< လုကာ 12 >

1 ထိုအခါ အတိုင်းမသိ များစွာသော လူ တို့သည်စုဝေး ၍ အချင်းချင်း နင်းမိ မတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ လျှို့ဝှက် ခြင်းတည်းဟူသောဖာရိရှဲ တို့၏ တဆေး ကို ရှေးဦးစွာ ကြဉ်ရှောင် ကြလော့။
Muleecho chiindi, zyuulu zyabantu zyiingi nizyakabungana, bakasyankana akulyatana, wakasanguna kuti kuli basikwiiya bakwe chakusanguna, “Amuchenjelele busweezyo bwaba Falisi, kakuli kuupawupa.
2 ဖုံးထား လျက်ရှိ သမျှ တို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။
Pesi taakwe chivumbidwe, chitakabule kuyubununwa, alimwi taakwe chisisidwe, chitakabule kuzibinkana.
3 မှောင်မိုက် ၌ သင်တို့ပြော သမျှသောအရာ များကို သူတစ်ပါး တို့သည်အလင်း ၌ နားကြား ကြလိမ့်မည်။ သင်တို့သည် အခန်း ထဲမှာ နား အပါး၌ ပြော သောအရာ များကို အိမ်မိုး ပေါ်မှာ ဟစ်ကြော် ကြလိမ့်မည်။
Aboobo zyoonse nzimuyowamba mumudima ziyoomvwigwa mumumuni, azeezyo nzimwakavwiyavwiya mumatwi kamuli mumaanda amukati ziyoompololwa atala atululi
4 ငါ့ အဆွေ တို့၊ သင် တို့အား ငါဆို သည်ကား၊ ကိုယ်ခန္ဓာ ကိုသတ် ၍ နောက်တစ်ဖန်အလျှင်း မ ပြု နိုင်သော သူတို့ ကို မ ကြောက် ကြနှင့်။
Ndati kulindinywe bazolani bangu, tamubayoowi pe aabo bajaya mubili, musule azeezyo tabachikwe chimbi chakuchita.
5 အဘယ်သူ ကို ကြောက် ရမည်နည်းဟူမူကား ၊ ကိုယ်ခန္ဓါကိုသတ် ပြီးမှ ငရဲ ထဲသို့ ချ နိုင် သောသူ ကို ကြောက် ကြလော့။ ငါအမှန် ဆို သည်ကား၊ ထို သူကို ကြောက် ကြလော့။ (Geenna g1067)
Pesi ndilamwaambila aatala akuti ngwani ngumunga mulayoowa. Amuyoowe ooyo, uunga naajaya, ulaanguzu zyakuwaala mumulilo. Iyii, ndati kulindinye, amuyoowe nguwe ooyo. (Geenna g1067)
6 စာငှက် ငါး ကောင်ကို အဿရိ နှစ် ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ ထိုစာငှက် တစ် ကောင်ကိုမျှ ဘုရားသခင် မေ့လျော့ တော်မ မူ။
Teensi tuyuni tusanu tulawuzigwa atukobili tuniini tubili na?
7 သင် တို့ ဆံပင် သည်လည်း အကုန်အစင် ရေတွက် လျက်ရှိ၏။ ထိုကြောင့် မ ကြောက် ကြနှင့်။ သင်တို့သည်စာငှက် အများ တို့ထက် သာ၍မြတ်ကြ၏။
Pesi tatulubwi pe kunembo lya Leza. Pesi nikuba masusu eenu alaamyeelwe woonse. Mutayoowi. Muli aabulemu kwiinda bayuni biingi.
8 ငါဆို သည်ကား၊ အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ရှေ့ မှာ လူ သား သည် ထိုသူ ကိုဝန်ခံ မည်။
Ndati kulindinywe, kufumbwa uundizumina kunembo lyabantu, Mwana wa Muntu uyoomuzumina kunembo lyabangelo ba Leza,
9 အကြင်သူ သည် လူတို့ ရှေ့ မှာငါ့ ကိုငြင်းပယ် အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ ရှေ့ မှာထိုသူ ကို ငါငြင်းပယ် မည်။
pesi ooyo uundikaka kunembo lyabantu, uyookakwa kunembo lyabangelo ba Leza.
