< လုကာ 10 >

1 ထိုနောက်မှ သခင် ဘုရားသည် အခြား သောတပည့်တော်ခုနစ်ကျိပ် တို့ကို ခန့်ထား တော်မူ၍ ၊ ကိုယ်တိုင်ကြွ လေအံ့သောမြို့ ရွာအရပ်ရပ် တို့သို့ ရှေ့ တော်၌ နှစ် ယောက်စီ နှစ် ယောက်စီ စေလွှတ် တော်မူ၏။
THEN after these things the Lord appointed other seventy persons also, and sent them, two and two before his face, into every city and place, whither he himself designed to go.
2 သူ တို့အား မိန့် တော်မူသည်ကား၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည်နည်း ကြ၏။ ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာစပါးရှင် စေလွှတ် တော်မူမည်အကြောင်း ဆုတောင်း ကြလော့။
He said therefore unto them, The harvest indeed is plenteous, but the labourers few: pray ye therefore to the Lord of the harvest, that he would send out labourers into his harvest.
3 သင်တို့သွား လေသည်အရာမှာ၊ တောခွေး စုထဲ သို့ သိုးသငယ် တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါစေလွှတ် ၏။
Go forth! behold, I send you out as lambs in the midst of wolves.
4 ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း တို့ကို မ ဆောင် ကြနှင့်။ လမ်း ၌ သွား စဉ် တွင ်အဘယ် သူ ကိုမျှ နှုတ် မ ဆက်ကြနှင့်။
Carry neither purse, nor scrip, nor sandals: and stay to salute no man on the road.
5 မည်သည့် အိမ် သို့ ဝင် သောအခါ ၊ ဤ အိမ် ၌ မင်္ဂလာ ဖြစ်ပါစေသောဟု ရှေးဦးစွာ ပြော ကြလော့။
And into whatever house ye enter, first say, Peace be to this house.
6 ထို အိမ်၌မင်္ဂလာ သား ရှိ လျှင် ၊ သင် တို့မြွက်သော မင်္ဂလာ သည်တည် လိမ့်မည်။
And if the Son of peace be there, your peace shall rest upon it; but if not, it shall return back to you again.
7 သို့မဟုတ် သင် တို့ထံသို့ ပြန်လာ လိမ့်မည်။ ထိုအိမ် နေ ၍ အစား အသောက် စီရင် ရာ ကို စား သောက် ကြ လော့။ အကြောင်းမူကား ၊ လုပ်ဆောင် သောသူသည်အခ ကိုခံထိုက် ပေ၏။ တအိမ် မှ တအိမ် သို့ လှည့်လည် ၍ မ သွားကြနှင့်။
And in the same family abide, eating and drinking such as they have: for the labourer is worthy of his hire. Go not about from house to house.
8 အကြင် မြို့ သို့ သင်တို့ဝင် ၍ မြို့သားတို့သည်လက်ခံ ၏။ ထိုမြို့၌သင် တို့ရှေ့ မှာထည့်သမျှကို စား ကြလော့။
And into whatsoever city ye enter, and they welcome you, eat whatever is set before you:
9 လူနာ များကို ချမ်းသာ ပေးကြလော့။ ဘုရားသခင် ၏နိုင်ငံ တော်သည် သင် တို့၌ တည်ထောင် သော အချိန်နီး ပြီဟု သူ တို့အား ဟောပြော ကြလော့။
and heal the sick that are therein, and say unto them, The kingdom of God is come nigh unto you.
10 ၁၀ အကြင်မြို့ သို့ ဝင် ၍ မြို့သားတို့သည်လက် မ ခံအံ့၊ ထိုမြို့ ၏လမ်း သို့ ထွက် ပြီးလျှင်၊ ငါ တို့၌ကပ် သော သင် တို့မြို့ ၏ မြေမှုန့် ကို ငါတို့ခါ လိုက်၏။
And into whatsoever city ye enter, and they receive you not, go out into the streets of it, and say,
11 ၁၁ သို့သော်လည်း ဘုရားသခင် ၏နိုင်ငံ တော်သည် သင်တို့၏အနီး သို့ရောက်ကြောင်း ကို သိမှတ် ကြဟု သူတို့အား ပြော ကြလော့။
Even the dust of your city, which sticks to us, we shake off against you: nevertheless this know, that the kingdom of God is come near to you.
12 ၁၂ ငါဆို သည်ကား၊ နောက်ဆုံးသော နေ့၌ ထို မြို့ သည် သောဒုံ မြို့ထက် သာ၍ ခံရလတံ့။
Now I tell you, that it shall be more tolerable for Sodom in that day, than for that city.
