< လုကာ 19 >

1 ယေရှုသည် ယေရိခေါ မြို့သို့ ဝင် ၍ ရှောက်သွား တော်မူ၏။
And having come in He passed through Jericho.
2 ထိုအခါ ဇက္ခဲ အမည် ရှိ သော အခွန် ခေါင်းတစ်ယောက်ရှိ ၏။ ထိုသူ သည် ငွေရတတ် သောသူ ဖြစ် ၏။
And behold, a certain man by name called Zaccheus; and he was chief of the publicans, and he was rich.
3 ယေရှု သည် အဘယ်သို့ သောသူဖြစ် သည်ကို ထိုသူ သည် ကြည့် လို၍ ၊ လူအစုအဝေးများ သောကြောင့် ၊ မိမိ အရပ် လည်း နိမ့် သည်ဖြစ် ၍ မ မြင် နိုင် ။
And he was seeking to see Jesus, who He is; and was not able on account of the multitude, because he was small in stature.
4 ထို့ကြောင့် ကြွ တော်မူမည့်လမ်းတွင် ရှေ့ သို့ ပြေး ၍ ကိုယ်တော် ကို မြင် အံ့သောငှာ သဖန်းပင် တပင်ကို တက် လေ၏။
And having run forward in advance, he went up in a sycamore-tree in order that he might see Him: because He was about to pass that way.
5 ထိုအရပ် သို့ ယေရှု သည် ရောက် တော်မူသောအခါ မျှော်ကြည့် ၍ ထိုသူ ကို မြင်တော်မူလျှင်၊
And when He came to the place, Jesus looking up, saw him, and said to him, Zaccheus, hastening, come down; for it behooveth me to abide in thy house this day.
6 ဇက္ခဲ ၊ မြန်မြန် ဆင်း လော့။ သင် ၏အိမ် ၌ ယနေ့ ငါ တည်း နေမည် ဟု မိန့် တော်မူ၏။ ဇက္ခဲသည် အလျင်အမြန် ဆင်း ၍ ဝမ်းမြောက် သောစိတ်နှင့် ကိုယ်တော် ကို မိမိအိမ်၌ ဧည့်ခံ လေ၏။
And hastening, he came down, and received Him rejoicing.
7 ထိုအကြောင်း ကိုလူအပေါင်း တို့သည်မြင် လျှင် ၊ ဆိုး သောလူ ၏ အိမ်သို့ဝင် ၍ လုပ်ကျွေးခြင်းကို ခံ တော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။
And all seeing, murmured, saying, that He is come in to abide with a sinner man.
8 ဇက္ခဲ သည်လည်းရပ် နေ၍ ၊ သခင် ၊ အကျွန်ုပ် ၏ ဥစ္စာ တစ်ဝက် ကို ဆင်းရဲ သောသူ တို့အား ပေး ပါ၏။ တစ်စုံတစ်ယောက် သောသူ၏ဥစ္စာအနည်းငယ် ကို အကျွန်ုပ်ယူ မိလျှင် ၊ လေး ဆပြန် ၍ ပေးပါ၏ဟု သခင် ဘုရားကို လျှောက်ဆို ၏။
And Zaccheus standing, said to the Lord, Behold, Lord, the half of my goods I give to the poor; and if I have taken any thing from any one fraudulently, I restore fourfold.
9 ယေရှု ကလည်း ၊ ဤသူ သည် အာဗြဟံ ၏သား ဖြစ် သည်နှင့် အလျောက်၊ ယနေ့ ပင် ကယ်တင် တော်မူခြင်း ကျေးဇူးသည် ဤ အိမ် အပေါ်မှာသက်ရောက် လေ၏။
And Jesus said to him, This day salvation has come to this house, because he also is a son of Abraham;
10 ၁၀ လူ သား သည် ပျောက် သောသူ တို့ကိုရှာ ၍ ကယ်တင် အံ့သောငှာကြွလာ သတည်း ဟု ဇက္ခဲ ကို မိန့် တော်မူ၏။
for the Son of man came to seek and to save that which is lost.
11 ၁၁ ထိုအခါယေရုရှလင် မြို့အနီး သို့ ရောက် တော်မူ၍၊ ဘုရားသခင် ၏နိုင်ငံ တော်သည် ချက်ခြင်း ပေါ်ထွန်း မည်ဟု လူများထင်မှတ် သောကြောင့် ၊ ပရိသတ် အလယ် ၌ မိန့် တော်မူသော ဥပမာ ကား ၊
And they hearing these things, proceeding, He spoke a parable, because he is nigh unto Jerusalem, and they think the kingdom of God is about to be made manifest immediately.
