< လုကာ 22 >

1 ပသခါ အမည်ရှိ သော အဇုမ ပွဲ ခံခါနီး တွင် ၊
Estava perto a festa dos pães sem fermento, chamada de páscoa.
2 ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ သတ် ရအံ့နည်းဟု ရှာကြံ ရကြသနည်းဟူမူကား၊ လူ များတို့ကို ကြောက် ကြ၏။
E os chefes dos sacerdotes, e os escribas procuravam um meio de o matar, pois eles temiam ao povo.
3 ထိုအခါ စာတန် သည် တပည့် တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ် အထဲ သို့ဝင် သည် ဖြစ်၍၊
E Satanás entrou no Judas que era chamado Iscariotes, que era um dos doze.
4 ထိုသူသည် ယဇ်ပုရောဟိတ် အကြီးများ၊ ဗိမာန်တော်မှူး များတို့ထံသို့သွား ပြီးလျှင် ၊ ယေရှု ကို အဘယ်သို့ အပ် ရမည်နည်းဟူ၍ တိုင်ပင် လေ၏။
E foi, e falou com os chefes dos sacerdotes e os oficiais, sobre como [o] entregaria para eles.
5 ထိုသူ တို့သည်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။
E [estes] se alegraram, e concordaram em lhe dar dinheiro.
6 ယုဒ ရှကာရုတ်သည်လည်းဝန်ခံ ပြီးမှ လူ များမ ရှိစဉ်တွင်ကိုယ်တော် ကို အပ် ခြင်းငှာအဆင်သင့် သော အချိန်ကာလကို ကြံ လျက် နေ၏။
E [lhes] prometeu, e buscava oportunidade para o entregar quando não houvesse uma multidão.
7 ပသခါ သိုးသငယ်ကို သတ် ရသောနေ့တည်းဟူသောအဇုမ ပွဲနေ့ ရောက် သောအခါ၊
E veio o dia dos [pães] sem fermento, em que se devia fazer o sacrifício da páscoa.
8 ကိုယ်တော်က၊ ငါ တို့ စား ဘို့ရာ သင်တို့သည်သွား ၍ ပသခါ ပွဲကို ပြင်ဆင် ကြလော့ ဟု ပေတရု နှင့် ယောဟန် ကို စေလွှတ် တော်မူ၏။
E [Jesus] mandou a Pedro, e a João, dizendo: Ide, preparai-nos a páscoa, para que [a] comamos.
9 သူတို့ကလည်း ၊ အဘယ် အရပ်၌ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊
E eles lhe disseram: Onde queres que [a] preparemos?
10 ၁၀ ကိုယ်တော်က၊ သင် တို့သည် မြို့ ထဲသို့ ဝင် သောအခါ ရေ အိုး ဆောင် သောသူ ကိုတွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ သူဝင် သောအိမ် သို့ ဝင်ပြီးမှ၊
E ele lhes disse: Eis que, quando entrardes na cidade, um homem com um vaso de água vos encontrará; segui-o até a casa onde ele entrar.
11 ၁၁ ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကိုစား ရသော ဧည့်သည်အခန်း ကား အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ် ရှင် ကို ပြော ကြလော့။
E direis ao dono da casa: O Mestre te diz: Onde está o salão onde comerei a páscoa com meus discípulos?
12 ၁၂ ထိုသူ သည် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကို ပြ လိမ့်မည်။ ထို အခန်း၌ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။
Então ele vos mostrará um grande salão já arrumado; preparai-a ali.
13 ၁၃ တပည့် တော်တို့သည် သွား ၍ စကား တော်အတိုင်း တွေ့ လျှင် ၊ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
E indo eles, acharam como lhes tinha dito; e prepararam a páscoa.
14 ၁၄ အချိန် ရောက် မှ တမန်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၍ ၊
E vinda a hora, sentou-se [à mesa], e com ele os doze apóstolos.
15 ၁၅ ငါ သည် အသေမ ခံ မှီ ဤ ပသခါ ပွဲကို သင် တို့နှင့်အတူ စား ခြင်းငှာအလွန် အလိုရှိ လေပြီ။
E disse-lhes: Muito desejei comer convosco esta páscoa, antes que eu sofra.
