< လုကာ 16 >
1 ၁ တပည့် တော်တို့အားတစ်ဖန် မိန့် တော်မူသည်ကား၊ ငွေရတတ် သောသူ တစ် ယောက်၌ ဘဏ္ဍာစိုး ရှိ ၏။ ထို ဘဏ္ဍာစိုးသည် သခင် ၏ဥစ္စာ များကို ဖျက်ဆီး သည်အကြောင်း ကို သူတစ်ပါးတို့သည် သခင်ရှေ့၌အပြစ်တင် ကြသော်၊
Yesu atibabakiya kae benepunzi bake, “Pabile ni mundu yumo tajiri abile ni meneja, ni apeilwe habari ya kwamba meneja yono atapanya mali yake.
2 ၂ သခင်သည် ဘဏ္ဍာစိုး ကို ခေါ် ၍ ၊ သင် ၏အမူအရာ၌ ငါကြား ရသောစကားကား အဘယ်သို့ နည်း။ ဘဏ္ဍာစိုး အရာ၌ မှတ်သားသော စာရင်း ကို ပေး လော့။ ယခု မှစ၍ဘဏ္ဍာစိုး မ လုပ်ရ ဟု ဆို ၏။
Nga nyoo tajiri atikumkema, nikum'bakiya, “nga namani yeni yaniipekania kunani yako? Upiye hesabu ya umeneja wako, kwa kuwa uwecha kwaa panga wameneja kae.”
3 ၃ ထိုအခါ ဘဏ္ဍာစိုး က၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ ငါ ၏သခင် သည် ဘဏ္ဍာစိုး အရာကို နှုတ် လေပြီ။ လယ် လုပ်ခြင်းငှာမ စွမ်းနိုင် ။ သူတောင်းစား လုပ်ခြင်းငှာရှက်ကြောက် ၏။
Yolo meneja atibaya kumoyo wake, nipala panga namani, mana ngwana wango anikonyie kazi yango ya umeneja? Ntopo ngupu ywa lema, ni loba loba nibona oni.
4 ၄ ဘဏ္ဍာစိုး အရာမှ ကျ သည်နောက် သူတစ်ပါးတို့သည် မိမိ တို့အိမ် ၌ ငါ့ ကိုလက်ခံ စေခြင်းငှာအဘယ်သို့ ငါ ပြုရမည်ကို ငါသိ ၏ဟူ၍စိတ်ထဲ၌ ကြံစည်ပြီးမှ၊
Nilitangite lanipala panga lenga panipoyelwa kukazi yango ya uwakili bandu banikaribishe kunyumba yabe.
5 ၅ သခင် ၏ငွေ ရှိသောသူအပေါင်း တို့ကို ခေါ် ၍ ၊ ငါ ၏သခင် ကို ဆပ်ပေး ရန် သင်၌အဘယ်မျှလောက် ရှိ သနည်းဟု တစ်ယောက်ကိုမေး လျှင်၊
Nga nyoo wakili atikubakema adeni wa ngwana wake kila yumo akam'bakiye wa kwanza,'udaiwa kiasi gani ni ngwana wango?'
6 ၆ ထိုသူက၊ ဆီ အခွက် တထောင် ပေးရန် ရှိပါသည်ဟုဆို ၏။ ဘဏ္ဍာစိုးကလည်း ၊ သင် ၏ စာရင်း ကိုယူ ၍ အသော့ ထိုင် ပြီးလျှင် ၊ အခွက်ငါးရာ ကို ရေးမှတ် လော့ဟုဆို ၏။
Atibaya ipimo mia jimo ya mauta akambakiya 'utole upesi hati yako utame upesi uyandike hamsini.'
7 ၇ ထိုနောက် အခြား သောသူကိုခေါ်၍၊ ငါ၏ သခင်ကိုဆပ်ပေး ရန်သင် ၌ အဘယ်မျှလောက် ရှိသနည်းဟု မေး လျှင် ၊ ထို သူက၊ ဂျုံ စပါးအတင်း တစ်ထောင် ပေးရန်ရှိပါသည်ဟု ဆို ၏။ ဘဏ္ဍာစိုးကလည်း၊ သင် ၏ စာရင်း ကိုယူ ၍ အတင်းရှစ်ရာ ကို ရေးမှတ် လော့ဟု ဆို ၏။
Boka po atim'bakiya ywenge ni wenga udaiwa kiasi gani? 'atibaya 'ipimo mia jimo vya bwembe wa ngano, akam'bakiya,'utole hati yako uyandike themanini.'
