< ဝတ်ပြုရာ 8 >
1 ၁ တဖန် ထာဝရဘုရား က၊
2 ၂ သင်သည် အာရုန် နှင့် သူ ၏သား များ၊ အဝတ် များ၊ လိမ်း ရန်ဆီ ၊ အပြစ် ဖြေရာ ယဇ်ဘို့ နွား ထီး၊ သိုး ထီးနှစ် ကောင်၊ တဆေး မဲ့ မုန့်တတောင်း ကိုယူ ၍၊
3 ၃ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ ပရိသတ် အပေါင်း ကို စည်ဝေး စေလော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
4 ၄ မောရှေ ပြု ၍ ၊ ပရိသတ် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး ကြ၏။
5 ၅ မောရှေ ကလည်း ၊ ဤသို့ ထာဝရဘုရား မှာ ထား တော်မူပြီဟု ပရိသတ် တို့အား ပြောဆို လျက်၊
6 ၆ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့ကို ခေါ် ခဲ့၍ ရေချိုး ပြီးလျှင် ၊
7 ၇ အာရုန်ကို အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလေ၏။ ဝတ်လုံ နှင့် သင်တိုင်း ကိုလည်း ခြုံ စေ၍ ၊ ထူးဆန်းသောသင်တိုင်း ခါးစည်း ဖြင့် စည်း လေ၏။
8 ၈ ရင်ဖုံး ကိုလည်း ဆင်စေ၍ ၊ ရင်ဖုံး အထဲ ၌ ဥရိမ် နှင့် သုမိမ် ကို သွင်း ထားလေ၏။
9 ၉ သူ ၏ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် ၍ ၊ သန့်ရှင်း သော ရွှေ သင်းကျစ် ပြား ကို ဗေါင်း ရှေ့ ၌ တပ် လေ၏။
10 ၁၀ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ သည် လိမ်း ရန်ဆီ ကိုယူ ၍ ၊ တဲ တော်နှင့် တဲတော် တန်ဆာရှိသမျှ ကို လိမ်း သဖြင့် သန့်ရှင်း စေ၏။
11 ၁၁ ထိုဆီကို ယဇ် ပလ္လင်ပေါ် မှာ ခုနစ် ကြိမ် ဖြန်း ၍ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း ၊ သန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
12 ၁၂ လိမ်း ရန်ဆီ ကို အာရုန် ခေါင်း ပေါ် မှာ လောင်း ၍ သူ့ ကိုသန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
13 ၁၃ အာရုန် ၏သား တို့ကိုလည်း အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလျက် ၊ ဦးထုပ် ကို ဆောင်း စေလေ၏။
14 ၁၄ ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ အပြစ် ဖြေရာယဇ်ဘို့ နွား ထီးကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ကြ၏။
15 ၁၅ နွားကိုသတ် ၍ ၊ မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ၍ ထည့် သဖြင့် ၊ ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။
16 ၁၆ အအူ ကိုဖုံး သော ဆီဥ ရှိသမျှ ၊ အသည်း ပေါ်၌ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။
17 ၁၇ အရေ ၊ အသား ၊ ချေးနု နှင့်တကွ နွား ကောင်ကို၊ တပ် ပြင် မှာ ရှို့ ရ၏။
18 ၁၈ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီး ရှို့ရာယဇ်ပြုသောသိုး ထီးကိုလည်း ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
19 ၁၉ သိုးကိုသတ် ပြီးလျှင် ၊ မောရှေ သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။
20 ၂၀ သိုး ကိုလည်း အပိုင်း ပိုင်းဖြတ် ပြီးလျှင် ၊ ခေါင်း မှစ၍သားတစ် များနှင့် ဆီဥ ကို မီး ရှို့လေ၏။
21 ၂၁ ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ၍ ၊ သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
22 ၂၂ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အခြား သောသိုး ၊ အရာ ၌ ခန့်ထားရာ သိုး ကိုဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
