< လုကာ 13 >
1 ၁ ထို အခါ လူအချို့ တို့သည်လာ ၍ ၊ ပိလတ် မင်းသည် ဂါလိလဲ လူအချို့တို့၏အသွေး ကို မိမိ တို့ ပူဇော် သော ယဇ်ကောင် တို့နှင့် ရောနှော ကြောင်း ကို လျှောက် ကြလျှင်၊
Now there were some present at that very season which told him of the Galilaeans, whose blood Pilate had mingled with their sacrifices.
2 ၂ ယေရှုက၊ ထို ဂါလိလဲ လူတို့သည် ထိုသို့ ခံရ သောကြောင့် ၊ အခြားသော ဂါလိလဲ လူအပေါင်း တို့ထက် သာ၍အပြစ် ရှိသည်ဟု ထင် ကြသလော။
And he answered and said unto them, Think ye that these Galilaeans were sinners above all the Galilaeans, because they have suffered these things?
3 ၃ သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏။
I tell you, Nay: but, except ye repent, ye shall all in like manner perish.
4 ၄ ထိုမှတပါး ၊ ရှိလောင် ပြအိုး လဲ ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင် မြို့သားအပေါင်း တို့ထက် သာ၍အပြစ် ရှိ သည်ဟု ထင် ကြသလော။
Or those eighteen, upon whom the tower in Siloam fell, and killed them, think ye that they were offenders above all the men that dwell in Jerusalem?
5 ၅ သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်။ ငါ ဆိုသည် ဟုမိန့်တော်မူ၏။
I tell you, Nay: but, except ye repent, ye shall all likewise perish.
6 ၆ တစ်ဖန် ဥပမာ ကို မိန့် တော်မူသည်ကား၊ လူတစ် ယောက်သည် ဥယျာဉ် ၌ စိုက် သော သင်္ဘောသဖန်း ပင် တစ်ပင်ရှိ ၏။ ထိုအပင် သို့ လာ ၍ အသီး ကိုရှာ သော်လည်းမ တွေ့ ။
And he spake this parable; A certain man had a fig tree planted in his vineyard; and he came seeking fruit thereon, and found none.
7 ၇ ထိုအခါ ဥယျာဉ်စောင့် အား လည်း၊ သုံး နှစ် ပတ်လုံး ဤ သင်္ဘောသဖန်း ပင်သို့ ငါလာ ၍ အသီး ကို ရှာ သော်လည်း မ တွေ့ မရ။ ခုတ်ပစ် လော့။ အဘယ်ကြောင့် မြေ ကိုနှောင့်ရှက် ရသနည်းဟု အမိန့် ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင် ၊ ယခု နှစ် ရှိ ပါစေဦး။
And he said unto the vinedresser, Behold, these three years I come seeking fruit on this fig tree, and find none: cut it down; why doth it also cumber the ground?
8 ၈ အကျွန်ုပ်သည် အပင် နားပတ်လည် ကို တူးဆွ ၍ နောက်ချေး ကို ဖို့ ပါမည်။
And he answering saith unto him, Lord, let it alone this year also, till I shall dig about it, and dung it:
9 ၉ အသီး သီးကောင်းသီး ပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ် တော်မူပါဟုလျှောက် လေသည် ဟု မိန့်တော်မူ၏။
and if it bear fruit thenceforth, [well]; but if not, thou shalt cut it down.
10 ၁၀ တစ် နေ့သောဥပုသ်နေ့ ၌ ယေရှုသည် တရားစရပ် တွင် ဆုံးမ ဩဝါဒပေးတော်မူသောအခါ ၊
And he was teaching in one of the synagogues on the sabbath day.
11 ၁၁ တစ်ဆယ်ရှစ်နှစ် ပတ်လုံးနတ် စွဲ၍ ရောဂါ နှိပ်စက်ခြင်းကို ခံရသောမိန်းမ တစ်ယောက်ရှိ ၏။ ထိုမိန်းမသည်ကျော ကုန်း၍ ကိုယ် ကို အလျှင်း မ ဆန့် နိုင် ။
And behold, a woman which had a spirit of infirmity eighteen years; and she was bowed together, and could in no wise lift herself up.
12 ၁၂ ယေရှု သည် ထိုမိန်းမ ကိုမြင် တော်မူလျှင် အထံ တော်သို့ခေါ် ၍ ၊ အချင်းမိန်းမ ၊ သင် သည် အနာ ရောဂါ နှင့် လွတ် ၏ ဟု မိန့် တော်မူလျက်၊
And when Jesus saw her, he called her, and said to her, Woman, thou art loosed from thine infirmity.
