< လုကာ 11 >

1 တရံရောအခါ ကိုယ်တော် သည် တစ်စုံတစ်ခု သောအရပ် တွင် ဆုတောင်း တော်မူပြီးလျှင် ၊ တပည့် တော်တစ် ယောက်က၊ သခင် ၊ ဆုတောင်း စေခြင်းငှာယောဟန် သည်မိမိ တပည့် တို့အား နည်းပေး သကဲ့သို့ အကျွန်ုပ် တို့အား နည်းပေး တော်မူပါဟု လျှောက် သော်၊
And it came to pass, that, as he was praying in a certain place, when he ceased, one of his disciples said to him, Lord, teach us to pray, as John also taught his disciples.
2 ကိုယ်တော်က၊ သင်တို့သည်ဆုတောင်း လျှင် မြွက်ဆို ရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ ၊ ကိုယ်တော် ၏ နာမ တော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံ တော် တည်ထောင် ပါစေသော။
And he said to them, When ye pray, say, Our Father who art in heaven, Hallowed be thy name. Thy kingdom come. Thy will be done, as in heaven, so on earth.
3 အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား နေ့ရက် အစဉ် အတိုင်း ပေး သနားတော်မူပါ။
Give us day by day our daily bread.
4 အကျွန်ုပ် တို့ကို ပြစ်မှား သောသူရှိသမျှ တို့၏ အပြစ်ကို အကျွန်ုပ် သည်လွှတ် သောကြောင့် ၊ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။ အပြစ် သွေးဆောင် ရာသို့ မ လိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။
And forgive us our sins; for we also forgive every one that is indebted to us. And lead us not into temptation; but deliver us from evil.
5 တစ်ဖန် မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ အဆွေ ခင်ပွန်းရှိ သည်ဖြစ်၍ ၊ သန်းခေါင် အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့ သွား ပြီးလျှင် ၊ အဆွေ ၊
And he said to them, Which of you shall have a friend, and shall go to him at midnight, and say to him, Friend, lend me three loaves;
6 အကျွန်ုပ် အဆွေ ခင်ပွန်းတစ်ယောက်သည် ခရီး မှ လာ၍ အကျွန်ုပ် ထံသို့ ရောက် ပါပြီ။ သူ့ ကို ကျွေး စရာ မ ရှိ သောကြောင့် မုန့် သုံး လုံးချေး နှင့် ပါဟုဆို သော်၊
For a friend of mine in his journey is come to me, and I have nothing to set before him?
7 အိမ်ရှင် ကလည်း၊ ငါ့ ကိုမ နှောင့်ရှက် နှင့်။ တံခါး ပိတ် လျက်ရှိ၏။ ငါ့ သားသမီး တို့သည် ငါ နှင့် အိပ် လျက်ရှိ ကြ၏။ ငါထ ၍ သင့် အားမ ပေး နိုင် ဟု အိမ်ထဲက ပြန်ပြော သည်အရာမှာ၊
And he from within shall answer and say, Trouble me not: the door is now shut, and my children are with me in bed; I cannot rise and give thee.
8 ငါဆို သည်ကား၊ အဆွေ ခင်ပွန်းဖြစ် သည်ကိုထောက်၍မ ထ ၊ မပေး သော်လည်း ၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ ၍လိုချင် သမျှ ကို ပေး လိမ့်မည်။
I say to you, Though he will not rise and give him, because he is his friend, yet because of his importunity he will rise and give him as many as he needeth.
9 တစ်ဖန်ငါ ဆို သည်ကား၊ တောင်း ကြလော့။ တောင်းလျှင် ရ မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့၊ ခေါက်လျှင် ဖွင့် မည်။
And I say to you, Ask, and it shall be given you; seek, and ye shall find; knock, and it shall be opened to you.