10 ၁၀ လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ မည်သည်ကား ၊ အပြစ်နှင့်လွတ် စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်း သော ဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ မည်သည်ကား အပြစ်နှင့်လွတ် စေခြင်းအခွင့်ကို မ ရနိုင်ရာ။
Kufumbwa uyoowambula majwi mabi aatala a Mwana wa Muntu, uyoolekelelwa, pesi ooyo usampawula Miuuya Uusalala, taakwe natakalekelelwe pe.
11 ၁၁ သင် တို့ကို တရားစရပ် သို့၎င်း ၊ အကဲအမှူး ၊ မင်း များရှေ့ သို့၎င်း၊ ပို့ဆောင် ကြသောအခါ အဘယ်သို့ ပြန်ပြော ရမည်ကို မ စိုးရိမ် ကြနှင့်။
Nibatakamweete kunembo lya Zikombelo, babetesi, abasimilawu, tamukalikataazyi kuti muyowaambuula biyeni mukuli lwanina, nakuti muyotyeni,
12 ၁၂ အကြောင်းမူကား ၊ ထို ခဏခြင်း တွင် အဘယ်သို့ ပြော ရ မည်ကို သန့်ရှင်း သောဝိညာဉ် တော်သည် အကြံပေးမည် ဟု မိန့်တော်မူ၏။
nkaambo Muuya Uusalala uyomuyiisya muli nchicheecho chiindi zyakwaamba.”
13 ၁၃ လူအစုအဝေး ၌ ပါ သော သူတစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် အစ်ကို သည် အမွေ ဥစ္စာကို အကျွန်ုပ် အား ဝေပေး ပါမည်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် လျှင်၊
Mpawo umwi wakali munkamu yabantu wakoompolola wati, “Muyiisyi, ambila mwanakesu kuti andaabile ambeno lukono.”
14 ၁၄ ကိုယ်တော်က အချင်းလူ ၊ အဘယ်သူ သည် သင် တို့အမှုကိုစီရင် ခွဲဝေ ပိုင်သောအခွင့်ကို ငါ့ အား အပ်ပေး သနည်း ဟု မေး တော်မူ၏။
Jesu wakasandula wati “Yoo mwalumi, ngwani wakandinanika kuba mubetesi na sing'enda akati kenu?”
15 ၁၅ ထိုမှတစ်ပါးလောဘ လွန်ကျူးခြင်းကို သတိ နှင့် ကြဉ်ရှောင် ကြလော့။ အကြောင်းမူကား ၊ စည်းစိမ် ရှိသော်လည်း စည်းစိမ် ၌ အသက် မ တည် ဟု မိန့် တော်မူ၏။
Mpawo wakati kulimbabo, “Amulangisisye eezyo zintu nzimulibambila kuzwa kubulyabi, nkaambo buumi bwamuntu tabulangwi kwiinda muzintu nzyaleezyo.”
16 ၁၆ တစ်ဖန် ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သူဌေး တစ်ဦး ၌ မြေ ကောင်း၍ အသီးအနှံ များလှ၏။
Mpawo Jesu wakabaambila chikozyanisyo, kati, “Muunda wamuntu muvubi wakali abutebuuzi bwiingi,
17 ၁၇ ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ အသီးအနှံ များကို သိုထား စရာအရပ် မ ရှိ ။
wakayeeya mumoyo wakwe, wati, 'Ndilachita biyeni, nkaambo nsikwe katuula kakubambila zilyo zyangu?'