12 ၁၂ အမတ် တစ် ယောက်သည် မင်းကြီး အရာကို ခံ လို၍ မိမိ ပြည် သို့ ပြန်လာ မည်ဟု အကြံရှိလျက် ဝေး သော ပြည် သို့ သွား ၏။
Then He said, A certain nobleman went to a far country, to receive for himself a kingdom, and return.
13 ၁၃ မသွားမှီ မိမိ ငယ်သား တစ်ကျိပ် ကိုခေါ် ၍၊ ငွေတစ် ပိဿာ စီအပ်ပေး လျက် ငါပြန် ၍ မ လာမှီတိုင်အောင်ကုန်သွယ်ခြင်းအမှုကိုပြုကြလော့ဟု မှာထား လေ၏။
And calling his ten servants, he gave to them ten pounds, and said to them, Operate till I come.
14 ၁၄ ပြည်သား အချို့သည် ထိုအမတ် ကို မနာလို ၍ ၊ ထိုသူ ၏ အအုပ်အချုပ် ကို ငါ တို့မ ခံလို ပါဟု တမန် ကို သူ့ နောက် သို့ စေလွှတ် ကြ၏။
But his citizens continued to hate him, and sent an embassy after him, saying, We do not wish this man to rule over us.
15 ၁၅ ထိုအမတ် သည် မင်းကြီး အရာ ကိုခံ ၍ ပြန်လာ တော်မူသောအခါ၊ ငွေ ခံ သော ငယ်သား တို့သည် အသီးအသီးအဘယ်မျှလောက်အမြတ်ရ သည်ကို သိ ခြင်းငှာ သူ တို့ကိုခေါ် ချေဟု အမိန့် တော်ရှိ၏။
And it came to pass, when he returned, having received the kingdom, and he said, that those servants should be called, to whom he had given the money, in order that he might know what each one had gained by their merchandise.
16 ၁၆ ပဌမ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့်အခွက် တဆယ် အမြတ်ရ ပါ ပြီဟု လျှောက် လျှင်၊
And the first came, saying, Lord, thy pound has gained ten pounds.
17 ၁၇ သခင်က၊ သာဓု ၊ ငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ မြို့ ဆယ် မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
And he said to him, Well done, thou good servant: because thou hast been faithful in the least, have thou authority over ten cities.
18 ၁၈ ဒုတိယ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့် ငါး ပိဿာ အမြတ်ရပါပြီဟု လျှောက် လျှင်၊
And the second one came, saying, Lord, thy pound has gained five pounds.
19 ၁၉ သခင်က၊ သင် သည် မြို့ ငါး မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
And he also said to him, Be thou over five cities.
20 ၂၀ အခြား သောသူ သည်လာ ၍ ၊ သခင် ၊ အကျွန်ုပ်သည် ပဝါ ၌ ထုပ် ထားသော ကိုယ်တော် ၏ ငွေတပိဿာ ရှိ ပါ၏။ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့်၊
And the other one came, saying, Lord, behold, thy pound, which I had laid away in a napkin:
21 ၂၁ ကိုယ်မ သို မထားသော ဥစ္စာကိုသိမ်းယူ ၍ ၊ ကိုယ်မ စိုက် မပျိုးသော လယ်၌ရိတ် တတ်သည်ကို အကျွန်ုပ်ထောက် ၍ ကိုယ်တော်ကို ကြောက် ပါသည်ဟု လျှောက် လျှင်၊
for I feared thee, because thou art an austere man: thou takest up that which thou hadst not laid down, and thou reapest that which thou hast not sown.
22 ၂၂ သခင်က၊ ဆိုးညစ် သောငယ်သား ၊ သင် ၏ စကား ကိုသာလိုက်၍ သင် ၏အမှုကို ငါစီရင် မည်။ ငါ သည် ခဲယဉ်း သောသူ ဖြစ် လျက် ကိုယ်မ သိုမထားသော ဥစ္စာကို သိမ်းယူ ၍၊ ကိုယ်မ စိုက်ပျိုး သော လယ်၌ရိတ် သည်ကို သင် သိ သည်မှန်လျှင်၊
And he says to him, Out of thine own mouth I will judge thee, thou wicked servant. Didst thou know that I am an austere man, taking up what I have not laid down, and reaping what I have not sown?