8 ၈ မတရား သော ထို ဘဏ္ဍာစိုး သည် လိမ္မာ စွာပြု သည်ကို သခင် သည် ချီးမွမ်း လေ၏။ အကြောင်းမူကား ၊ လောကီ သား တို့သည် မိမိ တို့အမှုကို ဆောင်ရွက်ရာတွင် ၊ အလင်း သို့ရောက်သောသူ တို့ထက် သာ၍လိမ္မာ ကြ၏။ (aiōn )
Yolo ngwana atikumsifu meneja dhalimu cha pangite kwa weleu, kwa kuwa bana ba'kilambo wono ni werevu wanambone nashughulika kwa ung'anga ni bandu baupande wabe kuliko bababile bona banuru. (aiōn )
9 ၉ တဖန် ငါ ဆို သည်ကား၊ သင်တို့သည် စုတေ့ သောအခါ ၊ အစဉ်အမြဲ တည်သော ဗိမာန် ၌ သင် တို့ကို လက်ခံ လတံ့သော အဆွေ ရှိစေခြင်းငှာ မ မြဲသော လောကီစည်းစိမ် ကိုသုံးဆောင် ကြလော့။ (aiōnios )
Ni nenga nindakuwabakiya muipange ambwiga kwa mali ya udhalimu lenga baikosike babakaribishe katika makao ga milele. (aiōnios )
10 ၁၀ အနည်းငယ် သော အမှု၌ သစ္စာ ရှိသောသူ သည် ကြီး သောအမှု၌ လည်း သစ္စာ ရှိ လိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာ မရှိသောသူ သည် ကြီး သောအမှု၌ သစ္စာ မရှိ။
Ywa abiile mwaminifu katika lalibile lichunu muno upanga uaminifu katika likolo, ni abile dhalimu katika kichunu muno na katika kikolo pia.
11 ၁၁ သို့ဖြစ်၍ မ မြဲသော လောကီ စည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာ မ ရှိ လျှင် ၊ မှန် သောစည်းစိမ်ကို သင် တို့၌ အဘယ်သူ အပ် မည်နည်း။
Mana mwenga mpangile kwaa uaminifu katika mali ya udhalimu ni ywako apalakukuamini katika mali ya kweli?
12 ၁၂ သူတစ်ပါး အမှု ၌ သင်တို့သည် သစ္စာ မ ရှိလျှင် ၊ အဘယ်သူ သည် အပိုင် ပေး မည်နည်း။
Na mana mwabile kwaa baaminifu katika tumia mali ya mundu ywenge nyai ywapala kuwapea yaibile ya kwinu bene?
13 ၁၃ အဘယ် အစေခံ မျှ သခင် နှစ် ဦးအစေ ကို မခံနိုင် ။ သခင်တစ်ဦး ကိုမုန်း ၍ တစ်ဦး ကိုချစ် မည်။ သခင်တစ်ဦး မှီခို ၍ တစ်ဦး ကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင် ၏ အစေ ကို၎င်း ၊ လောကီစည်းစိမ် ၏အစေကို၎င်း မ ခံနိုင် ကြ ဟု မိန့်တော်မူ၏။
Ntopo mtumishi ywaweza tumikia ngwana wanaibele, kwa maamna apala kumchukia yumo ni kumpenda ywenge, ama apala chikamana ni yolo ni kumdharau hayo. Hawesa kwaa kumtumikia Nnongo ni mali.”
14 ၁၄ ငွေ ကို တပ်မက်သော ဖာရိရှဲ တို့သည် ထို စကားများ ကို ကြား လျှင် ၊ ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
Bai Mafarisayo, bababile apenda mbanje bayowine ago goti ni chalawa.
15 ၁၅ ယေရှုကလည်း၊ သင် တို့သည် လူ များရှေ့ မှာ ဖြောင့်မတ် ဟန်ဆောင်သော်လည်း ၊ ဘုရားသခင် သည် သင် တို့၏စိတ်နှလုံး ကို သိမြင် တော်မူ၏။ လူ သဘော အားဖြင့် အမြတ် ထားသောအရာသည် ဘုရားသခင့် ရှေ့ တော်၌ စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။
Ni atiabakiya, “mwenga mwamuipunia haki nnonge ya bandu, lakini Nnongo aitangite mioyo yinu, kwa kuwa latitumikite kwa bandu upanga chukizo nnonge ya Nnongo.
