< ဝတ်ပြုရာ 9 >
1 ၁ အဋ္ဌမ နေ့ ၌ မောရှေ သည် အာရုန် နှင့် သူ ၏သား များ၊ ဣသရေလ အမျိုးအသက် ကြီးသူများတို့ကို ခေါ် ၍၊
And it came to pass on the eighth day, [that] Moses called Aaron and his sons, and the elders of Israel,
2 ၂ အာရုန် အား ၊ သင် သည် အပြစ် ဖြေရာယဇ်ဘို့ အပြစ်မပါသော နွား သငယ် တကောင်၊ မီးရှို့ ရာ ယဇ်ဘို့ အပြစ် မပါသော သိုး ထီးတကောင်ကိုယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လော့။
and said to Aaron, Take thee a young calf for a sin-offering, and a ram for a burnt-offering, without blemish, and present [them] before Jehovah;
3 ၃ ဣသရေလ အမျိုးသား တို့အား လည်း သင်တို့သည် အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တကောင်၊ မီး ရှို့ရာယဇ်ဘို့ အပြစ် မပါ အခါ မလည်သော နွား သငယ်တကောင်၊ သိုး သငယ်တကောင်
and to the children of Israel shalt thou speak, saying, Take a buck of the goats for a sin-offering, and a calf and a lamb, yearlings, without blemish, for a burnt-offering;
4 ၄ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သော မိဿဟာယ ယဇ်ဘို့ နွား ထီးတကောင်၊ သိုး ထီးတကောင်၊ ဆီ နှင့် ရော သော ဘောဇဉ်ပူဇော်သက္ကာ ကို ယူ ကြလော့။ ယနေ့ ထာဝရဘုရား သည် သင် တို့အား ထင်ရှား တော်မူမည်ကို ပြော လော့ဟု ဆို လေ၏။
and a bullock and a ram for a peace-offering, to sacrifice before Jehovah; and an oblation mingled with oil; for to-day Jehovah will appear to you.
5 ၅ မောရှေ မှာ ထားသောအရာတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ချဉ်းကပ် ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
And they brought what Moses commanded before the tent of meeting; and all the assembly approached and stood before Jehovah.
6 ၆ မောရှေ ကလည်း ၊ သင်တို့သည် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ဤသို့ ပြု ကြ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် သင် တို့အား ထင်ရှား မည်ဟူ၍၎င်း၊
And Moses said, This is the thing which Jehovah has commanded that ye should do; and the glory of Jehovah shall appear to you.
7 ၇ အာရုန် အား လည်း ၊ သင်သည် ယဇ် ပလ္လင်သို့ သွား ၍ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် ၏ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် သဖြင့် ၊ သင် နှင့် လူ များအတွက် အပြစ် ဖြေခြင်းကို ပြုလော့။ လူ များ ဆောင်ယူခဲ့သော ပူဇော် သက္ကာကိုလည်း ပူဇော် ၍ ၊ သူ တို့အတွက် အပြစ် ဖြေခြင်းကို ပြုလော့ဟူ၍၎င်း ဆိုလေ၏။
And Moses said unto Aaron, Go to the altar, and offer thy sin-offering, and thy burnt-offering, and make atonement for thyself, and for the people; and offer the offering of the people, and make atonement for them, as Jehovah has commanded.
8 ၈ အာရုန် သည်လည်း ၊ ယဇ် ပလ္လင်သို့ သွား ၍ မိမိ နှင့် ဆိုင်သော အပြစ် ဖြေရာယဇ် နွား သငယ်ကိုသတ် လေ၏။
And Aaron went to the altar and slaughtered the calf of the sin-offering which was for himself;
9 ၉ သူ၏ သား တို့လည်း အသွေး ကို ယူဆောင် ခဲ့သဖြင့် ၊ အာရုန်သည် မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ ယဇ် ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသောအသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် လေ၏။
and the sons of Aaron presented the blood to him, and he dipped his finger in the blood, and put [it] on the horns of the altar, and poured out the blood at the bottom of the altar.
10 ၁၀ အပြစ် ဖြေရာ ယဇ်ကောင်ဆီဥ ၊ ကျောက်ကပ် ၊ အသည်း ပေါ် ၌ရှိသောအမြှေး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေ အားမှာ ထား တော်မူ၏။
And the fat, and the kidneys, and the net above the liver, of the sin-offering, he burned on the altar, as Jehovah had commanded Moses.
11 ၁၁ အသား နှင့် အရေ ကို တပ် ပြင် မှာ မီး ရှို့ လေ၏။
And the flesh and the skin he burned with fire outside the camp.
