< လုကာ 10 >
1 ၁ ထိုနောက်မှ သခင် ဘုရားသည် အခြား သောတပည့်တော်ခုနစ်ကျိပ် တို့ကို ခန့်ထား တော်မူ၍ ၊ ကိုယ်တိုင်ကြွ လေအံ့သောမြို့ ရွာအရပ်ရပ် တို့သို့ ရှေ့ တော်၌ နှစ် ယောက်စီ နှစ် ယောက်စီ စေလွှတ် တော်မူ၏။
Then, after these things, the Lord also designated another seventy-two. And he sent them in pairs before his face, into every city and place where he was to arrive.
2 ၂ သူ တို့အား မိန့် တော်မူသည်ကား၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည်နည်း ကြ၏။ ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာစပါးရှင် စေလွှတ် တော်မူမည်အကြောင်း ဆုတောင်း ကြလော့။
And he said to them: “Certainly the harvest is great, but the workers are few. Therefore, ask the Lord of the harvest to send workers into his harvest.
3 ၃ သင်တို့သွား လေသည်အရာမှာ၊ တောခွေး စုထဲ သို့ သိုးသငယ် တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါစေလွှတ် ၏။
Go forth. Behold, I send you out like lambs among wolves.
4 ၄ ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း တို့ကို မ ဆောင် ကြနှင့်။ လမ်း ၌ သွား စဉ် တွင ်အဘယ် သူ ကိုမျှ နှုတ် မ ဆက်ကြနှင့်။
Do not choose to carry a purse, nor provisions, nor shoes; and you shall greet no one along the way.
5 ၅ မည်သည့် အိမ် သို့ ဝင် သောအခါ ၊ ဤ အိမ် ၌ မင်္ဂလာ ဖြစ်ပါစေသောဟု ရှေးဦးစွာ ပြော ကြလော့။
Into whatever house you will have entered, first say, ‘Peace to this house.’
6 ၆ ထို အိမ်၌မင်္ဂလာ သား ရှိ လျှင် ၊ သင် တို့မြွက်သော မင်္ဂလာ သည်တည် လိမ့်မည်။
And if a son of peace is there, your peace will rest upon him. But if not, it will return to you.
7 ၇ သို့မဟုတ် သင် တို့ထံသို့ ပြန်လာ လိမ့်မည်။ ထိုအိမ် နေ ၍ အစား အသောက် စီရင် ရာ ကို စား သောက် ကြ လော့။ အကြောင်းမူကား ၊ လုပ်ဆောင် သောသူသည်အခ ကိုခံထိုက် ပေ၏။ တအိမ် မှ တအိမ် သို့ လှည့်လည် ၍ မ သွားကြနှင့်။
And remain in the same house, eating and drinking the things that are with them. For the worker is worthy of his pay. Do not choose to pass from house to house.
8 ၈ အကြင် မြို့ သို့ သင်တို့ဝင် ၍ မြို့သားတို့သည်လက်ခံ ၏။ ထိုမြို့၌သင် တို့ရှေ့ မှာထည့်သမျှကို စား ကြလော့။
And into whatever city you have entered and they have received you, eat what they set before you.
9 ၉ လူနာ များကို ချမ်းသာ ပေးကြလော့။ ဘုရားသခင် ၏နိုင်ငံ တော်သည် သင် တို့၌ တည်ထောင် သော အချိန်နီး ပြီဟု သူ တို့အား ဟောပြော ကြလော့။
And cure the sick who are in that place, and proclaim to them, ‘The kingdom of God has drawn near to you.’
10 ၁၀ အကြင်မြို့ သို့ ဝင် ၍ မြို့သားတို့သည်လက် မ ခံအံ့၊ ထိုမြို့ ၏လမ်း သို့ ထွက် ပြီးလျှင်၊ ငါ တို့၌ကပ် သော သင် တို့မြို့ ၏ မြေမှုန့် ကို ငါတို့ခါ လိုက်၏။
But into whatever city you have entered and they have not received you, going out into its main streets, say:
11 ၁၁ သို့သော်လည်း ဘုရားသခင် ၏နိုင်ငံ တော်သည် သင်တို့၏အနီး သို့ရောက်ကြောင်း ကို သိမှတ် ကြဟု သူတို့အား ပြော ကြလော့။
‘Even the dust which clings to us from your city, we wipe away against you. Yet know this: the kingdom of God has drawn near.’
12 ၁၂ ငါဆို သည်ကား၊ နောက်ဆုံးသော နေ့၌ ထို မြို့ သည် သောဒုံ မြို့ထက် သာ၍ ခံရလတံ့။
I say to you, that in that day, Sodom will be forgiven more than that city will be.