16 ၁၆ ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်၌ ပသခါပွဲမ ပြည့်စုံ မှီတိုင်အောင် ယခုမှစ၍ဤ ပွဲကို တဖန် ငါမ စား ရ ဟု မိန့် တော်မူလျက်၊
Porque eu vos digo, que dela não mais comerei, até que [isto] se cumpra no Reino de Deus.
17 ၁၇ ခွက်ဖလား ကို ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ၊ ဤ ခွက်ကို ယူ ၍ အချင်းချင်း ဝေ ကြလော့။
E tomando o copo, e tendo agradecido [a Deus], disse: Tomai-o, e reparti [-o] entre vós.
18 ၁၈ ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော် မ တည် မှီတိုင်အောင် ယခု မှစ၍ စပျစ်ရည် ကိုတဖန် ငါ မ သောက်ရ ဟု မိန့် တော်မူ၏။
Porque vos digo, que do fruto da videira eu não beberei, até que o Reino de Deus venha.
19 ၁၉ ထိုအခါ မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား သင် တို့အဘို့ အလိုငှာ စွန့် သော ငါ ၏ကိုယ် ဖြစ် ၏။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြလော့ ဟု မိန့် တော်မူ၏။
E tomando o pão, e tendo agradecido [a Deus], partiu-o, e o deu a eles, dizendo: Isto é o meu corpo, que é dado por vós; fazei isto em memória de mim.
20 ၂၀ ထိုနည်းတူ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား သင် တို့အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ၌ တည်သော ပဋိညာဉ်တရား သစ် ဖြစ်၏။
De modo semelhante também com o copo, depois da ceia, disse: Este copo [é] o Novo Testamento em meu sangue, que é derramado por vós.
21 ၂၁ သို့သော်လည်း ငါ့ ကို အပ်နှံ သောသူ ၏လက် သည် ဤစားပွဲ ပေါ်မှာ ငါ့ လက်နှင့်အတူ ရှိ ၏။
Porém eis que a mão do que me trai [está] comigo à mesa.
22 ၂၂ ခွဲခန့် မှတ်သားတော်မူသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သားကို အပ်နှံ သော သူ သည် အမင်္ဂလာ ရှိ၏ ဟု မိန့် တော်မူ၏။
E realmente o Filho do homem vai conforme o que está determinado; mas ai daquele homem por quem é traído!
23 ၂၃ တပည့် တော်တို့သည်လည်း ထိုအမှု ကို အဘယ်သူ ပြု အံ့နည်းဟု အချင်းချင်း မေးမြန်း ကြ၏။
E começaram a perguntar entre si, qual deles seria o que faria isto.
24 ၂၄ ထိုမှတစ်ပါး တပည့်တော်တို့သည် မိမိ တို့တွင် အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိ သည်ဖြစ်၍၊
E houve também uma briga entre eles, sobre qual deles era considerado o maior.
25 ၂၅ ကိုယ်တော် က၊ လောကီ မင်း တို့သည် အစိုးတရ ပြုတတ်ကြ၏။ အာဏာ ထားသောသူ တို့ကိုလည်း ကျေးဇူး ရှင်ဟူ၍ခေါ်ဝေါ် ကြ၏။
E [Jesus] lhes disse: Os reis dos gentios os dominam, e os que exercem autoridade sobre eles são chamados de benfeitores;
26 ၂၆ သင် တို့မူကား ထိုသို့ မ ပြုကြနှင့်၊ သင် တို့တွင် အကဲအမှူး ပြုသောသူ ကို ငယ်သား ကဲ့သို့ ဖြစ်စေ ။ အုပ်စိုး သောသူ ကိုလည်း အစေခံ ကဲ့သို့ ဖြစ်စေ။
Mas não [seja] assim entre vós; antes o maior de vós seja como o menor; e o que lidera, como o que serve.
27 ၂၇ အဘယ်သူ သည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သလော ။ လုပ်ကျွေး သောသူ သည် ကြီးမြတ်သလော။ စားပွဲ ၌ လျောင်းသောသူ သည်ကြီးမြတ်သည်မ ဟုတ်လော။ သို့သော်လည်း ငါ သည် သင် တို့တွင် လုပ်ကျွေး သောသူ ကဲ့သို့ ဖြစ် ၏။
Porque qual é maior? O que se senta [à mesa], ou o que serve? Por acaso não é o que se senta [à mesa]? Porém eu estou entre vós como aquele que serve.