18 ၁၈ ပြု မည်အကြံမူကား၊ ငါ့ တိုက် များကိုဖျက် ၍ ကျယ် သောတိုက်တို့ကို တည် ပြီးမှ ၊ ငါ ၏ အသီးအနှံ ဥစ္စာ ရှိသမျှ တို့ကို သိုထား မည်။
Wakati, 'Eezi nyesichite. Ndilakolomona tutuula twangu ndiyake tumbi tupati, oomo mwesizobambile zilyo zyangu azimwi zintu.
19 ၁၉ ငါ့ ဝိညာဉ် အားလည်း ၊ အချင်းဝိညာဉ် ၊ သင်သည် နှစ် ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာ များ ကိုသိုထား လျက်ရှိ ပြီ။ ငြိမ်ဝပ် စွာနေလော့။ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းကို ပြုလော့။ ငါပြော မည်ဟု သူဌေးအကြံရှိ ၏။
Mpawo ndiyoti kumuuya wangu, “Muuya waba aazintu zyiingi zibambidwe kwamyaaka myiingi. Lyookezye kabotu, lya, nywa, upakale.”
20 ၂၀ ထိုသို့ အကြံရှိစဉ်တွင်ဘုရားသခင် က၊ အချင်းလူမိုက် ၊ ယနေ့ညဉ့် ပင် သင် ၏ဝိညာဉ် ကို ရုပ်သိမ်း ရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာ ကို အဘယ်သူ ပိုင် မည်နည်းဟု သူဌေး အား မိန့် တော်မူ၏။
Pesi Leza wakati kuli nguwe, 'Yoomwaalumi mufubafuba, sunu muuya wako ulayandikana, zintu nzwabamba ziyooba zyani?'
21 ၂၁ ထိုအတူ ကိုယ် အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၍ ၊ ဘုရားသခင် ရှေ့ တော်၌ ဆင်းရဲ သောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။
Mbabede muntu uulibambila buvubi pesi katavubide kuli Leza.”
22 ၂၂ တစ်ဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စား ရမည်ဟူ၍အသက် အဘို့ မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟူ၍ကိုယ် အဘို့ မ စိုးရိမ်ကြနှင့်ဟု ငါဆို ၏။
Jesu wakati kuli basikwiiya bakwe, “Aboobo ntati kulindinywe, tamulikataazyi nkaambo kabuumi - kuti muyoolya nzi, na amubili wanu - kuti muyoozwaatayi.
23 ၂၃ အစာ ထက် အသက် မြတ်သည်မဟုတ်လော။ အဝတ် ထက် ကိုယ် မြတ်သည်မဟုတ်လော။
Nkaambo buumi bwiinda kulya, alimwi mubili wiinda zizwaato.
24 ၂၄ ကျီးကန်း များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမ စိုက် မကြဲ၊ စပါး ကိုမ ရိတ်၊ စပါးကျီ မ ရှိ ၊ ဘဏ္ဍာတိုက် မ ရှိ။ သို့သော်လည်း ဘုရားသခင် သည် သူ တို့ကို ကျွေးမွေး တော်မူ၏။ ထိုငှက် တို့ထက် သင် တို့သည် အလွန် မြတ် သည်မဟုတ်လော။
Amulange bayuni, tababyali na kutebula. Tabakwe tutuula, pesi Leza ulabapa chakulya. Mulekede bupati loko nywebo kwiinda bayuni!
25 ၂၅ အဘယ်သူ သည် စိုးရိမ် ခြင်းအားဖြင့် မိမိ အသက်တာ ကို တထောင် ခန့်မျှတိုးပွား စေနိုင် သနည်း။
Ngwani akati kenu uunga naalikataazya wayungizya mazuba akupona kubuumi bwakwe?
26 ၂၆ ထိုသို့ အငယ်ဆုံး သောအမှုကိုမျှ မတတ်နိုင် လျှင် ကြွင်း သောအမှု ကို အဘယ်ကြောင့် စိုးရိမ် ကြသနည်း။
Na kotakonzyi kuchita eecho chitu chinini, nkaambo nzi nimulikataazya azimwi zyoonse?
