him vinegar,
37 ၃၇ သင် သည် ယုဒ ရှင်ဘုရင် မှန် လျှင် ကိုယ် ကို ကယ်တင် လော့ဟူ၍ ပြက်ယယ်ပြု လျက် ဆို ကြ၏။
and saying, if thou art the King of the Jews, save thyself.
38 ၃၈ ခေါင်း တော်ပေါ်မှာ တပ်၍ အပြစ်ဖေါ်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား ၊ ဤသူ သည် ယုဒ ရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာတပ် သတည်း။
And there was an inscription written over him in Greek, Roman, and Hebrew characters, THIS IS THE KING OF THE JEWS.
39 ၃၉ ဆွဲ ထားသော လူဆိုး နှစ်ယောက်တွင် တစ် ယောက်က၊ သင် သည် ခရစ်တော် မှန် လျှင် ကိုယ် ကို၎င်း ၊ ငါ တို့ ကို၎င်း၊ ကယ်တင် လော့ဟု ကိုယ်တော် ကို ကဲ့ရဲ့ ၍ ဆို လေ၏။
Then one of the suspended malefactors blasphemed him, saying, If thou art the Messiah, save thyself and us.
40 ၄၀ တစ် ယောက်မူကား ၊ မိမိ အဘော်ကိုဆုံးမ ၍၊ သင် သည် ဤသူနည်းတူ အပြစ် ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မ ကြောက် သလော။
But the other addressing him, rebuked him, saying, Hast thou no fear of God, when thou art under the same condemnation?
41 ၄၁ ငါ တို့သည် ကိုယ်ပြု မိ သောအပြစ်နှင့်အလျောက် ခံရ သည်ဖြစ်၍တရားသဖြင့် ခံရ ကြ၏။ ဤ သူမူကား အဘယ် အပြစ် ကိုမျှမပြု ဟုဆို ပြီးလျှင်၊
And we indeed justly, for we receive deserved punishment for the crimes we have committed: but this man hath done nothing amiss.
42 ၄၂ သခင်၊ ကိုယ်တော် သည် နိုင်ငံ တော်တည် လျက်ကြွလာ တော်မူသောအခါ အကျွန်ုပ် ကို အောက်မေ့ တော်မူပါဟု ယေရှု ကို လျှောက်ဆို ၏။
And he said to Jesus, Remember me, Lord, when thou comest in thy kingdom.
43 ၄၃ ယေရှုကလည်း ၊ ငါ အမှန် ဆိုသည်ကား၊ ယနေ့ တွင် သင်သည် ငါ နှင့်အတူ ပရဒိသု ဘုံ၌ ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။
And Jesus said to him. Verily I say unto thee, To-day thou shalt be with me in paradise.
44 ၄၄ ထိုအချိန်သည် မွန်းတည့် အချိန် လောက် ဖြစ် ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိ ဖြစ် လေ၏။
And it was about the sixth hour, and there was darkness over all the land until the ninth hour.
45 ၄၅ နေ အရောင်ကွယ်ပျောက် လေ၏။ ဗိမာန် တော်၏ ကုလားကာ သည် နှစ် ဖြာကွဲ လေ၏။
And the sun was darkened, and the veil of the temple was rent in the midst.
46 ၄၆ ယေရှု သည်လည်း ကြီး သောအသံ နှင့် ကြွေးကြော် တော်မူပြီးလျှင်၊ အိုအဘ ၊ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကိုယ်တော် လက် ၌ အကျွန်ုပ်အပ် ပါ၏ ဟု မိန့် တော်မူလျက် အသက် ချုပ်တော်မူ၏။
And Jesus crying with a loud voice, said, Father, into thy hands I commit my spirit: and having said this, he expired.
47 ၄၇ ထို အခြင်းအရာ တို့ကို တပ်မှူး သည်မြင် လျှင် ၊ စင်စစ် ဤသူ သည် ဖြောင့်မတ် သောသူမှန်ပေ ၏ဟုဆို ၍ ဘုရားသခင် ကို ချီးမွမ်း လေ၏။
And the centurion observing what had come to pass, glorified God, saying, Verily this man was a righteous person.
48 ၄၈ ထို အမှု ကို အကြည့်အရှု လာ သောသူအပေါင်း တို့သည် ထို အခြင်းအရာများ ကိုမြင် လျှင် ၊ ရင်ပတ် ကို ခတ် ၍ ပြန်သွား ကြ၏။
And all the multitudes who had come together for this spectacle, when they saw the things which were done, beating their breasts, returned.
49 ၄၉ ဂါလိလဲ ပြည်မှ နောက် တော်သို့လိုက်လာသော မိန်းမ တို့နှင့် ကိုယ်တော် ကို သိကျွမ်း သောသူအပေါင်း တို့သည်လည်း အဝေး က ကြည့်ရှု ၍ ရပ် နေကြ၏။
And all his acquaintance stood afar off, and the women which followed him from Galilee, beholding these things.
50 ၅၀ ထိုအခါ ယုဒ ပြည်အရိမသဲ မြို့သား ယောသပ် အမည် ရှိ သော လွှတ်တော် အရာရှိတစ်ယောက်သည်၊ အခြားသောလွှတ်အရာရှိတို့၏ တိုင်ပင် စီရင်ခြင်းကို ဝန်ခံ သောသူ မ ဟုတ် ၊
And lo! a man named Joseph, being a member of the council, a good man, and a just;
51 ၅၁ ဘုရားသခင် ၏နိုင်ငံ တော်ကို မြော်လင့် သော သူတော်ကောင်း သူတော်မြတ် ဖြစ် သည်နှင့် ပိလတ် မင်းထံသို့ဝင် ၍၊
(who had not given his assent to their determination and deed; ) being of Arimathea, a city of the Jews: who himself also expected the coming of the kingdom of God.
52 ၅၂ ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။
He went in to Pilate, and begged the body of Jesus.
53 ၅၃ အလောင်း တော်ကို ချ ၍ ပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင် ၊ တစ်ယောက် ကိုမျှ မ သင်္ဂြိုဟ် ဘူး သော ကျောက် သင်္ချိုင်း တွင်း၌ ထား လေ၏။
And taking it down from the cross, he wrapped it in linen cloth, and laid it in a sepulchre hewn out of a rock, where none had ever yet lain.
54 ၅၄ ထိုနေ့ ကား အဘိတ်နေ့ ဖြစ် ၍ ဥပုသ်နေ့ အချိန် နီး သတည်း။
And that was the preparation-day, and the sabbath’s twilight was approaching.
55 ၅၅ ဂါလိလဲ ပြည်က ကိုယ်တော် နှင့်အတူလာ သောမိန်းမ များသည် သင်္ချိုင်း တော်ကို၎င်း ၊ အလောင်း တော်ကို အဘယ်သို့ ထား သည်ကို၎င်း အကြည့်အရှု လိုက်လာ ကြ၏။
Then the women also, his attendants, who had followed him out of Galilee, observed the sepulchre, and how his corpse was laid out.
56 ၅၆ ထိုနောက်မှပြန်သွား ပြီးလျှင်ဆီမွှေး နှင့် နံ့သာမျိုး ကို ပြင်ဆင် ၍ ပညတ် တော်အတိုင်း ဥပုသ်နေ့ ၌ အလုပ်မလုပ်ဘဲ နေ ကြ၏။
And returning, they made preparation of aromatics and unguents; and they rested the sabbath-day, according to the commandment.