< ဝတ်ပြုရာ 21 >
1 ၁ တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် အာရုန် ၏သား ၊ ယဇ်ပုရောဟိတ် တို့အား ဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှညစ်ညူး ခြင်းမ ရှိရ။
၁ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်မှဆင်းသက်သောယဇ်ပုရောဟိတ် တို့အားအောက်ပါအတိုင်းမိန့်တော်မူသည်။ ယဇ်ပုရောဟိတ်သည်မိမိ၏အမိအဖ၊ သား သမီး၊ ညီအစ်ကို၊ မိမိနှင့်အတူနေထိုင် သောအိမ်ထောင်မကျသေးသည့်ညီအစ်မ စသည်တို့မှလွဲ၍အခြားဆွေမျိုးသား ချင်းတို့၏အသုဘကိစ္စများ၌ပါဝင် ဆောင်ရွက်ခြင်းအားဖြင့်ဘာသာရေး ထုံးနည်းအရမိမိကိုယ်ကိုမညစ် ညမ်းစေရ။-
2 ၂ သို့ရာတွင်ပေါက်ဘော် ရင်းတည်းဟူသောမိဘ ၊ သား သမီး ၊ ညီအစ်ကို၊
၂
3 ၃ လင် မနေသောကညာနှမ ရင်းအတွက် ညစ်ညူး ခြင်းကို ခံရသောအခွင့်ရှိ ၏။
၃
4 ၄ အမျိုးသား ချင်း သူကြီး အတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ ၍ ညစ်ညူး ခြင်းမ ရှိရ။
၄သူသည်မိမိဇနီး၏ဆွေမျိုးသားချင်း အသုဘတွင်ပါဝင်၍ မိမိကိုယ်ကိုမညစ် ညမ်းစေရ။
5 ၅ ယဇ်ပုရောဟိတ်သည် ဆံပင်ကို မ ရိတ် ရ။ ပါးမုန်း ကို မ ရိတ် ရ။ အသား ၌ ခုတ်ရှ ခြင်းကို မ ပြုရ။
၅ယဇ်ပုရောဟိတ်သည်သေဆုံးသူအတွက် ဝမ်း နည်းသည့်အနေဖြင့်ဆံပင်ကိုကွက်ကျား မရိတ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှပ်ရ။ မိမိကိုယ်ကိုလည်းမလှီးမရှရ။-
6 ၆ သူသည် မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ရမည်။ မိမိ ဘုရား သခင်၏ နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိ ဘုရား သခင်၏ အစာအာဟာရကို ပူဇော် သောကြောင့် သန့်ရှင်း ခြင်းရှိ ရမည်။
၆သူသည်သန့်ရှင်းရမည်။ ငါ၏နာမတော် ကိုမရှုတ်ချရ။ သူသည်ငါ့အားပူဇော် သကာကိုဆက်သရသူဖြစ်၍သန့်ရှင်း ရမည်။-
7 ၇ သူသည် ပြည်တန်ဆာ မိန်းမ ၊ သီလပျက်သောမိန်းမ၊ လင် နှင့် ကွာ သောမိန်းမ နှင့် မ စုံဘက် ရ။ မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ၏။
၇သူသည်သန့်ရှင်းသူဖြစ်သောကြောင့် ပြည့် တန်ဆာမကိုသော်လည်းကောင်း၊ အပျို ရည်ပျက်သောမိန်းမကိုသော်လည်းကောင်း၊ လင်ကွာမိန်းမကိုသော်လည်းကောင်းမစုံ ဖက်ရ။-