27 ၂၇ နှင်းပင် တို့သည် အဘယ်သို့ သောအားဖြင့်ကြီးပွား သည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုအပင်တို့ သည် အလုပ် လည်းမ လုပ်၊ ချည် ဖြစ်စေခြင်းငှာမ ငင်မဝင့်။ သို့သော်လည်း ဘုန်းကြီး သော ရှောလမုန် မင်းကြီးအဝတ်သည် ထို အပင်တ ပင်မျှ ၏အဝတ်ကို မ မှီဟု ငါဆို ၏။
Amulange masokwe - alakomena. Taabeleki, na kulikataazya. Pesi nadti kulindinywe, nansya Solomoni mubulemu bwakwe boonse taakwe nakali wazwaata kwiinda aawa.
28 ၂၈ ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက် ရှင်လျက်၊ နက်ဖြန် မီးဖို ထဲသို့ ရောက် သော တော မြက်ပင် ကို ဘုရားသခင် သည် ထိုသို့သော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင် တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည်မဟုတ်လော။
Na Leza kazwaatika masokwe aalimumuunda, aanga sunu mpaali, juunza asowelwa mumulilo, ulamuzwaatika bwiingi butanali nywebo, Nozyalane lyalusyomo luniini!
29 ၂၉ ထိုကြောင့် အဘယ်သို့ စား ရအံ့နည်း။ အဘယ်သို့ သောက် ရအံ့နည်းဟူ၍မ ရှာဖွေ ကြနှင့်။ သောက မွှေနှောက်ခြင်းလည်း မ ရှိကြနှင့်။
Tamulaanguuli nchimutalye na nchimutanywe, alimwi tamulikataazyi.
30 ၃၀ ထို အရာများကို လောကီသား အမျိုးမျိုး တို့သည် ရှာဖွေ တတ်ကြ၏။ ထို အရာများကို သင်တို့သည် အသုံးလို ကြောင်း ကို သင် တို့အဘ သိ တော်မူ၏။
Nkaambo zisi zyoonsye zyaanyika zilanguula zintu eezi, alimwi Wuso ulizi kuti mulaziyanda zintu eezi.
31 ၃၁ သင်တို့မူကား ဘုရားသခင် ၏ နိုင်ငံ တော်ကို ရှာ ကြလော့။ နောက်မှ ထို အရာများကို ထပ် ၍ပေးတော်မူလတံ့။
Pesi amuyandule bwami bwakwe, mpawo eezi zintu ziyopegwa kulindinywe.
32 ၃၂ သိုးစု ငယ် ၊ သင်တို့သည် မ ကြောက် ကြနှင့်။ သင် တို့အဘ သည် သင် တို့အား နိုင်ငံ ကိုပေး ခြင်းငှာအလိုရှိ တော်မူ၏။
Mutayoowi, nkaambo Wuso uulikujulu ulabotelwa kumupa bwami.
33 ၃၃ သင် တို့ဥစ္စာ များကို ရောင်း ၍ ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ မ ဆွေးမဟောင်းတတ် သော အိတ် တို့ကို ကိုယ် သုံးဘို့ လုပ် ကြလော့။ သူခိုး မ ရောက် ၊ ပိုး များမ ဖျက်ဆီး ရာအရပ် ၊ ကောင်းကင် ဘုံ၌ မကုန်မဆုံး နိုင် သော ဘဏ္ဍာ ကို ဆည်းဖူးကြလော့။
Amuuzye zyoonse zimulazyo mupe kubachete. Amulichitile nkomwe zitadeluki pe - buvubi bwakumajulu butamani, kutasiki basikubba afwiifwi, alimwi kutaligwi munanze.
34 ၃၄ အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့စိတ် နှလုံးရောက် တတ်၏။
Nkaambo ooko kuli buvubi bwako, moyo wako nkuubede.