16 ၁၆ ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင် ၏နိုင်ငံ တော်နှင့် ယှဉ်သောဧဝံဂေလိ တရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင် ကြ၏။
Saliya na manabii vyabile mpaka Yohana paichile. Boka wakati wolo, habari njema ya ufalme wa Nnongo utitangazwa, ni kila mundu upaya jingya kwa ngupu.
17 ၁၇ ပညတ္တိ ကျမ်း၌ အငယ်ဆုံးသော ဗိန္ဓု တစ် လုံးပျက်စီး လွယ် ထက် ၊ ကောင်းကင် နှင့် မြေကြီး ပျက်စီး လွယ်၏။
Lakini ni rahisi ka kumaunde ni pakilambo viboke kuliko hata herufi yimo ya saliyakosekana.
18 ၁၈ အကြင်သူသည် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမ နှင့်စုံဘက် ခြင်းကိုပြု၏။ ထိုသူသည်မိမိမယား ကို ပြစ်မှား ၏။ လင် ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကို ပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှားသည် ဟု မိန့်တော်မူ၏။
Kila ywanneka nnyumbowe ni kobeka nnwawa ywenge azini, nayomkobeka ywembe ywalekwite ni nchengowe azini.
19 ၁၉ တစ်ဖန်တုံ ၊ သူဌေး တစ် ယောက်သည် နီမောင်း သော ကမ္ဗလာနှင့် ပိတ်ချော ကိုဝတ်ဆင် ၍ ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်း ပျော်မွေ့ လျက်နေ၏။
Pabile ni mundu yumo tajiri awalite ngobo za rangi ya zambarau ni kitani safi ni abile atipurai kila lichoba utajiri wake nkolo.
20 ၂၀ လာဇရု အမည် ရှိသော သူဆင်းရဲ တစ် ယောက်သည် တကိုယ်လုံး၌ အနာစိမ်း ပေါက်၍ ၊
Ni maskini yumo lina lyake Lazaro abekitwe muligeti lyake, ni ana ilonda.
21 ၂၁ သူဌေး ၏စားပွဲ မှ ကျ သောစားနုပ်စားပေါက် ကို စား ပါရစေဟု တောင့်တ သောစိတ်နှင့် သူဌေး အိမ် တံခါး နား မှာ တုံးလုံး နေ၏။ ခွေး တို့သည် လာ ၍ အနာစိမ်း များကို လျက် ကြ၏။
Ni ywembe atitamani yukuta kwa makombo yatambwike katika meza ya yolo tajiri hata mapwa waichile ni kumlambata ilonda yake.
22 ၂၂ တနေ့သ၌ ထိုဆင်းရဲသား သည် သေ လွန်၍ ၊ ကောင်းကင်တမန် တို့သည် အာဗြဟံ ၏ရင်ခွင် သို့ ပို့ဆောင် ကြ၏။ သူဌေး သည်လည်း သေ လွန်၍ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။
Ikawa yolo maskini awile ni tolekwa ni malaika mpaka pakiuba cha Ibrahimu. Yolo tajiri pia awile nachikwa.
23 ၂၃ မရဏာ နိုင်ငံ၌ ပြင်းပြ စွာသောဝေဒနာကို ခံရ လျက် မျှော်ကြည့် ၍ ၊ အာဗြဟံ ကို၎င်း ၊ အာဗြဟံ ၏ ရင်ခွင် ၌ လာဇရု ကို၎င်းအဝေး က မြင် လျှင်၊ (Hadēs )
Ni kolo kumambe abile kumateso aobwile minyo gake ni kum'bona Ibrahimu kuutalu ni Lazalo pakiuba chake. (Hadēs )
24 ၂၄ အိုအဘ အာဗြဟံ ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။ အကျွန်ုပ်သည် ဤ မီးလျှံ ၌ ပြင်းစွာ ခံရသောကြောင့် ၊ လာဇရု သည် မိမိ လက် ဖျား ကို ရေ ၌နှစ် ၍ အကျွန်ုပ် လျှာ ကို အေး စေခြင်းငှာ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူပါဟု ဟစ်ကြော် လေ၏။
Atilela ni kubaya, Tate Ibrahimu, unihurumie unlei Lazaro achuye ncha ya lukonji lwake mumache, auburudishe ulimi wango, kwa sababu nindateswa katika mwoto wono.