13 ၁၃ အိုခေါရာဇိန် မြို့၊ သင် သည်အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည်အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကိုဝတ်၍ ၊ ပြာ ထဲမှာထိုင် လျက် နောင်တရ ကြလိမ့်မည်။
Wo to thee Chorazin! wo to thee Bethsaida! for if the miracles which have been done in thee, had been done in Tyre and Sidon, long ago sitting in sackcloth and ashes, would they have repented.
14 ၁၄ တရားဆုံးဖြတ် တော်မူသောအခါ သင် တို့သည်တုရု မြို့နှင့် ဇိဒုန် မြို့ထက် သာ၍ ခံရကြလတံ့။
But it shall be more tolerable for Tyre and Sidon in the judgment than for you.
15 ၁၅ အိုကပေရနောင် မြို့၊ သင် သည် မိုဃ်း ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကို ခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကို ခံရလတံ့။ (Hadēs g86)
And thou Capernaum, which hast been lifted up to heaven, shalt be cast down to hell. (Hadēs g86)
16 ၁၆ သင် တို့၏စကားကို နားထောင် သောသူ သည် ငါ့ စကားကို နားထောင် ၏။ သင် တို့ကို ပယ် သောသူ သည် ငါ့ ကိုပယ် ၏။ ငါ့ ကိုပယ် သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို ပယ် သည် ဟု မိန့်တော်မူ၏။
He that heareth you, heareth me; and he that despiseth you, despiseth me; and he that despiseth me, despiseth Him that sent me.
17 ၁၇ ထိုခုနစ်ကျိပ် သော တပည့်တော်တို့သည် ဝမ်းမြောက် သောစိတ်နှင့် ပြန်လာ ၍ ၊ သခင် ၊ ကိုယ်တော် ၏ နာမ အားဖြင့် အကျွန်ုပ် တို့သည် နတ်ဆိုး ကိုပင် နိုင် ပါသည်ဟု လျှောက် ကြ၏။
Then the seventy returned with joy, saying, Lord, even the devils are subject to us through thy name.
18 ၁၈ ယေရှုကလည်း ၊ စာတန် သည် လျှပ်စစ် ကဲ့သို့ ကောင်းကင် မှ ကျ သည်ကို ငါမြင် ပြီ။
And he said unto them, I beheld Satan falling as lightning from heaven.
19 ၁၉ သင် တို့သည် မြွေ ၊ ကင်းမြီးကောက် တို့ကို နိုင် ရသောအခွင့် နှင့် ရန်သူ များ ကို နိုင်ရ သော အခွင့် တန်ခိုးကို ငါပေး ၏။ သင် တို့ကို အဘယ် ဘေးမျှ မ ညှဉ်းဆဲ ရ။
Behold, I give you power to tread on serpents and scorpions, and over all the power of the enemy; and nothing shalt in any wise hurt you.
20 ၂၀ သို့သော်လည်း နတ်ဆိုး ကို နိုင် ရသောကြောင့် သာ ဝမ်းမြောက် ခြင်းမ ရှိကြနှင့်၊ သင် တို့၏ နာမည် များ သည် ကောင်းကင် စာရင်း ၌ ဝင်သည်ကို ဝမ်းမြောက် ခြင်းရှိကြလော့ ဟု မိန့် တော်မူ၏။
Nevertheless, in this rejoice not, that the spirits are made subject to you; but rejoice rather, that your names are inscribed in the heavens.
21 ၂၁ ထို အခါ ယေရှုသည် ဝမ်းမြောက် တော်မူခြင်း စိတ် ရှိသဖြင့်၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရ တော်မူ သော အဘ ၊ ကိုယ်တော် သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အားဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ပါ၏။ ထိုသို့ အလို တော် ရှိ သောကြောင့် မှန် ပါ၏။ အဘ ။
In the same hour Jesus exulted in spirit, and said, I ascribe glory to thee, Father, Lord of heaven and earth, that thou hast hid these things from the wise and intelligent, and hast revealed them to babes: be it so, O Father! since such is thy good pleasure.
22 ၂၂ ငါ့ ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ် တော်မူပြီ။ သား တော်ကား အဘယ်သူ ဖြစ် သည်ကို ခမည်းတော် မှတစ်ပါး အဘယ်သူ မျှမသိ ။ ခမည်းတော် ကားအဘယ်သူ ဖြစ် တော်မူသည်ကို၊ သား တော်နှင့် သား တော်သည် လင်း စေလို သောသူ မှတစ်ပါး အဘယ်သူ မျှမသိ ဟု မိန့် တော်မူ၏။
All things are given up to me by my Father: and no man knoweth who is the Son, but the Father; and who is the Father, but the Son, and he to whomsoever the Son is pleased to reveal him.
