< ဝတ်ပြုရာ 6 >
1 ၁ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၁တစ်ဖန်ထာဝရဘုရားသည်မောရှေအား အောက်ပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူ၏။-
2 ၂ တစုံ တယောက်သောသူသည် သူတပါး အပ်နှံ သော ဥစ္စာအတွက် ပေါင် ထားသော ဥစ္စာအတွက် ၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသား စကားကို ပြောသော်၎င်း ၊ သူဥစ္စာကို အနိုင် အထက်ယူသော်၎င်း၊ မိမိ နှင့် စပ်ဆိုင် သောသူကို လှည့်စား သော်၎င်း၊
၂တစ်စုံတစ်ယောက်သည်ဣသရေလအမျိုး သားချင်းတစ်ဦးက အပ်နှံထားသောအာမခံ ငွေကိုပြန်ပေးရန်ငြင်းဆိုလျှင်သော်လည်း ကောင်း၊ သူ့ထံမှပစ္စည်းတစ်စုံတစ်ခုကိုခိုး ယူခြင်းသို့မဟုတ်သူ့အားလိမ်လည်လှည့် ဖြားခြင်းပြုလျှင်လည်းကောင်း၊-
3 ၃ ပျောက်သောဥစ္စာ ကို တွေ့ သောအခါ ၊ မုသာ စကားကိုပြော၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို သော်၎င်း ၊ ထိုသို့သော ဒုစရိုက်တစုံ တခုကို ပြု ၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
၃သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
4 ၄ ထိုသူသည် ပြစ်မှား ၍ အပြစ် ရောက်သောကြောင့် ၊ အနိုင် အထက်ယူသော ဥစ္စာ ၊ လှည့်စား ၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံ သော ဥစ္စာ၊ ပျောက် ၍တွေ့ သော ဥစ္စာ၊
၄ထိုအပြစ်များအနက်တစ်မျိုးမျိုးကိုကူး လွန်သူသည်မတရားသဖြင့် ယူထားသမျှ ကိုပြန်၍ပေးအပ်ရမည်။ သူ၌အပြစ်ရှိ ကြောင်းသိရသည့်နေ့၌ မိမိယူထားသော ငွေအပြင်နှစ်ဆယ်ရာခိုင်နှုန်းအပိုဆောင်း ၍ပိုင်ရှင်အားပြန်ပေးရမည်။-
5 ၅ မ ဟုတ်မမှန်ဘဲ ကျိန်ဆို ၍ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါး စုတစုကို ထပ် ၍ဒုစရိုက် ဖြေသော ယဇ်ပူဇော်သောနေ့ ၌ ဥစ္စာရှင်အား ပြန်ပေး ရမည်။
၅
6 ၆ ဒုစရိုက် ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက် ဖြေရာယဇ်တည်းဟူသော အပြစ် မပါသော သိုး ထီးကို၊ ထာဝရဘုရား ထံ တော်၊ ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။
၆သူသည်ထာဝရဘုရားအားပူဇော်ရန် အပြစ် ဒဏ်ပြေရာယဇ်အဖြစ်အပြစ်အနာကင်း သောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ် ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။ သိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
7 ၇ ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူပြစ်မှားသမျှ သောအပြစ် လွတ် လိမ့်မည်ဟု မိန့်တော်မူ၏။
၇ထိုနောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည် အပြစ်လွတ်လိမ့်မည်။
8 ၈ တဖန် မောရှေ အား ထာဝရဘုရား က၊
၈တစ်ဖန်ထာဝရဘုရားသည်မီးရှို့ရာယဇ် နှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက်များကို မောရှေမှတစ်ဆင့်အာရုန်နှင့်သူ၏သားတို့ အားချမှတ်ပေးတော်မူ၏။ မီးရှို့ရာယဇ်ကောင် ကိုယဇ်ပလ္လင်ပေါ်တွင် တစ်ညလုံးရှိစေရမည်။ ယဇ်ပလ္လင်မီးကိုလည်းအစဉ်တောက်လောင် နေစေရမည်။-
9 ၉ သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရသော မီး ရှို့ရာ ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ ယဇ်ကောင်ကိုယဇ် ပလ္လင်ထင်းမီးပေါ် မှာ တညဉ့်လုံး နံနက် တိုင်အောင် ရှိစေ၍၊ ယဇ် ပလ္လင်မီး သည် အစဉ်လောင် ရမည်။
၉
10 ၁၀ ယဇ် ပုရောဟိတ်သည် ပိတ် အင်္ကျီ ၊ ပိတ် ပေါင်းဘီ ကို ဝတ် လျက် ၊ ယဇ် ပလ္လင်ပေါ် မှာ ကျွမ်းလောင် သော မီးရှို့ ရာ ယဇ်ပြာ ကို ကျုံး ၍ ပလ္လင် အနား မှာထား ရမည်။
