< ဝတ်ပြုရာ 22 >
1 ၁ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၁ထာဝရဘုရားသည် မောရှေမှတစ်ဆင့်အာရုန် နှင့်သူ၏သားတို့အား``သင်တို့သည်ငါ၏နာမ တော်ကိုမရှုတ်ချမိစေရန် ဣသရေလအမျိုး သားတို့ပူဇော်သောပူဇော်သကာကို ငါ့အား ဆက်သရာ၌ရိုသေလေးစားမှုရှိရမည်။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏။-
2 ၂ အာရုန် နှင့် သူ ၏သား တို့သည် ငါ့ အဘို့ သန့်ရှင်း စေသောအရာအားဖြင့်၊ သန့်ရှင်း သော ငါ ၏ နာမ တော်ကို မ ရှုတ် မချဘဲ၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာများနှင့် ကိုယ်ကိုကိုယ်ကွာ စေရမည် အကြောင်း ဆင့်ဆို လော့။ ငါ သည် ထာဝရဘုရား ဖြစ်၏။
၂
3 ၃ ထာဝရဘုရား အဘို့ ဣသရေလ အမျိုးသား သန့်ရှင်း စေသဖြင့် ၊ သန့်ရှင်း ခြင်းရှိသောအရာတို့ကို ၊ ကိုယ် မ စင်ကြယ်လျက် နှင့် ချဉ်းကပ် သော ယဇ်ပုရောဟိတ်အမျိုးသား မည်သည်ကား၊ ငါ့ ထံ မှ ပယ်ရှင်း ခြင်းကိုခံရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
၃သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
4 ၄ နူနာ ၊ ရိနာ စွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ် မှီတိုင်အောင် သန့်ရှင်း သော အရာကို မ စား ရ။ အသေ ကောင်နှင့်ဆိုင်၍ မ သန့်ရှင်းသောအရာကို ထိ သောသူ၊ သုတ် ရည်ထွက် သော သူ၊
၄``အာရုန်၏အဆက်အနွယ်ထဲမှ ကိုယ်ရေပြား ရောဂါစွဲသောသူဖြစ်စေ၊ ရိနာစွဲသူဖြစ်စေ၊ ဘာသာရေးထုံးနည်းအရသန့်စင်မှုမရရှိ မီ ငါ့အားဆက်ကပ်သောပူဇော်သကာများ ကိုမစားရ။ ယဇ်ပုရောဟိတ်သည်လူသေနှင့် ထိ၍ မသန့်စင်သောအရာရှိသမျှကိုကိုင် တွယ်မိလျှင်သော်လည်းကောင်း၊ သုက်ရည်ယို လျှင်သော်လည်းကောင်း၊-
5 ၅ ညစ်ညူး စေ၍ တွား တတ်သော တိရစ္ဆာန်ကိုထိ သော သူ ၊ ညစ်ညူး ခြင်းတစုံ တခုစွဲ၍ ညစ်ညူး သော သူ ၊ ထိုသို့သောသူ ကို ထိ သမျှသော သူ တို့သည်၊
၅မသန့်စင်သောတိရစ္ဆာန်သို့မဟုတ်လူကို ထိမိလျှင်သော်လည်းကောင်း မသန့်စင်ဘဲ ဖြစ်လိမ့်မည်။-
6 ၆ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ် ကို ရေ မချိုးဘဲနေလျှင် ၊ သန့်ရှင်း သောအရာကို မ စား ရ။
၆ထိုသို့သောယဇ်ပုရောဟိတ်သည်ညဦးတိုင် အောင်မသန့်စင်ချေ။ သူသည်ရေချိုးပြီးမှ ငါ့အားဆက်ကပ်သောပူဇော်သကာကို စားနိုင်သည်။-
7 ၇ နေ ဝင် သောနောက်မှသန့်ရှင်း ခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်း သောအရာသည် သူ တို့ စားစရာ ဖြစ်သောကြောင့် ၊ ထို နောက်မှစား ရကြမည်။
၇နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
8 ၈ အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ မ စား ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
၈သူသည်သဘာဝအလျောက်သေသော တိရစ္ဆာန်သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အသားကိုမစားရ။ ယင်း သို့စားလျှင်သူသည်မသန့်စင်ချေ။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
