< ဝတ်ပြုရာ 25 >

1 တဖန် သိနာ တောင် ပေါ် မှာ၊ မောရှေ အား ထာဝရဘုရား က၊
Olúwa sọ fún Mose ní orí òkè Sinai pé,
2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် သောအခါ ၊ ထိုပြည် သည် ထာဝရဘုရား အဘို့ ဥပုသ် စောင့် ရမည်။
“Sọ fún àwọn ọmọ Israẹli, kí o sì wí fún wọn pé, ‘Nígbà tí ẹ bá dé ilẹ̀ náà tí èmi ó fi fún yín, ilẹ̀ náà gbọdọ̀ sinmi fún Olúwa.
3 ခြောက် နှစ် ပတ်လုံးလယ် လုပ်လျက်၊ စပျစ် ဥယျာဉ်ကို သုတ်သင် ၍ အသီး ကို သိမ်း လျက် နေရမည်။
Ọdún mẹ́fà ni ìwọ ó fi gbin oko rẹ, ọdún mẹ́fà ni ìwọ ó fi tọ́jú ọgbà àjàrà rẹ, tí ìwọ ó sì fi kó èso wọn jọ.
4 သတ္တမ နှစ် သည်၊ ထာဝရဘုရား အဘို့ ဥပုသ် နှစ်၊ တပြည်လုံး ငြိမ်ဝပ် စွာနေ၍ ဥပုသ် စောင့်ရသောနှစ်ဖြစ်၏။ လယ် မ လုပ် ရ။ စပျစ် ဥယျာဉ်ကို မ သုတ်သင် ရ။
Ṣùgbọ́n ní ọdún keje kí ilẹ̀ náà ní ìsinmi: ìsinmi fún Olúwa. Bẹ́ẹ̀ ni ìwọ kò gbọdọ̀ tọ́jú ọgbà àjàrà rẹ.
5 လယ်၌ အလိုလို ပေါက်သော အသီး အနှံကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ် အသီး ကိုမျှ မ ဆွတ် ရ။ တပြည်လုံး ငြိမ်ဝပ် စွာ နေရသော နှစ် ဖြစ် ၏။
Ẹ má ṣe kórè ohun tí ó tìkára rẹ̀ hù, ẹ má ṣe kórè èso àjàrà ọgbà tí ẹ ò tọ́jú. Ilẹ̀ náà gbọdọ̀ ní ìsinmi fún ọdún kan.
6 ပြည် ဥပုသ် တည်းဟူသောအလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍သင် ၏ ကျွန် ၊ ကျွန် မ၊ သူငှါး ၊ ဧည့်သည် စားစရာ၊
Ohunkóhun tí ilẹ̀ náà bá mú jáde ní ọdún ìsinmi ni yóò jẹ́ oúnjẹ fún yín àní fún ẹ̀yin tìkára yín, àwọn ìránṣẹ́kùnrin àti ìránṣẹ́bìnrin yín, àwọn alágbàṣe àti àwọn tí ń gbé pẹ̀lú yín fún ìgbà díẹ̀.
7 သင် ၏ ပြည် ၌ ရှိသော သားယဉ် သားရဲ စားစရာဖြစ် ရမည်။
Fún àwọn ohun ọ̀sìn yín, àti àwọn ẹranko búburú ní ilẹ̀ yín. Ohunkóhun tí ilẹ̀ náà bá mú jáde ní ẹ lè jẹ.
8 ဥပုသ် နှစ် ခုနစ် နှစ်ကို ရေတွက် ၍ ၊ ခုနှစ် နှစ် ခုနှစ် လီ တည်းဟူသောလေး ဆယ်ကိုး နှစ် စေ့ပြီးမှ၊
“‘Ọdún ìsinmi méje èyí tí í ṣe ọdún mọ́kàndínláàádọ́ta ni kí ẹ kà.