10 ၁၀ တောင်း သောသူ မည်သည်ကားရ ၏။ ရှာ သောသူ လည်း တွေ့ ၏။ ခေါက် သောသူ အားလည်း တံခါးကို ဖွင့် ၏။
For every one that asketh receiveth; and he that seeketh findeth; and to him that knocketh it shall be opened.
11 ၁၁ သင် တို့တွင် အဘ ဖြစ်သောသူ ၌ သား သည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါး ကိုတောင်း လျှင် ငါး အစား ၌ မြွေ ကိုပေး မည်လော။
If a son shall ask bread of any of you that is a father, will he give him a stone? or if he shall ask a fish, will he for a fish give him a serpent?
12 ၁၂ ဥ ကိုတောင်း လျှင် ကင်းမြီးကောက် ကို ပေး မည်လော။
Or if he shall ask an egg, will he offer him a scorpion?
13 ၁၃ သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင်၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘ သည် ဆုတောင်း သောသူ တို့အား သန့်ရှင်း သောဝိညာဉ် တော်ကို သာ၍ပေး တော်မူမည် မဟုတ်လော ဟု မိန့်တော်မူ၏။
If ye then, being evil, know how to give good gifts to your children: how much more shall your heavenly Father give the Holy Spirit to them that ask him?
14 ၁၄ တရံရောအခါ စကားအ သောနတ်ဆိုး ကို နှင်ထုတ် တော်မူ၍ ၊ နတ်ဆိုး ထွက် သည်နောက် အ သောသူ သည် စကား ပြော၏။ အစုအဝေး တို့သည်လည်း အံ့ဩ ကြ၏။
And he was casting out a demon, and it was dumb. And it came to pass, when the demon was gone out, the dumb spoke; and the people marvelled.
15 ၁၅ အချို့ တို့က ဤသူသည် နတ်ဆိုး မင်း ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။
But some of them said, He casteth out demons through Beelzebub the chief of the demons.
16 ၁၆ အချို့ တို့သည်လည်း ၊စုံစမ်း နှောက်ယှက်ခြင်းငှာမိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။
And others, tempting him, sought from him a sign from heaven.
17 ၁၇ ထို သူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍ ၊ တိုင်း နိုင်ငံမည်သည်ကား၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်၊ အိမ် မည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲ လိမ့်မည်။
But he, knowing their thoughts, said to them, Every kingdom divided against itself is brought to desolation; and a house divided against a house falleth.
18 ၁၈ ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်ဟု သင်တို့ဆို သည်အတိုင်း ၊ စာတန် သည် မိမိ နှင့် မသင်မတင့် ကွဲပြား လျှင် သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။
If Satan also is divided against himself, how shall his kingdom stand? because ye say that I cast out demons through Beelzebub.
19 ၁၉ ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍ နှင်ထုတ် ကြသနည်း။ထိုကြောင့် သူ တို့သည်သင် တို့အားတရား စီရင်သောသူဖြစ် ကြ လိမ့်မည်။
And if I by Beelzebub cast out demons, by whom do your sons cast them out? therefore shall they be your judges.
20 ၂၀ ငါ သည် ဘုရားသခင် ၏ လက်ညှိုး တော်အားဖြင့် နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။
But if I with the finger of God cast out demons, no doubt the kingdom of God is come upon you.
21 ၂၁ သူရဲ သည် လက်နက်စုံ နှင့် မိမိ အိမ်ဦး ၌ စောင့် နေစဉ်အခါ သူ ၏ဥစ္စာ သည် လုံခြုံ စွာရှိ ၏။
When a strong man armed keepeth his palace, his goods are in peace:
22 ၂၂ သူ့ ထက် တတ်စွမ်း နိုင်သောသူသည်လာ ၍ သူ့ ကိုအောင် ပြီးမှ၊ သူကိုးစား သော လက်နက်စုံ ကို သိမ်းယူ ၍ ဥစ္စာပရိကံ များကို ခွဲဝေ လိမ့်မည်။
But when a stronger than he shall come upon him, and overcome him, he taketh from him all his armour in which he trusted, and divideth his spoils.