9 ၉ ယဇ်ပုရောဟိတ်တို့သည် ငါ့ ပညတ် တော်ကို ဖျက် သဖြင့် ၊ ကိုယ် အပြစ် ကိုခံ လျက် မ သေ ရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက် ရကြမည်။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ၏။
၉``ယဇ်ပုရောဟိတ်အားလုံးတို့သည် ငါ၏ ပညတ်များကိုလိုက်နာရကြမည်။ ယင်းသို့ မလိုက်နာလျှင်ပညတ်တော်များကိုချိုး ဖောက်သောကြောင့် သူတို့သည်အပြစ်ကူး လွန်သဖြင့်သေရကြမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သူတို့ကိုသန့်ရှင်း စေတော်မူ၏။
10 ၁၀ တပါး အမျိုးသားသည် သန့်ရှင်း သောအရာကို မ စား ရ။ ယဇ်ပုရောဟိတ် ၌ တည်းနေသောဧည့်သည် မစားရ။ သူငှါး လည်း မ စား ရ။
၁၀``ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင်သူ သာလျှင် သန့်ရှင်းသောပူဇော်သကာကိုစား နိုင်သည်။ ယဇ်ပုရောဟိတ်နှင့်အတူနေထိုင် သောသူနှင့်၊ သူငှားတို့သည်ပူဇော်သကာ ကိုမစားရ။-
11 ၁၁ ယဇ် ပုရောဟိတ်သည် ကိုယ် ငွေ နှင့် ဝယ် သောသူ၊ သူ ၏ အိမ် ၌မွေး သောသူသည် သူ ၏အစာ ကို စား ရမည်။
၁၁သို့ရာတွင်မိမိငွေဖြင့်ဝယ်သောကျွန်သို့ မဟုတ် မိမိအိမ်၌မွေးဖွားသောကျွန်တို့ သည်ယဇ်ပုရောဟိတ်၏အစားအစာကို စားနိုင်သည်။-
12 ၁၂ ယဇ်ပုရောဟိတ် သမီး သည် တပါး အမျိုးသား၏ မယားဖြစ် လျှင် ၊ သန့်ရှင်း သော ပူဇော် သက္ကာအရာကို မ စား ရ။
၁၂ယဇ်ပုရောဟိတ်မဟုတ်သူတစ်ယောက်နှင့် ထိမ်းမြားစုံဖက်သော ယဇ်ပုရောဟိတ်၏ သမီးသည်သန့်ရှင်းသောပူဇော်သကာ ကိုမစားရ။-
13 ၁၃ သို့ရာတွင် လင် သေသော်၎င်း ၊ လင်နှင့်ကွာ သော်၎င်း၊ သား မ ရှိဘဲ မိမိ အဘ အိမ် သို့ ပြန် ၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ ၏အစာ ကို စား ရမည်။ တပါး အမျိုးသားမ စား ရ။
၁၃သို့ရာတွင်ယဇ်ပုရောဟိတ်၏သမီးသည် ခင်ပွန်းသေလျှင်ဖြစ်စေ၊ ခင်ပွန်းနှင့်ကွာရှင်း ပြီးလျှင်ဖြစ်စေသားသမီးမရှိသဖြင့် ဖခင်အိမ်သို့ပြန်ရောက်နေထိုင်ခဲ့သည်ရှိ သော်ဖခင်၏အစားအစာကိုစားနိုင် သည်။ ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင် သူသာလျှင်ပူဇော်သကာကိုစားနိုင်သည်။
14 ၁၄ လူ သည် သန့်ရှင်း သောအရာကို မ သိဘဲ စား မိလျှင် ၊ စားမိသောအရာ၏ အဘိုးနှင့်တကွငါး စုတစု ကိုထပ် ၍ ယဇ်ပုရောဟိတ် အား ပေး ရမည်။
၁၄``ယဇ်ပုရောဟိတ်၏မိသားစု၌မပါဝင် သူသည် သန့်ရှင်းသောပူဇော်သကာကိုအမှတ် မဲ့စားမိလျှင် ယဇ်ပုရောဟိတ်အားထိုအစား အစာ၏တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ပေးလျော်ရမည်။-
15 ၁၅ ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော် ၍ ၊ သန့်ရှင်း သောအရာတို့ကို မ ရှုတ် မချရ။
၁၅ယဇ်ပုရောဟိတ်များသည်သန့်ရှင်းသောပူ ဇော်သကာကိုမစားထိုက်သောသူအားစား စေခြင်းဖြင့် ပူဇော်သကာကိုမညစ်ညမ်းစေ ရ၊ ထိုပူဇော်သကာကိုမစားထိုက်သူသည်စား မိလျှင်အပြစ်ကူးလွန်၍ဒဏ်ခံရမည်။ ငါ သည်ထာဝရဘုရားဖြစ်၏။ ငါသည်ပူဇော် သကာများကိုသန့်ရှင်းစေတော်မူ၏'' ဟု မိန့်တော်မူ၏။