23 ၂၃ ငါ့ ငွေ ကိုပွဲစား လက်သို့ အဘယ်ကြောင့် မ အပ် သနည်း။ ထိုသို့အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အဘိုးကို ရ နိုင်သည်ဟု မိန့် တော်မူပြီး သော်၊
Wherefore indeed didst thou not put my money in the bank? and having come I would have received the same with the product.
24 ၂၄ အခြွေအရံတို့အား၊ ငွေတပိဿာ ကို သူ့ လက်မှ နှုတ် ကြ။ အခွက် တဆယ် ရှိ သောသူ အားပေး ကြဟု မိန့် တော်မူ၏။
And he said to the bystanders, Take the pound from him, and give it to the one having ten pounds.
25 ၂၅ အခြွေအရံတို့ကလည်း၊ သခင် ၊ ထိုသူ ၌ အခွက် တဆယ် ရှိ ပါ၏ဟု လျှောက် ကြလျှင် ၊
And they said to him, Lord, he has ten pounds.
26 ၂၆ ငါ ဆိုသည်ကား ၊ အကြင်သူသည်ရတတ်၏။ ထိုသူအား ပေး ဦးမည်။ အကြင်သူသည် ဆင်းရဲ ၏။ ထိုသူ၌ ရှိ သမျှကိုပင် နှုတ် လိမ့်မည်။
I say unto you, that to every one having it shall be given; and from every one not having, it shall be taken away even that which he hath.
27 ၂၇ ထိုမှတပါး ငါ ၏အအုပ်အချုပ် ကို မ ခံလို သော ငါ့ ရန်သူ တို့ကို ခေါ် ခဲ့ကြ။ ငါ့ ရှေ့ မှာ သတ် ကြဟု စီရင် တော်မူသည် ဟု မိန့်တော်မူ၏။
Moreover bring these my enemies, not wishing me to rule over them, hither, and slay them before me.
28 ၂၈ ထိုသို့ မိန့် တော်မူပြီးမှ ၊ တပည့်တော်တို့ ရှေ့ ၌ ကြွ ၍ ယေရုရှလင် မြို့သို့ ခရီးသွား တော်မူ၏။
And speaking these things, He was journeying before them, going up to Jerusalem.
29 ၂၉ သံလွင် အမည် ရှိသော တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာအနီးသို့ ရောက်တော်မူ သောအခါ ၊ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍၊
And it came to pass, when He drew nigh unto Bethphage and Bethany, to the mount called the Mount of Olives, and He sent away two of His disciples,
30 ၃၀ သင်တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထို ရွာသို့ ရောက် လျှင် အဘယ်သူ မျှ မစီး ဘူးသောမြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် တွေ့ လိမ့်မည်။ မြည်းကြိုး ကိုဖြည် ၍ ဆောင်ခဲ့ ကြ။
saying, Go into the village over against you; in which entering you will find a colt tied, on which no one of men ever sat: loosing, lead him hither.
31 ၃၁ သူတစ်ပါး က အဘယ်ကြောင့် မြည်းကြိုးကို ဖြည် သနည်းဟု သင် တို့ကိုဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့ ဟု မှာထား တော်မူ၏။
And if any one may ask you, Why do you loose him? thus say to him, that the Lord hath need of him:
32 ၃၂ ထိုသို့ စေလွှတ် သောသူ တို့သည်သွား ၍ စကား တော်အတိုင်း တွေ့ ကြ၏။
and those having been sent, departing, found as Jesus told them.
33 ၃၃ မြည်းကြိုးကို ဖြည် စဉ်တွင်မြည်း ရှင် တို့က ၊ အဘယ်ကြောင့် မြည်း ကြိုးကို ဖြည် သနည်းဟုဆို လျှင်၊
And they loosing the donkey, his master said to them, Why do you loose the donkey?
34 ၃၄ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြ၏။ ယေရှု ထံတော်သို့ မြည်းကလေး ကို ဆောင်ခဲ့ ၍ ၊
And they said, The Lord hath need of him.
35 ၃၅ မြည်း ကျောပေါ်မှာ မိမိ တို့ အဝတ် ကို တင် ပြီးလျှင် ကိုယ်တော် ကို စီး စေကြ၏။
And they led him to Jesus: and casting their garments on the colt, they mounted Jesus on them.
36 ၃၆ ခရီးသွား တော်မူစဉ် တွင် လူများတို့သည် မိမိ တို့ အဝတ် ကို လမ်း ၌ ခင်း ကြ၏။
And He going forward, they were strewing their garments in the road.
