< လုကာ 2 >
1 ၁ ထို အခါ တစ်နိုင်ငံ လုံးကို စာရင်း ယူစေခြင်းငှာကဲသာ ဘုရင်ဩဂုတ္တု သည် အမိန့် တော်ရှိ ၏။
Just at this time an edict was issued by Caesar Augustus for the registration of the whole Empire.
2 ၂ ကုရေနိ သည် ရှုရိ ပြည်၌မြို့ဝန် ဖြစ် စဉ်တွင်၊ ဤ ပဌမ စာရင်း ယူခြင်း ဖြစ်သတည်း။
It was the first registration made during the governorship of Quirinius in Syria;
3 ၃ လူအပေါင်း တို့သည် စာရင်းဝင် ခြင်းငှာအသီးအသီး မိမိ တို့မြို့ ရွာသို့ သွား ကြ၏။
and all went to be registered--every one to the town to which he belonged.
4 ၄ ယောသပ် သည်လည်း ဒါဝိဒ် အမျိုးအနွယ် ဖြစ် ၍၊ ထိမ်းမြား ဆောင်နှင်းသောမယား မာရိ နှင့်အတူ စာရင်းဝင် ခြင်းငှာ၊
So Joseph went up from Galilee, from the town of Nazareth, to Judaea, to David's town of Bethlehem, because he was of the house and lineage of David,
5 ၅ ဂါလိလဲ ပြည်နာဇရက် မြို့ မှ ယုဒ ပြည် တွင် ဗက်လင် အမည် ရှိသောဒါဝိဒ် ၏မြို့ သို့ သွား ၏။ ထိုအခါမာရိသည် ပဋိသန္ဓေ အရင့်အမာရှိ ၏။
to have himself registered together with Mary, who was betrothed to him and was with child.
6 ၆ ဗက်လင်မြို့၌ရှိ နေ စဉ်၊ ဘွား အံ့သော နေ့ လစေ့ လျှင်၊
But while they were there, her full time came,
7 ၇ သားဦး ကိုဘွားမြင် ၍ အဝတ် နှင့်ပတ်ရစ်ပြီးမှ ၊ ဧည့်သည် တည်းရာစရပ်၌ သူ တို့နေစရာ မ ရှိ သောကြောင့် ၊ သူငယ် ကို နွားစားခွက် ၌ သိပ်ထား လေ၏။
and she gave birth to her first-born son, and wrapped Him round, and laid Him in a manger, because there was no room for them in the inn.
8 ၈ ထိုပြည် မှာ သိုးထိန်း တို့သည် ညဉ့် အခါ တော အရပ်၌ တည်းခို လျက်၊ မိမိ သိုးစု ကိုစောင့် နေကြသည် ဖြစ် ၍၊
Now there were shepherds in the same part of the country, keeping watch over their sheep by night in the open fields,
9 ၉ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် သူ တို့အနားမှာပေါ်လာ ၍ ၊ ပတ်ဝန်းကျင် ၌ ထာဝရ ဘုရား၏ ဘုန်း တော်ထွန်းတောက်သဖြင့် ၊ သူတို့သည် အလွန် ကြောက်ရွံ့ ခြင်းသို့ရောက်ကြ၏။
when suddenly an angel of the Lord stood by them, and the glory of the Lord shone round them; and they were filled with terror.
10 ၁၀ ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လူ အပေါင်း တို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသတင်း ကို ငါသည်သင် တို့အား ကြားပြောရ၏။
But the angel said to them, "Put away all fear; for I am bringing you good news of great joy--joy for all the People.
11 ၁၁ ယနေ့ တွင် ဒါဝိဒ် မြို့ ၌ သခင် ခရစ်တော် တည်းဟူသောကယ်တင် သောအရှင်သည် သင် တို့အဘို့ အလိုငှာဘွားမြင် ခြင်းကိုခံတော်မူပြီ။
For a Saviour who is the Anointed Lord is born to you to-day, in the town of David.
