< ဝတ်ပြုရာ 27 >
1 ၁ တဖန် မောရှေ အား ထာဝရဘုရား က၊
And YHWH speaks to Moses, saying,
2 ၂ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သစ္စာ ဂတိပြု ၍ ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင် အဘိုး ပြတ်သည်အတိုင်း ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်ရမည်။
“Speak to the sons of Israel, and you have said to them: When a man makes a special vow in your valuation of persons to YHWH,
3 ၃ သင် သည် အဘယ်မျှ အဘိုး ပြတ်ရမည်နည်းဟူမူကား၊ ယောက်ျား ကို အသက် နှစ် ဆယ်မှသည် ခြောက် ဆယ်တိုင်အောင် ၊ အကျပ် တော်အလိုက် ငွေ အကျပ် ငါး ဆယ်နှင့် အဘိုး ပြတ်ရမည်။
then your valuation has been of the male from a son of twenty years even to a son of sixty years, and your valuation has been fifty shekels of silver by the shekel of the holy place.
4 ၄ မိန်းမ ဖြစ်လျှင် ၊ ငွေအကျပ် သုံး ဆယ်နှင့် အဘိုး ပြတ်ရမည်။
And if it [is] a female, then your valuation has been thirty shekels;
5 ၅ အသက် ငါး နှစ်မှ သည် ဆယ်နှစ်တိုင်အောင် ၊ ယောက်ျား ကို အကျပ် နှစ် ဆယ်၊ မိန်းမ ကို အကျပ် တဆယ် နှင့် အဘိုး ပြတ်ရမည်။
and if from a son of five years even to a son of twenty years, then your valuation of the male has been twenty shekels, and for the female, ten shekels;
6 ၆ အသက်တလ မှ သည် ငါး နှစ် တိုင်အောင် ၊ ယောက်ျား ကို ငွေ ငါး ကျပ် ၊ မိန်းမ ကို သုံး ကျပ် နှင့် အဘိုး ပြတ်ရမည်။
and if from a son of a month even to a son of five years, then your valuation of the male has been five shekels of silver, and for the female your valuation [is] three shekels of silver;
7 ၇ အသက် ခြောက် ဆယ်လွန် လျှင် ၊ ယောက်ျား ကို ဆယ် ငါး ကျပ် ၊ မိန်းမ ကို တဆယ် နှင့် အဘိုး ပြတ်ရမည်။
and if from a son of sixty years and above, if a male, then your valuation has been fifteen shekels, and for a female, ten shekels.
8 ၈ သင် အဘိုး ပြတ်သည်အတိုင်း၊ မ တတ်နိုင်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့ချဉ်းကပ် ၍ ၊ ယဇ် ပုရောဟိတ်သည် သစ္စာ ဂတိပြုသောသူ တတ်နိုင် သမျှအတိုင်း အဘိုး ပြတ်ရမည်။
And if he is poorer than your valuation, then he has presented himself before the priest, and the priest has valued him; according to that which the hand of him who is vowing reaches, the priest values him.
9 ၉ လူသည် တိရစ္ဆာန် ကို ထာဝရဘုရား အား ပူဇော် လျှင်၊ ပူဇော် သမျှ သည် သန့်ရှင်း ရမည်။
And if [it is] a beast of which they bring near [as] an offering to YHWH, all that [one] gives of it to YHWH is holy;
10 ၁၀ ကောင်း သည်ဖြစ်စေ ၊ ညံ့ သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မ လဲ ရ။ လဲ လိုလျှင် ၊ နှစ်ကောင် စလုံး သန့်ရှင်း ရမည်။
he does not change it nor exchange it, a good for a bad, or a bad for a good; and if he really exchanges beast for beast, then it has been [holy] and its exchange is holy.
11 ၁၁ ထာဝရဘုရား အား မ ပူဇော် အပ်၊ မ စင်ကြယ်သော တိရစ္ဆာန် ဖြစ်လျှင် ၊ ယဇ်ပုရောဟိတ် အား ပြ ၍၊
And if [it is] any unclean beast of which they do not bring near [as] an offering to YHWH, then he has presented the beast before the priest,
12 ၁၂ ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုးရှိ ရမည်။
and the priest has valued it, whether good or bad; according to your valuation, O priest, so it is;
13 ၁၃ ပူဇော်သောသူသည် ရွေး လိုလျှင် ၊ အဘိုး ရင်းနှင့် ငါး စုတစုကို ထပ် ၍ ပေးရမည်။
and if he really redeems it, then he has added its fifth to your valuation.
