< ဝတ်ပြုရာ 6 >

1 တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2 တစုံ တယောက်သောသူသည် သူတပါး အပ်နှံ သော ဥစ္စာအတွက် ပေါင် ထားသော ဥစ္စာအတွက် ၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသား စကားကို ပြောသော်၎င်း ၊ သူဥစ္စာကို အနိုင် အထက်ယူသော်၎င်း၊ မိမိ နှင့် စပ်ဆိုင် သောသူကို လှည့်စား သော်၎င်း၊
တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊
3 ပျောက်သောဥစ္စာ ကို တွေ့ သောအခါ ၊ မုသာ စကားကိုပြော၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို သော်၎င်း ၊ ထိုသို့သော ဒုစရိုက်တစုံ တခုကို ပြု ၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
4 ထိုသူသည် ပြစ်မှား ၍ အပြစ် ရောက်သောကြောင့် ၊ အနိုင် အထက်ယူသော ဥစ္စာ ၊ လှည့်စား ၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံ သော ဥစ္စာ၊ ပျောက် ၍တွေ့ သော ဥစ္စာ၊
ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊
5 မ ဟုတ်မမှန်ဘဲ ကျိန်ဆို ၍ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါး စုတစုကို ထပ် ၍ဒုစရိုက် ဖြေသော ယဇ်ပူဇော်သောနေ့ ၌ ဥစ္စာရှင်အား ပြန်ပေး ရမည်။
မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။
6 ဒုစရိုက် ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက် ဖြေရာယဇ်တည်းဟူသော အပြစ် မပါသော သိုး ထီးကို၊ ထာဝရဘုရား ထံ တော်၊ ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။
ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
7 ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူပြစ်မှားသမျှ သောအပြစ် လွတ် လိမ့်မည်ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
8 တဖန် မောရှေ အား ထာဝရဘုရား က၊
တဖန်မောရှေအား ထာဝရဘုရားက၊
9 သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရသော မီး ရှို့ရာ ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ ယဇ်ကောင်ကိုယဇ် ပလ္လင်ထင်းမီးပေါ် မှာ တညဉ့်လုံး နံနက် တိုင်အောင် ရှိစေ၍၊ ယဇ် ပလ္လင်မီး သည် အစဉ်လောင် ရမည်။
သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။
10 ၁၀ ယဇ် ပုရောဟိတ်သည် ပိတ် အင်္ကျီ ၊ ပိတ် ပေါင်းဘီ ကို ဝတ် လျက် ၊ ယဇ် ပလ္လင်ပေါ် မှာ ကျွမ်းလောင် သော မီးရှို့ ရာ ယဇ်ပြာ ကို ကျုံး ၍ ပလ္လင် အနား မှာထား ရမည်။
၁၀ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး၍ ပလ္လင်အနားမှာ ထားရမည်။
11 ၁၁ တဖန် အဝတ် ကိုလဲ ၍ ၊ ထိုပြာ ကို တပ် ပြင် ၌ ရှင်းလင်း သောအရပ် သို့ ယူ သွားရမည်။
၁၁တဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
12 ၁၂ ယဇ် ပလ္လင်မီး သည် မ သေ ဘဲ အစဉ်လောင် ရမည်။ ယဇ် ပုရောဟိတ်သည် နံနက် တိုင်း ထင်း မီးထည့်၍၊ ထင်းပေါ် မှာ မီး ရှို့ရာယဇ်ကို ခင်း ရမည်။ ထိုပလ္လင်ပေါ် မှာလည်း ၊ မိဿဟာယ ယဇ်ဆီဥ ကို မီး ရှို့ရမည်။
၁၂ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည်။
13 ၁၃ ယဇ် ပလ္လင်မီး သည် အလျှင်းမ သေ ဘဲ၊ အစဉ် မပြတ်လောင် ရမည်။
၁၃ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
14 ၁၄ ဘောဇဉ်ပူဇော်သက္ကာ တရား ဟူမူကား ၊ အာရုန် ၏သား တို့သည် ထိုပူဇော်သက္ကာကို ထာဝရဘုရား ထံ တော်၊ ယဇ် ပလ္လင်ရှေ့ မှာ ပူဇော် သောအခါ၊
၁၄ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊
15 ၁၅ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက် တလက်ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသော ပူဇော် သက္ကာ အတွက်အတာကိုယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာဘို့ ယဇ် ပလ္လင်ပေါ်မှာ မီး ရှို့ရမည်။
၁၅ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