35 ၃၅ သင် တို့သည် ခါးပန်း စည်း လျက်၊ ဆီမီး ထွန်း လျက်နေသဖြင့် ၊
Amwaange zizwaato zyenu alukumba muchikungu, muyasye malampi eenu akkale kayaka,
36 ၃၆ သခင် သည် မင်္ဂလာဆောင်ပွဲ မှ ပြန်လာ ၍ တံခါးကိုခေါက် သောအခါ ချက်ခြင်း ဖွင့် ခြင်းငှာ သခင် လာ မည်ကို မြော်လင့် ၍နေသောကျွန် ကဲ့သို့ ရှိနေကြလော့။
mube mbuli bantu bayandula mwami wabo, naboola kuzwa kupobwe lyalukwatano, kuchitila kuti nasika kakonkomona balafwambaana kumujulila.
37 ၃၇ အကြင် ကျွန် တို့သည် စောင့် လျက်နေသည်ကို သခင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန် ဆို သည်ကား၊ သခင်သည် ခါးပန်းစည်း လျက် ကျွန် တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ ၍သူ တို့အားလုပ်ကျွေး လိမ့်မည်။
Bali longezezegwe aabo belanda, bayojanika kaba bbwazwide naayosika mwami wabo. Nchobeni ndamwaambila kuti uyowanga nsasiko yakwe ndamfu muchikungu alukumba, mpawo uyobakkazika kukulya, mpawo uyoosika we azobakutawukile.
38 ၃၈ နှစ်ချက်တီး အချိန်ဖြစ်စေ ၊ သုံးချက်တီး အချိန်ဖြစ်စေ ၊ သခင် သည်လာ၍ ထိုသို့ တွေ့ လျှင်၊ ထို ကျွန်တို့ သည် မင်္ဂလာ ရှိ ကြ၏။
Na mwami azosike mubusiku bwakulinda bwabili, na bwatatu, azobajane kabalindide, balilongezezegwe balanda aabo.
39 ၃၉ အိမ်ရှင် သည် သူခိုး လာ မည်အချိန်နာရီ ကို သိ ရလျှင် ၊ မိမိ အိမ် ကို မ ထွင်း မဖောက်စေခြင်းငှာစောင့်နေလိမ့်မည်ကို သင်တို့သိ ကြ၏။
Aatala azeezi zyoonse, kansinga mwani ng'anda walizi buzuba mbwasika sikubba, taalikunoleka ng'anda yakwe kuti inyonyoonwe pe.
40 ၄၀ ထိုကြောင့် သင် တို့သည် ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့မ ထင်မှတ် သောအချိန် ၌ လူ သား သည် ကြွလာ လိမ့်မည် ဟု မိန့်တော်မူ၏။
Amulibambile anywebo, nkaambo tamulizi wola ndasika Mwana wa Muntu.”
41 ၄၁ ပေတရု ကလည်း ၊ သခင် ၊ ဤ ဥပမာ ကို အကျွန်ုပ် တို့အား သာ မိန့် တော်မူသလော။ လူအပေါင်း တို့အား မိန့်တော်မူသလောဟု မေးလျှောက် လျှင်၊
Pita wakati, “Mwami, ulikwaamba chikozyanisyo eechi kulindiswe atulike na kumuntu woonse?”
42 ၄၂ သခင် ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန် လျှင် အစားအသောက် တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့်၎င်းပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။
Mwami wakati, “Ngwani mpo mweendelezi musongo awusyomekede ooyo mweendelezi wakwe ngwazobika kubalanda bakwe kuti abaabile chabo chimpanzi chakulyamuchiindi cheelede?
43 ၄၃ အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည် ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။
Ulilongezezegwe ooyo mulanda uyoojanika kachita oobo nayooboola mulanda wakwe.
44 ၄၄ ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။
Nchobeni ndamwaambila kuti uyoomupa bweendelezi kuzintu zyakwe zyoonse.