14 ၁၄ လူ သည် မိမိ အိမ် ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
And when a man sanctifies his house [as] a holy thing to YHWH, then the priest has valued it, whether good or bad; as the priest values it so it stands;
15 ၁၅ ထိုအိမ် ကို သန့်ရှင်း စေသောသူ ရွေး လိုလျှင် ၊ ပြတ်သောအဘိုး ရင်းနှင့် ငါး စုတစုကို ပေး ၍ အိမ်ကို ယူရမည်။
and if he who is sanctifying redeems his house, then he has added a fifth of the money of your valuation to it, and it has become his.
16 ၁၆ လူ သည် ကိုယ် ပိုင် သော လယ်ယာ ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုး ပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေ အကျပ် ငါး ဆယ်နှင့် အဘိုးပြတ် ရမည်။
And if a man sanctifies to YHWH from a field of his possession, then your valuation has been according to its seed—a homer of barley-seed at fifty shekels of silver;
17 ၁၇ ယုဘိလ နှစ် မှစ၍မိမိ လယ် ကို သန့်ရှင်း စေလျှင် ၊ ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
if he sanctifies his field from the Year of the Jubilee, according to your valuation it stands;
18 ၁၈ ယုဘိလ နှစ်လွန် မှ မိမိ လယ် ကို သန့်ရှင်း စေလျှင် ၊ နောင် ယုဘိလ နှစ် မှီ အောင် လိုသေးသော နှစ် ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ပြတ်သော အဘိုး ရင်းငွေကို လျှော့ ရမည်။
and if he sanctifies his field after the Jubilee, then the priest has reckoned the money to him according to the years which are left, to the Year of the Jubilee, and it has been diminished from your valuation.
19 ၁၉ မိမိ လယ် ကို သန့်ရှင်း စေသောသူသည် ရွေး လိုလျှင် ၊ ပြတ်သော အဘိုး ရင်းနှင့် ငါး စုတစုကို ပေး ၍ လယ်ကို အပိုင်ယူရမည်။
And if he really redeems the field—he who is sanctifying it—then he has added a fifth of the money of your valuation to it, and it has been established to him;
20 ၂၀ သို့မဟုတ် လယ် ကိုမ ရွေး လို၊ အခြား သောသူအား ရောင်း မိလျှင် ၊ နောက် တဖန် မ ရွေး ရ။
and if he does not redeem the field, or if he has sold the field to another man, it is not redeemed anymore;
21 ၂၁ ယုဘိလ နှစ်တွင် ထိုလယ် သည် အမှုလွတ် သောအခါ ၊ ကျိန်ဆို သောလယ် ကဲ့သို့ ၊ ထာဝရဘုရား အား သန့်ရှင်း ၍ ယဇ်ပုရောဟိတ် ၏ ဥစ္စာ ဖြစ် ရမည်။
and the field has been, in its going out in the Jubilee, holy to YHWH as a field which is devoted; his possession is for the priest.
22 ၂၂ လူသည် ကိုယ်ပိုင် ရင်းမ ဟုတ်၊ ဝယ် သော လယ်ယာ ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင်၊
And if he sanctifies a field of his purchase to YHWH, which [is] not of the fields of his possession,
23 ၂၃ ယုဘိလ နှစ် တိုင်အောင် ပြတ်သောအဘိုး ကို၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော နေ့ ၌ အဘိုးပြတ်သောငွေ ကို ပေး ရမည်။
then the priest has reckoned to him the amount of your valuation up to the Year of Jubilee, and he has given your valuation in that day [as] a holy thing to YHWH;
24 ၂၄ ယုဘိလ နှစ် ရောက်သောအခါ ၊ ထိုလယ် ကို အရင်ပိုင် ၍ ရောင်းသောသူ လက်သို့ ပြန် စေရမည်။
in the Year of the Jubilee the field returns to him from whom he bought it, to him who [has] the possession of the land.
