< လုကာ 11 >
1 ၁ တရံရောအခါ ကိုယ်တော် သည် တစ်စုံတစ်ခု သောအရပ် တွင် ဆုတောင်း တော်မူပြီးလျှင် ၊ တပည့် တော်တစ် ယောက်က၊ သခင် ၊ ဆုတောင်း စေခြင်းငှာယောဟန် သည်မိမိ တပည့် တို့အား နည်းပေး သကဲ့သို့ အကျွန်ုပ် တို့အား နည်းပေး တော်မူပါဟု လျှောက် သော်၊
And it came to pass as he was in a certain place praying, that when he ceased, a certain man of his disciples said to him, Lord, teach us to pray as John also taught his disciples.
2 ၂ ကိုယ်တော်က၊ သင်တို့သည်ဆုတောင်း လျှင် မြွက်ဆို ရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ ၊ ကိုယ်တော် ၏ နာမ တော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံ တော် တည်ထောင် ပါစေသော။
And he said to them, When ye pray, say, Our Father in the heavens, hallowed be thy name. May thy kingdom come, may thy will happen on the earth as also in heaven.
3 ၃ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား နေ့ရက် အစဉ် အတိုင်း ပေး သနားတော်မူပါ။
Give us our bread sufficient for each day.
4 ၄ အကျွန်ုပ် တို့ကို ပြစ်မှား သောသူရှိသမျှ တို့၏ အပြစ်ကို အကျွန်ုပ် သည်လွှတ် သောကြောင့် ၊ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။ အပြစ် သွေးဆောင် ရာသို့ မ လိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။
And forgive us our sins, for we ourselves also forgive every man who is indebted to us. And bring us not into temptation, but deliver us from evil.
5 ၅ တစ်ဖန် မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ အဆွေ ခင်ပွန်းရှိ သည်ဖြစ်၍ ၊ သန်းခေါင် အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့ သွား ပြီးလျှင် ၊ အဆွေ ၊
And he said to them, Which of you will have a friend, and will go to him at midnight, and say to him, Friend, lend me three loaves,
6 ၆ အကျွန်ုပ် အဆွေ ခင်ပွန်းတစ်ယောက်သည် ခရီး မှ လာ၍ အကျွန်ုပ် ထံသို့ ရောက် ပါပြီ။ သူ့ ကို ကျွေး စရာ မ ရှိ သောကြောင့် မုန့် သုံး လုံးချေး နှင့် ပါဟုဆို သော်၊
since a friend arrived from the road to me, and I do not have what I would set before him,
7 ၇ အိမ်ရှင် ကလည်း၊ ငါ့ ကိုမ နှောင့်ရှက် နှင့်။ တံခါး ပိတ် လျက်ရှိ၏။ ငါ့ သားသမီး တို့သည် ငါ နှင့် အိပ် လျက်ရှိ ကြ၏။ ငါထ ၍ သင့် အားမ ပေး နိုင် ဟု အိမ်ထဲက ပြန်ပြော သည်အရာမှာ၊
and that man from inside, having answered, would say, Do not cause toils for me. The door is now shut, and my children are with me in bed. I am not able, after getting up, to give thee?
8 ၈ ငါဆို သည်ကား၊ အဆွေ ခင်ပွန်းဖြစ် သည်ကိုထောက်၍မ ထ ၊ မပေး သော်လည်း ၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ ၍လိုချင် သမျှ ကို ပေး လိမ့်မည်။
I say to you, though he will not give him, after getting up, because he is his friend, yet because of his persistence, having awaken, he will give him as many as he needs.
9 ၉ တစ်ဖန်ငါ ဆို သည်ကား၊ တောင်း ကြလော့။ တောင်းလျှင် ရ မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့၊ ခေါက်လျှင် ဖွင့် မည်။
And I say to you, ask, and it will be given you. Seek, and ye will find. Knock, and it will be opened.