12 ၁၂ မီး ရှို့ရာယဇ်ကောင်ကိုလည်း သတ် ၍ ၊ သူ၏သား တို့သည် အသွေး ကို ဆက် ပြီးလျှင် ၊ သူသည် ယဇ် ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်း လေ၏။
And he slaughtered the burnt-offering; and Aaron's sons delivered to him the blood, which he sprinkled on the altar round about.
13 ၁၃ သူတို့သည် မီး ရှို့ရာယဇ်ကောင်သားတစ် များနှင့် ခေါင်း ကိုဆက် ၍ ၊ သူသည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။
And they delivered the burnt-offering to him, in the pieces thereof, and the head; and he burned [them] on the altar.
14 ၁၄ ဝမ်းထဲ ၌ရှိသောအရာများနှင့် ခြေ တို့ကို ဆေးကြော ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။
And he washed the inwards and the legs, and burned [them] upon the burnt-offering, on the altar.
15 ၁၅ လူ များ ပူဇော် သက္ကာကိုလည်း ဆောင် ခဲ့၍ ၊ လူ များအပြစ် ဖြေရာယဇ်ဖြစ်သော ဆိတ် ကိုယူ သတ် ပြီးလျှင် ၊ ရှေ့ နည်းအတူအပြစ် အတွက် ပူဇော်လေ၏။
And he presented the people's offering, and took the goat of the sin-offering which was for the people and slaughtered it, and offered it for sin, as the first.
16 ၁၆ မီး ရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင် ခဲ့၍ ၊ ထိုနည်းတူပူဇော် လေ၏။
And he presented the burnt-offering and offered it according to the ordinance.
17 ၁၇ ဘောဇဉ်ပူဇော်သက္ကာ ကိုလည်း ဆောင် ခဲ့ပြီးလျှင် ၊ တလက်ဆွန်းကိုယူ၍ ယဇ် ပလ္လင်၌ နံနက် မီး ရှို့ရာယဇ်နားမှာ မီး ရှို့လေ၏။
And he presented the oblation, and took a handful of it, and burned it on the altar, besides the burnt-offering of the morning.
18 ၁၈ လူ များအတွက် မိဿဟာယ ယဇ် နွား ထီး၊ သိုး ထီးကိုလည်း သတ် ၍ ၊ သူ၏ သား တို့သည် အသွေး ကို ဆက် ပြီးလျှင် ၊ သူသည် ယဇ် ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်း လေ၏။
And he slaughtered the bullock and the ram of the sacrifice of peace-offering which was for the people. And Aaron's sons delivered to him the blood, and he sprinkled it on the altar round about;
19 ၁၉ အမြီး နှင့်တကွ အအူကိုဖုံး သော ဆီဥ၊ ကျောက်ကပ် ၊ အသည်း အမြှေး တည်းဟူသောသိုး နွား ဆီဥ ကို၊
and the pieces of fat of the bullock and of the ram, the fat tail and what covers [the inwards], and the kidneys, and the net of the liver;
20 ၂၀ ရင်ပတ် ပေါ် မှာ တင် ၍ ယဇ် ပလ္လင်၌ မီး ရှို့လေ၏။
and they put the pieces of fat on the breast-pieces, and he burned the pieces of fat on the altar;
21 ၂၁ ရင်ပတ် နှင့် လက်ျာ ပခုံး ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ ပြုရမည်ဟု မောရှေ မှာ ထားသတည်း။
and the breast-pieces and the right shoulder Aaron waved as a wave-offering before Jehovah, as Moses had commanded.
22 ၂၂ အာရုန် သည် မိမိ လက် ကို လူ များရှေ့ သို့ ချီ လျက် ၊ ကောင်းကြီး ပေး၍ ၊ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကို ပူဇော်ရာမှ ဆင်း လေ၏။
And Aaron lifted up his hands toward the people and blessed them, and came down after the offering of the sin-offering, and the burnt-offering, and the peace-offering.
23 ၂၃ တဖန် မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲ သို့ ဝင် ၍ ထွက် ပြီးမှ ၊ လူ များကို ကောင်းကြီး ပေးသဖြင့် ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် လူ များတို့အား ထင်ရှား လေ၏။
And Moses and Aaron went into the tent of meeting, and came out and blessed the people; and the glory of Jehovah appeared to all the people.
24 ၂၄ ထာဝရဘုရား ထံ တော်မှ မီး ထွက် ၍ ယဇ် ပလ္လင်ပေါ် မှာရှိသော မီး ရှို့ရာယဇ်နှင့်ဆီဥ ကို လောင် လေ၏။ ထိုအကြောင်းအရာကို လူ များတို့သည် မြင် သောအခါ ကြွေးကြော် ၍ ပြပ်ဝပ် ကြ၏။
And there went out fire from before Jehovah, and consumed on the altar the burnt-offering, and the pieces of fat; and all the people saw it, and they shouted, and fell on their face.