< ဝတ်ပြုရာ 4 >
1 ၁ တဖန် မောရှေ အား ထာဝရဘုရား က၊
၁ဣသရေလအမျိုးသားတို့တွင်တစ်စုံ တစ်ယောက်သောသူသည် ပညတ်တော်များ ကိုအမှတ်မထင်ချိုးဖောက်၍အပြစ်ကူး လွန်ခဲ့သည်ရှိသော် အောက်ဖော်ပြပါပြဋ္ဌာန်း ချက်များကိုလိုက်နာရန် ထာဝရဘုရား သည်မောရှေမှတစ်ဆင့်ချမှတ်ပေးတော်မူ၏။
2 ၂ သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊တရားကိုမသိ၊ထာဝရဘုရား ၏ပညတ် တော်ကိုလွန်ကျူးပြစ်မှား၍မပြုအပ်သောအမှုကိုပြုမိသည်အရာတွင်၊
၂
3 ၃ ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် လူ များကို အပြစ် ထဲ သို့ သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှား လျှင် ၊ ထို အပြစ် အတွက် အပြစ် ဖြေရာယဇ်ဘို့ အပြစ် မပါ၊ အသက်ပျို သော နွား ထီးကို၊
၃အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
4 ၄ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ၊ ထာဝရဘုရား ရှေ့ တော် သို့ ဆောင် ခဲ့၍ ၊ ထာဝရဘုရား အား ဆက် ရမည်။ ထိုအခါ နွား ၏ခေါင်း ပေါ်မှာ မိမိ လက် ကို တင် ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ နွား ကို သတ် ရမည်။
၄သူသည်နွားကိုတဲတော်တံခါးဝထာဝ ဘုရားရှေ့တော်သို့ယူဆောင်ခဲ့ပြီးလျှင် နွား ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ ထာဝရ ဘုရားရှေ့တော်တွင် ထိုနေရာ၌နွားကိုသတ် ရမည်။-
5 ၅ ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည်၊ နွား ၏ အသွေး ကို ယူ ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဆောင် ခဲ့ပြီးလျှင်၊
၅ယဇ်ပုရောဟိတ်မင်းသည်နွား၏သွေးအနည်း ငယ်ကိုတဲတော်ထဲသို့ယူဆောင်သွားရမည်။-
6 ၆ မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ သန့်ရှင်း ရာဌာနတော် ကုလားကာ ရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် ဖြန်း ရမည်။
၆သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေးကို ကန့်လန့်ကာတော်ရှေ့တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
7 ၇ တဖန် ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်မှာ ရှိသောနံ့သာ ပေါင်းမွှေးကို မီးရှို့ရာ ပလ္လင် ဦးချို တို့၌ နွားအသွေး ကို ထည့် ၍ ၊ ကြွင်းသော အသွေး ကို၊ ပရိသတ် စည်းဝေး ရာ တဲ တော်တံခါး ရှေ့၌ရှိသော မီး ရှို့ရာ ယဇ်ပလ္လင်ခြေရင်း နားမှာ သွန် ရမည်။
၇ထိုနောက်သူသည်တဲတော်အတွင်းရှိနံ့သာ ပေါင်းမီးရှို့ရာပလ္လင်၏ထောင့်များရှိအတက် တို့တွင် နွားသွေးအနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွားသွေးကို တဲတော်တံခါးဝ၌ ရှိသောမီးရှို့ပူဇော်ရာပလ္လင်ခြေရင်းတွင် လောင်းရမည်။-
8 ၈ မိဿဟာယ ယဇ် ပြုသောနွား ၏ဆီဥကိုယူ သကဲ့သို့ ၊ အပြစ် ဖြေရာ ယဇ်ပြုသောနွားအအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောဆီဥ၊
၈ထိုနောက်သူသည်နွားအထီး၏ရှိသမျှ ဝမ်းတွင်းသားမှအဆီ၊-
9 ၉ ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တည်းဟူသော၊ နွား ဆီဥ ရှိသမျှ ကို ယူ၍၊ မီးရှို့ရာယဇ် ပလ္လင် ပေါ်မှာ ရှို့ ရမည်။
၉ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်း မှအကောင်းဆုံးအပိုင်းကိုယူရမည်။-
10 ၁၀ နွား ၏ခေါင်း ၊ ခြေထောက် ၊ အအူ ၊ ချေးနု နှင့်တကွအရေ ၊ အသား ရှိသမျှ တည်းဟူသော၊
၁၀ယဇ်ပုရောဟိတ်သည်မိတ်သဟာယယဇ်ပူဇော် ရာ၌ယဇ်ကောင်၏အဆီကိုမီးရှို့ပူဇော်သကဲ့ သို့ ထိုနွားမှအဆီကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ပူဇော်ရမည်။-
၁၁နွားအရေခွံ၊ အသားရှိသမျှ၊ ဦးခေါင်း၊ ခြေ ထောက်များ၊ ဝမ်းတွင်းသားနှင့်တကွအူတို့ ကိုမူကား၊-
12 ၁၂ နွား တကောင်လုံး ကို၊ တပ် ပြင် မှာ ပြာ သွန် ထားရာ ရှင်းလင်း သော အရပ် သို့ ယူ သွား၍ ထင်း အပေါ် ၌ မီး ရှို့ရမည်။ ပြာ သွန် ၍ ထားရာအရပ်၌ မီး ရှို့ ရမည်။
၁၂တပ်စခန်းအပြင်သို့ယူဆောင်၍ပြာသွန်ရာ သန့်ရှင်းသောနေရာတွင်ထင်းမီးပုံ၌မီးရှို့ ရမည်။