9 သတ္တမ လ ဆယ် ရက်နေ့၊ အပြစ် ဖြေခြင်းပြုရာနေ့ ၌ ၊ ယုဘိလတံပိုး ကို တပြည်လုံး မှုတ် စေရမည်။
Lẹ́yìn náà, kí ẹ fọn fèrè ní gbogbo ibikíbi ní ọjọ́ kẹwàá oṣù keje ní ọjọ́ ìwẹ̀nùmọ́. Ní ọjọ́ ètùtù yìí, ẹ fọn fèrè yíká gbogbo ilẹ̀ yín.
10 ၁၀ ငါး ဆယ်မြောက်သောနှစ် ကို သန့်ရှင်း စေသဖြင့် ၊ တပြည်လုံး ၌ ပြည်သား အပေါင်း တို့အား ၊ လွတ် ရာ အခွင့်ကို ကြွေးကြော် ရမည်။ ယုဘိလ နှစ်ဖြစ်၍၊ လူတိုင်း မိမိ ပိုင် သောမြေ၊ မိမိ အဆွေ အမျိုးထံ သို့ပြန် ရမည်။
Ẹ ya àádọ́ta ọdún náà sọ́tọ̀ kí ẹ sì kéde òmìnira fún gbogbo ẹni tí ń gbé ilẹ̀ náà. Yóò jẹ́ ọdún ìdásílẹ̀ fún yín. Kí olúkúlùkù padà sí ilẹ̀ ìní rẹ̀ àti sí ọ̀dọ̀ àwọn ẹbí rẹ̀.
11 ၁၁ ငါး ဆယ်မြောက်သောနှစ် သည် ယုဘိလ နှစ် ဖြစ် သောကြောင့် လယ် မ လုပ်ရ။ အလိုလို ပေါက်သော အပင်ကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မ ဆွတ် ရ။
Àádọ́ta ọdún ni yóò jẹ́ ọdún ìdásílẹ̀ fún yín. Ẹ má ṣe gbin ohunkóhun, ẹ kò sì gbọdọ̀ kórè ohun tí ó hù fúnra rẹ̀ tàbí kí ẹ kórè ọgbà àjàrà tí ẹ kò dá.
12 ၁၂ ယုဘိလ နှစ်သည် သန့်ရှင်း သော နှစ်ဖြစ်သောကြောင့် ၊ လယ် ၌ ရသောအသီး အနှံကိုသာ စား ရမည်။
Torí pé ọdún ìdásílẹ̀ ni ó sì gbọdọ̀ jẹ́ mímọ́ fún yín. Ẹ jẹ ohun tí ẹ mú jáde nínú oko náà.
13 ၁၃ ယုဘိလ နှစ် တွင် လူ တိုင်း မိမိ ပိုင် သော မြေသို့ ပြန် ရမည်။
“‘Ní ọdún ìdásílẹ̀ yìí, kí olúkúlùkù gbà ohun ìní rẹ̀ padà.
14 ၁၄ သင်တို့သည် အချင်းချင်း ရောင်း ဝယ် မှုကို ပြုလျှင် ၊ တယောက် ကို တယောက်မ ညှဉ်းဆဲ ရ။
“‘Bí ẹ bá ta ilẹ̀ fún ọ̀kan nínú àwọn ènìyàn yín tàbí bí ẹ bá ra èyíkéyìí láti ọ̀dọ̀ rẹ̀, ẹ má ṣe rẹ́ ara yín jẹ.
15 ၁၅ ယုဘိလ နှစ်လွန် ၍ လိုသေးသော နှစ် ပေါင်း၊ အသီး အနှံသီးလတံ့သော နှစ် ပေါင်းကို ရေတွက်၍ ရောင်း ဝယ်မှုကို ပြုရမည်။
Kí ẹ ra ilẹ̀ lọ́wọ́ àwọn ènìyàn yín ní gẹ́gẹ́ bí iye owó tí ó kù kí ọdún ìdásílẹ̀ pé, kí òun náà sì ta ilẹ̀ fún yín gẹ́gẹ́ bí iye ọdún rẹ̀ tókù láti kórè.