23 ၂၃ သိုးကိုသတ် ပြီးမှ ၊ မောရှေ သည် အသွေး ကိုယူ ၍ ၊ အာရုန် ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၌ ၎င်း ၊ လက်ျာ ခြေမ ၌ ၎င်း ၊ ထည့် လေ၏။
24 ၂၄ အာရုန် ၏ သား တို့ကိုလည်း ခေါ် ခဲ့၍ ၊ သူ တို့လက်ျာ နား ပျဉ်း ၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ တို့၌ အသွေး ကိုထည့် ပြီးမှ ၊ ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။
25 ၂၅ ဆီဥ ၊ အမြီး ၊ အအူ ကို ဖုံး သော ဆီဥ ၊ အသည်း ပေါ်၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ် ကိုဖုံးသော ဆီဥ ၊ လက်ျာ ပခုံး ၊
26 ၂၆ ထာဝရဘုရား ရှေ့ တော်၌ ထားသော တဆေး မဲ့ မုန့်တောင်း ထဲက တဆေး မဲ့ မုန့်တလုံး ၊ ဆီ နှင့် လုပ်သော မုန့်ပြား တပြား ၊ မုန့်ကြွပ် တချပ် ကိုယူ ၍ ၊ မုန့်များကို ဆီဥ နှင့် လက်ျာ ပခုံး ပေါ် မှာ ထည့် ပြီးလျှင်၊
27 ၂၇ အာရုန် ၏လက် ၊ သူ ၏သား တို့လက် ၌ ထိုအရာတို့ကို ထား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ၊ ချီလွှဲ သဖြင့် ၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။
28 ၂၈ ထိုအရာတို့ကို သူ တို့လက် မှ ခံယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
29 ၂၉ ထိုနောက် မောရှေ သည် ရင်ပတ် ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ သဖြင့်၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်သည် မောရှေ ၏အဘို့ ဖြစ်သတည်း။
30 ၃၀ တဖန် ယဇ် ပလ္လင်ပေါ် မှာရှိသော အသွေး နှင့် လိမ်း ရန်ဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း၊ သူ ၏သား တို့နှင့် သူတို့အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့်၊ အာရုန် မှစ၍သား များ၊ အဝတ် များတို့ကို သန့်ရှင်း စေ လေ၏။
31 ၃၁ မောရှေ သည်၊ အာရုန် နှင့် သူ ၏သား တို့အား လည်း ၊ ထိုသိုး၏ အသား ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ပြုတ် ကြလော့။ ထာဝရဘုရားက၊ အာရုန် နှင့် သူ ၏သား တို့သည် ထိုအသားကို စား ရကြမည် ဟု ငါ့အား မှာ ထားတော်မူသည်အတိုင်း ၊ ထိုအသားကို၎င်း၊ အရာ ၌ ခန့်ထားရာ မုန့်တောင်း ၌ ရှိသော မုန့် ကို၎င်း၊ ထို အရပ်၌ စား ကြလော့။
32 ၃၂ ကျန် ကြွင်းသော အသား နှင့် မုန့် ကိုမီး ရှို့ ရမည်။
33 ၃၃ သင် တို့ကို အရာ ၌ ခန့်ထားရာ ကာလ ခုနစ် ရက် မ စေ့မှီ ပရိတ်သတ်စည်းဝေး ရာ တဲ တော်တံခါး ပြင် သို့ မ ထွက် ရကြ။ ခုနစ် ရက် ပတ်လုံးအရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။
34 ၃၄ ယနေ့ ပြု သည်အတိုင်း သင် တို့အဘို့ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာ ထား တော်မူပြီ။
35 ၃၅ ထိုကြောင့် သင်တို့သည် သေ ဘေးနှင့် ကင်း လွတ်ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား မှာ၊ ခုနစ် ရက် ပတ်လုံးနေ့ ညဉ့်မပြတ်နေ ၍ ၊ ထာဝရဘုရား အမှု တော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာ ထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊
36 ၃၆ မောရှေ အားဖြင့် ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့သည် ပြု ကြ၏။