28 ၂၈ ငါ သည် စုံစမ်း နှောင့်ရှက်ခြင်းကို ခံစဉ် တွင်သင် တို့သည် ငါ ၌မှီဝဲ သောသူ ဖြစ် ရာ၏။
E vós sois os que tendes permanecido comigo em minhas tentações.
29 ၂၉ ငါ့ ခမည်းတော် သည် ငါ့ အား နိုင်ငံ ကို ပေး တော်မူသည်နှင့်အညီ ၊
E eu vos determino um Reino, assim como meu pai o determinou a mim.
30 ၃၀ သင်တို့သည် ငါ ၏နိုင်ငံ တွင် ငါ့ စားပွဲ ၌ စား သောက် သောအခွင့်ကို၎င်း၊ တရား ပလ္လင်ပေါ်မှာ ထိုင် ၍ ဣသရေလ လူတစ်ဆယ်နှစ် မျိုး ကို အုပ်စိုး ရသောအခွင့်ကို၎င်း၊ ငါ သည် သင် တို့အား ပေး မည် ဟု မိန့် တော်မူ၏။
Para que em meu Reino, comais e bebais à minha mesa; e vos senteis sobre tronos, julgando as doze tribos de Israel.
31 ၃၁ တဖန် သခင်ဘုရားက ၊ ရှိမုန် ၊ ရှိမုန် ၊ ဂျုံဆန် ကို ဆန်ခါ နှင့်ချသကဲ့သို့ စာတန် သည် သင် တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊
Disse também o Senhor: Simão, Simão; eis que Satanás vos pediu, para [vos] peneirar como trigo;
32 ၃၂ သင် ၏ယုံကြည် သောစိတ် မ ပျက်စေခြင်းငှာ ငါ သည် သင့် အဘို့ ဆုတောင်း လေပြီ။ သင် သည် သတိရ ပြန်သောအခါ သင် ၏ညီအစ်ကို တို့ကို တည်ကြည် စေလော့ ဟု မိန့်တော်မူလျှင်၊
Mas eu roguei por ti, que tua fé não se acabe; e quando tu te converteres, fortaleça teus irmãos.
33 ၃၃ ပေတရုက၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူ ထောင် ထဲသို့ ၎င်း ၊ အသေ သတ်ခြင်းသို့ ၎င်း လိုက် ခြင်းငှာအသင့် ရှိ ပါ၏ဟု လျှောက် လေသော်၊
E ele lhe disse: Senhor, estou preparado para ir contigo até à prisão, e à morte.
34 ၃၄ သခင်ဘုရားက၊ ပေတရု ၊ ငါဆို သည်ကား၊ ယနေ့ တွင် ကြက် မ တွန် မှီ သင် သည် ငါ့ ကို မသိ ဟုသုံး ကြိမ်မြောက်အောင် ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။
Mas ele disse: Pedro, eu te digo que hoje o galo não cantará, antes que me negues três vezes que me conheces.
35 ၃၅ တဖန် မိန့် တော်မူသည်ကား၊ အထက်က ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း မ ပါဘဲ သွားကြလော့ဟု သင် တို့ကို ငါစေလွှတ် သောအခါ တစ်စုံတစ်ခု လိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မ လိုပါဟု လျှောက် ကြသော် ၊
E disse a eles: Quando vos mandei sem bolsa, e sem sacola, e sem sandálias, por acaso algo vos faltou? E disseram: Nada.
36 ၃၆ ယခု မူကား ငွေအိတ် ရှိ သောသူ သည် ယူ စေ။ လွယ်အိတ် ရှိသောသူသည် ယူစေ။ ဓား မ ရှိ သော သူ သည် အဝတ် ကိုရောင်း ၍ ထားကိုဝယ် စေ။
Então, ele lhes disse: Mas agora, quem tem bolsa, tome-a, como também a sacola; e o que não tem espada, venda sua roupa, e compre uma.