8 ၈ သင် ၏ ဘုရား သခင်ပွဲတော် ကို ဆက် သောကြောင့် ၊ သူ့ ကို သန့်ရှင်း စေ၍ ၊ သူသည် သင့် အဘို့ သန့်ရှင်း ရမည်။ သင် တို့ကို သန့်ရှင်း စေသော ငါ ထာဝရဘုရား သန့်ရှင်း ၏။
၈သူသည်ငါ့အားပူဇော်သကာကိုဆက်သ ရသူဖြစ်သဖြင့် လူတို့သည်သူ့ကိုသန့်ရှင်း သူဟူ၍မှတ်ယူရမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သန့်ရှင်းတော်မူသဖြင့် ငါ၏လူမျိုးတော်ကိုသန့်ရှင်းစေတော်မူ၏။-
9 ၉ ယဇ်ပုရောဟိတ် သမီး သည်၊ ပြည်တန်ဆာ လုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချ လျှင် ၊ မိမိ အဘ ကို ရှုတ်ချ ရာ ရောက်၏။ ထိုသူကို မီး ရှို့ ရမည်။
၉ယဇ်ပုရောဟိတ်၏သမီးသည်ပြည့်တန်ဆာ အလုပ်ကိုလုပ်လျှင် မိမိအဘ၏အသရေ ကိုရှုတ်ချသောကြောင့်သူ့ကိုမီးရှို့သတ်ရ မည်။
10 ၁၀ မိမိ အမျိုးသား ချင်းတို့တွင် ၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိ ခေါင်း ပေါ် မှာ ဆီ လောင်း ခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ် မင်း သည်၊ မိမိ ခေါင်း ၌ တန်ဆာ ကို မ ချွတ် ရ။ မိမိ အဝတ် ကို မ ဆုတ် ရ။
၁၀ယဇ်ပုရောဟိတ်မင်းသည်ဦးခေါင်းပေါ်တွင် ဆီလောင်း၍ ဘိသိက်ခံလျက်ယဇ်ပုရောဟိတ် ဝတ်စုံကိုဝတ်ဆင်ထားသူဖြစ်သောကြောင့် ဝမ်းနည်းသည့်အနေဖြင့် မိမိဆံပင်ကို ဖားလျားမချရ။ မိမိ၏အဝတ်ကိုလည်း မဆုတ်မဖြဲရ။-
11 ၁၁ အသေ ကောင်ကို မ ချဉ်း ရ။ မိဘ အတွက် ညစ်ညူး ခြင်းကို မ ခံရ။
၁၁သူသည်ငါ့အတွက်သီးသန့်ဆက်ကပ်ထား သူဖြစ်၍ ဘာသာရေးထုံးနည်းအရမိမိ ကိုယ်ကိုမညစ်ညမ်းစေရ။ ငါ၏တဲတော်မှ ထွက်၍မည်သည့်အသုဘအိမ်သို့မျှမ သွားရ။ မိရင်းဘရင်းသေဆုံးသည့်အိမ်သို့ ပင်မသွားရ။ ဤသို့လျှင်ငါ၏တဲတော်မှ ထွက်၍အသုဘအိမ်သို့သွားခြင်းအား ဖြင့်ငါ၏တဲတော်ကိုမညစ်ညမ်းစေရ။-
12 ၁၂ သန့်ရှင်း ရာဌာနတော်ထဲက မ ထွက် ရ။ မိမိ ဘုရား သခင်၏ သန့်ရှင်း ရာဌာနတော်ကို မ ရှုတ် မချရ။ အကြောင်း မူကား၊ မိမိ ဘုရား သခင်၏ ဘိသိက် ဆီ နှင့်ဆိုင်သော သင်းကျစ် ကို ဆောင်းရသောသူဖြစ် ၏။ ငါ သည် ထာဝရဘုရား ဖြစ်၏။
၁၂
13 ၁၃ ယဇ် ပုရောဟိတ်မင်းသည်၊ အပျို ကညာနှင့် သာစုံဘက် ရမည်။
