< ဝတ်ပြုရာ 5 >
1 ၁ တစုံ တယောက်သောသူသည် အမှုကို မြင် သည်ဖြစ်စေ ၊ သိ သည်ဖြစ်စေ ၊ ကျိန်ဆို စေသော စကား ကို ကြား ၍ ၊ သက်သေ ဖြစ်လျက်နှင့် ပြန်မ ပြော ဘဲနေသဖြင့် ပြစ်မှား ၍ ၊ မိမိ ဒုစရိုက် အပြစ်ကို ခံရ သော်၎င်း၊
၁တစုံတယောက်သောသူသည် အမှုကို မြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသော စကားကို ကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိ ဒုစရိုက် အပြစ်ကို ခံရသော်၎င်း၊
2 ၂ တစုံ တယောက်သောသူ သည် မ စင်ကြယ်သော သားရဲ ၊ သားယဉ်၊ တွား တတ်သော တိရစ္ဆာန်၏ အသေ ကောင် အစရှိသော မ စင်ကြယ်သော အရာ တစုံ တခုကို အမှတ်တမဲ့ထိမိ သဖြင့် ၊ မ စင်ကြယ်ရာသို့ ရောက်၍ အပြစ် ရှိသော်၎င်း၊
၂တစုံတယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏ အသေကောင် အစရှိသော မစင်ကြယ်သော အရာတစုံတခုကို အမှတ်တမဲ့ ထိမိသဖြင့်၊ မစင်ကြယ် ရာသို့ ရောက်၍ အပြစ်ရှိသော်၎င်း၊
3 ၃ လူ ၌ ကပ်သော မ စင်ကြယ်သော အရာတစုံတခုကို လည်း မသိဘဲ ထိမိ ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊
၃လူ၌ ကပ်သော မစင်ကြယ်သော အရာတစုံတခုကိုလည်း၊ မသိဘဲ ထိမိ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊
4 ၄ တစုံ တယောက်သောသူသည် ကောင်း သောအမှု၊ မ ကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆို လျက် သစ္စာပြု၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ် တစုံ တခုရောက်သော်၎င်း ၊
၄တစုံတယောက်သော သူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ်တစုံတခု ရောက်သော်၎င်း၊
5 ၅ ထိုသို့သောအပြစ် တစုံ တခုရောက်လျှင် ၊ ထိုအပြစ် ကို ဘော်ပြ တောင်းပန်ရမည်။
၅ထိုသို့သောအပြစ် တစုံတခု ရောက်လျှင်၊ ထိုအပြစ်ကို ဘော်ပြ တောင်းပန်းရမည်။
6 ၆ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေရာ ယဇ်ဖြစ်စေခြင်းငှါသိုးသငယ် ဖြစ်စေ ၊ ဆိတ် သငယ် ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသောဒုစရိုက် ဖြေရာယဇ်ကို ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုရမည်။
၆ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာ ယဇ်ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏ အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြုရမည်။
7 ၇ သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ပြစ်မှား မိသော အပြစ်အတွက် အပြစ် ဖြေရာယဇ်ဘို့ တကောင်၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်ကို ထာဝရဘုရား အထံတော်၊
၇သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရား အထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
8 ၈ ယဇ်ပုရောဟိတ် ရှေ့ သို့ ဆောင် ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ် ဖြေရာ ယဇ်ကောင်ကို အရင် ပူဇော် လျက် ၊ ခေါင်း ကိုလိမ် ၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမ ခွဲ ရ။
၈ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ကောင်ကို အရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။
9 ၉ ထိုအပြစ် ဖြေရာ ယဇ်ကောင်အသွေး ကို ယဇ် ပလ္လင်နံရံ ၌ ဖြန်း ၍ ၊ ကြွင်း သော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နားမှာ ညှစ် ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်သတည်း။
၉ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ဖြန်း၍၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင် ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။-
10 ၁၀ ဒုတိယ ငှက်ကောင်ကို၊ ပညတ် တရားအတိုင်း မီး ရှို့ရာ ယဇ်ပူဇော် ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
၁၀ဒုတိယ ငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာ ယဇ်ပူဇော်ရ မည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
11 ၁၁ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို မ တတ် နိုင်လျှင် ၊ ပြစ်မှား သော သူ သည် အပြစ် ဖြေရာယဇ် အရာ၌ မုန့်ညက် တဩမဲကို ဆောင် ခဲ့၍ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သောကြောင့် ဆီ ကို မ လောင်း ရ။ လောဗန် ကို မ တင် ရ။