16 ၁၆ ကြွင်း သောအရာတို့ကို၊ အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်း တွင် ၊ သန့်ရှင်း ရာဌာန ၌ တဆေး မပါဘဲ စား ရမည်။
၁၆ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရမည်။
17 ၁၇ ထိုမုန့်ညက်ကို တဆေး ထည့်၍ မုန့်မ လုပ် ရ။ မီး ဖြင့် ငါ့ အား ပြုသောပူဇော်သက္ကာထဲက ထိုမုန့်ညက်ကို သူ တို့အဘို့ ဖြစ်စေခြင်းငှါငါပေး ပြီ။ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
၁၇ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
18 ၁၈ အာရုန် ၏ သား ယောက်ျား အပေါင်း တို့သည် စား ရကြမည်။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာကို ကိုင် သောသူအပေါင်း တို့သည် သန့်ရှင်း ရကြမည်ဟု သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
၁၈အာရုန်၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
19 ၁၉ တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
၁၉တဖန်ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
20 ၂၀ အာရုန် နှင့် သူ ၏သား တို့သည် ဘိသိက် ခံသောနေ့ မှစ၍ ထာဝရ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်စေခြင်းငှါ၊ မုန့်ညက် တဩမဲကို၊ နံနက် တဝက် ၊ ည တဝက် ထာဝရဘုရား အား ပူဇော် ရမည်။
၂၀အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။
21 ၂၁ ထိုမုန့်ညက်ကို ဆီထည့်၍ သံပြား ပူနှင့် မုန့်လုပ် ပြီးမှ၊ ဆောင် ခဲ့၍ ချိုးဖဲ့ သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုး အပဲ့တို့ကို ထာဝရဘုရား အား မွှေးကြိုင် စရာဘို့ ပူဇော်
၂၁ထိုမုန့်ညက်ကို ဆီထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။
22 ၂၂ အာရုန် အရာ ၌ ဘိသိက် ခံသော သား သည်လည်း၊ ထိုပူဇော်သက္ကာကို ပြု ရမည်။ ထာဝရဘုရား အဘို့ ထာဝရ ပညတ် တော် ဖြစ်သတည်း။
၂၂အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း။
23 ၂၃ ယဇ်ပုရောဟိတ် အတွက် ပြုသောဘောဇဉ်ပူဇော်သက္ကာ ရှိသမျှ ကို အကုန် အစဉ် မီး ရှို့ရမည်။ အလျှင်း မ စား ရဟု မိန့်တော်မူ၏။
၂၃ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏
24 ၂၄ တဖန် မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်မှာ၊
၂၄တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊
25 ၂၅ သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရသော အပြစ် ဖြေရာယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် ၌ ထာဝရဘုရား ရှေ့ တော်မှာ အပြစ် ဖြေရာယဇ်ကိုသတ် ရမည်။ အလွန်သန့်ရှင်း ပေ၏။
၂၅သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
26 ၂၆ အပြစ် ဖြေဘို့ ပူဇော်သော ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်းတွင် သန့်ရှင်း ရာဌာန ၌ စား ရမည်။
၂၆အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ စားရမည်။
27 ၂၇ ထိုအသား ကို ထိ သမျှ သည် သန့်ရှင်း ၏။ အသွေး ဖြန်း သမျှသောအဝတ် တို့ကို သန့်ရှင်း ရာဌာန ၌ လျော် ရမည်။
၂၇ထိုအသားကို ထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌ လျော်ရမည်။
28 ၂၈ ထိုအသားပြုတ် သော မြေ အိုး ကို ခွဲ ရမည်။ ကြေးဝါ အိုး ဖြစ်လျှင် ပွတ် ၍ ရေ နှင့် ဆေး ရမည်။
၂၈ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ ရေနှင့်ဆေးရမည်။
29 ၂၉ ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည် စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။
၂၉ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည်။
30 ၃၀ အပြစ် ဖြေရာယဇ် အသွေး ကို သန့်ရှင်း ရာဌာန၌ အပြစ် ဖြေခြင်းငှါ ၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်အတွင်း သို့ ဆောင် ခဲ့လျှင် ၊ ထိုယဇ်အသားကို မ စား ရ။ မီး ရှို့ ရမည်။
၃၀အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကို မစားရ။ မီးရှို့ရမည်။

< ဝတ်ပြုရာ 6 >