37 ၃၇ အကြောင်းမူကား ၊ ထိုသူသည်မတရား သောသူတို့နှင့် ရေတွက် ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ ၌ ယခုပင် ပြည့်စုံ ရ မည်။ ငါ့ အမှုအရာတို့သည် ပြီးစီး ခြင်းသို့ ရောက် ကြပြီ ဟု မိန့် တော်မူ၏။
Porque eu vos digo, que ainda é necessário que se cumpra em mim aquilo que está escrito: E ele foi contado com os malfeitores. Porque aquilo que é sobre mim tem que se cumprir.
38 ၃၈ ထိုသူ တို့ကလည်း ၊ သခင် ၊ ဓား နှစ် စင်းရှိပါ၏ဟု လျှောက် လျှင်၊ တန် ပြီ ဟု မိန့် တော်မူ၏။
E eles disseram: Senhor, eis aqui duas espadas. E ele lhes disse: É o suficiente.
39 ၃၉ ထိုနောက် အလေ့ တော်ရှိသည်အတိုင်း သံလွင် တောင် သို့ ထွက် ကြွ တော်မူ၍၊ တပည့် တော်တို့သည် နောက်တော်သို့ လိုက် ကြ၏။
E saindo, foi, como de costume, para o monte das Oliveiras; e os seus discípulos também o seguiram.
40 ၄၀ ထိုအရပ် သို့ ရောက် တော်မူလျှင် ၊ သင်တို့သည် စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူပြီးမှ၊
E quando chegou a aquele lugar, disse-lhes: Orai para que não entreis em tentação.
41 ၄၁ တပည့်တော်တို့နှင့် ကျောက်ခဲ တပစ် လောက် ခွာသွား ၍ ဒူး ထောက် လျက်၊
E se afastou deles, [à distância] de um tiro de pedra. E pondo-se de joelhos, orava,
42 ၄၂ အိုအဘ ၊ အလိုတော်ရှိ လျှင် ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း တော်မူ၏။
Dizendo: Pai, se tu quiseres, passa este copo de mim; porém não se faça minha vontade, mas a tua.
43 ၄၃ ထိုအခါ ကောင်းကင်တမန် သည် ထင်ရှား လာ၍ ကိုယ်တော် ကို အားပေး ရ၏။
E apareceu-lhe um anjo do céu, que o fortalecia.
44 ၄၄ ပြင်းစွာ သောဝေဒနာကိုခံ လျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်း တော်မူ၏။ ချွေး ထွက် တော်မူသည် ကား ၊ မြေ ပေါ်၌ ကျ သော သွေး စက် ခဲကဲ့သို့ ဖြစ်သတည်း။
E estando em angústia, orava mais intensamente. E seu suor se fez como gotas de sangue, que desciam até o chão.
45 ၄၅ ထိုသို့ဆုတောင်း ပြီးမှ ၊ ယေရှုသည်ထ ၍ တပည့် တော်တို့ရှိရာသို့ ပြန် သောအခါ၊ သူ တို့သည် ဝမ်းနည်းသောစိတ် ရှိသည်နှင့် အိပ်ပျော် လျက် နေကြသည်ကို တွေ့ တော်မူလျှင်၊
E ele, levantando-se da oração, veio a seus discípulos, e os achou dormindo por causa da tristeza.
46 ၄၆ သင်တို့သည် အဘယ်ကြောင့် အိပ်ပျော် ကြသနည်း။ ထ ကြ။ စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ဆုတောင်း ကြလော့ ဟု မိန့် တော်မူ၏။
E disse-lhes: Por que estais dormindo? Levantai-vos, e orai, para que não entreis em tentação.
47 ၄၇ ထိုသို့ မိန့် တော်မူစဉ် တွင် ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ် သော ယုဒ ရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ ၍ ၊ ယေရှု ကို နမ်း ခြင်းငှာချဉ်းကပ် လေ၏။
E enquanto ele ainda estava falando, eis que uma multidão [chegou]; e um dos doze, o que se chamava Judas, ia adiante deles, e se aproximou de Jesus, para o beijar.
48 ၄၈ ယေရှု ကလည်း ၊ ယုဒါ သင်သည် နမ်း ခြင်းကို ပြုလျက် လူ သား ကိုအပ် သလော ဟု မေး တော်မူ၏။
E Jesus lhe disse: Judas, com um beijo trais ao Filho do homem?