10 ၁၀ တောင်း သောသူ မည်သည်ကားရ ၏။ ရှာ သောသူ လည်း တွေ့ ၏။ ခေါက် သောသူ အားလည်း တံခါးကို ဖွင့် ၏။
For every man who asks receives, and he who seeks finds, and to him who knocks it will be opened.
11 ၁၁ သင် တို့တွင် အဘ ဖြစ်သောသူ ၌ သား သည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါး ကိုတောင်း လျှင် ငါး အစား ၌ မြွေ ကိုပေး မည်လော။
And which father of you, if the son will ask a loaf, will give him a stone, or also if a fish, in place of a fish will give him a serpent?
12 ၁၂ ဥ ကိုတောင်း လျှင် ကင်းမြီးကောက် ကို ပေး မည်လော။
Or if he should ask for an egg, will he give him a scorpion?
13 ၁၃ သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင်၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘ သည် ဆုတောင်း သောသူ တို့အား သန့်ရှင်း သောဝိညာဉ် တော်ကို သာ၍ပေး တော်မူမည် မဟုတ်လော ဟု မိန့်တော်မူ၏။
If ye then, being evil, know how to give good gifts to your children, how much more the Father from heaven will give the Holy Spirit to those who ask him?
14 ၁၄ တရံရောအခါ စကားအ သောနတ်ဆိုး ကို နှင်ထုတ် တော်မူ၍ ၊ နတ်ဆိုး ထွက် သည်နောက် အ သောသူ သည် စကား ပြော၏။ အစုအဝေး တို့သည်လည်း အံ့ဩ ကြ၏။
And he was casting out a demon, and it was mute. And it happened when the demon was gone out, the mute man spoke. And the multitudes marveled,
15 ၁၅ အချို့ တို့က ဤသူသည် နတ်ဆိုး မင်း ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။
but some of them said, He casts out the demons by Beelzebub, ruler of the demons.
16 ၁၆ အချို့ တို့သည်လည်း ၊စုံစမ်း နှောက်ယှက်ခြင်းငှာမိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။
And others, challenging, sought from him a sign from the sky.
17 ၁၇ ထို သူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍ ၊ တိုင်း နိုင်ငံမည်သည်ကား၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်၊ အိမ် မည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲ လိမ့်မည်။
But he, knowing their thoughts, said to them, Every kingdom that was divided against itself is made desolate, and a house against a house falls.
18 ၁၈ ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်ဟု သင်တို့ဆို သည်အတိုင်း ၊ စာတန် သည် မိမိ နှင့် မသင်မတင့် ကွဲပြား လျှင် သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။
And if Satan also is divided against himself, how will his kingdom be made to stand? Because ye say that I cast out the demons by Beelzebub.
19 ၁၉ ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍ နှင်ထုတ် ကြသနည်း။ထိုကြောင့် သူ တို့သည်သင် တို့အားတရား စီရင်သောသူဖြစ် ကြ လိမ့်မည်။
And if I cast out the demons by Beelzebub, by whom do your sons cast them out? Because of this they will be your judges.
20 ၂၀ ငါ သည် ဘုရားသခင် ၏ လက်ညှိုး တော်အားဖြင့် နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။
But if by a finger of God I cast out the demons, then the kingdom of God has come upon you.
21 ၂၁ သူရဲ သည် လက်နက်စုံ နှင့် မိမိ အိမ်ဦး ၌ စောင့် နေစဉ်အခါ သူ ၏ဥစ္စာ သည် လုံခြုံ စွာရှိ ၏။
When the fully armed strong man guards his palace, the things possessed by him are in peace,
22 ၂၂ သူ့ ထက် တတ်စွမ်း နိုင်သောသူသည်လာ ၍ သူ့ ကိုအောင် ပြီးမှ၊ သူကိုးစား သော လက်နက်စုံ ကို သိမ်းယူ ၍ ဥစ္စာပရိကံ များကို ခွဲဝေ လိမ့်မည်။
but when a stronger than he comes, after defeating him, he takes away his full armor in which he trusted, and divides his booty.