13 ၁၃ အိုခေါရာဇိန် မြို့၊ သင် သည်အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည်အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကိုဝတ်၍ ၊ ပြာ ထဲမှာထိုင် လျက် နောင်တရ ကြလိမ့်မည်။
Woe to you, Chorazin! Woe to you, Bethsaida! For if the miracles that have been wrought in you, had been wrought in Tyre and Sidon, they would have repented long ago, sitting in haircloth and ashes.
14 ၁၄ တရားဆုံးဖြတ် တော်မူသောအခါ သင် တို့သည်တုရု မြို့နှင့် ဇိဒုန် မြို့ထက် သာ၍ ခံရကြလတံ့။
Yet truly, Tyre and Sidon will be forgiven more in the judgment than you will be.
15 ၁၅ အိုကပေရနောင် မြို့၊ သင် သည် မိုဃ်း ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကို ခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကို ခံရလတံ့။ (Hadēs )
And as for you, Capernaum, who would be exalted even up to Heaven: you shall be submerged into Hell. (Hadēs )
16 ၁၆ သင် တို့၏စကားကို နားထောင် သောသူ သည် ငါ့ စကားကို နားထောင် ၏။ သင် တို့ကို ပယ် သောသူ သည် ငါ့ ကိုပယ် ၏။ ငါ့ ကိုပယ် သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို ပယ် သည် ဟု မိန့်တော်မူ၏။
Whoever hears you, hears me. And whoever despises you, despises me. And whoever despises me, despises him who sent me.”
17 ၁၇ ထိုခုနစ်ကျိပ် သော တပည့်တော်တို့သည် ဝမ်းမြောက် သောစိတ်နှင့် ပြန်လာ ၍ ၊ သခင် ၊ ကိုယ်တော် ၏ နာမ အားဖြင့် အကျွန်ုပ် တို့သည် နတ်ဆိုး ကိုပင် နိုင် ပါသည်ဟု လျှောက် ကြ၏။
Then the seventy-two returned with gladness, saying, “Lord, even the demons are subject to us, in your name.”
18 ၁၈ ယေရှုကလည်း ၊ စာတန် သည် လျှပ်စစ် ကဲ့သို့ ကောင်းကင် မှ ကျ သည်ကို ငါမြင် ပြီ။
And he said to them: “I was watching as Satan fell like lightning from heaven.
19 ၁၉ သင် တို့သည် မြွေ ၊ ကင်းမြီးကောက် တို့ကို နိုင် ရသောအခွင့် နှင့် ရန်သူ များ ကို နိုင်ရ သော အခွင့် တန်ခိုးကို ငါပေး ၏။ သင် တို့ကို အဘယ် ဘေးမျှ မ ညှဉ်းဆဲ ရ။
Behold, I have given you authority to tread upon serpents and scorpions, and upon all the powers of the enemy, and nothing shall hurt you.
20 ၂၀ သို့သော်လည်း နတ်ဆိုး ကို နိုင် ရသောကြောင့် သာ ဝမ်းမြောက် ခြင်းမ ရှိကြနှင့်၊ သင် တို့၏ နာမည် များ သည် ကောင်းကင် စာရင်း ၌ ဝင်သည်ကို ဝမ်းမြောက် ခြင်းရှိကြလော့ ဟု မိန့် တော်မူ၏။
Yet truly, do not choose to rejoice in this, that the spirits are subject to you; but rejoice that your names are written in heaven.”
21 ၂၁ ထို အခါ ယေရှုသည် ဝမ်းမြောက် တော်မူခြင်း စိတ် ရှိသဖြင့်၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရ တော်မူ သော အဘ ၊ ကိုယ်တော် သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အားဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ပါ၏။ ထိုသို့ အလို တော် ရှိ သောကြောင့် မှန် ပါ၏။ အဘ ။
In the same hour, he exulted in the Holy Spirit, and he said: “I confess to you, Father, Lord of heaven and earth, because you have hidden these things from the wise and the prudent, and have revealed them to little ones. It is so, Father, because this way was pleasing before you.
22 ၂၂ ငါ့ ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ် တော်မူပြီ။ သား တော်ကား အဘယ်သူ ဖြစ် သည်ကို ခမည်းတော် မှတစ်ပါး အဘယ်သူ မျှမသိ ။ ခမည်းတော် ကားအဘယ်သူ ဖြစ် တော်မူသည်ကို၊ သား တော်နှင့် သား တော်သည် လင်း စေလို သောသူ မှတစ်ပါး အဘယ်သူ မျှမသိ ဟု မိန့် တော်မူ၏။
All things have been delivered to me by my Father. And no one knows who the Son is, except the Father, and who the Father is, except the Son, and those to whom the Son has chosen to reveal him.”
