< လုကာ 16 >

1 တပည့် တော်တို့အားတစ်ဖန် မိန့် တော်မူသည်ကား၊ ငွေရတတ် သောသူ တစ် ယောက်၌ ဘဏ္ဍာစိုး ရှိ ၏။ ထို ဘဏ္ဍာစိုးသည် သခင် ၏ဥစ္စာ များကို ဖျက်ဆီး သည်အကြောင်း ကို သူတစ်ပါးတို့သည် သခင်ရှေ့၌အပြစ်တင် ကြသော်၊
THEN said he also to his disciples, There was a certain rich man, who had a steward; and he received an information against him, as having dissipated his treasures.
2 သခင်သည် ဘဏ္ဍာစိုး ကို ခေါ် ၍ ၊ သင် ၏အမူအရာ၌ ငါကြား ရသောစကားကား အဘယ်သို့ နည်း။ ဘဏ္ဍာစိုး အရာ၌ မှတ်သားသော စာရင်း ကို ပေး လော့။ ယခု မှစ၍ဘဏ္ဍာစိုး မ လုပ်ရ ဟု ဆို ၏။
And calling him, he said to him, What is this report I hear of thee? give up the account of thy stewardship; for thou mayest be no longer in that office.
3 ထိုအခါ ဘဏ္ဍာစိုး က၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ ငါ ၏သခင် သည် ဘဏ္ဍာစိုး အရာကို နှုတ် လေပြီ။ လယ် လုပ်ခြင်းငှာမ စွမ်းနိုင် ။ သူတောင်းစား လုပ်ခြင်းငှာရှက်ကြောက် ၏။
Then the steward said within himself, What shall I do? because my master is taking away the stewardship from me: to dig, I have not the strength; to beg, I am ashamed.
4 ဘဏ္ဍာစိုး အရာမှ ကျ သည်နောက် သူတစ်ပါးတို့သည် မိမိ တို့အိမ် ၌ ငါ့ ကိုလက်ခံ စေခြင်းငှာအဘယ်သို့ ငါ ပြုရမည်ကို ငါသိ ၏ဟူ၍စိတ်ထဲ၌ ကြံစည်ပြီးမှ၊
I know what I will do, that, when I am removed from the stewardship, they may entertain me at their houses.
5 သခင် ၏ငွေ ရှိသောသူအပေါင်း တို့ကို ခေါ် ၍ ၊ ငါ ၏သခင် ကို ဆပ်ပေး ရန် သင်၌အဘယ်မျှလောက် ရှိ သနည်းဟု တစ်ယောက်ကိုမေး လျှင်၊
So calling upon every one of his master’s debtors, he said to the first, How much owest thou to my master?
6 ထိုသူက၊ ဆီ အခွက် တထောင် ပေးရန် ရှိပါသည်ဟုဆို ၏။ ဘဏ္ဍာစိုးကလည်း ၊ သင် ၏ စာရင်း ကိုယူ ၍ အသော့ ထိုင် ပြီးလျှင် ၊ အခွက်ငါးရာ ကို ရေးမှတ် လော့ဟုဆို ၏။
And he said, A hundred baths of oil. And he said, Take thy account, and sit down directly, and write fifty.
7 ထိုနောက် အခြား သောသူကိုခေါ်၍၊ ငါ၏ သခင်ကိုဆပ်ပေး ရန်သင် ၌ အဘယ်မျှလောက် ရှိသနည်းဟု မေး လျှင် ၊ ထို သူက၊ ဂျုံ စပါးအတင်း တစ်ထောင် ပေးရန်ရှိပါသည်ဟု ဆို ၏။ ဘဏ္ဍာစိုးကလည်း၊ သင် ၏ စာရင်း ကိုယူ ၍ အတင်းရှစ်ရာ ကို ရေးမှတ် လော့ဟု ဆို ၏။
Then said he to another, And how much owest thou? And he said, An hundred core of wheat. And he saith to him, Take thy account, and write fourscore.
8 မတရား သော ထို ဘဏ္ဍာစိုး သည် လိမ္မာ စွာပြု သည်ကို သခင် သည် ချီးမွမ်း လေ၏။ အကြောင်းမူကား ၊ လောကီ သား တို့သည် မိမိ တို့အမှုကို ဆောင်ရွက်ရာတွင် ၊ အလင်း သို့ရောက်သောသူ တို့ထက် သာ၍လိမ္မာ ကြ၏။ (aiōn g165)
And the master praised the unjust steward, because he had acted providently: for the children of this world are more provident among their own generation of men, than the children of light. (aiōn g165)
9 တဖန် ငါ ဆို သည်ကား၊ သင်တို့သည် စုတေ့ သောအခါ ၊ အစဉ်အမြဲ တည်သော ဗိမာန် ၌ သင် တို့ကို လက်ခံ လတံ့သော အဆွေ ရှိစေခြင်းငှာ မ မြဲသော လောကီစည်းစိမ် ကိုသုံးဆောင် ကြလော့။ (aiōnios g166)
And I say unto you, Make yourselves friends with the unrighteous mammon that when ye fail, they may receive you into the eternal mansions. (aiōnios g166)
10 ၁၀ အနည်းငယ် သော အမှု၌ သစ္စာ ရှိသောသူ သည် ကြီး သောအမှု၌ လည်း သစ္စာ ရှိ လိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာ မရှိသောသူ သည် ကြီး သောအမှု၌ သစ္စာ မရှိ။
He that is faithful in the least thing, is faithful also in much: and he who is unjust in the least, is unjust also in much.