16 ၁၆ ထိုအရာတို့ကို စား မိ၍ ပြစ်မှားသောအပြစ် ကို မခံ စေရ။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။
၁၆
17 ၁၇ တဖန် မောရှေ အား ထာဝရဘုရား က သင်သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို ရမည်မှာ၊
၁၇ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားအပေါင်းတို့အားအောက်ပါ ပြဋ္ဌာန်းချက်များကိုချမှတ်ပေးတော်မူ၏။ ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ နိုင်ငံတွင်နေထိုင်သောလူမျိုးခြားဖြစ်စေ၊ ကတိသစ္စာအလျောက်သော်လည်းကောင်း၊ စေ တနာအလျောက်သော်လည်းကောင်းမီးရှို့ ရာယဇ်ကိုပူဇော်သည့်အခါယဇ်ကောင်၌ အနာအဆာမရှိစေရ၊-
18 ၁၈ ဣသရေလ အမျိုးသားဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင်၊
၁၈
19 ၁၉ စိတ် တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ် မပါသောသိုး ၊ ဆိတ် ၊ နွား အထီး ကို ပူဇော် ရမည်။
၁၉အနာအဆာကင်းသောယဇ်ကောင်အထီး ကိုသာငါလက်ခံမည်၊-
20 ၂၀ အပြစ် ပါသောအကောင်ကို မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။
၂၀သင်တို့သည်အနာအဆာရှိသောယဇ်ကောင် ကိုပူဇော်လျှင် ငါလက်ခံမည်မဟုတ်၊-
21 ၂၁ သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ သိုး ၊ ဆိတ်၊ နွား ကို ထာဝရဘုရား အား ယဇ် ပူဇော် လိုလျှင် ၊ စိတ် တော်နှင့် တွေ့ခြင်းငှါ စုံလင် ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
၂၁တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။-
22 ၂၂ မျက်စိ ကန်းသောအပြစ်၊ အရိုးကျိုး သောအပြစ်၊ အင်္ဂါချို့တဲ့ သောအပြစ်၊ မြင်းဖု ရှိသောအပြစ်၊ ဝဲနာ ၊ ယားနာ စွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရား အား မ ပူဇော် ရ။ ယဇ် ပလ္လင်ပေါ် မှာ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာမ ပြု ရ။
၂၂မျက်စိကန်းသောတိရစ္ဆာန်၊ ခြေလက်ပြတ် သောတိရစ္ဆာန်၊ ပြည်ထွက်သောအနာရှိသည့် တိရစ္ဆာန်၊ အရေပြားတွင်ယားနာ၊ ဝဲနာစွဲ သောတိရစ္ဆာန်တို့ကိုပလ္လင်ပေါ်တွင်မီးရှို့ မပူဇော်ရ။-
23 ၂၃ သို့ရာတွင် အင်္ဂါ ပိုခြင်း၊ ချို့တဲ့ ခြင်း အပြစ်ရှိသောသိုး ၊ ဆိတ်၊ နွား ကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော် ရမည်။ သစ္စာ ဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။
၂၃ပုကွသောတိရစ္ဆာန်သို့မဟုတ်ပုံပန်းမကျ သောတိရစ္ဆာန်ကို မိမိစေတနာအလျောက် ပူဇော်သောယဇ်အဖြစ်ဆက်သနိုင်သော် လည်း ကတိသစ္စာအလျောက်ပူဇော်သော ယဇ်အဖြစ်မဆက်သနိုင်။-
24 ၂၄ ကြိတ် နယ် စုတ် ပြတ် ရာ အနာရှိသော အထီးကို ထာဝရဘုရား အား မ ပူဇော် ရ။ သင် တို့ပြည် ၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမ ပြု ရ။