၁၀ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
11 ၁၁ တဖန် အဝတ် ကိုလဲ ၍ ၊ ထိုပြာ ကို တပ် ပြင် ၌ ရှင်းလင်း သောအရပ် သို့ ယူ သွားရမည်။
၁၁ထိုနောက်သူသည်အဝတ်လဲ၍ စခန်းအပြင် ရှိဘာသာရေးထုံးနည်းအရ သန့်စင်ရာ အရပ်သို့ပြာကိုယူဆောင်သွားရမည်။-
12 ၁၂ ယဇ် ပလ္လင်မီး သည် မ သေ ဘဲ အစဉ်လောင် ရမည်။ ယဇ် ပုရောဟိတ်သည် နံနက် တိုင်း ထင်း မီးထည့်၍၊ ထင်းပေါ် မှာ မီး ရှို့ရာယဇ်ကို ခင်း ရမည်။ ထိုပလ္လင်ပေါ် မှာလည်း ၊ မိဿဟာယ ယဇ်ဆီဥ ကို မီး ရှို့ရမည်။
၁၂ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမှမီးမငြိမ်းစေရ။ ယဇ် ပုရောဟိတ်သည်နံနက်တိုင်းယဇ်ပလ္လင်ပေါ်တွင် ထင်းတင်၍ မီးရှို့ရာယဇ်ကိုထင်းပုံပေါ်တွင် စီ၍တင်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်မိတ် သဟာယယဇ်၏ဆီဥကိုမီးရှို့ပူဇော်ရမည်။-
13 ၁၃ ယဇ် ပလ္လင်မီး သည် အလျှင်းမ သေ ဘဲ၊ အစဉ် မပြတ်လောင် ရမည်။
၁၃ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမျှမီးမငြိမ်းစေရ။
14 ၁၄ ဘောဇဉ်ပူဇော်သက္ကာ တရား ဟူမူကား ၊ အာရုန် ၏သား တို့သည် ထိုပူဇော်သက္ကာကို ထာဝရဘုရား ထံ တော်၊ ယဇ် ပလ္လင်ရှေ့ မှာ ပူဇော် သောအခါ၊
၁၄ဘောဇဉ်သကာဆိုင်ရာပြဋ္ဌာန်းချက်များ မှာအောက်ပါအတိုင်းဖြစ်သည်။ အာရုန်၏ အဆက်အနွယ်ယဇ်ပုရောဟိတ်သည် ယဇ် ပလ္လင်ရှေ့တွင်ထာဝရဘုရားအားဘောဇဉ် သကာကိုပူဇော်ရမည်။-
15 ၁၅ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက် တလက်ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသော ပူဇော် သက္ကာ အတွက်အတာကိုယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာဘို့ ယဇ် ပလ္လင်ပေါ်မှာ မီး ရှို့ရမည်။
၁၅ဘောဇဉ်သကာအားလုံးကိုပူဇော်သည့် အထိမ်းအမှတ်အဖြစ် ယဇ်ပုရောဟိတ်သည် မုန့်ညက်လက်တစ်ဆုပ်၊ ဆီအနည်းငယ်နှင့် တကွအမွှေးအကြိုင်ကိုယူ၍ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ထိုဘောဇဉ် သကာ၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။-
16 ၁၆ ကြွင်း သောအရာတို့ကို၊ အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်း တွင် ၊ သန့်ရှင်း ရာဌာန ၌ တဆေး မပါဘဲ စား ရမည်။
၁၆ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-
17 ၁၇ ထိုမုန့်ညက်ကို တဆေး ထည့်၍ မုန့်မ လုပ် ရ။ မီး ဖြင့် ငါ့ အား ပြုသောပူဇော်သက္ကာထဲက ထိုမုန့်ညက်ကို သူ တို့အဘို့ ဖြစ်စေခြင်းငှါငါပေး ပြီ။ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
၁၇
18 ၁၈ အာရုန် ၏ သား ယောက်ျား အပေါင်း တို့သည် စား ရကြမည်။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာကို ကိုင် သောသူအပေါင်း တို့သည် သန့်ရှင်း ရကြမည်ဟု သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
၁၈အာရုန်၏အဆက်အနွယ်ယောကျာ်းတို့သည် ထာဝရဘုရားအား ပူဇော်သောဘောဇဉ် သကာမှဝေစုကိုထာဝစဉ်စားသုံးစေရ မည်။ အခြားသူတစ်စုံတစ်ယောက်က ထို ဘောဇဉ်သကာကိုထိကိုင်မိလျှင် ထိုဘောဇဉ် ၏သန့်ရှင်းမြင့်မြတ်မှုကြောင့်ဘေးသင့်လိမ့် မည်။
19 ၁၉ တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
၁၉ထာဝရဘုရားသည် အာရုန်၏အဆက် အနွယ်ယဇ်ပုရောဟိတ်တို့အားသိက္ခာတင် ခြင်းနှင့်ပတ်သက်၍ အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်ချမှတ်ပေးတော် မူ၏။ ယဇ်ပုရောဟိတ်ကိုသိက္ခာတင်သောနေ့၌ သူသည်ထာဝရဘုရားအားမုန့်ညက်နှစ် ပေါင် (နေ့စဉ်ပူဇော်သောဘောဇဉ်အချင်အတွယ် အတိုင်း) ကိုနံနက်တစ်ပေါင်ညနေတစ်ပေါင် ပူဇော်ရမည်။-