25 ၂၅ အဘိုး ပြတ်လေရာရာ ၌ အကျပ် တော်အလိုက် ပြတ်ရမည်။ အကျပ် ကား၊ ဂေရ နှစ် ဆယ်ဖြစ် သတည်း။
And all your valuation is by the shekel of the holy place: the shekel is twenty gerahs.
26 ၂၆ ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန် သားဦး ကို၊ အဘယ် သူမျှမ သန့်ရှင်း စေရ။ နွား ဖြစ်စေ ၊ သိုး ဆိတ် ဖြစ်စေ ၊ ထာဝရဘုရား ဥစ္စာဖြစ်၏။
Only, a firstling which is YHWH’s firstling among beasts—no man sanctifies it, whether ox or sheep; it [is] YHWH’s.
27 ၂၇ မ စင်ကြယ်သော တိရစ္ဆာန် ဖြစ်လျှင် ၊ အဘိုးပြတ်သည်အတိုင်း ရွေး ၍ ၊ ငါး စုတစုကို ထပ် ၍ ပေးရမည်။ မ ရွေး လိုလျှင် ၊ အဘိုး ပြတ်သည်အတိုင်း ရောင်း ရမည်။
And if [from] among the unclean beast, then he has ransomed [it] at your valuation, and he has added its fifth to it; and if it is not redeemed, then it has been sold at your valuation.
28 ၂၈ သို့ရာတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ကိုယ်ပိုင် ရင်းလယ် ဖြစ်စေ ၊ ထာဝရဘုရား အား ကျိန်ဆို ၍ ပူဇော် သမျှ ကို မ ရောင်း မ ရွေး ရ။ ကျိန်ဆို ၍ ပူဇော်သမျှ တို့သည် ထာဝရဘုရား အား အလွန်သန့်ရှင်း ရမည်။
Only, no devoted thing which a man devotes to YHWH of all that he has, of man, and beast, and of the field of his possession, is sold or redeemed; every devoted thing is most holy to YHWH.
29 ၂၉ လူ ကိုပင် ကျိန်ဆို ၍ ပူဇော် လျှင်၊ နောက်တဖန် မ ရွေး ရ၊ သတ် ရမည်။
No devoted thing, which is devoted of man, is ransomed, it is surely put to death.
30 ၃၀ စပါး ဖြစ်စေ၊ သစ်သီး ဖြစ်စေ၊ မြေ ကဖြစ်သမျှ သောအသီးအနှံဆယ် စုတစုသည် ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
And all tithe of the land, of the seed of the land, of the fruit of the tree, is YHWH’s; [it is] holy to YHWH.
31 ၃၁ ဆယ် စုတစုကို ရွေး လိုလျှင် ၊ အဘိုးရင်းနှင့်ငါး စုတစုကို ထပ် ၍ပေးရမည်။
And if a man really redeems [any] of his tithe, he adds its fifth to it.
32 ၃၂ နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ ကြိမ်လုံး အောက် ၌ သွား သမျှ သော အကောင်ဆယ် စုတစုသည်၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
And all the tithe of the herd and of the flock—all that passes by under the rod—the tenth is holy to YHWH;
33 ၃၃ ကောင်း သလော၊ ညံ့ သလောဟုမ မေးမစစ် ရ။ တကောင်အတွက် တကောင်ကို မ လဲ ရ။ လဲ လိုလျှင် နှစ်ကောင်စလုံး သန့်ရှင်း ရမည်။ အလျှင်းမ ရွေး ရဟု မိန့် တော်မူ၏။
he does not inquire between good and bad, nor does he exchange it; and if he really exchanges it, then it has been [holy] and its exchange is holy; it is not redeemed.”
34 ၃၄ ဤ ရွေ့ကား ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ ဣသရေလ အမျိုးသား တို့အဘို့ မောရှေ ၌ ထား တော်မူသော ပညတ် တော်များ ဖြစ်သတည်း။
These [are] the commands which YHWH has commanded Moses for the sons of Israel in Mount Sinai.