23 ၂၃ ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။
He that is not with me is against me: and he that gathereth not with me scattereth.
24 ၂၄ ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌ လည် ၍ ငြိမ်သက် ခြင်းကို ရှာ တတ်၏။ မ တွေ့ လျှင် ၊ ငါသည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊
When the unclean spirit is gone out of a man, he walketh through dry places, seeking rest; and finding none, he saith, I will return to my house from which I came out.
25 ၂၅ ရောက် သောအခါ ၊ ထိုအိမ်သည် သုတ်သင် ပြင်ဆင် လျက်ရှိသည်ကို တွေ့ သော်၊
And when he cometh, he findeth it swept and garnished.
26 ၂၆ မိမိ ထက်သာ၍ညစ်ညူး သောနတ်ဆိုး ခုနစ် ယောက်ကို ခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍ နေ ကြ၏၊ ထို လူ ၏နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက်သာ၍ဆိုး သည် ဟု မိန့်တော်မူ၏။
Then he goeth, and taketh to him seven other spirits more wicked than himself; and they enter in, and dwell there: and the last state of that man is worse than the first.
27 ၂၇ ထိုသို့ မိန့် တော်မူစဉ် တွင်မိန်းမ တစ် ယောက်သည် လူအစုအဝေး ထဲက ခေါ် ၍ ကိုယ်တော် ကို လွယ် သော ဝမ်း နှင့် စို့ တော်မူသောသားမြတ် သည်မင်္ဂလာ ရှိပါ၏ဟု လျှောက် လျှင်၊
And it came to pass, as he spoke these things, a certain woman of the company lifted up her voice, and said to him, Blessed is the womb that bore thee, and the breasts which nourished thee.
28 ၂၈ ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ၍ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။
But he said, Yea rather, blessed are they that hear the word of God, and keep it.
29 ၂၉ လူ အစုအဝေးတို့သည် ထူထပ် လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤ လူမျိုး သည် ဆိုးညစ် သောအမျိုး ဖြစ် ၏။ နိမိတ် လက္ခဏာကို တောင်း သည်မှာ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။
And when the people were thickly gathered together, he began to say, This is an evil generation: they seek a sign; and there shall no sign be given to it, but the sign of Jonah the prophet.
30 ၃၀ ယောန သည် နိနေဝေ မြို့သားတို့အား နိမိတ် လက္ခဏာဖြစ် သကဲ့သို့ လူ သား သည် ဤ လူမျိုး အား ဖြစ် လိမ့်မည်။
For as Jonah was a sign to the Ninevites, so also shall the Son of man be to this generation.
31 ၃၁ တရားဆုံးဖြတ် တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ။ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ဤ အရပ်၌ ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။
The queen of the south shall rise up in the judgment with the men of this generation, and condemn them: for she came from the utmost parts of the earth to hear the wisdom of Solomon; and, behold, a greater than Solomon is here.
32 ၃၂ တရားဆုံးဖြတ် တော်မူသောအခါ နိနေဝေ မြို့သားတို့သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောန ဟောပြော သော စကားကြောင့် နောင်တရ ကြ၏။
The men of Nineveh shall rise up in the judgment with this generation, and shall condemn it: for they repented at the preaching of Jonah; and, behold, a greater than Jonah is here.
33 ၃၃ ဤ အရပ်၌ကား ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။ ဆီမီး ထွန်း ၍ ကွယ်ရာ ၌ ဖုံးထား လေ့မ ရှိ။ တောင်း ဇလားအောက် ၌လည်း ထားလေ့မ ရှိ။ ဝင်လာ သောသူ သည် အလင်း ကိုရ စေခြင်းငှာ ဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။
No man, when he hath lighted a lamp, putteth it in a secret place, neither under a basket, but on a lampstand, that they who come in may see the light.
