< ဝတ်ပြုရာ 3 >

1 နွား ကို မိဿဟာယ ယဇ်ပြုလိုလျှင် ၊ အပြစ် မပါသော အထီး အမ တကောင်ကောင်ကို၊ ထာဝရဘုရား ရှေ့ တော်၌ ဆက်ရမည်။
And if his oblation be a sacrifice of peace-offering, if he offer it of the herds, whether it be a male or female, he shall offer it without blemish before the Lord.
2 ပူဇော် သော နွား၏ ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
And he shall lay his hand upon the head of his offering, and kill it at the door of the tabernacle of the congregation: and the sons of Aaron the priests shall sprinkle the blood upon the altar round about.
3 အအူ ကိုဖုံး သောဆီဥ ၊ အအူ နှင့်ဆိုင်သမျှ သောဆီဥ ၊ ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ်၌ ရှိသောအမြှေး တို့ကို၊ မိဿဟာယ ယဇ်ကောင် ထဲက ယူ ၍ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာဘို့ဆက်ပြီးမှ၊
And he shall offer the sacrifice of the peace-offering, as a fire-offering unto the Lord, the fat that covereth the inwards, and all the fat that is upon the inwards,
4
And the two kidneys, and the fat that is on them, which is on the flanks, and the midriff above the liver, with the kidneys, shall he remove it.
5 အာရုန် ၏ သား တို့သည် ယဇ် ပလ္လင်အပေါ် ၌ရှိသောထင်း မီး ပေါ် မှာ တင်သော ယဇ် ကောင်နှင့်အတူ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
And Aaron's sons shall burn it on the altar, upon the burnt-offering, which is upon the wood that is on the fire: it is an offering made by fire, of a sweet savor unto the Lord.
6 ထာဝရဘုရား အား သိုး ၊ ဆိတ်ကို၊ မိဿဟာယ ယဇ်ပြုလိုလျှင် ၊ အပြစ် မပါသော အထီး အမ တကောင် ကောင်ကို ဆက် ရမည်။
And if of the flocks be his offering for a sacrifice of peace-offering unto the Lord, male or female, without blemish, shall he offer it.
7 သိုးသငယ် ကို ပူဇော် လိုလျှင်၊ ထာဝရဘုရား ရှေ့ တော်၌ ဆက် ပြီးမှ၊
If he offer a sheep for his offering, then shall he bring it near before the Lord.
8 ပူဇော် သော သိုး၏ ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ သတ် ပြီးလျှင် ၊ အာရုန် ၏ သား တို့သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
And he shall lay his hand upon the head of his offering, and kill it before the tabernacle of the congregation: and the sons of Aaron shall sprinkle its blood upon the altar round about.
9 အကောင်ဆီဥ ၊ ကျောရိုး ကတိတိဖြတ် သော အမြီး ရှိသမျှ ၊ အအူ ကို ဖုံး သော အဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောအဆီဥ၊
And he shall offer the sacrifice of the peace-offering, as a fire-offering unto the Lord, the best part thereof, the whole rump, hard by the backbone shall he take it off; and the fat that covereth the inwards, and all the fat that is upon the inwards;
10 ၁၀ ခါး အတွင်းနား ၌ ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာဘို့ ဆက် ပြီးမှ၊
And the two kidneys, and the fat that is upon them, which is on the flanks, and the midriff above the liver, with the kidneys, shall he remove it.
11 ၁၁ ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ အစာ အာဟာရ ဖြစ်သတည်း။
And the priest shall burn it upon the altar: it is the food of the offering made by fire unto the Lord.
12 ၁၂ ဆိတ် ကို ပူဇော် လိုလျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ဆက် ပြီးမှ ၊
And if a goat be his offering, then shall he bring it near before the Lord.
13 ၁၃ ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ သတ် ပြီးလျှင် ၊ အာရုန် ၏ သား တို့သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
And he shall lay his hand upon its head, and kill it before the tabernacle of the congregation: and the sons of Aaron shall sprinkle its blood upon the altar round about.
14 ၁၄ အအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့်ဆိုင်သမျှ သောဆီဥ၊
And he shall offer thereof his offering, as a fire-offering unto the Lord, the fat that covereth the inwards, and all the fat that is upon the inwards.
15 ၁၅ ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တို့ကို၊ မိမိ ပူဇော် သက္ကာထဲ တွင် ယူ၍ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာဘို့ ဆက် ပြီးမှ၊
And the two kidneys, and the fat that is upon them, which is on the flanks, and the midriff above the liver, with the kidneys shall he remove it.
16 ၁၆ ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မွှေးကြိုင် ရာဘို့ မီး ဖြင့် ပြုသောပူဇော်သက္ကာ အစာ အာဟာရ ဖြစ်သတည်း။ ဆီဥ ရှိသမျှ ကို ထာဝရဘုရား ဆိုင်တော်မူ၏။
And the priest shall burn them upon the altar; as the food of the offering made by fire for a sweet savor, is all the fat unto the Lord.
17 ၁၇ သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ နေ လေ ရာရာ၌ ဆီဥ ကိုမ စား ရ၊ အသွေး ကို မစားရဟု ထာဝရ ပညတ် တော် ဖြစ်သည်ဟု မိန့်တော်မူ၏။
A perpetual statute shall it be for your generations throughout all your dwellings: no fat nor blood shall ye eat.

< ဝတ်ပြုရာ 3 >