37 ၃၇ သံလွင် တောင် ပေါ်က ဆင်း ရာအရပ်သို့ ရောက် တော်မူသောအခါ ၊ တပည့် တော်များ အပေါင်း တို့သည် မိမိတို့ မြင် ခဲ့ပြီးသောတန်ခိုး တော်များ ကိုထောက် ၍ ဝမ်းမြောက် သောစိတ်နှင့် ဘုရားသခင် ကို ထောမနာ ပြု၍၊
And He already drawing nigh to the descension of the Mount of Olives, the whole multitude of the disciples began to praise God with a loud voice for all those miracles which they saw; shouting,
38 ၃၈ ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ တော်မူသော ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ် ဝယ် ဘုန်းကြီး ပါစေသတည်းဟု ကြွေးကြော် ကြ၏။
saying, Blessed is the King coming in the name of the Lord: peace in heaven, and glory in the highest.
39 ၃၉ လူအစုအဝေး ၌ ပါသော ဖာရိရှဲ အချို့ တို့က၊ အရှင် ဘုရား၊ ကိုယ်တော် ၏တပည့် တို့ကို ဆုံးမ ပါဟု လျှောက် ကြသော်၊
And certain ones of the Pharisees from the multitude said to Him, Teacher, rebuke thy disciples:
40 ၄၀ ယေရှုကလည်း၊ ငါဆို သည်ကား၊ ဤ သူတို့သည် တိတ်ဆိတ် စွာနေလျှင် ကျောက်ခဲ တို့သည် ချက်ခြင်းကြွေးကြော် ကြလိမ့်မည် ဟု မိန့် တော်မူ၏။
and He responding said to them, I say unto you, that if these may keep silent, the rocks will cry out.
41 ၄၁ ယေရုရှလင်မြို့ အနီး သို့ ရောက်၍ ကြည့် မြင်လျက် ငိုကြွေး တော်မူ၍ ၊
And when He drew near, seeing the city He wept over it,
42 ၄၂ အချင်းမြို့၊ သင် ၏ငြိမ်သက် ခြင်းနှင့် စပ်ဆိုင်သောအရာ တို့ကို သင်၏လက်ထက် ယခု ကာလ၌ပင် သင်သည် သိ ရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင် ၏မျက်စိ ရှေ့မှာ မထင်ရှားစေခြင်းငှာဝှက်ထား လျက် ရှိ၏။
saying, If thou indeed hadst known, truly in this thy day, the things appertaining to thy peace! but now they are hidden from thy eyes.
43 ၄၃ အကြောင်းမူကား ၊ သင့် ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင် ၏ ရန်သူ တို့သည် သင့် ပတ်လည် တွင် တပ် တည်၍ လေး မျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
Because the days will come upon thee, and thine enemies will cast a fortification about thee, and surround thee, and press in on thee from all directions,
44 ၄၄ သင်၏ကိုယ် မှစ၍ သင် ၏ သားသမီး တို့ကို မြေ နှင့်တညီတည်းညှိသဖြင့် ၊ သင် ၏ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှထပ်ဆင့်၍ မ ကျန်ရစ် စေခြင်းငှာပြုကြသောအချိန် ကာလသည် ရောက် လိမ့်မည် ဟု မိန့် တော်မူ၏။
and will slay thee, and thy children in thee; and will leave in thee not a stone upon a stone; because thou hast not known the time of thy visitation.
45 ၄၅ ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန်တော်၌ ရောင်း ဝယ်သောသူတို့ ကို နှင်ထုတ် လျက်၊
And having come into the temple, He began to cast out those buying and selling,
46 ၄၆ ငါ့ အိမ် သည် ဆုတောင်း ရာအိမ် ဖြစ် ၏ဟု ကျမ်းစာ ၌ လာသော်လည်း၊ သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။
saying to them; It has been written, My house shall be a house of prayer: but you have made it a den of thieves.
47 ၄၇ ကိုယ်တော်သည် နေ့တိုင်း ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ တို့တွင်အကြီးအကဲ ဖြစ်သောသူ တို့သည်ကိုယ်တော် ကို သတ် ခြင်းငှာရှာ ကြသော်လည်း ၊
And He was teaching daily in the temple, and the chief priests and scribes and the first men of the people were seeking to destroy Him.
48 ၄၈ လူ အပေါင်း တို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင် သောကြောင့် သတ်နိုင်သောအခွင့် ကို မ တွေ့ မရကြ။
And they were not finding what they might do; for all the people hung on Him, hearing Him.

< လုကာ 19 >