13 ၁၃ ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ မ ပြု အပ်သောအမူကို ပြု မိသဖြင့် အပြစ်ရောက် လျှင်၊
၁၃အကယ်၍ဣသရေလတစ်မျိုးသားလုံးသည် ထာဝရဘုရား၏ပညတ်တော်တစ်ပါးပါး ကို အမှတ်မထင်ချိုးဖောက်မိသဖြင့်အပြစ် ကူးလွန်ခဲ့သည်ရှိသော်၊-
14 ၁၄ ထိုသို့ ပြစ်မှား မိသော အပြစ် ကိုသိ သောအခါ ၊ ထိုအပြစ် အတွက် ပရိသတ် တို့သည် အသက်ပျို သော နွား ထီးကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့၍ ဆက် ရမည်။
၁၄ပြစ်မှားကြောင်းသိလျှင်သိချင်းနွားထီးငယ် ကိုအပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ကြရ မည်။ သူတို့သည်ထိုနွားကိုထာဝရဘုရား စံတော်မူရာတဲတော်သို့ယူဆောင်ခဲ့ရမည်။-
15 ၁၅ ပရိသတ် တွင် အသက် ကြီးသောသူတို့ သည်၊ ထာဝရဘုရား ရှေ့ တော်၌ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ၍ ၊ ထိုနွား ကို ရှေ့ တော်၌ သတ် ရကြမည်။
၁၅ထိုနောက်အမျိုးသားခေါင်းဆောင်တို့သည် နွား၏ဦးခေါင်းပေါ်တွင်လက်များကိုတင် ၍နွားကိုသတ်ရမည်။-
16 ၁၆ ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် နွား အသွေး ကို ပရိသတ် စည်းဝေး ရာ တဲ တော်သို့ ဆောင် ခဲ့ ပြီးလျှင် ၊
၁၆ယဇ်ပုရောဟိတ်မင်းသည်နွားသွေးအနည်း ငယ်ကို တဲတော်ထဲသို့ယူဆောင်သွားပြီးလျှင်၊-
17 ၁၇ မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ ၊ ကုလားကာ ရှေ့ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် ဖြန်း ရမည်။
၁၇သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေး ကို ကန့်လန့်ကာရှေ့တွင်ခုနစ်ကြိမ်ဖျန်းရမည်။-
18 ၁၈ တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်မှာ ရှိသောပလ္လင် ဦးချို တို့၌ အသွေး ကို ထည့် ၍ ၊ ကြွင်းသောအသွေး ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့၌ရှိသော မီး ရှို့ရာယဇ်ပလ္လင်ခြေရင်း နားမှာ သွန် ရမည်။
၁၈တဲတော်အတွင်းရှိနံ့သာပေါင်းမီးရှို့ရာ ပလ္လင်၏ထောင့်များရှိအတက်တို့တွင် နွားသွေး အနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွား သွေးကိုတဲတော်တံခါးဝ၌ရှိသောမီးရှို့ ပူဇော်ရာပလ္လင်ခြေရင်းတွင်လောင်းရမည်။-
19 ၁၉ နွားဆီဥ ရှိသမျှ ကို ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။
၁၉ထို့နောက်သူသည်နွားမှအဆီရှိသမျှကို ယူ၍ ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။-
20 ၂၀ အပြစ် ဖြေရာ ယဇ်ပြုသောနွား ကို ပြု သကဲ့သို့ ၊ ထိုနည်းတူဤနွား ကို ပြု သဖြင့် ၊ ယဇ် ပုရောဟိတ်သည် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ တို့အပြစ် လွတ် လိမ့်မည်။
၂၀သူသည်အပြစ်ဖြေရာယဇ်ကောင်နွားကို ပူဇော်သည့်နည်းစံနစ်အတိုင်း ယဇ်ကောင်ကို ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရော ဟိတ်သည် လူတို့၏အပြစ်အတွက်ယဇ်ကောင် ကိုပူဇော်သဖြင့် လူတို့သည်အပြစ်လွတ်ကြ လိမ့်မည်။-
21 ၂၁ ထိုနောက်မှနွား ကို တပ် ပြင် သို့ ဆောင် သွား၍ ၊ အရင် နွား ကို မီး ရှို့သကဲ့သို့ ရှို့ ရမည်။ ပရိသတ် အဘို့ အပြစ် ဖြေစရာ ယဇ်ဖြစ်သတည်း။
၂၁ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
22 ၂၂ မင်း သည်လည်း တရားကိုမသိ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ မ ပြု အပ်သော အမှုကို ပြု မိသဖြင့် အပြစ် ရောက်လျှင် ၊
၂၂အကယ်၍အုပ်ချုပ်သောမင်းသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
23 ၂၃ မိမိ ပြစ်မှား မိသော အပြစ် ကို သိ သောအခါ ၊ အပြစ် မပါသော ဆိတ် သငယ် အထီး ကို ပူဇော် သက္ကာဘို့ ဆောင် ခဲ့ရမည်။
၂၃မိမိ၏အပြစ်ကိုသိလျှင်အပြစ်အနာကင်း သောဆိတ်ထီးတစ်ကောင်ကိုယဇ်ပူဇော်ရန် ယူဆောင်ခဲ့ရမည်။-
24 ၂၄ ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ ထာဝရဘုရား ရှေ့ တော်၌ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် တွင် သတ် ရမည်။ အပြစ် ဖြေရာ ယဇ်ဖြစ်သတည်း။