16 ၁၆ ထိုသို့ အသီးသီးရသောနှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုး လျော့ လျက်၊ တိုး လျက် ရောင်း ဝယ်ရမည်။
Bí iye ọdún rẹ̀ bá gùn, kí iye owó rẹ̀ pọ̀, bí iye ọdún rẹ̀ bá kúrú, kí iye owó rẹ̀ kéré, torí pé ohun tí ó tà gan an ní iye èso rẹ̀.
17 ၁၇ သင်တို့သည် တယောက် ကိုတယောက်မ ညှဉ်းဆဲ ရ။ သင် တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Ẹ má ṣe rẹ́ ara yín jẹ, ṣùgbọ́n ẹ bẹ̀rù Ọlọ́run. Èmi ni Olúwa Ọlọ́run yín.
18 ၁၈ သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် စောင့်လျှင်၊ ထိုပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
“‘Ẹ tẹ̀lé àwọn ìlànà mi, kí ẹ sì kíyèsi láti pa òfin mi mọ́, kí ẹ ba à le máa gbé láìléwu ní ilẹ̀ náà.
19 ၁၉ မြေ သည်လည်း မိမိ အသီး အနှံကိုပေး သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ဘေး လွတ်လျက် နေ ရကြ လိမ့်မည်။
Nígbà yìí ni ilẹ̀ náà yóò so èso rẹ̀, ẹ ó sì jẹ àjẹyó, ẹ ó sì máa gbé láìléwu.
20 ၂၀ သင်တို့ကလည်း၊ သတ္တမ နှစ် တွင် ငါတို့သည် အဘယ် သို့စား ရမည်နည်း။ လယ် မ လုပ်ရ။ အသီး အနှံကို မ သိမ်း ရပါတကားဟု ဆို လျှင်၊
Ẹ le béèrè pé, “Kí ni àwa ó jẹ ní ọdún keje, bí a kò bá gbin èso tí a kò sì kórè?”
21 ၂၁ ဆဌမ နှစ် တွင် သင် တို့ကို ငါ ကောင်းကြီး ပေး၍ ၊ ထိုနှစ်တွင် သုံး နှစ် အဘို့ အသီး အနှံကို ဖြစ် စေမည်။
Èmi ó pèsè ìbùkún sórí yín tó bẹ́ẹ̀ tí ilẹ̀ yín yóò so èso tó tó fún ọdún mẹ́ta lẹ́yìn rẹ̀.
22 ၂၂ သင်တို့သည် အဋ္ဌမ နှစ် တွင် လယ် လုပ်၍ နဝမ နှစ် တွင် အသီး အနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်း သော အသီး အနှံကို စား ရကြမည်။
Bí ẹ bá gbin èso yín ní ọdún kẹjọ, àwọn èso ti tẹ́lẹ̀ ní ẹ ó máa jẹ, títí tí ìkórè ti ọdún kẹsànán yóò fi dé.
23 ၂၃ မြေ ကို သူတပါး အစဉ် ပိုင်စေခြင်းငှါမ ရောင်း ရ။ မြေ သည် ငါ့ ဥစ္စာဖြစ်၏။ သင် တို့သည် ငါ ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။
“‘Ẹ má ṣe ta ilẹ̀ yín ní àtàpa torí pé ẹ̀yin kọ́ lẹ ni ín, ti Ọlọ́run ni, ẹ̀yin jẹ́ àjèjì àti ayálégbé.
24 ၂၄ သင် တို့သည် မြေ ကို ပိုင် လေရာရာ ၌ ရွေးနှုတ် ရသောအခွင့်ကိုပေး ရကြမည်။
Ní gbogbo orílẹ̀-èdè ìní yín, ẹ fi ààyè sílẹ̀ fún ìràpadà ilẹ̀ náà.
25 ၂၅ သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍၊ မိမိ ပိုင် သောမြေကို ရောင်း လျှင် ၎င်း ၊ သူ ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာ လျှင် ၎င်း၊ မိမိ ပေါက်ဘော် ရောင်း သောဥစ္စာကို ရွေးနှုတ် ရသောအခွင့်ရှိရမည်။
“‘Bí ọ̀kan nínú àwọn ènìyàn yín bá tálákà, dé bi pé ó ta ara àwọn ẹrù rẹ̀, kí ará ilé rẹ̀ tí ó súnmọ́ ọ ra ohun tí ó tà padà.