13 ၁၃ သူ့ ပေါ်မှာလက် တော်ကို တင် တော်မူသဖြင့် ၊ သူသည် ချက်ခြင်း တည့်မတ် ခြင်းသို့ရောက်၍ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
And he laid his hands upon her: and immediately she was made straight, and glorified God.
14 ၁၄ ထိုသို့ ဥပုသ်နေ့ ၌ ယေရှု သည် အနာ ရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူး သည် အမျက်ထွက် ၍ ၊ အလုပ်လုပ် ရ သော နေ့ရက် ခြောက် ရက်ရှိ ၏။ ထိုနေ့ရက်တွင် လာ ၍အနာ ရောဂါငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့ ၌ မ လာမခံကြနှင့်ဟု ပရိသတ် တို့အားဆို ၏။
And the ruler of the synagogue, being moved with indignation because Jesus had healed on the sabbath, answered and said to the multitude, There are six days in which men ought to work: in them therefore come and be healed, and not on the day of the sabbath.
15 ၁၅ သခင် ဘုရားကလည်း ၊ လျှို့ဝှက် သောသူ၊ သင် တို့ရှိသမျှ သည် ဥပုသ်နေ့ ၌ မြင်း ၊ နွား ကို တင်းကုပ် မှ လွှတ် ၍ ရေတိုက် ခြင်းငှာဆောင်သွား တတ်သည် မဟုတ်လော။
But the Lord answered him, and said, Ye hypocrites, doth not each one of you on the sabbath loose his ox or his ass from the stall, and lead him away to watering?
16 ၁၆ တစ်ဆယ် ရှစ် နှစ် ပတ်လုံးစာတန် ချည်နှောင် သော အာဗြဟံ ၏သမီး ဖြစ် သော ဤ မိန်းမကိုဤ ချည်နှောင် ခြင်းမှ ဥပုသ်နေ့ ၌ မ လွှတ် ရ သလော ဟု မိန့် တော်မူ၏။
And ought not this woman, being a daughter of Abraham, whom Satan had bound, lo, [these] eighteen years, to have been loosed from this bond on the day of the sabbath?
17 ၁၇ ထိုသို့ မိန့် တော်မူပြီးမှရန်ဘက် နေသော သူ အပေါင်း တို့သည် ရှက်ကြောက် ခြင်းရှိ၍ ၊ ပြု တော်မူသောအံ့ဩဘွယ် အမှုများတို့ကို လူ အပေါင်း တို့သည်နှစ်သက် ဝမ်းမြောက်ကြ၏။
And as he said these things, all his adversaries were put to shame: and all the multitude rejoiced for all the glorious things that were done by him.
18 ၁၈ တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ် အရာနှင့် တူ သနည်း။ အဘယ်သို့ ပုံပြ ရအံ့နည်း။
He said therefore, Unto what is the kingdom of God like? and whereunto shall I liken it?
19 ၁၉ လူ သည် ယူ ၍ ဥယျာဉ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ ထို အစေ့သည် ကြီးပွား ၍ အပင် ကြီးဖြစ် ၏။ မိုဃ်း ကောင်းကင်ငှက် တို့သည်လည်း အကိုင်းအခက် တို့၌ နားနေ မှီခိုကြသည် ဟုမိန့်တော်မူ၏။
It is like unto a grain of mustard seed, which a man took, and cast into his own garden; and it grew, and became a tree; and the birds of the heaven lodged in the branches thereof.
20 ၂၀ တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။
And again he said, Whereunto shall I liken the kingdom of God?
21 ၂၁ မိန်းမ သည် တဆေး ကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ် သော တဆေးနှင့်တူ သည် ဟုမိန့်တော်မူ၏။
It is like unto leaven, which a woman took and hid in three measures of meal, till it was all leavened.
22 ၂၂ ထိုအခါ ယေရှုသည် မြို့ ရွာ တို့ကို ဒေသစာရီ လှည့်လည်လျက်၊ ဆုံးမ ဩဝါဒပေးလျက်၊ ယေရုရှလင် မြို့ သို့ ခရီး သွား တော်မူ၏။
And he went on his way through cities and villages, teaching, and journeying on unto Jerusalem.
23 ၂၃ လူတစ်ဦး ကလည်း ၊ သခင် ၊ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့သည်များသလော ၊ နည်း သလောဟု မေးလျှောက် လျှင် ၊
And one said unto him, Lord, are they few that be saved? And he said unto them,
24 ၂၄ ကျဉ်းမြောင်း သောတံခါးဝ ကို ဝင် ခြင်းငှာကြိုးစားအားထုတ် ကြလော့။ အကြောင်းမူကား ၊ အများ သော သူတို့သည် ဝင် ခြင်းငှာအလိုရှိ သော်လည်း မ စွမ်းနိုင် ကြဟု ငါဆို ၏။
Strive to enter in by the narrow door: for many, I say unto you, shall seek to enter in, and shall not be able.