၂၄ထိုသူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ ရာယဇ်ကောင်များကိုသတ်သည့်နေရာ၌ ဆိတ် ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကို သတ်ရမည်။ ဤယဇ်ပူဇော်ခြင်းသည်အပြစ် ပြေစေရန်အတွက်ဖြစ်၏။-
25 ၂၅ ယဇ် ပုရောဟိတ်သည် ထိုအပြစ် ဖြေရာယဇ်၏ အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသော အသွေး ကို ထိုပလ္လင် ခြေရင်း နား၌ သွန် ရမည်။
၂၅ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကို သွေးထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိ အတက်တို့တွင်သွေးသုတ်ရမည်။ ကျန်သော သွေးကိုယဇ်ပလ္လင်၏ခြေရင်း၌လောင်းချ ရမည်။-
26 ၂၆ မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပြုသကဲ့သို့ ဆီဥ ရှိသမျှ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် မင်း ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
၂၆ထိုနောက်မိတ်သဟာယယဇ်ကောင်များ၏ အဆီကိုမီးရှို့ပူဇော်သကဲ့သို့ ဆိတ်အဆီ ရှိသမျှကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည် အုပ်ချုပ်သောမင်း၏အပြစ်အတွက်ပူဇော် သဖြင့်ထိုမင်းအပြစ်လွတ်လိမ့်မည်။
27 ၂၇ ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား ၍ ၊ မပြု အပ်သော အမှုကို ပြု မိသဖြင့် အပြစ် ရောက်လျှင်၊
၂၇အကယ်၍သာမန်လူတစ်ဦးသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
28 ၂၈ မိမိ ပြစ်မှား မိသော အပြစ် ကို သိ သောအခါ ၊ ထိုအပြစ် အတွက် ပူဇော် သက္ကာဘို့ အပြစ် မပါသော ဆိတ် သငယ် အမ ကို ဆောင် ခဲ့ရမည်။
၂၈မိမိ၏အပြစ်ကိုသိလျှင်သိချင်း အပြစ် အနာကင်းသောဆိတ်မတစ်ကောင်ကို ယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။-
29 ၂၉ အပြစ် ဖြေရာ ယဇ်ပြုသောဆိတ်ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ ထိုဆိတ်ကိုသတ် ရမည်။
၂၉သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ ဆိတ်၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကိုသတ် ရမည်။-
30 ၃၀ ယဇ် ပုရောဟိတ်သည် အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ရမည်။
၃၀ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းရမည်။-
31 ၃၁ မိဿဟာယ ယဇ် ကောင်ဆီဥ ကို ယူ သကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာ ဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
၃၁ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
32 ၃၂ သိုးသငယ် ကို အပြစ် ဖြေရာယဇ် ပြုလိုလျှင် ၊ အပြစ် မပါသော အမ ကို ဆောင် ခဲ့ရမည်။
၃၂အကယ်၍လူတစ်ဦးသည်အပြစ်ပြေရာယဇ် အဖြစ်သိုးကိုယူဆောင်ခဲ့လျှင် သိုးသည် အပြစ်အနာကင်းသောသိုးမဖြစ်ရမည်။-
33 ၃၃ အပြစ် ဖြေရာ ယဇ်ပြုသောသိုးခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါသတ် ရမည်။
၃၃သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ သိုး၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍သိုးကိုသတ် ရမည်။-
34 ၃၄ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် ကောင် အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ဖြန်းသော အသွေး ကို ထိုပလ္လင် ခြေရင်း နား၌ သွန် ရမည်။
၃၄ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းချရမည်။-
35 ၃၅ မိဿဟာယ ယဇ် ကောင် သိုးသငယ် ဆီဥ ကို ပြုသကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ၍ ၊ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
၃၅ထို့နောက်မိတ်သဟာယယဇ်ကောင်သိုးမှ အဆီကိုထုတ်ယူသကဲ့သို့ သိုးမမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ပူဇော်သကာ နှင့်တကွ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်လူ တစ်ဦး၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့် ထိုအပြစ်လွတ်လိမ့်မည်။