23 ၂၃ ထိုအခါ တပည့် တော်တို့ကိုလှည့်ကြည့် ၍၊ ယခုမြင် သမျှသောအရာ တို့ကို သင်တို့မြင် သောကြောင့် သင် တို့မျက်စိ သည်မင်္ဂလာ ရှိ၏။
Then turning to the disciples, he said privately, Blessed are the eyes which see the things which ye see:
24 ၂၄ ငါဆို သည်ကား၊ သင် တို့မြင် ရသောအရာ တို့ကို ပရောဖက် များ နှင့် ရှင်ဘုရင် များတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မ မြင် ရကြ။ သင်တို့ ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်း မ ကြား ရကြ ဟု တပည့်တော်တို့အားသာ မိန့် တော်မူ၏။
for I tell you, that many prophets and kings have desired to see the things which ye see, and have not seen them; and to hear the things which ye hear, and have not heard them.
25 ၂၅ တရံရောအခါကျမ်းတတ် တစ် ယောက်သည်ထ ၍ ၊ အရှင် ဘုရား၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု ကိုယ်တော် ကို စုံစမ်းနှောင့်ရှက် ခြင်းငှာမေးလျှောက် သော်၊ (aiōnios g166)
And, behold, a certain doctor of the law arose, to make trial of him, saying, Master, by doing what shall I inherit eternal life? (aiōnios g166)
26 ၂၆ ကိုယ်တော်က၊ ပညတ္တိ ကျမ်း၌ အဘယ်သို့ လာ သနည်း။ သင်သည်အဘယ်သို့ ဘတ် သနည်း ဟု မေး တော်မူလျှင် ၊
And he said unto him, What is written in the law? How readest thou?
27 ၂၇ ထိုသူက၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ ၊ ဉာဏ် ရှိသမျှ နှင့် ချစ် လော့။ ကိုယ် နှင့် စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက် လေ၏။
And he answering said, “Thou shalt love the Lord thy God with all thy heart, and with all thy soul, and with all thy might, and with all thy understanding, and thy neighbour as thyself.”
28 ၂၈ ကိုယ်တော်ကလည်း ၊ သင်၏စကား သည် မှန် ပေ၏။ ထိုသို့ ပြု လျှင် အသက် ကိုရမည် ဟု မိန့် တော်မူ၏။
And he said unto him, Thou hast answered rightly: this do, and thou shalt live.
29 ၂၉ ထိုသူကလည်း ၊ အဘယ်သူ သည် အကျွန်ုပ် နှင့် စပ်ဆိုင် သောသူဖြစ် ပါသနည်းဟု မိမိ အပြစ် မရှိဟန်ပြုလို သောစိတ်နှင့် ယေရှု ကို လျှောက် ပြန်သော်။
Then he, desirous to make himself appear a righteous person, said unto Jesus, And who is my neighbour?
30 ၃၀ ယေရှု က၊ လူ တစ် ယောက်သည် ယေရုရှလင် မြို့မှ ယေရိခေါ မြို့သို့ သွား ရာတွင် ဓားပြ နှင့် တွေ့ကြုံ လေ ၏။ ဓားပြ တို့သည် ထိုသူ ၏အဝတ်ကိုချွတ် ၍ နာကျင် စွာရိုက်နှက် ပြီးမှသေလုမတတ် ရှိသောအခါ ပစ်ထား ၍ သွား ကြ၏။
Then Jesus answering said, A certain man went down from Jerusalem to Jericho, and fell among robbers, who, when they had both stripped him, and covered him with wounds, got off, leaving him half dead.
31 ၃၁ ထို လမ်း သို့ ယဇ် ပုရောဟိတ်တစ် ယောက်သည် အမှတ်တမဲ့ သွား ၍ ထိုလူနာ ကိုမြင် လျှင် လွှဲရှောင် ၍ သွား လေ၏။
And it so fell out, that a certain priest went down that way, and seeing him, he kept the opposite side of the road.
32 ၃၂ ထိုနည်းတူ လေဝိ လူတစ်ယောက်သည် ထိုအရပ် သို့ ရောက် သောအခါ ၊ လာ ၍ ကြည့် မြင်လျှင် လွဲရှောင် ၍ သွားလေ၏။
And a Levite also, in the same way, being near the place, came, and seeing him, kept the opposite side of the road.