12 ၁၂ သင် တို့သည် အဘယ်နိမိတ် ဖြင့် သိရမည်နည်းဟူမူကား ၊ သူငယ် သည်အဝတ် နှင့် ပတ်ရစ်၍ နွားစားခွက် ၌ သိပ်ထား လျက်ရှိသည်ကို တွေ့ ကြလိမ့်မည်ဟု ဆို ပြီးလျှင် ၊
And this is the token for you: you will find a babe wrapped in swaddling clothes and lying in a manger."
13 ၁၃ ထို ကောင်းကင်တမန် နှင့်အတူ ကောင်းကင် ဗိုလ်ခြေ အများ တို့သည် ချက်ခြင်း ထင်ရှား ၍ ၊
And immediately there was with the angel a multitude of the army of Heaven praising God and saying,
14 ၁၄ ကောင်းကင် ဘဝဂ်ဝယ် ဘုရားသခင် သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီး ပေါ်၌ ငြိမ်သက် ခြင်းရှိစေသတည်း။ လူ တို့အား မေတ္တာ ကရုဏာရှိစေသတည်းဟုဘုရားသခင် ကို ချီးမွမ်း ၍မြွက်ဆို ကြ၏။
"Glory be to God in the highest Heavens, And on earth peace among men who please Him!"
15 ၁၅ ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံသို့ ပြန် ကြပြီးမှ သိုးထိန်း တို့က၊ ငါတို့သည် ဗက်လင် မြို့သို့ သွား ကြကုန်အံ့။ ထာဝရ ဘုရားသည် ဖော်ပြ တော်မူသော ဤ အမှုအရာ ကို ကြည့် ကြကုန်အံ့ဟု အချင်းချင်း ပြောဆို ပြီးလျှင် ၊
Then, as soon as the angels had left them and returned to Heaven, the shepherds said to one another, "Let us now go over as far as Bethlehem and see this that has happened, which the Lord has made known to us."
16 ၁၆ အလျင်အမြန် သွား ၍ မာရိ နှင့် ယောသပ် ကို၎င်း ၊ နွားစားခွက် ၌ သိပ်ထား လျက်ရှိသောသူငယ် ကို၎င်း တွေ့ ကြ၏။
So they made haste and came and found Mary and Joseph, with the babe lying in the manger.
17 ၁၇ တွေ့မြင် ပြီးမှ မိမိ တို့ကြား သောထို သူငယ် ၏ အကြောင်း စကား ကို အနှံ့အပြား ပြောကြ၏။
And when they saw the child, they told what had been said to them about Him;
18 ၁၈ သိုးထိန်း တို့ပြော သောစကား ကိုကြား သော သူ ရှိသမျှ တို့သည် အံ့ဩ ခြင်းရှိကြ၏။
and all who listened were astonished at what the shepherds told them.
19 ၁၉ မာရိ သည်ထို အကြောင်းအရာအလုံးစုံ တို့ကို မှတ်ကျုံး ၍ စဉ်းစား ဆင်ခြင်လျက်နေ၏။
But Mary treasured up all these things, often dwelling on them in her mind.
20 ၂၀ သိုးထိန်း တို့သည်လည်း မိမိ တို့အား ပြော နှင့်သည်အတိုင်း ကြား မြင် သမျှ သော အကြောင်းအရာကိုထောက်၍၊ ဘုရားသခင် ကို အံ့ဩ ချီးမွမ်း လျက် ပြန်သွား ကြ၏။
And the shepherds returned, glorifying and praising God for all that they had heard and seen in accordance with the announcement made to them.
21 ၂၁ ထိုသူငယ် အား အရေဖျားလှီး ခြင်းကို ပေးရသောနေ့တည်းဟူသောရှစ် ရက်မြောက်သောနေ့ ရောက် လျှင် ၊ ပဋိသန္ဓေ စွဲတော်မ မူမှီကောင်းကင်တမန် မှည့် သော ယေရှု အမည် ဖြင့် မှည့် ကြ၏။
When eight days had passed and the time for circumcising Him had come, He was called JESUS, the name given Him by the angel before His conception in the womb.