၁၁ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ် အရာ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သော ကြောင့် ဆီကို မလောင်းရ။ လောဗန်ကို မတင်ရ။
12 ၁၂ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက်တလက် ဆွန်းတည်းဟူသောပူဇော်သက္ကာအတွက် အတာကိုယူ ၍ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်သတည်း။
၁၂ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက် အတာကိုယူ၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာနှင့် အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။
13 ၁၃ ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် တစုံ တခုအတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွှတ် လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သက္ကာ ကဲ့သို့ ၊ ယဇ်ပုရောဟိတ် အဘို့ ဖြစ် သည်ဟု မောရှေအား မိန့်တော်မူ၏။
၁၃ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှားမိသော အပြစ် တစုံတခုအတွက် အဖြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွှတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ် ပူဇော်သက္ကာကဲ့သို့၊ ယဇ်ပုရော ဟိတ်အဘို့ ဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏
14 ၁၄ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၁၄တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
15 ၁၅ တစုံတယောက် သောသူသည် တရားကိုမသိ၊ ထာဝရဘုရား နှင့်ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှား မိလျှင်၊ ထိုပြစ်မှား ခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသောအပြစ် မပါသော သိုးထီး ကို၎င်း၊ အကျပ် တော်အလိုက် ချင့်တွက် ၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ရမည်။
၁၅တစုံတယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသော အပြစ်မပါသော သိုးထီးကို ၎င်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။
16 ၁၆ ထိုသို့ ဘုရား နှင့်ဆိုင်သော အရာ၌ ပြစ်မှား မိရာကို ပြုပြင် ပြီးလျှင် ၊ ငါး စုတစုကိုလည်း ထပ် ၍ယဇ်ပုရောဟိတ် အား ပေး ရမည်။ ယဇ် ပုရောဟိတ်သည်လည်း ၊ ဒုစရိုက် ဖြေရာယဇ်ဖြစ်သော သိုး အားဖြင့် ၊ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင်၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
၁၆ထိုသို့ ဘုရားနှင့်ဆိုင်သော အရာ၌ ပြစ်မှားမိရာကို ပြုပြင်ပြီးလျှင်၊ ငါးစုတစုကိုလည်း ထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအား ဖြင့်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
17 ၁၇ တစုံ တယောက်သောသူသည်၊ ထာဝရဘုရား ပညတ် တော်မူသောအမှုတစုံ တခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သော်လည်း အပြစ် ရောက်၍ ထိုအပြစ် ကိုခံရ မည်။
၁၇တစုံတယောက်သောသူသည်၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု၍ ပြစ်မှား မိလျှင်၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ -
18 ၁၈ ဒုစရိုက် ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေ နှင့်တကွ၊ အပြစ် မပါသော သိုး ထီးကို ဆောင် ခဲ့ရမည်။ တရားကိုမသိ ပြစ်မှား မိသော်လည်း ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သောသူ အဘို့ ယဇ် ပုရောဟိတ်သည် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ ထိုသူ ၏ အပြစ်လွတ် လိမ့်မည်။
၁၈ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကို ဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏ အပြစ်လွတ်လိမ့်မည်။
19 ၁၉ ဒုစရိုက် ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ်ထိုသူ သည် ထာဝရဘုရား ကို ပြစ်မှား ရာ ရောက်သတည်းဟု မိန့်တော်မူ၏။
၁၉ဒုစရိုက်ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာ ရောက်သတည်းဟု မိန့်တော်မူ၏။