< ဝတ်ပြုရာ 26 >
1 ၁ သင် တို့သည် ကိုယ် အဘို့ ထုလုပ် သော ရုပ်တု ဆင်းတု ကို မ ရှိစေရ။ သင် တို့ပြည် ၌ ကိုးကွယ် စရာ မှတ်တိုင် ကို မ စိုက် ရ။ ထုသောကျောက် ကို ထောင်၍မ ထား ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
“You do not make idols for yourselves; and you do not set up carved image or standing image for yourselves; and you do not put a stone of imagery in your land, to bow yourselves to it; for I [am] your God YHWH.
2 ၂ ငါ့ ဥပုသ် နေ့တို့ကိုစောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
You keep My Sabbaths and you revere My sanctuary; I [am] YHWH.
3 ၃ သင်တို့သည်၊ ငါ့ ထုံးဖွဲ့ ရာလမ်းသို့ လိုက် ၍၊ ငါ ပညတ် တို့ကို ကျင့် စောင့် လျှင်၊
If you walk in My statutes, and you keep My commands, and have done them,
4 ၄ အချိန် တန်မှ ငါသည် သင် တို့အဘို့ မိုဃ်း ရွာစေ သဖြင့် ၊ မြေ သည် မိမိ ဘဏ္ဍာ ကိုပေး ၍ ၊ ဥယျာဉ် အပင် တို့သည် အသီး သီး ကြလိမ့်မည်။
then I have given your rains in their season, and the land has given her produce, and the tree of the field gives its fruit;
5 ၅ စပါးနင်း နယ်သော အမှုသည်၊ စပျစ်သီး ညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီး ညှစ်သောအမှုသည်၊ မျိုးစေ့ ကြဲရာ ကာလတိုင်အောင်၎င်း မှီ သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ၊ ကိုယ် ပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
and the threshing has reached to you, [and] the gathering, and the gathering reaches the sowing-[time]; and you have eaten your bread to satiety, and have dwelt confidently in your land.
6 ၆ သင်တို့ပြည် ၌ စစ်မှုကို ငါငြိမ်း စေ၍ ၊ ခြိမ်းချောက် သောသူ မ ရှိဘဲ သင်တို့သည် အိပ် ရကြလိမ့်မည်။ ဆိုး သော သားရဲ တို့ကိုလည်း ငါပယ်ရှား မည်။ တပြည်လုံး သည် ထား ဘေးနှင့် ကင်းလွတ် လိမ့်မည်။
And I have given peace in the land, and you have lain down, and there is none causing trembling; and I have caused evil beasts to cease out of the land, and the sword does not pass over into your land.
7 ၇ သင်တို့သည် ရန်သူ များကို လိုက် ၍ ထား လက်နက်ဖြင့် အောင်ကြလိမ့်မည်။
And you have pursued your enemies, and they have fallen before you by the sword;
8 ၈ သင် တို့တွင် လူငါး ယောက်သည်၊ ရန်သူတရာ ကို လိုက် လိမ့်မည်။ လူတရာ သည် ရန်သူ တ သောင်းကို ပြေး စေ၍ ၊ ထား လက်နက်ဖြင့် အောင် ကြလိမ့်မည်။
and five of you have pursued one hundred, and one hundred of you pursue a myriad; and your enemies have fallen before you by the sword.
9 ၉ သင် တို့ကို ငါစောင့်မ သဖြင့် တိုးပွား များပြားစေ၍ ၊ သင် တို့နှင့် ငါ ပြုသော ပဋိညာဉ် ကို ငါမြဲမြံ စေမည်။
And I have turned to you, and have made you fruitful, and have multiplied you, and have established My covenant with you;
10 ၁၀ သိုထားသော စပါးဟောင်း ကို စား ၍ မကုန်မှီ၊ စပါးသစ် ပေါ်သောကြောင့် ၊ အဟောင်း ကို ထုတ် ရကြမည်။
and you have eaten old [store], and you bring out the old because of the new.
11 ၁၁ ငါသည် စက်ဆုပ် ရွံရှာခြင်းမ ရှိဘဲ သင် တို့တွင် တဲ တော်ကို တည် မည်။
And I have given My Dwelling Place in your midst, and My soul does not loathe you;
12 ၁၂ သင် တို့တွင် လည်း လှည့်လည် ၍ သင် တို့၏ ဘုရား သခင်ဖြစ် မည်။ သင် တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
and I have habitually walked in your midst, and have become your God, and you become My people;
13 ၁၃ အဲဂုတ္တု ပြည် ၌ အစေ ကျွန်ခံရ သော သင် တို့ကို ငါလွှတ်၍ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် တို့၏ ထမ်းဘိုး ကြိုးကို ငါဖြတ် ၍ သင် တို့ကို တည့်မတ် စေပြီ။
I [am] your God YHWH, who has brought you out of the land of the Egyptians, from being their servants; and I break the bars of your yoke and cause you to go erect.