34 ၃၄ ကိုယ် ၏ဆီမီး ကား၊ မျက်စိ တည်း။ ထိုကြောင့် မျက်စိ ကြည်လင် သောအခါ တကိုယ်လုံး လင်း လိမ့်မည်။ မျက်စိမြှေးရှက် သောအခါ တကိုယ်လုံး မိုက် လိမ့်မည်။
The lamp of the body is the eye: therefore when thy eye is clear, thy whole body also is full of light; but when thy eye is bad, thy body also is full of darkness.
35 ၃၅ ကိုယ် ၌ ရှိသောအလင်း ကို မှောင်မိုက် မ ဖြစ် စေခြင်းငှာသတိပြု လော့။
Take heed therefore that the light which is in thee be not darkness.
36 ၃၆ အင်္ဂါ တစ်ခု မျှမ မိုက် ဘဲ တစ်ကိုယ်လုံး လင်း လျှင် ၊ ဆီမီး ၏အရောင် နှင့် လင်း စေသကဲ့သို့ လုံးလုံး လင်း လျက် ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။
If thy whole body therefore be full of light, having no part dark, the whole shall be full of light, as when the bright shining of a lamp doth give thee light.
37 ၃၇ ထိုသို့ မိန့် တော်မူစဉ် တွင်ဖာရိရှဲ တစ်ယောက်သည် အစာ ကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ သူ၏အိမ် သို့ကြွ၍ စားပွဲ ၌ လျောင်းတော်မူ၏။
And as he was speaking, a certain Pharisee besought him to dine with him: and he went in, and sat down to eat.
38 ၃၈ အစာ ကိုမ စားမှီ ဆေး ခြင်းကို ပြုတော်မ မူသည်ကို ဖာရိရှဲ သည်မြင် လျှင် အံ့ဩ လေ၏။
And when the Pharisee saw it, he marvelled that he had not first washed before dinner.
39 ၃၉ သခင် ဘုရားကလည်း ၊ ဖာရိရှဲ ဖြစ်သော သင် တို့သည် ဖလား ၊ လင်ပန်း ကိုအပြင် ၌ ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ ဆိုးညစ် ခြင်းနှင့် ပြည့် လျက်ရှိ၏။
And the Lord said to him, Now do ye Pharisees make clean the outside of the cup and the platter; but your inward part is full of greed and wickedness.
40 ၄၀ လူမိုက် တို့၊ အပြင် ကို ဖန်ဆင်း သောသူ သည် အတွင်း ကိုလည်း ဖန်ဆင်း တော်မူသည်မဟုတ် လော။
Ye fools, did not he that made that which is without make that which is within also?
41 ၄၁ သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင် သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ သို့ပြုလျှင် ခပ်သိမ်း သောအရာတို့သည် သင် တို့အားသန့်ရှင်း ကြလိမ့်မည်။
But rather give alms of such things as ye have; and, behold, all things are clean to you.
42 ၄၂ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ရွက်၊ လျူ ရွက်မျိုးမှစ၍ မြက်ပင် အမျိုးမျိုး ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရား သဖြင့်စီရင်ခြင်း၊ ဘုရားသခင် ကိုချစ် ခြင်းအမှုကိုကား လှပ် ၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကိုမ လှပ် မထား၊ နောက်ဆိုသောအရာတို့ကိုကျင့် ရ မည်။
But woe to you, Pharisees! for ye tithe mint and rue and all manner of herbs, and pass over justice and the love of God: these ought ye to have done, and not to leave the others undone.
43 ၄၃ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ တရားစရပ် ၌ မြင့်မြတ် သောနေရာ ထိုင်ရာကို၎င်း ၊ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း နှစ်သက် ကြ၏။
Woe to you, Pharisees! for ye love the best seats in the synagogues, and greetings in the markets.
44 ၄၄ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ မ ထင်ရှားသော သင်္ချိုင်း တွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာသွားလာ သောသူ တို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မ သိ ကြ ဟု မိန့် တော်မူ၏။
Woe to you, scribes and Pharisees, hypocrites! for ye are as graves which appear not, and the men that walk over them are not aware of them.