11 ၁၁ သို့ဖြစ်၍ မ မြဲသော လောကီ စည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာ မ ရှိ လျှင် ၊ မှန် သောစည်းစိမ်ကို သင် တို့၌ အဘယ်သူ အပ် မည်နည်း။
If therefore ye have not been faithful in the unrighteous mammon, who will entrust you with the true?
12 ၁၂ သူတစ်ပါး အမှု ၌ သင်တို့သည် သစ္စာ မ ရှိလျှင် ၊ အဘယ်သူ သည် အပိုင် ပေး မည်နည်း။
and if ye have not been faithful in that which belongs to another, who will give up to you that which is your own?
13 ၁၃ အဘယ် အစေခံ မျှ သခင် နှစ် ဦးအစေ ကို မခံနိုင် ။ သခင်တစ်ဦး ကိုမုန်း ၍ တစ်ဦး ကိုချစ် မည်။ သခင်တစ်ဦး မှီခို ၍ တစ်ဦး ကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင် ၏ အစေ ကို၎င်း ၊ လောကီစည်းစိမ် ၏အစေကို၎င်း မ ခံနိုင် ကြ ဟု မိန့်တော်မူ၏။
No domestic can serve two masters: for either he will hate the one, and love the other; or he will cleave to the one, and neglect the other. Ye cannot serve God and mammon.
14 ၁၄ ငွေ ကို တပ်မက်သော ဖာရိရှဲ တို့သည် ထို စကားများ ကို ကြား လျှင် ၊ ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
Then the Pharisees also, who were dear lovers of money, heard all these things, and they sneered at him.
15 ၁၅ ယေရှုကလည်း၊ သင် တို့သည် လူ များရှေ့ မှာ ဖြောင့်မတ် ဟန်ဆောင်သော်လည်း ၊ ဘုရားသခင် သည် သင် တို့၏စိတ်နှလုံး ကို သိမြင် တော်မူ၏။ လူ သဘော အားဖြင့် အမြတ် ထားသောအရာသည် ဘုရားသခင့် ရှေ့ တော်၌ စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။
And he said unto them, Ye are they who affect to be righteous persons before men; but God knoweth your hearts: for that which is highly esteemed among men, is an abomination in the sight of God.
16 ၁၆ ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင် ၏နိုင်ငံ တော်နှင့် ယှဉ်သောဧဝံဂေလိ တရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင် ကြ၏။
The law and the prophets were until John: since that the kingdom of God is preached, and every man presseth into it.
17 ၁၇ ပညတ္တိ ကျမ်း၌ အငယ်ဆုံးသော ဗိန္ဓု တစ် လုံးပျက်စီး လွယ် ထက် ၊ ကောင်းကင် နှင့် မြေကြီး ပျက်စီး လွယ်၏။
But it is easier for heaven and earth to pass away, than for one tittle of the law to fail.
18 ၁၈ အကြင်သူသည် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမ နှင့်စုံဘက် ခြင်းကိုပြု၏။ ထိုသူသည်မိမိမယား ကို ပြစ်မှား ၏။ လင် ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကို ပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှားသည် ဟု မိန့်တော်မူ၏။
Every one who putteth away his wife and marrieth another, committeth adultery: and every one who marrieth a woman divorced from her husband, committeth adultery.
19 ၁၉ တစ်ဖန်တုံ ၊ သူဌေး တစ် ယောက်သည် နီမောင်း သော ကမ္ဗလာနှင့် ပိတ်ချော ကိုဝတ်ဆင် ၍ ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်း ပျော်မွေ့ လျက်နေ၏။
Now there was a certain rich man, and he was clothed in purple and fine linen, making splendid entertainments every day:
20 ၂၀ လာဇရု အမည် ရှိသော သူဆင်းရဲ တစ် ယောက်သည် တကိုယ်လုံး၌ အနာစိမ်း ပေါက်၍ ၊
and there was a certain pauper, named Lazarus, who was laid at his gate covered with ulcers,
21 ၂၁ သူဌေး ၏စားပွဲ မှ ကျ သောစားနုပ်စားပေါက် ကို စား ပါရစေဟု တောင့်တ သောစိတ်နှင့် သူဌေး အိမ် တံခါး နား မှာ တုံးလုံး နေ၏။ ခွေး တို့သည် လာ ၍ အနာစိမ်း များကို လျက် ကြ၏။
and importunately desiring to be fed with the crumbs which fell from the rich man’s table: yea even the dogs came and licked his ulcers.