26 ၂၆ ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊
Ẹni tí kò ní ẹni tó lè rà á padà fún un, tí òun fúnra rẹ̀ sì ti lọ́rọ̀, tí ó sì ní ànító láti rà á.
27 ၂၇ မိမိ မြေ သို့ ပြန် အံ့သောငှါ ၊ ရောင်း ၍လွန်သော နှစ် ပေါင်းကို ရေတွက် ပြီးမှ ၊ လိုသေးသော အဘိုးကို အထက်က ရောင်း ခဲ့သော သူ အား ပြန် ပေးရမည်။
Kí ó mọ iye owó tí ó jẹ fún iye ọdún tí ó tà á, kí ó dá iye tí ó kù padà fún ẹni tí ó tà á fún, lẹ́yìn náà, ó lè padà sí ilẹ̀ ìní rẹ̀.
28 ၂၈ ပြန်၍မ ပေး နိုင်လျှင် ရောင်း ခဲ့သောဥစ္စာကို ယုဘိလ နှစ် တိုင်အောင် ဝယ် သောသူလက် ၌ ရှိ စေရမည်။ ယုဘိလ နှစ်တွင် လက်လွှတ် ၍ အရှင်ဟောင်းလက်သို့ ရောက် စေရမည်။
Ṣùgbọ́n bí kò bá rí ọ̀nà àti san án padà fún un. Ohun tí ó tà wà ní ìkáwọ́ ẹni tí ó rà á títí di ọdún ìdásílẹ̀. Kí ó dá a padà fún ẹni tí ó ni i ní ọdún ìdásílẹ̀, ẹni tí ó ni í tẹ́lẹ̀ lè tún padà gbà ohun ìní rẹ̀.
29 ၂၉ မြို့ ထဲ၌ရှိသောအိမ် ကို အိမ်ရှင်ရောင်း လျှင် ၊ တနှစ် အတွင်းတွင် ရွေးနှုတ် သော အခွင့်ရှိ စေရမည်။
“‘Bí arákùnrin kan bá ta ilé gbígbé kan ní ìlú olódi, kí ó rà á padà ní ìwọ̀n ọdún kan sí àkókò tí ó tà á, ní ìwọ̀n ọdún kan ni kí ó rà á padà.
30 ၃၀ တနှစ် အတွင်းတွင် မ ရွေးနှုတ် လျှင် ၊ ထို အိမ် ကို ဝယ် သောသူမှစ၍သားစဉ် မြေးဆက်တို့သည် အမြဲ ပိုင်ရကြမည်။ ယုဘိလ နှစ်ရောက်သော်လည်းလက်မ လွှတ် ရ။
Ṣùgbọ́n bí kò bá rà á padà láàrín ọdún náà ilé náà tí ó wà láàrín ìlú ni kí ó yọ̀ǹda pátápátá fún ẹni tí ó rà á, àti àwọn ìdílé rẹ̀. Kí wọ́n má da padà ní ọdún ìdásílẹ̀.
31 ၃၁ မြို့ရိုး မ ရှိ၊ ရွာ ၌ရှိသောအိမ် ကို လယ်ယာ ကဲ့သို့မှတ် ၍ ရွေးနှုတ် ရသောအခွင့်ရှိ ၏။ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။
Ṣùgbọ́n àwọn ilé tí ó wà ní abúlé láìní odi ni kí a kà gẹ́gẹ́ bí ilẹ̀ oko, a lè rà wọ́n padà, kí wọ́n sì da padà ní ọdún ìdásílẹ̀.
32 ၃၂ သို့ရာတွင် လေဝိ သားပိုင်သော မြို့ နှင့်မြို့ အိမ် တို့ကို၊ အဘယ် ကာလအချိန်မဆိုဘဲ ရွေးနှုတ် ရသောအခွင့်ရှိ ၏။
“‘Àwọn ọmọ Lefi ní ẹ̀tọ́, nígbàkígbà láti ra ilẹ̀ wọn, tí ó jẹ́ ohun ìní wọn ní àwọn ìlú tí ó jẹ́ ti ọmọ Lefi.