45 ၄၅ သို့မဟုတ် မူကား ၊ အကြင် ကျွန် က၊ ငါ့ အရှင် လာ ခဲ လိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည် နှင့်ကျွန်ချင်း ယောက်ျားမိန်းမ တို့ကို ရိုက်ပုတ် လျက်၊ စား သောက် ယစ်မူး လျက် နေ၏။
Pesi ooyo mulanda uti mumoyo wakwe, 'Mwani wangu wachedwa kuboola,' mpawo asangune kuuma balanda baalumi abanakazi, asangune kulya akunywa mpawo akolwe,
46 ၄၆ ထို ကျွန် မ ကြည့် မမျှော်သောနေ့ရက် ၊ မ ကြား မသိသောအချိန် နာရီ၌ သခင် သည် ရောက်လာ လျှင်၊ ထိုကျွန် ကို ပြင်းစွာဆုံးမကွပ်မျက် ၍ သစ္စာ မရှိသောသူ တို့နှင့်တကွ နေရာချ လတံ့။
mwami wayooyo mulanda uzoosika buzuba mbwatalangilide pe, amuwola ndyatayeeleli pe, uyoomugonkoola mpawo akamubikke kubusena bwabantu batasyomekede.
47 ၄၇ အကြင် ကျွန် သည် မိမိ သခင် ၏ အလို ကိုသိ လျက်နှင့် အသင့် မ နေ၊ သခင် ၏အလို ကိုမဆောင် ၊ ထိုကျွန် သည် များစွာ သောဒဏ် ကိုခံရ၏။
Ooyo mulanda, kali walimuzi mwami wakwe, alimwi katachitide na kumba mbuli mbayanda, uyoowumwa mfayindi nyiingi.
48 ၄၈ သခင်၏အလိုကို မ သိ ဘဲလျက်၊ ဒဏ် ခံထိုက် သောအမှုကို ပြု မိသောသူ မူကား ၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူ သည် များစွာ သောကျေးဇူး ကိုခံ၏။ ထိုသူသည်အများ ကိုဆပ် ရ၏။ အကြင်သူ ၌ များစွာ သောဥစ္စာကို အပ်နှင်း ၏။ ထိုသူ ကို များစွာ တောင်း လိမ့်မည်။
Pesi ooyo wakatezi, mpawo wachita zintu zyuumya, uyowumwa mfayindi nche. Woonse uupegwa zyiingi unolangilwa kupa zyiingi, ayooyo uusyomwa azyiingi, nzyiingi nzibayookumbila kuzwa kulinguwe.
49 ၄၉ မြေ ပေါ်၌ မီး လောင် စေခြင်းငှာငါလာ သတည်း။ ထိုမီး မညှိမှီတိုင်အောင်ငါ၏အလို မပြည့်စုံ။ ဗတ္တိဇံ တစ်ခုကိုလည်း ငါခံ စရာရှိ၏ ။
Ndakasika kuzoowala mulilo aanyika, alimwi ndalikuyanda kut kansiinga zyachitika.
50 ၅၀ ထို ဗတ္တိဇံကို မ ခံ မှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သော စိတ်ရှိ၏။
Pesi ndili aalubbabbatgizyo ndweelede ku bbabbatizigwa aalo, amachise ngelaawo mane kukamane!
51 ၅၁ မြေ ပေါ်၌ ငြိမ်သက် ခြင်းကို ပေး အံ့သောငှာငါလာ သည်ဟု ထင် ကြသလော။ ထိုသို့သောအလိုငှာ ငါလာ သည်မ ဟုတ်။ အချင်းချင်းကွဲပြား စေခြင်းငှာငါလာသည်ဟု ငါဆို ၏။
Muyeeya kuti ndakasika kuzoyeta luumuno na anyika? Pepe, ndamwaambila, pesi kwaanzana.