23 ၂၃ ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။
He who is not with me is against me, and he who does not gather with me scatters.
24 ၂၄ ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌ လည် ၍ ငြိမ်သက် ခြင်းကို ရှာ တတ်၏။ မ တွေ့ လျှင် ၊ ငါသည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊
When the unclean spirit departs out of the man, it passes through waterless places seeking rest. And not finding, it says, I will return to my house from where I came out.
25 ၂၅ ရောက် သောအခါ ၊ ထိုအိမ်သည် သုတ်သင် ပြင်ဆင် လျက်ရှိသည်ကို တွေ့ သော်၊
And when it comes, it finds it swept and put in order.
26 ၂၆ မိမိ ထက်သာ၍ညစ်ညူး သောနတ်ဆိုး ခုနစ် ယောက်ကို ခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍ နေ ကြ၏၊ ထို လူ ၏နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက်သာ၍ဆိုး သည် ဟု မိန့်တော်မူ၏။
Then it goes, and takes along seven other spirits more evil than itself, and having enter in, it dwells there. And the last state of that man becomes worse than the first.
27 ၂၇ ထိုသို့ မိန့် တော်မူစဉ် တွင်မိန်းမ တစ် ယောက်သည် လူအစုအဝေး ထဲက ခေါ် ၍ ကိုယ်တော် ကို လွယ် သော ဝမ်း နှင့် စို့ တော်မူသောသားမြတ် သည်မင်္ဂလာ ရှိပါ၏ဟု လျှောက် လျှင်၊
And it came to pass, as he said these things, a certain woman, having lifted up her voice out of the crowd, said to him, Blessed is the belly that bore thee, and the breasts that thou suckled.
28 ၂၈ ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ၍ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။
But he said, Blessed rather, are those who hear the word of God, and keep it.
29 ၂၉ လူ အစုအဝေးတို့သည် ထူထပ် လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤ လူမျိုး သည် ဆိုးညစ် သောအမျိုး ဖြစ် ၏။ နိမိတ် လက္ခဏာကို တောင်း သည်မှာ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။
And when the multitudes gathered together he began to say, This generation is evil. They seek a sign, and no sign will be given to it except the sign of Jonah, the prophet.
30 ၃၀ ယောန သည် နိနေဝေ မြို့သားတို့အား နိမိတ် လက္ခဏာဖြစ် သကဲ့သို့ လူ သား သည် ဤ လူမျိုး အား ဖြစ် လိမ့်မည်။
For as Jonah became a sign to the Ninevites, so also the Son of man will be to this generation.
31 ၃၁ တရားဆုံးဖြတ် တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ။ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ဤ အရပ်၌ ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။
The queen of the south will awake in the judgment with the men of this generation, and will condemn them, because she came from the ends of the earth to hear the wisdom of Solomon, and behold, a greater than Solomon is here.
32 ၃၂ တရားဆုံးဖြတ် တော်မူသောအခါ နိနေဝေ မြို့သားတို့သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောန ဟောပြော သော စကားကြောင့် နောင်တရ ကြ၏။
The men of Nineveh will rise up in the judgment with this generation, and will condemn it, because they repented at the preaching of Jonah, and behold, a greater than Jonah is here.
33 ၃၃ ဤ အရပ်၌ကား ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။ ဆီမီး ထွန်း ၍ ကွယ်ရာ ၌ ဖုံးထား လေ့မ ရှိ။ တောင်း ဇလားအောက် ၌လည်း ထားလေ့မ ရှိ။ ဝင်လာ သောသူ သည် အလင်း ကိုရ စေခြင်းငှာ ဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။
And no man, having lit a lamp, puts it in a concealed place, nor under the bushel, but on the lampstand, so that those who enter in may see the light.