22 ၂၂ တနေ့သ၌ ထိုဆင်းရဲသား သည် သေ လွန်၍ ၊ ကောင်းကင်တမန် တို့သည် အာဗြဟံ ၏ရင်ခွင် သို့ ပို့ဆောင် ကြ၏။ သူဌေး သည်လည်း သေ လွန်၍ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။
Now it came to pass that the poor man died, and was carried up by angels into the bosom of Abraham. Then the rich man also died, and was buried:
23 ၂၃ မရဏာ နိုင်ငံ၌ ပြင်းပြ စွာသောဝေဒနာကို ခံရ လျက် မျှော်ကြည့် ၍ ၊ အာဗြဟံ ကို၎င်း ၊ အာဗြဟံ ၏ ရင်ခွင် ၌ လာဇရု ကို၎င်းအဝေး က မြင် လျှင်၊ (Hadēs g86)
and in hell, lifting up his eyes, being in torments, he seeth Abraham at a vast distance, and Lazarus in his bosom. (Hadēs g86)
24 ၂၄ အိုအဘ အာဗြဟံ ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။ အကျွန်ုပ်သည် ဤ မီးလျှံ ၌ ပြင်းစွာ ခံရသောကြောင့် ၊ လာဇရု သည် မိမိ လက် ဖျား ကို ရေ ၌နှစ် ၍ အကျွန်ုပ် လျှာ ကို အေး စေခြင်းငှာ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူပါဟု ဟစ်ကြော် လေ၏။
And crying out, he said, Father Abraham, have compassion on me, and send Lazarus, that he may dip the tip of his finger in water, and cool my tongue; for I am tormented with this flame.
25 ၂၅ အာဗြဟံ ကလည်း ၊ ငါ့သား ၊ သင် သည် အသက် ရှင်စဉ်အခါ ချမ်းသာ ရ သည်ကို၎င်း၊ လာဇရု သည် ဆင်းရဲ စွာနေရသည်ကို၎င်း အောက်မေ့ လော့။ ယခု မူကား ၊ သူသည်သက်သာ ခြင်းရှိ၏။ သင် သည် ဒုက္ခ ဝေဒနာ ကို ခံရ၏။
But Abraham said, Son, remember that thou hast received thy good things during thy life, and Lazarus, in like manner, what was afflictive: but now he is comforted, and thou art tormented.
26 ၂၆ ထိုမှတပါး ၊ ငါ တို့နှင့် သင် တို့ စပ်ကြား ၌ အလွန် နက်လှသော ချောက် ကြီးတည် လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှ သင် တို့ရှိရာသို့ ကူးချင် သောသူ မ ကူး နိုင် ။ ထို အရပ်မှ ငါ တို့ရှိရာသို့ ကူး ချင်သောသူလည်း မ ကူးနိုင် ဟု ဆို ၏။
And besides all these considerations, between us and you there is a vast chasm fixed: so that they who might be willing to pass from hence to you, cannot; neither can they pass through to us, from thence.
27 ၂၇ သူဌေး ကလည်း၊ အိုအဘ ၊ ထိုသို့ မှန်လျှင်၊
And he said, I entreat thee then, father, that thou wouldest send him to my paternal mansion:
28 ၂၈ အကျွန်ုပ်၌ ညီ ငါး ယောက်ရှိ ပါသည်ဖြစ်၍ ၊ သူ တို့သည်ဤ ပြင်းပြ စွာခံရာအရပ် သို့ မ ရောက် မည် အကြောင်း ၊ သူ တို့အား သက်သေခံ စေခြင်းငှာ ၊ လာဇရု ကို အကျွန်ုပ် အဘ ၏အိမ် သို့ စေလွှတ် တော်မူပါ။ အကျွန်ုပ်တောင်းပန် ပါ၏ဟု ပြောဆို လျှင်၊
for I have five brothers: that he may testify to them, that they also come not into this place of torment.
29 ၂၉ အာဗြဟံ က၊ သင်၏ညီတို့၌ မောရှေ မှစ၍ ပရောဖက် များရှိ ကြ၏။ ပရောဖက် တို့၏ စကားကို နားထောင် ကြစေဟုဆို ၏။
Abraham saith to him, They have Moses and the prophets; let them hearken to them.
30 ၃၀ သူဌေးကလည်း၊ မ ဟုတ်ပါ အဘ အာဗြဟံ ။ သေ သောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူ တို့ရှိရာသို့ သွား လျှင် ၊ သူတို့သည် နောင်တရ ကြပါလိမ့်မည်ဟုဆို သော်၊
But he said, Ah no, father Abraham! but if one came to them from the dead, they will repent.
31 ၃၁ အာဗြဟံက၊ သူတို့သည် မောရှေ ၏စကား၊ ပရောဖက် တို့၏စကားကို နား မ ထောင်လျှင် ၊ တစ်ယောက် သောသူသည် သေ ခြင်းမှ ထမြောက် သော်လည်း မ ယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည် ဟု မိန့် တော်မူ၏။
Then he said to him, If they hearken not to Moses and the prophets, neither will they be persuaded though one rose from the dead.

< လုကာ 16 >