45 ၄၅ ကျမ်းတတ် တစ် ယောက်ကလည်း ၊ အရှင် ဘုရား ထိုသို့ ဆို လျှင် အကျွန်ုပ် တို့ကိုပင် ကဲ့ရဲ့ အပြစ်တင်တော်မူ၏ဟု လျှောက် သော်၊
Then answered one of the lawyers, and said to him, Master, thus saying thou reproachest us also.
46 ၄၆ ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထမ်း ခဲသောဝန် ကိုသူတစ်ပါးအပေါ်မှာတင် တတ်၏။
And he said, Woe to you also, ye lawyers! for ye load men with burdens grievous to be borne, and ye yourselves touch not the burdens with one of your fingers.
47 ၄၇ ကိုယ် လက်ဖျား နှင့်မျှမ တို့ ကြ။ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပရောဖက် တို့၏ သင်္ချိုင်း များကိုတည်လုပ် ၍၊ သင် တို့၏ ဘိုးဘေး များသည် သူ တို့ကိုသတ် ကြ၏။
Woe to you! for ye build the sepulchres of the prophets, and your fathers killed them.
48 ၄၈ အကယ်စင်စစ် သင် တို့သည် ဘိုးဘေး တို့၏ အပြုအမူ ကိုလက်ခံ ကြ၏။ ဘိုးဘေး တို့သည် ပရောဖက် များကို သတ် ကြပြီ။ သင် တို့မူကား ၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။
Truly ye bear witness that ye allow the deeds of your fathers: for they indeed killed them, and ye build their sepulchres.
49 ၄၉ ထိုကြောင့် ၊ ဘုရားသခင် ၏ ဉာဏ် စီရင်တော်မူသည်ကား၊ ပရောဖက် ၊ တမန်တော် တို့ကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်။ သူတို့သည် ထိုပရောဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ အချို့တို့ကို သတ် ကြ လိမ့်မည်။
Therefore also said the wisdom of God, I will send them prophets and apostles, and some of them they shall slay and persecute:
50 ၅၀ ထိုကြောင့်၊ အာဗေလ ၏ အသွေး မှစ၍ ၊ ယဇ်ပလ္လင် နှင့် အိမ် တော်၏အကြား ၌ သတ်ခဲ့ပြီးသော ဇာခရိ ၏အသွေး တိုင်အောင် ကမ္ဘာ ဦး မှစ၍ သွန်း ပြီးသော ပရောဖက် အပေါင်း တို့၏အသွေး ကြောင့် ယခု ဖြစ်သောလူ တို့သည် စစ်ကြော ခြင်းကို ခံရကြမည်။
That the blood of all the prophets, which was shed from the foundation of the world, may be required of this generation;
51 ၅၁ ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သောလူ တို့သည် ထိုစစ်ကြော ခြင်းကိုခံရကြမည်။
From the blood of Abel to the blood of Zechariah, who perished between the altar and the temple: verily I say to you, It shall be required of this generation.
52 ၅၂ ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပညာ ဖွင့်သော သော့ ကို သိမ်းထား ကြပြီ။ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြသည် ဟု မိန့် တော်မူ၏။
Woe to you, lawyers! for ye have taken away the key of knowledge: ye have not entered in yourselves, and them that were entering in ye hindered.
53 ၅၃ ထိုသို့ ပရိသတ် တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရမည်အကြောင်း၊
And as he said these things to them, the scribes and the Pharisees began to oppose him vehemently, and to provoke him to speak of many things:
54 ၅၄ ချောင်းမြောင်း လျက် စကား တော်ကိုဘမ်း ခြင်းငှာရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာ တို့၌ မေးစစ် ကြ၏။
Laying wait for him, and seeking to catch something from his mouth, that they might accuse him.

< လုကာ 11 >