22 ၂၂ ထိုနောက် မောရှေ ၏ ပညတ် တရားအတိုင်း စင်ကြယ် ခြင်းကိုပြုရသော နေ့ရက် စေ့ သောအခါ ၊ မိဘတို့ သည် သူငယ် ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍၊
And when the days for their purification appointed by the Law of Moses had passed, they took Him up to Jerusalem to present Him to the Lord--
23 ၂၃ သားဦး ယောက်ျား အပေါင်း တို့သည် ဘုရား အဘို့ သန့်ရှင်း ရကြ၏ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ သည်နှင့်အညီ ၊ ထာဝရ ဘုရားအား ဆက်ကပ် ပြီးမှ ၊
as it is written in the Law of the Lord: "Every first-born male shall be called holy to the Lord."
24 ၂၄ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တစ်ခုခုကိုပူဇော် ရမည်ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ ပြန်သည်နှင့်အညီ ယဇ် ပူဇော်ကြ၏။
And they also offered a sacrifice as commanded in the Law of the Lord, "a pair of turtle doves or two young pigeons."
25 ၂၅ ထိုအခါ ရှုမောင် အမည် ရှိသောသူ တစ်ယောက်သည် ယေရုရှလင် မြို့၌ ရှိ ၏။ ထို သူ သည် ဖြောင့်မတ် သောသူ ၊ တရား ကိုရိုသေသောသူ၊ ဣသရေလ အမျိုး၏ သက်သာ ခြင်းအကြောင်းကို မြော်လင့် သောသူ ဖြစ်၏။ သန့်ရှင်း သောဝိညာဉ် တော်သည် သူ့ အပေါ် ၌တည် သည်ဖြစ်၍ ၊
Now there was a man in Jerusalem of the name of Symeon, an upright and God-fearing man, who was waiting for the consolation of Israel, and the Holy Spirit was upon him.
26 ၂၆ သူ သည်ထာဝရ ဘုရား၏ခရစ်တော် ကိုမ မြင် မှီ မ သေ ရဟု ဗျာဒိတ် တော်ကိုရ၏။
To him it had been revealed by the Holy Spirit that he should not see death until he had seen the Lord's Anointed One.
27 ၂၇ ထိုအခါ သူ သည် ဝိညာဉ် တော်အားဖြင့် ဗိမာန် တော်သို့ သွား ၍ ၊ မိဘ တို့သည် သူငယ် ယေရှု ကို ပညတ် တရားထုံးတမ်း အတိုင်း ပြု ခြင်းငှာဆောင်သွား စဉ် တွင်၊
Led by the Spirit he came to the Temple; and when the parents brought in the child Jesus to do with regard to Him according to the custom of the Law,
28 ၂၈ ရှုမောင် သည်ယေရှု ကို လက် နှင့် ချီပိုက် ၍ ၊
he took Him up in his arms and blessed God and said,
29 ၂၉ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင် ၊ ဗျာဒိတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် သည် ငြိမ်ဝပ် စွာ စုတေ့ ရသောအခွင့်ကို ကိုယ်တော်သည် ယခု တွင်ပေးတော်မူ၏။
"Now, O Sovereign Lord, Thou dost send Thy servant away in peace, in fulfilment of Thy word,
30 ၃၀ ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို ချီးမြှောက် စေခြင်းငှာ ၎င်း ၊
Because mine eyes have seen Thy salvation,
31 ၃၁ တစ်ပါး အမျိုးသားတို့ကို လင်း စေခြင်းငှာ၎င်း၊
Which Thou hast made ready in the sight of all nations--
32 ၃၂ လူ အမျိုးမျိုး တို့ရှေ့မှောက် ၌ ပြင်ဆင် တော်မူသောအလင်း တည်းဟူသော ကယ်တင် သောသခင်ကို အကျွန်ုပ်သည် ကိုယ် မျက်စိ နှင့်မြင် ရပါ၏ဟု မြွက်ဆို ၏။
A light to shine upon the Gentiles, And the glory of Thy people Israel."