33 ၃၃ ရှမာရိ လူတစ် ယောက်သည် ခရီးသွား ရာတွင် ထိုလူနာ ရှိရာသို့ ရောက် ၍ မြင် သောအခါ၊ ကရုဏာ စိတ် ရှိသည်နှင့်၊
But a certain Samaritan travelling, came by him, and seeing him, was moved with compassion,
34 ၃၄ ချဉ်းကပ် ၍ သူ ၏အနာ များကို ဆီ နှင့် စပျစ်ရည် ထည့် လျက် အဝတ်နှင့်စည်း ပြီးလျှင်၊ မိမိ တိရစ္ဆာန် ပေါ်မှာ တင် ၍ စရပ် တစ်ခုသို့ ဆောင်သွား ပြုစု လေ၏။
and coming up to him, bound up his wounds, after pouring on them oil and wine; then setting him on his own beast, he led him to an inn, and took particular care of him.
35 ၃၅ နက်ဖြန် နေ့၌ ထွက်သွား သောအခါ ၊ ဒေနာရိ နှစ် ပြားကိုထုတ်၍ စရပ်ရှင် အား ပေးလျက် ၊ ဤသူ ကို ကြည့်ရှုပြုစု ပါ။ ကုန် သမျှ ကိုငါ ပြန်လာ သောအခါ ဆပ်ပေး မည်ဟုဆို ၏။ သင် သည်အဘယ်သို့ထင် သနည်း။
And on the morrow, as he was departing, he took out of his purse two denarii, and gave them to the innkeeper, and said to him, Take great care of him; and whatever farther expence may be incurred, when I return, I will repay thee.
36 ၃၆ ထို သူသုံး ယောက်တို့တွင် အဘယ်သူ သည် ဓားပြ လက်သို့ရောက် သောသူ နှင့် စပ်ဆိုင် သောသူ ဖြစ် သနည်း ဟု ပြန်၍မေး တော်မူလျှင်၊
Which then of these three do you suppose to be the neighbour of him who fell into the robbers’ hands?
37 ၃၇ ကျမ်းတတ်ကလည်း ၊ လူနာ ကိုသနား သောသူ သည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟုလျှောက် သော် ယေရှု က သင် သည်သွား ၍ ထိုနည်းတူ ပြု လော့ ဟု မိန့် တော်မူ၏။
And he said, He that shewed mercy towards him. Then said Jesus to him, Go, and do thou exactly the same.
38 ၃၈ ယေရှု သည် တပည့် တော်တို့နှင့် ခရီးသွား ကြစဉ် ရွာ တ ရွာသို့ ဝင် သော်၊ မာသ အမည် ရှိသော မိန်းမ တစ်ဦး သည် မိမိအိမ်၌ ကိုယ်တော် ကိုဧည့်ခံ လေ၏။
And it came to pass, as they were travelling, that he entered into a certain village; and a woman, named Martha, received him into her house.
39 ၃၉ ထိုမိန်းမ ၌ မာရိ အမည် ရှိသော ညီမ တစ်ယောက်ရှိ ၏။ ထို မာရိသည် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် ၍ စကား တော်ကို နားထောင် လျက်နေ၏။
And she had a sister called Mary, who sitting down also at the feet of Jesus, hearkened to his discourse.
40 ၄၀ မာသ မူကား ၊ လုပ်ကျွေး ခြင်းအမှုများ ၌ စိတ်ပူပန် ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ် ၍ ၊ သခင် ၊ ကျွန်မ ၏ညီမ သည်၊ ကျွန်မ တစ်ယောက်တည်း လုပ်ကျွေး စေခြင်းငှာကျွန်မပစ်ထား သည်အရာကို လျစ်လျူ သော စိတ်ရှိတော်မူသလော။ သူ သည် ကျွန်မ ကို ကူညီ မည့်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် သော်၊
But Martha was hurrying about to provide a large entertainment, and coming up to him, she said, Lord, is it no concern to thee, that my sister hath left me to make the whole provision by myself? bid her therefore to assist me.
41 ၄၁ ယေရှု က၊ မာသ ၊ မာသ ၊ သင်သည် များစွာ သော အမှုတို့၌ စိုးရိမ် ၍ နှောင့်ရှက် ခြင်းကို ခံရ၏။ လို သော အရာတစ်ခု တည်းရှိ ၏။
But Jesus answering said to her, Martha, Martha, thou art anxious and disturbing thyself about many things.
42 ၄၂ မာရိ မူကား ၊ ကောင်း သောအဘို့ ကို ရွေးယူ ပြီ။ ထို အဘို့ကို အဘယ်သူမျှ မ နှုတ် မယူရာ ဟု မိန့် တော်မူ၏။
But of one thing there is need: and Mary hath made her election of that good portion, which shall not be taken away from her.

< လုကာ 10 >