14 ၁၄ သင်တို့သည် ငါ့ စကားကို နား မထောင်၊ ဤ ပညတ် အလုံးစုံ ကို မ စောင့်၊
And if you do not listen to Me and do not do all these commands,
15 ၁၅ ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ ၊ မထီမဲ့မြင် ပြုလျက် ၊ ငါ့ ပညတ် တရားကိုမ ကျင့် ၊ ငါ့ ပဋိညာဉ် သစ္စာကို ဖျက် လျှင်၊
and if you kick at My statutes, and if your soul loathes My judgments, so as not to do all My commands—to your breaking My covenant—
16 ၁၆ သင် တို့၌ ငါ ပြု လတံ့သောအမှုဟူမူကား ၊ သင် တို့၌ မျက်စိ ပျက် လျက် ၊ စိတ်ပူပန် လျက် ရှိစေခြင်းငှါ၊ ထိတ်လန့် သော သဘော၊ တူလာ ၊ ဖျားနာ တို့ကို သင်တို့အပေါ်မှာ ငါခန့် ထားမည်။ သင် တို့သည် မျိုးစေ့ ကို ကြဲ သော်လည်းအကျိုး မရှိ။ ရန်သူ တို့သည် အသီးအနှံကို စား ကြလိမ့်မည်။
I also do this to you: I have even appointed trouble over you, the consumption, and the burning fever, consuming eyes, and causing pain of soul; and you have sowed your seed in vain, and your enemies have eaten it;
17 ၁၇ သင် တို့ကို ငါ မျက်နှာ ထား ၍ ၊ ရန်သူ ရှေ့ မှာ ဆုံး စေမည်။ သင် တို့သည် ရန်သူ ၏ အုပ်စိုး ခြင်းကို ခံရ၍ ၊ အဘယ်သူမျှမ လိုက် သော်လည်း ၊ ပြေး ကြလိမ့်မည်။
and I have set My face against you, and you have been struck before your enemies; and those hating you have ruled over you, and you have fled when there is none pursuing you.
18 ၁၈ ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်ဘဲ နေသေးလျှင် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကို ငါပေးဦးမည်။
And if up to these you [still] do not listen to Me—then I have added to discipline you sevenfold for your sins;
19 ၁၉ သင် တို့မာန အစွယ်ကို ငါချိုး မည်။ မိုဃ်းကောင်းကင် ကို သံ ကဲ့သို့ ၎င်း၊ မြေကြီး ကို ကြေးဝါ ကဲ့သို့ ၎င်း၊ ငါဖြစ် စေသဖြင့်၊
and I have broken the pride of your strength, and have made your heavens as iron, and your earth as bronze;
20 ၂၀ သင် တို့သည် အချည်းနှီး ကြိုးစား အားထုတ် ကြလိမ့်မည်။ သင် တို့မြေ သည် မိမိ ဘဏ္ဍာ ကို မ ပေး။ ဥယျာဉ် အပင် တို့သည် အသီး မ သီး ကြ။
and your strength has been consumed in vain, and your land does not give her produce, and the tree of the land does not give its fruit.
21 ၂၁ သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင်ဘက် ပြုလျှင် ၊ သင် တို့အပြစ် အလျောက် ခုနစ် ဆ သောဘေး ကြီးကို ငါသက်ရောက်စေမည်။
And if you walk with Me [in] opposition, and are not willing to listen to Me, then I have added to you a plague sevenfold, according to your sins,
22 ၂၂ သင် တို့၏ သား သမီးများကို ချီသွား၍ ၊ သင် တို့၏ တိရစ္ဆာန် များကို ဖျက်ဆီး လျက် ၊ သင် တို့ကို နည်း စေ ခြင်းငှါ ၊ သားရဲ များကို ငါစေလွှတ် သဖြင့် ၊ သင် တို့သွားရာ လမ်းမ တို့သည် လူဆိတ်ညံ ရာ ဖြစ်ကြလိမ့်မည်။
and sent the beast of the field against you, and it has bereaved you; and I have cut off your livestock, and have made you few, and your ways have been desolate.
23 ၂၃ ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊
And if by these you are not instructed by Me, and have walked with Me [in] opposition,
24 ၂၄ ငါ သည်လည်း သင် တို့ကို ဆန့်ကျင် ဘက်ပြု၍ ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကိုပေး ဦးမည်။
then I have walked—I also—with you in opposition, and have struck you, even I, sevenfold for your sins;
25 ၂၅ ငါ့ပဋိညာဉ် ဘက်၌ နေ၍၊ တရားစီရင် ရသောထား ဘေးကိုသင် တို့အပေါ် မှာ ငါသက်ရောက် စေမည်။ သင် တို့သည် မြို့ ထဲ ၌ စုဝေး သောအခါ ၊ ကာလနာ ဘေးကို ငါစေလွတ် ၍ ၊ ရန်သူ လက် သို့ ရောက် စေမည်။
and I have brought in a sword on you, executing the vengeance of a covenant; and you have been gathered to your cities, and I have sent pestilence into your midst, and you have been given into the hand of an enemy.