23 ၂၃ ထိုအခါ တပည့် တော်တို့ကိုလှည့်ကြည့် ၍၊ ယခုမြင် သမျှသောအရာ တို့ကို သင်တို့မြင် သောကြောင့် သင် တို့မျက်စိ သည်မင်္ဂလာ ရှိ၏။
And turning to his disciples, he said: “Blessed are the eyes that see what you see.
24 ၂၄ ငါဆို သည်ကား၊ သင် တို့မြင် ရသောအရာ တို့ကို ပရောဖက် များ နှင့် ရှင်ဘုရင် များတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မ မြင် ရကြ။ သင်တို့ ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်း မ ကြား ရကြ ဟု တပည့်တော်တို့အားသာ မိန့် တော်မူ၏။
For I say to you, that many prophets and kings wanted to see the things that you see, and they did not see them, and to hear the things that you hear, and they did not hear them.”
25 ၂၅ တရံရောအခါကျမ်းတတ် တစ် ယောက်သည်ထ ၍ ၊ အရှင် ဘုရား၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု ကိုယ်တော် ကို စုံစမ်းနှောင့်ရှက် ခြင်းငှာမေးလျှောက် သော်၊ (aiōnios )
And behold, a certain expert in the law rose up, testing him and saying, “Teacher, what must I do to possess eternal life?” (aiōnios )
26 ၂၆ ကိုယ်တော်က၊ ပညတ္တိ ကျမ်း၌ အဘယ်သို့ လာ သနည်း။ သင်သည်အဘယ်သို့ ဘတ် သနည်း ဟု မေး တော်မူလျှင် ၊
But he said to him: “What is written in the law? How do you read it?”
27 ၂၇ ထိုသူက၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ ၊ ဉာဏ် ရှိသမျှ နှင့် ချစ် လော့။ ကိုယ် နှင့် စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက် လေ၏။
In response, he said: “You shall love the Lord your God from your whole heart, and from your whole soul, and from all your strength, and from all your mind, and your neighbor as yourself.”
28 ၂၈ ကိုယ်တော်ကလည်း ၊ သင်၏စကား သည် မှန် ပေ၏။ ထိုသို့ ပြု လျှင် အသက် ကိုရမည် ဟု မိန့် တော်မူ၏။
And he said to him: “You have answered correctly. Do this, and you will live.”
29 ၂၉ ထိုသူကလည်း ၊ အဘယ်သူ သည် အကျွန်ုပ် နှင့် စပ်ဆိုင် သောသူဖြစ် ပါသနည်းဟု မိမိ အပြစ် မရှိဟန်ပြုလို သောစိတ်နှင့် ယေရှု ကို လျှောက် ပြန်သော်။
But since he wanted to justify himself, he said to Jesus, “And who is my neighbor?”
30 ၃၀ ယေရှု က၊ လူ တစ် ယောက်သည် ယေရုရှလင် မြို့မှ ယေရိခေါ မြို့သို့ သွား ရာတွင် ဓားပြ နှင့် တွေ့ကြုံ လေ ၏။ ဓားပြ တို့သည် ထိုသူ ၏အဝတ်ကိုချွတ် ၍ နာကျင် စွာရိုက်နှက် ပြီးမှသေလုမတတ် ရှိသောအခါ ပစ်ထား ၍ သွား ကြ၏။
Then Jesus, taking this up, said: “A certain man descended from Jerusalem to Jericho, and he happened upon robbers, who now also plundered him. And inflicting him with wounds, they went away, leaving him behind, half-alive.
31 ၃၁ ထို လမ်း သို့ ယဇ် ပုရောဟိတ်တစ် ယောက်သည် အမှတ်တမဲ့ သွား ၍ ထိုလူနာ ကိုမြင် လျှင် လွှဲရှောင် ၍ သွား လေ၏။
And it happened that a certain priest was descending along the same way. And seeing him, he passed by.
32 ၃၂ ထိုနည်းတူ လေဝိ လူတစ်ယောက်သည် ထိုအရပ် သို့ ရောက် သောအခါ ၊ လာ ၍ ကြည့် မြင်လျှင် လွဲရှောင် ၍ သွားလေ၏။
And similarly a Levite, when he was near the place, also saw him, and he passed by.