34 ၃၄ ကိုယ် ၏ဆီမီး ကား၊ မျက်စိ တည်း။ ထိုကြောင့် မျက်စိ ကြည်လင် သောအခါ တကိုယ်လုံး လင်း လိမ့်မည်။ မျက်စိမြှေးရှက် သောအခါ တကိုယ်လုံး မိုက် လိမ့်မည်။
The lamp of thy body is the eye. Therefore, when thine eye is sound, thy whole body is also bright, but when it is bad, thy body is also dark.
35 ၃၅ ကိုယ် ၌ ရှိသောအလင်း ကို မှောင်မိုက် မ ဖြစ် စေခြင်းငှာသတိပြု လော့။
Watch therefore the light in thee not be darkness.
36 ၃၆ အင်္ဂါ တစ်ခု မျှမ မိုက် ဘဲ တစ်ကိုယ်လုံး လင်း လျှင် ၊ ဆီမီး ၏အရောင် နှင့် လင်း စေသကဲ့သို့ လုံးလုံး လင်း လျက် ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။
If therefore thy whole body is bright, not having any part dark, the whole will be bright, as when the lamp illuminates thee by the radiance.
37 ၃၇ ထိုသို့ မိန့် တော်မူစဉ် တွင်ဖာရိရှဲ တစ်ယောက်သည် အစာ ကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ သူ၏အိမ် သို့ကြွ၍ စားပွဲ ၌ လျောင်းတော်မူ၏။
Now as he spoke a certain Pharisee asks him that he might dine with him. And having entered in, he sat down.
38 ၃၈ အစာ ကိုမ စားမှီ ဆေး ခြင်းကို ပြုတော်မ မူသည်ကို ဖာရိရှဲ သည်မြင် လျှင် အံ့ဩ လေ၏။
And when the Pharisee saw, he marveled that he did not first wash before dinner.
39 ၃၉ သခင် ဘုရားကလည်း ၊ ဖာရိရှဲ ဖြစ်သော သင် တို့သည် ဖလား ၊ လင်ပန်း ကိုအပြင် ၌ ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ ဆိုးညစ် ခြင်းနှင့် ပြည့် လျက်ရှိ၏။
And the Lord said to him, Now ye Pharisees cleanse the outside of the cup and of the platter, but your interior is full of plundering and wickedness.
40 ၄၀ လူမိုက် တို့၊ အပြင် ကို ဖန်ဆင်း သောသူ သည် အတွင်း ကိုလည်း ဖန်ဆင်း တော်မူသည်မဟုတ် လော။
Ye foolish men, did not he who made the outside also make the inside?
41 ၄၁ သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင် သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ သို့ပြုလျှင် ခပ်သိမ်း သောအရာတို့သည် သင် တို့အားသန့်ရှင်း ကြလိမ့်မည်။
But give compassion, things that are inside, and behold, all things are clean to you.
42 ၄၂ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ရွက်၊ လျူ ရွက်မျိုးမှစ၍ မြက်ပင် အမျိုးမျိုး ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရား သဖြင့်စီရင်ခြင်း၊ ဘုရားသခင် ကိုချစ် ခြင်းအမှုကိုကား လှပ် ၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကိုမ လှပ် မထား၊ နောက်ဆိုသောအရာတို့ကိုကျင့် ရ မည်။
But woe to you Pharisees! Because ye tithe mint and rue and every plant, and pass by justice and the love of God. It is necessary to do these things, and not to neglect those things.
43 ၄၃ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ တရားစရပ် ၌ မြင့်မြတ် သောနေရာ ထိုင်ရာကို၎င်း ၊ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း နှစ်သက် ကြ၏။
Woe to you Pharisees! Because ye love the place of honor in the synagogues, and the greetings in the marketplaces.
44 ၄၄ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ မ ထင်ရှားသော သင်္ချိုင်း တွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာသွားလာ သောသူ တို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မ သိ ကြ ဟု မိန့် တော်မူ၏။
Woe to you scholars and Pharisees, hypocrites! Because ye are like the unseen sepulchers, and the men who walk over them do not know.