26 ၂၆ သင် တို့၏ အစာ အာဟာရ အထောက် အပင့်ကို ငါ ပယ်ရှား သောအခါ ၊ မိန်းမ တကျိပ် တို့သည် သင် တို့၏ မုန့် ကို မီးဖို တဖို၌ ဖုတ် ပြီးမှ ၊ ထိုမုန့် ကို ချိန် ပေးသဖြင့် သင်တို့သည် ဝ စွာမ စား ရကြ။
In My breaking your staff of bread, then ten women have baked your bread in one oven, and have given back your bread by weight; and you have eaten and are not satisfied.
27 ၂၇ ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊
And if for this you do not listen to Me, and have walked with Me in opposition,
28 ၂၈ ငါသည်လည်း အမျက် ထွက်၍ သင် တို့ကို ဆန့်ကျင် ဘက်ပြုသဖြင့် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆ သော ဒဏ် ကိုပေး ဦးမည်။
then I have walked with you in the fury of opposition, and have disciplined you, even I, sevenfold for your sins.
29 ၂၉ သင်တို့သည် ကိုယ် သား သမီး တို့၏ အသား ကို စား ရကြလိမ့်မည်။
And you have eaten [the] flesh of your sons; and you eat [the] flesh of your daughters.
30 ၃၀ သင် တို့မြင့် သော အရပ်များကို ငါဖြိုဖျက် ၍ ၊ ရုပ်တု ဆင်းတုများကို ခုတ်လှဲ မည်။ သင် တို့အသေ ကောင် များကို၊ ရုပ်တု ဆင်းတုအသေ ကောင်အပေါ် မှာ ပစ်ချ ၍ ၊ သင် တို့ကို စက်ဆုပ် ရွံရှာမည်။
And I have destroyed your high places, and cut down your images, and have put your carcasses on the carcasses of your idols, and My soul has loathed you;
31 ၃၁ သင် တို့မြို့ များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်း ရာဌာနတော်ကို သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် တို့နံ့သာပေါင်း အမွှေး အကြိုင်ကို ငါမ နမ်း။
and I have made your cities a ruin, and have made your sanctuaries desolate, and I do not smell your refreshing fragrance;
32 ၃၂ တပြည်လုံး ကို ငါ သုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌ နေ သော သင် တို့၏ ရန်သူ တို့သည် မြင်၍ မိန်းမော တွေဝေကြလိမ့်မည်။
and I have made the land desolate, and your enemies who are dwelling in it have been astonished at it.
33 ၃၃ သာသနာပ လူတို့တွင် သင် တို့ကို အရပ်ရပ်ငါကွဲပြား စေ၍ ၊ ထား မိုးလျက် လိုက်မည်။ သင် တို့ပြည် သည်လည်း လူဆိတ်ညံ လျက် ၊ မြို့ သည်လည်း ပျက်စီး လျက်ရှိ လိမ့်မည်။
And I scatter you among nations, and have drawn out a sword after you, and your land has been a desolation, and your cities are a ruin.
34 ၃၄ ထိုသို့ သင် တို့သည် ရန်သူ ပြည် ၌ နေ၍၊ ကိုယ်ပြည် သည် လူဆိတ်ညံ လျက်နေသောကာလ ပတ်လုံး ငြိမ်ဝပ် စွာနေ၍ ၊ မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် ရလိမ့်မည်။
Then the land enjoys its Sabbaths all the days of the desolation—and you [are] in the land of your enemies; then the land rests, and has enjoyed its Sabbaths;
35 ၃၅ လူဆိတ်ညံ လျက်နေရသော ကာလ ပတ်လုံး ငြိမ်ဝပ် လိမ့်မည်။ သင် တို့ရှိနေ သောအခါ ၊ ဥပုသ် နေ့တို့၌ ပြည်သည် မ ငြိမ် မဝပ်ရ။
it rests all the days of the desolation [for] that which it has not rested in your Sabbaths, in your dwelling on it.