33 ၃၃ လေဝိ သားပိုင် သော မြို့ ကို၎င်း၊ အိမ် ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။ အကြောင်း မူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိ သားတို့သည်၊ ကိုယ် နေရာ မြို့ အိမ် မှတပါး အခြားသော ဥစ္စာမရှိ။
Torí náà ohun ìní àwọn ọmọ Lefi ni wọ́n rà padà, fún àpẹẹrẹ, èyí ni pé ilẹ̀ tí a bá tà ní ìlúkílùú tí ó jẹ́ tiwọn, ó sì gbọdọ̀ di dídápadà ní ọdún ìdásílẹ̀, torí pé àwọn ilẹ̀ tí ó wà ní ìlú àwọn Lefi ni ìní wọn láàrín àwọn ará Israẹli.
34 ၃၄ သို့ ဆိုသော်လည်း၊ လေဝိ သားမြို့ နယ် ၌ရှိသောလယ်ယာ တို့ကို မ ရောင်း ရ။ အစဉ် အမြဲပိုင် ရမည်။
Ṣùgbọ́n ilẹ̀ tí wọ́n ti ń da ẹran tí ó jẹ́ ti ìlú wọn, wọn kò gbọdọ̀ tà wọ́n, ilẹ̀ ìní wọn láéláé ni.
35 ၃၅ သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ လက် အားလျော့ သဖြင့် တပါး အမျိုးသားဧည့်သည် အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့် ထံ မှာနေ စေခြင်းငှါ သူ့ ကို မစ ရမည်။
“‘Bí arákùnrin yín kan bá tálákà tí kò sì le è pèsè fún àìní ara rẹ̀, ẹ pèsè fún un bí ẹ ti ń ṣe fún àwọn àlejò tàbí àwọn tí ẹ gbà sílé: kí ó ba à le è máa gbé láàrín yín.
36 ၃၆ သူ၌ အတိုး အပွားကို မ ယူ ရ။ သင် ၏ အမျိုးသား ချင်းသည် သင့် ထံ မှာနေ စေခြင်းငှါ ၊ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ လော့။
Ẹ kò gbọdọ̀ gba èlé kankan lọ́wọ́ rẹ̀, ẹ bẹ̀rù Olúwa kí arákùnrin yín le è máa gbé láàrín yín.
37 ၃၇ အတိုး အပွါး ကို မြော်လင့်၍ ငွေ ကို၎င်း၊ စားစရာ ကို၎င်း၊ သူ ၌ မ ချေး မငှါးရ။
Ẹ má ṣe gba èlé lórí owó tí ẹ yá a bẹ́ẹ̀ ni ẹ kò gbọdọ̀ jẹ èrè lórí oúnjẹ tí ẹ tà fún un.
38 ၃၈ ငါသည် ခါနာန် ပြည် ကို သင် တို့အား ပေး ၍ ၊ သင် တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Èmi ni Olúwa Ọlọ́run yín tí ó mú yín jáde láti ilẹ̀ Ejibiti láti fún yín ní ilẹ̀ Kenaani àti láti jẹ́ Ọlọ́run yín.
39 ၃၉ သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ သင် ၌ အရောင်း ခံလျှင် ၊ အစေခံ ကျွန်ကိုပြု သကဲ့သို့သူ့ ကို အနိုင်မ ပြု ရ။
“‘Bí arákùnrin yín kan bá tálákà dé bi pé ó ta ara rẹ̀ fún ọ bí ẹrú. Má ṣe lò ó bí ẹrú.
40 ၄၀ သူသည် သူငှါး ကဲ့သို့ ၎င်း၊ ဧည့်သည် ကဲ့သို့ ၎င်း၊ သင့် ထံ မှာနေ ၍ ယုဘိလ နှစ် တိုင်အောင် အစေခံ ရမည်။
Jẹ́ kí ó wà lọ́dọ̀ rẹ bí alágbàṣe tàbí àlejò láàrín yín, kí ó máa ṣiṣẹ́ sìn ọ́ títí di ọdún ìdásílẹ̀.