45 ၄၅ ကျမ်းတတ် တစ် ယောက်ကလည်း ၊ အရှင် ဘုရား ထိုသို့ ဆို လျှင် အကျွန်ုပ် တို့ကိုပင် ကဲ့ရဲ့ အပြစ်တင်တော်မူ၏ဟု လျှောက် သော်၊
And having answered, a certain man of the lawyers says to him, Teacher, in saying these things thou rebuke us also.
46 ၄၆ ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထမ်း ခဲသောဝန် ကိုသူတစ်ပါးအပေါ်မှာတင် တတ်၏။
And he said, Woe also to you lawyers! Because ye load men with burdens difficult to bear, and ye yourselves touch not the burdens with one of your fingers.
47 ၄၇ ကိုယ် လက်ဖျား နှင့်မျှမ တို့ ကြ။ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပရောဖက် တို့၏ သင်္ချိုင်း များကိုတည်လုပ် ၍၊ သင် တို့၏ ဘိုးဘေး များသည် သူ တို့ကိုသတ် ကြ၏။
Woe to you! Because ye build the sepulchers of the prophets, but your fathers killed them.
48 ၄၈ အကယ်စင်စစ် သင် တို့သည် ဘိုးဘေး တို့၏ အပြုအမူ ကိုလက်ခံ ကြ၏။ ဘိုးဘေး တို့သည် ပရောဖက် များကို သတ် ကြပြီ။ သင် တို့မူကား ၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။
Consequently, ye testify and approve the works of your fathers, because they indeed killed them, and ye build their sepulchers.
49 ၄၉ ထိုကြောင့် ၊ ဘုရားသခင် ၏ ဉာဏ် စီရင်တော်မူသည်ကား၊ ပရောဖက် ၊ တမန်တော် တို့ကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်။ သူတို့သည် ထိုပရောဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ အချို့တို့ကို သတ် ကြ လိမ့်မည်။
Because of this also the wisdom of God said, I will send to them prophets and apostles. And some of them they will kill and persecute,
50 ၅၀ ထိုကြောင့်၊ အာဗေလ ၏ အသွေး မှစ၍ ၊ ယဇ်ပလ္လင် နှင့် အိမ် တော်၏အကြား ၌ သတ်ခဲ့ပြီးသော ဇာခရိ ၏အသွေး တိုင်အောင် ကမ္ဘာ ဦး မှစ၍ သွန်း ပြီးသော ပရောဖက် အပေါင်း တို့၏အသွေး ကြောင့် ယခု ဖြစ်သောလူ တို့သည် စစ်ကြော ခြင်းကို ခံရကြမည်။
so that the blood of all the prophets that was shed from the foundation of the world may be required of this generation,
51 ၅၁ ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သောလူ တို့သည် ထိုစစ်ကြော ခြင်းကိုခံရကြမည်။
from the blood of Abel to the blood of Zachariah, who perished between the altar and the sanctuary. Yes, I say to you, it will be required of this generation.
52 ၅၂ ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပညာ ဖွင့်သော သော့ ကို သိမ်းထား ကြပြီ။ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြသည် ဟု မိန့် တော်မူ၏။
Woe to you lawyers! Because ye took away the key of knowledge. Ye did not enter in yourselves, and ye hindered those who were entering in.
53 ၅၃ ထိုသို့ ပရိသတ် တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရမည်အကြောင်း၊
And after he said these things to them, the scholars and the Pharisees began to harass him extremely, and to provoke him to speak impulsively about more things,
54 ၅၄ ချောင်းမြောင်း လျက် စကား တော်ကိုဘမ်း ခြင်းငှာရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာ တို့၌ မေးစစ် ကြ၏။
waiting to ambush him, seeking to catch something out of his mouth so that they might accuse him.