33 ၃၃ ရှမာရိ လူတစ် ယောက်သည် ခရီးသွား ရာတွင် ထိုလူနာ ရှိရာသို့ ရောက် ၍ မြင် သောအခါ၊ ကရုဏာ စိတ် ရှိသည်နှင့်၊
But a certain Samaritan, being on a journey, came near him. And seeing him, he was moved by mercy.
34 ၃၄ ချဉ်းကပ် ၍ သူ ၏အနာ များကို ဆီ နှင့် စပျစ်ရည် ထည့် လျက် အဝတ်နှင့်စည်း ပြီးလျှင်၊ မိမိ တိရစ္ဆာန် ပေါ်မှာ တင် ၍ စရပ် တစ်ခုသို့ ဆောင်သွား ပြုစု လေ၏။
And approaching him, he bound up his wounds, pouring oil and wine on them. And setting him on his pack animal, he brought him to an inn, and he took care of him.
35 ၃၅ နက်ဖြန် နေ့၌ ထွက်သွား သောအခါ ၊ ဒေနာရိ နှစ် ပြားကိုထုတ်၍ စရပ်ရှင် အား ပေးလျက် ၊ ဤသူ ကို ကြည့်ရှုပြုစု ပါ။ ကုန် သမျှ ကိုငါ ပြန်လာ သောအခါ ဆပ်ပေး မည်ဟုဆို ၏။ သင် သည်အဘယ်သို့ထင် သနည်း။
And the next day, he took out two denarii, and he gave them to the proprietor, and he said: ‘Take care of him. And whatever extra you will have spent, I will repay to you at my return.’
36 ၃၆ ထို သူသုံး ယောက်တို့တွင် အဘယ်သူ သည် ဓားပြ လက်သို့ရောက် သောသူ နှင့် စပ်ဆိုင် သောသူ ဖြစ် သနည်း ဟု ပြန်၍မေး တော်မူလျှင်၊
Which of these three, does it seem to you, was a neighbor to him who fell among the robbers?”
37 ၃၇ ကျမ်းတတ်ကလည်း ၊ လူနာ ကိုသနား သောသူ သည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟုလျှောက် သော် ယေရှု က သင် သည်သွား ၍ ထိုနည်းတူ ပြု လော့ ဟု မိန့် တော်မူ၏။
Then he said, “The one who acted with mercy toward him.” And Jesus said to him, “Go, and act similarly.”
38 ၃၈ ယေရှု သည် တပည့် တော်တို့နှင့် ခရီးသွား ကြစဉ် ရွာ တ ရွာသို့ ဝင် သော်၊ မာသ အမည် ရှိသော မိန်းမ တစ်ဦး သည် မိမိအိမ်၌ ကိုယ်တော် ကိုဧည့်ခံ လေ၏။
Now it happened that, while they were traveling, he entered into a certain town. And a certain woman, named Martha, received him into her home.
39 ၃၉ ထိုမိန်းမ ၌ မာရိ အမည် ရှိသော ညီမ တစ်ယောက်ရှိ ၏။ ထို မာရိသည် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် ၍ စကား တော်ကို နားထောင် လျက်နေ၏။
And she had a sister, named Mary, who, while sitting beside the Lord’s feet, was listening to his word.
40 ၄၀ မာသ မူကား ၊ လုပ်ကျွေး ခြင်းအမှုများ ၌ စိတ်ပူပန် ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ် ၍ ၊ သခင် ၊ ကျွန်မ ၏ညီမ သည်၊ ကျွန်မ တစ်ယောက်တည်း လုပ်ကျွေး စေခြင်းငှာကျွန်မပစ်ထား သည်အရာကို လျစ်လျူ သော စိတ်ရှိတော်မူသလော။ သူ သည် ကျွန်မ ကို ကူညီ မည့်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် သော်၊
Now Martha was continually busying herself with serving. And she stood still and said: “Lord, is it not a concern to you that my sister has left me to serve alone? Therefore, speak to her, so that she may help me.”
41 ၄၁ ယေရှု က၊ မာသ ၊ မာသ ၊ သင်သည် များစွာ သော အမှုတို့၌ စိုးရိမ် ၍ နှောင့်ရှက် ခြင်းကို ခံရ၏။ လို သော အရာတစ်ခု တည်းရှိ ၏။
And the Lord responded by saying to her: “Martha, Martha, you are anxious and troubled over many things.
42 ၄၂ မာရိ မူကား ၊ ကောင်း သောအဘို့ ကို ရွေးယူ ပြီ။ ထို အဘို့ကို အဘယ်သူမျှ မ နှုတ် မယူရာ ဟု မိန့် တော်မူ၏။
And yet only one thing is necessary. Mary has chosen the best portion, and it shall not be taken away from her.”