41 ၄၁ ထိုအခါ သူ သည် သား သမီးနှင့်တကွ ထွက် ၍ ၊ မိမိ အဆွေ အမျိုး၊ မိမိ ဘိုး ဘပိုင် သောမြေသို့ ပြန် ရမည်။
Nígbà náà ni kí ó yọ̀ǹda òun àti àwọn ọmọ rẹ̀, kí wọ́n padà sí ìdílé wọn àti sí ilẹ̀ ìní baba wọn.
42 ၄၂ အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော ငါ ၏ အမှုထမ်း ဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မ ရောင်း ရ။
Torí pé ìránṣẹ́ mi ni àwọn ará Israẹli jẹ́. Ẹni tí mo mú jáde láti ilẹ̀ Ejibiti wá, torí èyí ẹ kò gbọdọ̀ tà wọ́n lẹ́rú.
43 ၄၃ သူ့ ကို ကြမ်းတမ်း စွာ မ စီရင် ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။
Ẹ má ṣe rorò mọ́ wọn: ṣùgbọ́n ẹ bẹ̀rù Ọlọ́run yín.
44 ၄၄ သင် သည် စေခိုင်းသောကျွန် ၊ ကျွန် မတို့ကို၊ သင့် ပတ်လည် ဝန်းကျင်တို့၌ နေသော သာသနာပ လူတို့ တွင် ဝယ် ရမည်။
“‘Àwọn ẹrúkùnrin àti ẹrúbìnrin yín lè jẹ́ láti orílẹ̀-èdè tí ó yí yín ká, ẹ lè ra àwọn ẹrú wọ̀nyí lọ́wọ́ wọn.
45 ၄၅ ထိုမှတပါး၊ သင် တို့တွင် တည်း နေသောတကျွန်း တနိုင်ငံသားတို့ကို၎င်း၊ သင် တို့ပြည် ၌ သူတို့ရ သော သား သမီးများကို ၎င်းဝယ် ၍ ပိုင် ရမည်။
Bákan náà, ẹ sì le è ra àwọn àlejò tí ń gbé láàrín yín, àti àwọn ìdílé wọn tí a bí sáàrín yín. Wọn yóò sì di ohun ìní yín.
46 ၄၆ သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင် တို့နှင့် သင် တို့သား သမီးတို့သည် အမွေ ခံ၍ ပိုင် ရမည်။ ကိုယ် အမျိုးသား ချင်းတည်းဟူသောဣသရေလ အမျိုးသား ဖြစ်လျှင်၊ တယောက် ကိုတယောက်ကြမ်းတမ်း စွာ မ စီရင် ရ။
Ẹ lè fi wọ́n sílẹ̀ bí ogún fún àwọn ọmọ yín, wọ́n sì lè sọ wọ́n di ẹrú títí láé. Ṣùgbọ́n ẹ kò gbọdọ̀ rorò mọ́ ọmọ Israẹli kankan.
47 ၄၇ သင့် အနား မှာတည်းနေသောတကျွန်း တနိုင်ငံသားသည် ငွေရတတ် ၍ သူ ၏အနား မှာနေသောသင် ၏ အမျိုးသားချင်း ဆင်းရဲ သဖြင့် ၊ သင့် အနား မှာ တည်းနေသောတကျွန်း တနိုင်ငံသား၌ ၎င်း၊ သူ၏ သား မြေး၌ ၎င်း၊ ကိုယ်ကိုရောင်းချ လျှင်၊
“‘Bí àlejò kan láàrín yín tàbí ẹni tí ń gbé àárín yín fún ìgbà díẹ̀ bá lọ́rọ̀ tí ọmọ Israẹli sì tálákà dé bi pé ó ta ara rẹ̀ lẹ́rú fún àlejò tàbí ìdílé àlejò náà.