33 ၃၃ ထိုစကား များကို ယောသပ် နှင့် မယ်တော် သည် ကြားလျှင် အံ့ဩ ခြင်းရှိ ကြ၏။
And while the child's father and mother were wondering at the words of Symeon concerning Him,
34 ၃၄ ရှုမောင် သည်လည်း သူ တို့ကိုကောင်းကြီး ပေး၍ မယ်တော် မာရိ အား ၊ ဤ သူငယ်ကား ဣသရေလ လူ အများ လဲ မည်အကြောင်း ၊ အများထ မည်အကြောင်း၊ လူအများ တို့၏အကြံအစည် ကို ထင်ရှား စေခြင်းငှာငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထား သောသူဖြစ်၏။
Symeon blessed them and said to Mary the mother, "This child is appointed for the falling and the uprising of many in Israel and for a token to be spoken against;
35 ၃၅ ထိုမှတစ်ပါး သန်လျက် သည် သင် ၏စိတ် နှလုံးကို ခွင်း လိမ့်မည်ဟု မြွက်ဆို ၏။
and a sword will pierce through your own soul also; that the reasonings in many hearts may be revealed."
36 ၃၆ အာရှာ အမျိုး ဖြစ်သော ဖနွေလ ၏သမီး ၊ အန္န အမည်ရှိသော ပရောဖက်မ တစ်ယောက်ရှိ ၏။ သူ သည် ပျို သောအရွယ်မှစ၍ ခုနစ် နှစ် သောလင် နှင့် နေ ပြီးလျှင်၊
There was also Anna, a prophetess, the daughter of Phanuel, belonging to the tribe of Asher. She was of a very great age, having had after her maidenhood seven years of married life,
37 ၃၇ အသက် ကြီးရင့် ၍ အနှစ် ရှစ်ဆယ်လေး နှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမ ဖြစ် လျက်၊ ဆုတောင်း ခြင်းနှင့် အစာရှောင် ခြင်းအားဖြင့်နေ့ ညဉ့် မပြတ်ဘုရား ဝတ်ကိုပြု၍ ဗိမာန် တော်နှင့် မ ခွာ ဘဲနေ၏။
and then being a widow of eighty-four years. She was never absent from the Temple, but worshipped, by day and by night, with fasting and prayer.
38 ၃၈ သူ သည်လည်း ထို ခဏခြင်း တွင်ဝင် ၍ ထာဝရ ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်း လေ၏။ ယေရုရှလင် မြို့ ၌ ရွေးနှုတ် ခြင်းအရာကို မြော်လင့် သောသူ အပေါင်း တို့အား ထိုသူငယ် ၏ အကြောင်း ကို ပြော လေ၏။
And coming up just at that moment, she gave thanks to God, and spoke about the child to all who were expecting the deliverance of Jerusalem.
39 ၃၉ မိဘ တို့သည် ထာဝရ ဘုရား၏ ပညတ် တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင် ပြုပြီးမှ၊ ဂါလိလဲ ပြည်၊ နာဇရက် အမည်ရှိသောမိမိ တို့ မြို့ သို့ ပြန် ကြ၏။
Then, as soon as they had accomplished all that the Law required, they returned to Galilee to their own town of Nazareth.
40 ၄၀ သူငယ် သည်လည်း ကြီးပွား ၍ ပညာ ဉာဏ်သတ္တိ နှင့် ပြည့်စုံ ၏။ ဘုရားသခင် ၏ကျေးဇူး တော်သည်လည်း သူ့ အပေါ် ၌တည် ၏။
And the child grew and became strong and full of wisdom, and the favour of God rested upon Him.
41 ၄၁ မိဘ တို့သည် နှစ် တိုင်း အစဉ်ပသခါ ပွဲ ခံချိန်ရောက်လျှင် ၊ ယေရုရှလင် မြို့သို့ သွား ကြ၏။
Now His parents used to go up year by year to Jerusalem at the Feast of the Passover.