49 ၄၉ ယေရှု နှင့်အတူ ပါသောသူတို့သည် ဖြစ် အံ့သောအမှု ကို မြင် လျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ဓား နှင့် ခုတ် ရပါမည်လောဟု မေးလျှောက် ပြီးမှ၊
E os que estavam com ele, vendo o que iria acontecer, disseram-lhe: Senhor, feriremos com a espada?
50 ၅၀ တစ် ယောက်သည် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ် ယောက်ကို ခုတ် သဖြင့် လက်ျာ နားရွက် ပြတ် လေ၏။
E um deles feriu a um servo do chefe dos sacerdotes, e cortou-lhe a orelha direita.
51 ၅၁ ယေရှု ကလည်း ၊ တန် စေ ဟု မိန့် တော်မူ၍ နားရွက် ကို လက်တော်နှင့်တို့ သဖြင့် အနာကို ပျောက် စေတော်မူ၏။
E respondendo Jesus, disse: Para com isto! E tocando-lhe a orelha, o curou.
52 ၅၂ ထိုအခါ အထံ တော်သို့ ရောက်လာ သော ယဇ်ပုရောဟိတ် အကြီး၊ ဗိမာန် တော်မှူး ၊ လူ အကြီးအကဲတို့ အား ယေရှု က၊ သင်တို့သည် ဓားပြ ကို ဖမ်း သကဲ့သို့ ငါ့ကို ဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။
E disse Jesus aos chefes dos sacerdotes, e aos oficiais do Templo, e aos anciãos, que tinham vindo contra ele: Como [se eu fosse] ladrão, saístes com espadas e bastões?
53 ၅၃ ငါ သည် ဗိမာန် တော်၌ သင် တို့နှင့်အတူ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဘမ်း မဆီးကြ။ သို့သော်လည်း ယခု အချိန်ကား သင် တို့အချိန် ဖြစ် ၏။ မှောင်မိုက် တန်ခိုး လည်းဖြစ်၏ ဟု မိန့် တော်မူ၏။
Estando eu convosco todo dia no Templo, contra mim não me prendestes; mas esta é a vossa hora, e [sob] a autoridade das trevas.
54 ၅၄ ထိုသူတို့သည် ကိုယ်တော် ကို ဘမ်းဆီး ၍ ယဇ်ပုရောဟိတ် မင်း၏အိမ် သို့ ဆောင်သွား ကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေး စွာလိုက် လေ၏။
E prendendo-o, [o] trouxeram e o puseram na casa do sumo sacerdote. E Pedro [o] seguia de longe.
55 ၅၅ အိမ်ဦး အလယ် ၌ မီး မွေး ပြီးမှ၊ လူများတို့ သည် စုဝေး၍ ထိုင် ကြလျှင်၊ ပေတရု သည်လည်း သူ တို့အထဲ ၌ ထိုင်နေ၏။
E acenderam fogo no meio do pátio, e sentaram-se juntos, e Pedro se sentou entre eles.
56 ၅၆ ထိုသို့ ပေတရု သည် မီး အနား မှာ ထိုင် နေသည်ကို အစေအပါး မိန်းမတစ် ယောက်သည်မြင် လျှင် ၊ သူ့ ကို စေ့စေ့ ကြည့်၍ ၊ ဤသူ သည် ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို သော် ၊
E uma serva, vendo-o sentado junto ao fogo, fixando o olhos nele, disse: Este também estava com ele.
57 ၅၇ ပေတရုက၊ အချင်းမိန်းမ ၊ ထိုသူ ကို ငါမ သိ ဟု ငြင်း လေ၏။
Porém ele o negou, dizendo: Mulher, eu não o conheço.
58 ၅၈ ထိုနောက် များမကြာ အခြားသော သူသည် ပေတရု ကိုမြင် လျှင် ၊ သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် သည်ဟုဆို သော်၊ ပေတရု က ၊ အချင်းလူ ၊ ငါသည် သူတို့ အဝင်မ ဟုတ် ဟု ဆို ၏။
E pouco depois, outro o viu, e disse: Também tu és um deles.