48 ၄၈ ရောင်း ပြီးမှ ရွေးနှုတ် သော အခွင့်ရှိ စေရမည်။ မိမိ အမျိုးသား တစုံ တယောက်သည် ရွေးနှုတ် ရမည်။
Ó lẹ́tọ̀ọ́ si ki a rà á padà lẹ́yìn ìgbà tí ó ti ta ara rẹ̀. Ọ̀kan nínú ìbátan rẹ̀ le è rà á padà.
49 ၄၉ ဘကြီး ၊ ဘထွေး၊ ညီအစ်ကို တော်မှစ၍အဆွေ အမျိုးပေါက်ဘော် ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင် လျှင်လည်း ကိုယ်ကိုရွေးနှုတ် ရမည်။
Àbúrò baba rẹ̀ ọkùnrin tàbí àbúrò rẹ̀ obìnrin tàbí ẹnikẹ́ni tí ó bá tan nínú ìdílé rẹ̀ le è rà wọ̀n padà. Bí ó bá sì ti lọ́rọ̀, ó lè ra ara rẹ̀ padà.
50 ၅၀ သခင်နှင့် ကျွန်တို့သည်၊ ရောင်း ဝယ်သော နှစ် မှစ၍ ယုဘိလ နှစ် တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင် ၊ နှစ်ပေါင်းအနည်းအများကိုထောက်၍၎င်း၊ သူငှါး လုပ် ရသည် ကာလ ကို ထောက်၍၎င်း၊ ကိုယ် အဘိုး ကို စီရင် ရမည်။
Kí òun àti olówó rẹ̀ ka iye ọdún tí ó ta ara rẹ̀ títí dé ọdún ìdásílẹ̀ kí iye owó ìdásílẹ̀ rẹ̀ jẹ́ iye tí wọ́n ń san lórí alágbàṣe fún iye ọdún náà.
51 ၅၁ ယုဘိလ နှစ် မ ရောက်မှီ၊ အစေခံရသောနှစ် ပေါင်း အနည်း အများကို ရေတွက် ၍၊
Bí iye ọdún rẹ̀ tí ó ṣẹ́kù bá pọ̀, kí iye owó fún ìràpadà rẹ̀ pọ̀.
52 ၅၂ လိုသေးသော နှစ် ပေါင်း အနည်းအများ အလိုက် ရွေးရန်အဘိုးကို၊ ဝယ် ရင်းငွေ ထဲက နှုတ် ၍ ပြန် ပေး ရမည်။
Bí ó bá sì ṣe pé kìkì ọdún díẹ̀ ni ó kù títí di ọdún jubili, kí ó ṣe ìṣirò rẹ̀, kí ó sì san owó náà bí iye ìṣirò rẹ̀ padà.
53 ၅၃ ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါး ကဲ့သို့ နေ ရမည်။ သင့် မျက်မှောက် ၌ ညှဉ်းဆဲ ခြင်းကို မ ခံရ။
Bí ẹ ti ń ṣe sí i lọ́dọọdún, ẹ rí i dájú pé olówó rẹ̀ kò korò mọ́ ọ.
54 ၅၄ ထိုသို့သောနည်းဖြင့် မ ရွေး မနှုတ်လျှင် ၊ ယုဘိလ နှစ် ရောက်သောအခါ ၊ သူ့ ကို သား မယားနှင့်တကွ သခင်လက်မှ လွှတ် ရမည်။
“‘Bí a kò bá rà á padà nínú gbogbo ọ̀nà wọ̀nyí, kí ẹ tú òun àti àwọn ọmọ rẹ̀ sílẹ̀ ní ọdún ìdásílẹ̀.
55 ၅၅ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည်၊ ငါ ၏ အမှုထမ်း ဖြစ်ကြ၏။ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Nítorí pé ìránṣẹ́ ni àwọn ọmọ Israẹli jẹ́ fún mi. Ìránṣẹ́ mi ni wọ́n, tí mo mú jáde láti Ejibiti wá. Èmi ni Olúwa Ọlọ́run yín.

< ဝတ်ပြုရာ 25 >