42 ၄၂ ယေရှုသည် တစ်ဆယ့်နှစ် နှစ် ရှိသောအခါ ပသခါ ပွဲ ထုံးစံ အတိုင်း ယေရုရှလင်မြို့သို့တက် ကြ၍၊
And when He was twelve years old they went up as was customary at the time of the Feast, and,
43 ၄၃ ပွဲနေ့ရက် လွန် ပြီးမှ မိဘ တို့သည်ပြန် ကြလျှင် ၊ သူငယ် ယေရှု သည် ယေရုရှလင် မြို့၌ နေရစ် လေ၏။ ယောသပ် နှင့်မယ်တော်သည် ထိုအကြောင်းကို မ သိ ၍ ၊
after staying the full number of days, when they started back home the boy Jesus remained behind in Jerusalem. His parents did not discover this,
44 ၄၄ အပေါင်းအဘော် စုထဲမှာ သူငယ် ပါ သည်ဟု စိတ်ထင် နှင့် တစ်နေ့ ခရီး သွား မိလျှင် ၊ အဆွေအမျိုး အသိအကျွမ်း တို့တွင် ရှာ ၍၊
but supposing Him to be in the travelling company, they proceeded a day's journey. Then they searched up and down for Him among their relatives and acquaintances;
45 ၄၅ မ တွေ့ သောအခါ ယေရုရှလင် မြို့သို့ ပြန် ၍ရှာ ကြ၏။
but being unable to find Him they returned to Jerusalem, making anxious inquiry for Him.
46 ၄၆ သူငယ်မူကား ၊ ဗိမာန် တော်၌ ဆရာ များအလယ် မှာ ထိုင် ၍ ထိုသူ တို့နှင့် ဆွေးနွေး မေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံး ရက် ကြာ မှတွေ့ ကြ၏။
On the third day they found Him in the Temple sitting among the Rabbis, both listening to them and asking them questions,
47 ၄၇ သူ၏ စကားကိုကြား သောသူ အပေါင်း တို့သည် သူ၏ ပညာ ကို၎င်း၊ စကားအဖြေ ကို၎င်း အံ့ဩ ကြ၏။
while all who heard Him were astonished at His intelligence and at the answers He gave.
48 ၄၈ မိဘတို့သည် သား ကိုမြင် လျှင် မိန်းမော တွေဝေ၍ မယ်တော် က၊ ငါ့သား ၊ အဘယ်ကြောင့် ငါ တို့အား ဤသို့ ပြု သနည်း။ ညှိုးငယ် ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာ ကြပြီဟုဆို သော်၊
When they saw Him, they were smitten with amazement, and His mother said to Him, "My child, why have you behaved thus to us? Your father and I have been searching for you in anguish."
49 ၄၉ ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ် ကိုရှာ ရပါသနည်း။ အကျွန်ုပ် သည်အဘ ၏ အိမ်၌ နေ ရ သည်ကို မ သိ ပါသလောဟု ပြောဆို လျှင် ၊
"Why is it that you have been searching for me?" He replied; "did you not know that it is my duty to be engaged upon my Father's business?"
50 ၅၀ သူ တို့သည် ထို စကား ကိုနား မ လည်ကြ။
But they did not understand the significance of these words.
51 ၅၁ ထိုနောက် ယေရှုသည် မိဘ တို့နှင့်အတူ သွား သဖြင့် နာဇရက် မြို့သို့ ရောက် ၍ သူ တို့စကားကို နားထောင် လျက်နေ လေ၏။ ထို အကြောင်း အရာအလုံးစုံ တို့ကို မယ်တော် သည် နှလုံး ထဲ၌ မှတ်ကျုံး လေ၏။
Then He went down with them and came to Nazareth, and was always obedient to them; but His mother carefully treasured up all these incidents in her memory.
52 ၅၂ ယေရှု သည်လည်း အစဉ်အတိုင်းကြီး၍ ပညာ တိုးပွား လျက်၊ ဘုရားသခင် ရှေ့၊ လူတို့ ရှေ့ မှာမျက်နှာ ရတော်မူ၏။
And as Jesus grew older He gained in both wisdom and stature, and in favour with God and man.