25 ၂၅ အာဗြဟံ ကလည်း ၊ ငါ့သား ၊ သင် သည် အသက် ရှင်စဉ်အခါ ချမ်းသာ ရ သည်ကို၎င်း၊ လာဇရု သည် ဆင်းရဲ စွာနေရသည်ကို၎င်း အောက်မေ့ လော့။ ယခု မူကား ၊ သူသည်သက်သာ ခြင်းရှိ၏။ သင် သည် ဒုက္ခ ဝေဒနာ ကို ခံရ၏။
Lakini ibrahimu abayite, “mwana wango ukumbuke ya kwamba katika maisha yako utipokiya makowe yako mema, ni Lazaro nyo apatike mabaya. Ila nambeyambe abile pano anafarijiwa ni wenga unalumia.
26 ၂၆ ထိုမှတပါး ၊ ငါ တို့နှင့် သင် တို့ စပ်ကြား ၌ အလွန် နက်လှသော ချောက် ကြီးတည် လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှ သင် တို့ရှိရာသို့ ကူးချင် သောသူ မ ကူး နိုင် ။ ထို အရပ်မှ ငါ တို့ရှိရာသို့ ကူး ချင်သောသူလည်း မ ကူးနိုင် ဟု ဆို ၏။
Ni zaidi ya ago, kubekitwe liembwa likolo ni lilacho kati yitu, lengo balo bapala boka kono icha kwoo kana bawechange wala bandu wa kwinu kana baloke icha kwitu.”
27 ၂၇ သူဌေး ကလည်း၊ အိုအဘ ၊ ထိုသို့ မှန်လျှင်၊
Yolo tajiri abayite,'nindakuloba tate Ibrahimu, kwamba umtume kunyumba ya tate bango.
28 ၂၈ အကျွန်ုပ်၌ ညီ ငါး ယောက်ရှိ ပါသည်ဖြစ်၍ ၊ သူ တို့သည်ဤ ပြင်းပြ စွာခံရာအရပ် သို့ မ ရောက် မည် အကြောင်း ၊ သူ တို့အား သက်သေခံ စေခြင်းငှာ ၊ လာဇရု ကို အကျွန်ုပ် အဘ ၏အိမ် သို့ စေလွှတ် တော်မူပါ။ အကျွန်ုပ်တောင်းပန် ပါ၏ဟု ပြောဆို လျှင်၊
kwa kuwa nibile nabo anunango atano linga abaonye, kwa hofu kwamba nabo baicha mahali pano nateseka.'
29 ၂၉ အာဗြဟံ က၊ သင်၏ညီတို့၌ မောရှေ မှစ၍ ပရောဖက် များရှိ ကြ၏။ ပရောဖက် တို့၏ စကားကို နားထောင် ကြစေဟုဆို ၏။
Lakini Ibrahimu abayite, “babile Musa ni manabii babapekani bao.
30 ၃၀ သူဌေးကလည်း၊ မ ဟုတ်ပါ အဘ အာဗြဟံ ။ သေ သောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူ တို့ရှိရာသို့ သွား လျှင် ၊ သူတို့သည် နောင်တရ ကြပါလိမ့်မည်ဟုဆို သော်၊
Yolo tajiri atibaya, “nyoo kwaa, tate Ibrahimu, lakini mana ayendile mundu boka kono kwa wafu bapala tubu.'
31 ၃၁ အာဗြဟံက၊ သူတို့သည် မောရှေ ၏စကား၊ ပရောဖက် တို့၏စကားကို နား မ ထောင်လျှင် ၊ တစ်ယောက် သောသူသည် သေ ခြင်းမှ ထမြောက် သော်လည်း မ ယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည် ဟု မိန့် တော်မူ၏။
Lakini Ibrahimu atikum'bakiya,'kana bakani kuwa pekania Musa ni manabii bapala shawishika kwaa ni mundu hata mana atiuluka boka mu'kiwo.