20 ၂၀ အာရုန် နှင့် သူ ၏သား တို့သည် ဘိသိက် ခံသောနေ့ မှစ၍ ထာဝရ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်စေခြင်းငှါ၊ မုန့်ညက် တဩမဲကို၊ နံနက် တဝက် ၊ ည တဝက် ထာဝရဘုရား အား ပူဇော် ရမည်။
၂၀
21 ၂၁ ထိုမုန့်ညက်ကို ဆီထည့်၍ သံပြား ပူနှင့် မုန့်လုပ် ပြီးမှ၊ ဆောင် ခဲ့၍ ချိုးဖဲ့ သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုး အပဲ့တို့ကို ထာဝရဘုရား အား မွှေးကြိုင် စရာဘို့ ပူဇော်
၂၁မုန့်ညက်ကိုဆီရော၍သံအိုးကင်းပေါ်တွင် ဖုတ်ရမည်။ ထိုနောက်မုန့်ကိုချေ၍ ဘောဇဉ် သကာအဖြစ်ထာဝရဘုရားအားပူဇော် ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-
22 ၂၂ အာရုန် အရာ ၌ ဘိသိက် ခံသော သား သည်လည်း၊ ထိုပူဇော်သက္ကာကို ပြု ရမည်။ ထာဝရဘုရား အဘို့ ထာဝရ ပညတ် တော် ဖြစ်သတည်း။
၂၂အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။-
23 ၂၃ ယဇ်ပုရောဟိတ် အတွက် ပြုသောဘောဇဉ်ပူဇော်သက္ကာ ရှိသမျှ ကို အကုန် အစဉ် မီး ရှို့ရမည်။ အလျှင်း မ စား ရဟု မိန့်တော်မူ၏။
၂၃ယဇ်ပုရောဟိတ်ပူဇော်သောဘောဇဉ်သကာ ကိုမည်သူမျှမစားရ။ မုန့်အားလုံးကိုမီး ရှို့ရမည်။
24 ၂၄ တဖန် မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်မှာ၊
၂၄ထာဝရဘုရားသည်အပြစ်ဖြေရာပူဇော် သကာနှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်၊ အာရုန်နှင့်သူ၏ သားတို့အားချမှတ်ပေးတော်မူ၏။ ယဇ်ပလ္လင် ၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင်များကို သတ်သောနေရာတွင် အပြစ်ဖြေရာယဇ်ကောင် ကိုသတ်ရမည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
25 ၂၅ သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရသော အပြစ် ဖြေရာယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် ၌ ထာဝရဘုရား ရှေ့ တော်မှာ အပြစ် ဖြေရာယဇ်ကိုသတ် ရမည်။ အလွန်သန့်ရှင်း ပေ၏။
၂၅
26 ၂၆ အပြစ် ဖြေဘို့ ပူဇော်သော ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်းတွင် သန့်ရှင်း ရာဌာန ၌ စား ရမည်။
၂၆ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
27 ၂၇ ထိုအသား ကို ထိ သမျှ သည် သန့်ရှင်း ၏။ အသွေး ဖြန်း သမျှသောအဝတ် တို့ကို သန့်ရှင်း ရာဌာန ၌ လျော် ရမည်။
၂၇တစ်စုံတစ်ယောက်ကထိုယဇ်ကောင်၏အသား ကိုထိကိုင်မိလျှင် ထိုအသား၏သန့်ရှင်းမြင့် မြတ်မှုကြောင့်ဘေးသင့်လိမ့်မည်။ အဝတ်အထည် တွင်ယဇ်ကောင်၏အသွေးစွန်းလျှင် ထိုအစွန်း ကွက်ကိုသန့်ရှင်းရာဌာနတွင်ဆေးကြောရ မည်။-
28 ၂၈ ထိုအသားပြုတ် သော မြေ အိုး ကို ခွဲ ရမည်။ ကြေးဝါ အိုး ဖြစ်လျှင် ပွတ် ၍ ရေ နှင့် ဆေး ရမည်။
၂၈ယဇ်ကောင်၏အသားကိုပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ အသားကိုကြေးအိုးတွင်ပြုတ် လျှင် ထိုအိုးကိုပွတ်တိုက်၍ရေဆေးရမည်။-
29 ၂၉ ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည် စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။
၂၉ယဇ်ပုရောဟိတ်အနွယ်ထဲမှယောကျာ်းအပေါင်း တို့သည် ထိုယဇ်ကောင်၏အသားကိုစားနိုင် သည်။ ထိုပူဇော်သကာသည်အလွန်သန့်ရှင်း ၏။-
30 ၃၀ အပြစ် ဖြေရာယဇ် အသွေး ကို သန့်ရှင်း ရာဌာန၌ အပြစ် ဖြေခြင်းငှါ ၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်အတွင်း သို့ ဆောင် ခဲ့လျှင် ၊ ထိုယဇ်အသားကို မ စား ရ။ မီး ရှို့ ရမည်။
၃၀သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။