36 ၃၆ ရန်သူ ပြည် မှာ ကျန် ကြွင်းသော သင် တို့စိတ် နှလုံးထဲ သို့၊ ထိတ်လန့် သော သဘောကို ငါပေးသွင်း သဖြင့် ၊ သစ်ရွက် လှုပ်သံ ကြောင့် သင်တို့သည် ကြောက်၍၊ ထား ဘေးမှ ပြေး သကဲ့သို့ပြေးကြလိမ့်မည်။ အဘယ်သူမျှ မ လိုက် သော်လည်းလဲ ကြလိမ့်မည်။
And those who are left of you—I have also brought a faintness into their heart in the lands of their enemies, and the sound of a leaf driven away has pursued them, and they have fled [as in] flight from a sword—and they have fallen, and there is none pursuing.
37 ၃၇ အဘယ်သူမျှမ လိုက် ဘဲ ထား ဘေးမှ ပြေးသောသူကဲ့သို့ တယောက် အပေါ် မှာ တယောက် လဲ ကြလိမ့်မည်။ ရန်သူ ရှေ့ မှာ ရပ် နိုင်သော တန်ခိုးမ ရှိ ရ။
And they have stumbled on one another, as from the face of a sword, and there is none pursuing, and you have no standing before your enemies,
38 ၃၈ ရန်သူ ပြည် သည် သင် တို့ကို မျိုစား ၍ ၊ သာသနာပ လူတို့တွင် ဆုံးရှုံး ကြလိမ့်မည်။
and you have perished among the nations, and the land of your enemies has consumed you.
39 ၃၉ ကျန် ကြွင်းသော သင် တို့သည်၊ ရန်သူ ပြည် ၌ ကိုယ် အပြစ် ၊ ဘိုးဘ တို့အပြစ် ကိုခံ လျက်၊ ဘိုးဘနှင့်တကွ အားလျော့ ကြလိမ့်မည်။
And those who are left of you—they consume away in their iniquity, in the lands of your enemies; and also in the iniquities of their fathers, they consume away with them.
40 ၄၀ သို့ရာတွင် သူတို့သည် ငါ့ ကို ပြစ်မှား ၍ ၊ ငါ့ ကို ဆန့်ကျင် ဘက်ပြုသောကြောင့်၊
And [if] they have confessed their iniquity and the iniquity of their fathers, in their trespass which they have trespassed against Me, and also that they have walked with Me in opposition,
41 ၄၁ ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
when I also walk in opposition to them, and have brought them into the land of their enemies—if then their uncircumcised heart is humbled, and then they accept the punishment of their iniquity—
42 ၄၂ ငါသည် ယာကုပ် နှင့်ပြုသောပဋိညာဉ် ၊ ဣဇာက် နှင့်ပြုသောပဋိညာဉ် ၊ အာဗြဟံ နှင့်ပြုသောပဋိညာဉ် ကို၎င်း၊ ထိုပြည် ကို၎င်းငါအောက်မေ့ မည်။
then I have remembered My covenant [with] Jacob, and also My covenant [with] Isaac, and also My covenant [with] Abraham I remember, and I remember the land.
43 ၄၃ ထိုပြည် သည် သူ တို့ လက်မှ လွတ် ၍၊ သူ တို့မရှိဘဲ လူဆိတ်ညံ လျက်နေစဉ် တွင် မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် လိမ့်မည်။ သူတို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ မထီမဲ့မြင် ပြုသော အပြစ် ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။
And the land is left by them, and enjoys its Sabbaths, in the desolation without them, and they accept the punishment of their iniquity, because, even because, they have kicked against My judgments, and their soul has loathed My statutes,
44 ၄၄ သို့ရာတွင် ရန်သူ ပြည် ၌ နေ ကြသောအခါ ၊ သူ တို့ကို ရှင်းရှင်းဖျက်ဆီး ၍ ၊ သူ တို့နှင့် ငါပြုသော ပဋိညာဉ် ကို ပယ် သည်တိုင်အောင် သူ တို့ကို ငါမ စွန့်ပစ် မ ရွံရှာ။ ငါ သည် သူ တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
and also even this, in their being in the land of their enemies, I have not rejected them, nor have I loathed them, to consume them, to break My covenant with them; for I [am] their God YHWH—
45 ၄၅ ငါသည် သူ တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ သာသနာပ လူတို့ မျက်မှောက် ၌ ၊ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော သူ တို့ ဘိုးဘေး နှင့် ငါပြုသော ပဋိညာဉ် ကို သူ တို့အတွက် ငါအောက်မေ့ မည်၊ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
then I have remembered for them the covenant of the ancestors, whom I brought forth out of the land of Egypt before the eyes of the nations to become their God; I [am] YHWH.”
46 ၄၆ ဤ ရွေ့ကား ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ ဣသရေလ အမျိုးသား တို့အဘို့ မောရှေ လက် တွင် ထား တော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရား ဖြစ်သတည်း။
These [are] the statutes, and the judgments, and the laws, which YHWH has given between Him and the sons of Israel in Mount Sinai, by the hand of Moses.