59 ၅၉ တဖန် တ နာရီလောက် ကြာ ပြီးမှအခြား သောသူ က၊ အကယ်စင်စစ် ဤသူ သည် ယေရှု နှင့် ပေါင်းဖော်သောသူဖြစ် ၏။ ဂါလိလဲ လူလည်း ဖြစ် ၏ဟု ခိုင်မာ စွာဆို လျှင် ၊
E quando já tinha passado quase uma hora, outro afirmava, dizendo: Verdadeiramente também este estava com ele, porque também é galileu.
60 ၆၀ ပေတရု က ၊ အချင်းလူ ၊ သင်ပြော သောအရာ ကို ငါမ သိ ဟုဆို ၏။ ထိုစကားကိုပြော သော ခဏခြင်း တွင် ကြက် တွန် လေ၏။
E Pedro disse: Homem, não sei o que dizes. E logo, estando ele ainda falando, cantou o galo.
61 ၆၁ ထိုအခါ သခင် ဘုရားသည်လှည့် ၍ ပေတရု ကို ကြည့် တော်မူ၏။ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို ပေတရု သည် သတိရ သဖြင့် ၊
E o Senhor, virando-se, olhou para Pedro; e Pedro se lembrou da palavra do Senhor, como lhe tinha dito: Antes que o galo cante, tu me negarás três vezes.
62 ၆၂ ပြင် သို့ထွက် ၍ ပြင်းစွာ ငိုကြွေး လေ၏။
E Pedro, saindo, chorou amargamente.
63 ၆၃ ယေရှု ကို ကိုင်ဆွဲ သောသူ တို့သည်ကိုယ်တော် ကို ပြက်ယယ်ပြု ၍ ရိုက်ပုတ် ကြ၏။
E os homens que tinham prendido a Jesus zombavam dele, ferindo-o;
64 ၆၄ မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။
E cobrindo-o, perguntavam, dizendo: Profetiza, quem é o que te feriu?
65 ၆၅ အခြား သောစကားများ ဖြင့်လည်း ကိုယ်တော် ကို ကဲ့ရဲ့ ၍ ပြောဆို ကြသေး၏။
E diziam muitas outras coisas contra ele, insultando-o.
66 ၆၆ မိုဃ်းလင်းသောအခါ လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် စည်းဝေး ၍ ကိုယ်တော် ကို လွှတ်တော် သို့ ဆောင်သွား ပြီးလျှင် ၊
E quando já era de dia, juntaram-se os anciãos do povo, e os chefes dos sacerdotes, e os escribas, e o trouxeram ao supremo conselho,
67 ၆၇ သင် သည် ခရစ်တော် မှန် လျှင် ငါ တို့အား ပြော လော့ဟုဆို ကြ၏။ ယေရှုကလည်း ၊ ငါပြော လျှင် သင် တို့ သည် မ ယုံ ။
dizendo, Tu és o Cristo? Dize-nos. E ele lhes disse: Se eu vos disser, não o crereis.
68 ၆၈ ငါမေး လျှင် လည်း သင်တို့သည် မ ဖြေ ဘဲ၊ ငါ့ကို မ လွှတ်ဘဲနေကြလိမ့်မည်။
E também se eu perguntar, não me respondereis, nem [me] soltareis.
69 ၆၉ နောက်၌ လူ သား သည် ဘုရားသခင် ၏ တန်ခိုး တော်လက်ျာ ဘက်၌ ထိုင် တော်မူလတံ့ ဟု မိန့် တော်မူသော်၊
A partir de agora o Filho do homem se sentará à direita do poder de Deus.
70 ၇၀ ထိုသူအပေါင်း တို့က ၊ သို့ဖြစ်၍ သင် သည် ဘုရားသခင် ၏ သား တော်မှန် သည်တကားဟု ဆို ကြလျှင် ၊ သင် တို့ဆို သည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။
E todos disseram: Então tu és o Filho de Deus? E ele lhes disse: Vós dizeis que eu sou.
71 ၇၁ ထိုသူတို့ကလည်း ၊ အဘယ် သက်သေ လို သေး သနည်း။ သူ ၏စကား ကို ငါ တို့ကိုယ်တိုင်ကြား ရပြီဟု ဆို ကြ၏။
E eles disseram: Para que precisamos de mais testemunho? Pois nós mesmos o ouvimos de sua boca.

< လုကာ 22 >