25 ၂၅ အိမ်ရှင် သည် တစ်ခါထ ၍ တံခါး ကို ပိတ် ပြီးမှ ၊ သင်တို့သည် ပြင် ၌ရပ် ၍ တံခါး ကိုခေါက် လျက်၊ သခင် ၊ သခင်၊ အကျွန်ုပ် တို့အားဖွင့် ပါဟု တောင်းလျှောက် သော်လည်း ၊ သခင်က၊ သင် တို့သည် အဘယ် ကလာသည်ကို ငါမ သိ ဟု ပြန်ပြော လိမ့်မည်။
When once the master of the house is risen up, and hath shut to the door, and ye begin to stand without, and to knock at the door, saying, Lord, open to us; and he shall answer and say to you, I know you not whence ye are;
26 ၂၆ ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံ တော်၌ စား သောက် ပါပြီ။ အကျွန်ုပ် တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမ ဩဝါဒပေးတော်မူပြီဟုလျှောက် ပြန်သော်လည်း ၊
then shall ye begin to say, We did eat and drink in thy presence, and thou didst teach in our streets;
27 ၂၇ သခင်က၊ သင် တို့သည် အဘယ် ကလာ သည်ကို ငါမ သိ ဟု ငါဆို ပြီ။ မတရား သောအမှုကိုပြု သောသူ အပေါင်း တို့၊ ငါ့ ထံမှ ဖယ်သွား ကြဟု ပြော လိမ့်မည်၊
and he shall say, I tell you, I know not whence ye are; depart from me, all ye workers of iniquity.
28 ၂၈ ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစသော ပရောဖက် အပေါင်း တို့သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲသို့ ဝင်၍၊ သင် တို့သည် ပြင် သို့ နှင်ထုတ် ခြင်းကို ခံရသောအခါ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ လတံ့။
There shall be the weeping and gnashing of teeth, when ye shall see Abraham, and Isaac, and Jacob, and all the prophets, in the kingdom of God, and yourselves cast forth without.
29 ၂၉ ထိုအခါ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကလာ ၍ ဘုရားသခင် ၏ နိုင်ငံ တော်ထဲတွင် လျောင်း ရကြလတံ့။
And they shall come from the east and west, and from the north and south, and shall sit down in the kingdom of God.
30 ၃၀ နောက်ကျ သောသူ အချို့တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျ သောသူ အချို့တို့သည် နောက်ကျ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
And behold, there are last which shall be first, and there are first which shall be last.
31 ၃၁ ထိုအခါ ဖာရိရှဲ အချို့ တို့သည် အထံ တော်သို့လာ ၍၊ ဤ အရပ်မှ ထွက်သွား ပါ။ ဟေရုဒ် မင်းသည် ကိုယ်တော် ကိုသတ် မည် အကြံရှိပါသည်ဟု လျှောက် ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွား ကြလော့။
In that very hour there came certain Pharisees, saying to him, Get thee out, and go hence: for Herod would fain kill thee.
32 ၃၂ ယခု နေ့နှင့် နက်ဖြန် နေ့၌ နတ်ဆိုး တို့ကိုနှင်ထုတ် ၍ အနာ ရောဂါကိုငြိမ်းစေ၏။ သုံး ရက်မြောက်သော နေ့၌ စုံလင် ခြင်းသို့ ရောက်မည်အရာကို ထို မြေခွေး အား ပြော ကြလော့။
And he said unto them, Go and say to that fox, Behold, I cast out devils and perform cures today and tomorrow, and the third [day] I am perfected.
33 ၃၃ သို့သော်လည်း ယခု နေ့၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ငါ သွား ရ သေး၏။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသော အရပ်၌ အဘယ် ပရောဖက် မျှ မဆုံး ရာ ။
Howbeit I must go on my way today and tomorrow and the [day] following: for it cannot be that a prophet perish out of Jerusalem.
34 ၃၄ အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို မ ရှိ။
O Jerusalem, Jerusalem, which killeth the prophets, and stoneth them that are sent unto her! how often would I have gathered thy children together, even as a hen [gathereth] her own brood under her wings, and ye would not!
35 ၃၅ သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံလျက်ကျန်ရစ် ရ၏။ ငါဆို သည်ကား၊ ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ သောသူ သည် မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီတိုင်အောင်ယခုမှစ၍သင် တို့သည် ငါ့ မျက်နှာကိုမ မြင် ရကြ ဟု မိန့် တော်မူ၏။
Behold, your house is left unto you [desolate]: and I say unto you, Ye shall not see me, until ye shall say, Blessed [is] he that cometh in the name of the Lord.