52 ၅၂ အဘယ်သို့ နည်းဟူမူကား၊ ယခု မှစ၍ အိမ် တ အိမ်၌ နေသော လူငါး ယောက်တို့သည် နှစ် ယောက်တစ်စုသုံး ယောက်တစ်စုအချင်းချင်းကွဲပြား လိမ့်မည်။
Nkaambo kuzwa lino kuyooba balimusanu mung'anda yomwe banzeene - batatu kabatamvwanani ababili, ababili kabatamvwanani abatatu.
53 ၅၃ အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား လိမ့်မည် ဟု မိန့် တော်မူ၏။
Banowanzeene, wisi katamvwanani amwana mulombe, amwana mulombe katamvwanani awisi; banyina kabatamvwanani amwana musimbi, amwana musimbi katamvwanani abanyina; banyianazyala kabatamvwanani amuka mwana, amukamwana katamvwanani abanyinazyala.”
54 ၅၄ တစ်ဖန် လူ အစုအဝေးတို့အား မိန့် တော်မူသည်ကား၊ သင်တို့သည် အနောက် မျက်နှာ၌ မိုဃ်းရိပ် တက် သည်ကို မြင် သောအခါ မိုဃ်း ရွာ မည်ဟု ချက်ခြင်း ဆို တတ်၏။ ဆိုသည်အတိုင်း လည်း ဖြစ် တတ်၏။
Jesu wakaambula lubo kumakamu, “Na mwabona joba kalisimpa kububbila, mulafwaambana kwaamba kuti 'Yaamba kuwa mvula,' mpawo nga zyachitika.
55 ၅၅ တောင် လေလာ သည်ကို မြင်သောအခါ နေပူ မည်ဟု ဆို တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ် တတ်၏။
Mpawo kwawunga guwo lizwida kumunsanza ngamwati sunu linoopya zuba,' mpawo zyachitika.
56 ၅၆ လျှို့ဝှက် သောသူတို့၊ သင်တို့သည် မြေကြီး ၏မျက်နှာနှင့် မိုဃ်းကောင်းကင် ၏မျက်နှာကို ပိုင်းခြား ၍ သိ နိုင်ကြ၏။ ယခု ကပ်ကာလ ကို အဘယ်ကြောင့် ပိုင်းခြား ၍ မ သိ နိုင်ကြသနည်း။
Basikuupawupa, mulikwizi kumvwisisisya chiimo chanyika ajulu, pesi nkaambo nzi nimutakonzyi kumvwisisisya chiimo chachiindi chiliko lino?
57 ၅၇ ထိုမှတစ်ပါး ဖြောင့်မတ် ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက် ပိုင်းခြား ၍ မ သိကြသနည်း။
Nkaambo nzi nimutakonzyi kulibonena zilikabotu amulike?
58 ၅၈ သင်သည်တရားတွေ့ဘက် နှင့်အတူ မင်း ထံသို့ သွား သောအခါ အမှုပြေ စေခြင်းငှာလမ်း ၌ ကြိုးစား လော့။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီး ရှေ့ သို့ဆွဲ မည်။ တရားသူကြီး သည် လုလင် ခေါင်း၌အပ် ၍၊ လုလင် ခေါင်းသည် ထောင် ထဲ၌ လှောင် ထားမည်။
Nkaambo aawo nimuya kumutongi asinkondonyokwe, munzila amweezye kwaambula kabotu mumvwanane kuchitila kuti we tazokutoli kumubetesi, akuchitila kuti mubetesi atakakubiki mumaanza akapokola, mpawo kapokola atakakubiki muntolongo.
59 ၅၉ လျော်ပြစ် ငွေ ရှိသမျှ ကို မ လျော်မှီတိုင်အောင်ထောင် ထဲကမ ထွက် ရ၊ ငါ ဆိုသည် ဟု မိန့်တော်မူ၏။
Ndati kulindinywe, taakwe notakazwe pe kuyosikila ukaman kubbadala mali yoonse iyandikana.”

< လုကာ 12 >