၂၄ဝှေးစေ့များကိုထုချေခြင်း၊ လှီးဖြတ်ခြင်း၊ အနာတရဖြစ်ခြင်း၊ စုတ်ပြတ်ခြင်းခံရ သောတိရစ္ဆာန်ကိုငါ့အားမပူဇော်ရ။ သင် တို့ပြည်တွင်ထိုကဲ့သို့သောတိရစ္ဆာန်များ ကိုမပူဇော်ရ။
25 ၂၅ ထိုသို့သောအကောင်ကို တပါး အမျိုးသားဆက် သော်လည်း ပျက် သောအပြစ် ပါသောကြောင့် ၊ သင် တို့၏ ဘုရား သခင့်ပွဲတော် ဘို့ မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့ဟု မိန့် တော်မူ၏။
၂၅လူမျိုးခြားထံမှ ရရှိသောတိရစ္ဆာန်ကို ပူဇော်သကာအဖြစ်မပူဇော်ရ။ ထိုကဲ့သို့ သောတိရစ္ဆာန်သည် အနာအဆာရှိသည်ဟု ယူဆရမည်ဖြစ်သောကြောင့်ယင်းကိုမပူ ဇော်ရ။
26 ၂၆ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၂၆သိုး၊ နွား၊ ဆိတ်သားပေါက်များကို မိခင်နှင့် ခုနစ်ရက်နေစေပြီးမှသာ ပူဇော်သကာ အဖြစ်ပူဇော်နိုင်သည်။-
27 ၂၇ သိုး ၊ ဆိတ် ၊ နွား တို့သည် မွေးဘွား သောအခါ ခုနစ် ရက် အတွင်းတွင် သားငယ်ကို အမိ နှင့် မကွာစေရ။ အဋ္ဌမ နေ့ မှစ၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော် သက္ကာဘို့ တော်သင့် ၏။
၂၇
28 ၂၈ နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ သား အမိနှစ်ကောင်ကို တ နေ့ခြင်းတွင် မ သတ် ရ။
၂၈နွားမနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ သိုး မနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ ဆိတ်မနှင့် ၎င်း၏သားပေါက်ကိုဖြစ်စေတစ်နေ့တည်း မပူဇော်ရ။-
29 ၂၉ ကျေးဇူး တော်ဝန်ခံရာယဇ် ကို ထာဝရဘုရား အား ပူဇော် လိုလျှင် ၊ စိတ် တော်နှင့်တွေ့ခြင်းငှါ ပူဇော် လော့။
၂၉သင်တို့သည်ကျေးဇူးတော်ချီးမွမ်းရာယဇ် ကိုပူဇော်သောအခါ သင်တို့ထာဝရဘုရား ၏စိတ်တော်နှင့်တွေ့နိုင်ရန်ပြဋ္ဌာန်းချက်များ အတိုင်းပူဇော်ရမည်။-
30 ၃၀ တနေ့ ခြင်းတွင် စား ရမည်။ နက်ဖြန်နေ့ တိုင်အောင် မ ကြွင်း စေရ။ ငါ သည်ထာဝရဘုရား ဖြစ်၏။
၃၀ယဇ်ကောင်၏အသားကိုနေ့ချင်းစားရမည်။ နက်ဖြန်နံနက်အထိမကြွင်းကျန်စေရ။
31 ၃၁ သင်တို့သည် ငါ့ ပညတ် တို့ကိုကျင့်စောင့် ရကြမည်။ ငါ သည်ထာဝရဘုရား ဖြစ်၏။
၃၁ထာဝရဘုရားက``ငါ၏ပညတ်များကို လိုက်နာကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။-
32 ၃၂ သန့်ရှင်း သောငါ ၏နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရားသန့်ရှင်း တော်မူသည်ဟု ဣသရေလ အမျိုးသား တို့သည် ထင်မှတ်ရကြမည်။
၃၂ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါသည် သန့်ရှင်းတော်မူကြောင်းကိုဣသရေလအမျိုး သားအပေါင်းတို့သည်သိမှတ်ဝန်ခံရကြ မည်။ ငါထာဝရဘုရားသည်သင်တို့ကို သန့်ရှင်းစေတော်မူ၏။-
33 ၃၃ ငါ သည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍၊ သန့်ရှင်း စေသောထာဝရဘုရား ဖြစ်၏။ ငါ သည်ထာဝရဘုရား ဖြစ်သည်ဟုမိန့် တော်မူ၏။
၃၃ငါသည်သင်တို့၏ဘုရားဖြစ်ခြင်းငှာသင် တို့အားအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့၏။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။