၁၃သူသည်အပျိုစင်နှင့်ထိမ်းမြားစုံဖက်ရမည်။-
14 ၁၄ မုတ်ဆိုးမ ၊ လင်နှင့်ကွာ သောမိန်းမ၊ သီလ ပျက်သောမိန်းမ၊ ပြည်တန်ဆာ မိန်းမနှင့် မ စုံဘက် ရ။ မိမိ အမျိုးသား ချင်း အပျို ကညာနှင့် သာ စုံဘက် ရမည်။
၁၄မုဆိုးမ၊ လင်ကွာမိန်းမ၊ ပြည့်တန်ဆာမ တို့နှင့်ထိမ်းမြားစုံဖက်ခြင်းမပြုရ။ သူ သည်မိမိအမျိုးအနွယ်ထဲမှအပျိုစင် ကိုသာထိမ်းမြားစုံဖက်ရမည်။-
15 ၁၅ မိမိ သား ကို၊ အမျိုးသား ချင်းတို့တွင် မ ရှုတ် မချရ။ ငါ ထာဝရဘုရား သည်၊ ယဇ် ပုရောဟိတ်မင်းကို သန့်ရှင်း စေသည်ဟု မိန့် တော်မူ၏။
၁၅ဤအတိုင်းမကျင့်လျှင်သူ၏သားသမီး တို့သည် သန့်ရှင်းသင့်ပါလျက်နှင့်မသန့် ရှင်းသူများဖြစ်ကြလိမ့်မည်။ ငါထာဝရ ဘုရားသည်သူ့အား ယဇ်ပုရောဟိတ်မင်း အဖြစ်ခွဲခန့်မှတ်သားတော်မူပြီ။
16 ၁၆ တဖန် မောရှေ အား ထာဝရဘုရား က၊
၁၆ထာဝရဘုရားသည်မောရှေမှတစ်ဆင့် အာရုန်အား ``သင်၏အဆက်အနွယ်ထဲမှ ကိုယ်အင်္ဂါချွတ်ယွင်းနေသူသည် ငါ့အား ပူဇော်သကာကိုမဆက်သရ။ ဤပညတ် ကိုထာဝစဉ်လိုက်နာရမည်။-
17 ၁၇ သင်သည် အာရုန် အား ဆင့်ဆို ရမည်မှာ၊ သင် ၏ အမျိုး အစဉ် အဆက်တွင် ကိုယ် ၌ အပြစ် ရှိ သော သူသည်၊ မိမိ ဘုရား သခင်၏ ပွဲတော် ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။
၁၇
18 ၁၈ မျက်စိ ကန်းသောသူ ၊ ခြေဆွံ့ သောသူ၊ နှာခေါင်း ပိသောသူ၊ အင်္ဂါ ပိုလွန်သောသူ၊
၁၈မျက်စိမမြင်သူ၊ ခြေဆွံ့သူ၊ မျက်နှာရုပ် အဆင်းပျက်သူ၊ အရုပ်ဆိုးအကျည်းတန် သူ၊ လက်ခြေမသန်စွမ်းသူ၊ ကျောကုန်းသူ၊ ပုကွသူ၊ မျက်စိရောဂါစွဲသူ၊ ကိုယ်ရေပြား ရောဂါရှိသူ၊ သင်းကွပ်ထားသူစသည်တို့ သည်ငါ့အားပူဇော်ဆက်သခြင်းမပြုရ။-
19 ၁၉ လက် ကျိုး သောသူ၊ ခြေ ကျိုး သောသူ၊
၁၉
20 ၂၀ ကျော ကုန်းသောသူ၊ ပု သောသူ၊ မျက်စိ နာ သောသူ၊ ဝဲ စွဲသောသူ၊ ယားနာ စွဲသောသူ၊ ဝှေးစေ့ ပျက် သောသူသည် မ ချဉ်း မကပ်ရ။
၂၀
21 ၂၁ ယဇ်ပုရောဟိတ် အာရုန် အမျိုး တွင် ၊ ကိုယ် ၌ အပြစ် ပါသော သူ တစုံ တယောက်မျှ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။ ကိုယ် ၌ အပြစ် ပါသောကြောင့်၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။
၂၁အာရုန်၏အဆက်အနွယ်ထဲမှကိုယ်အင်္ဂါ တစ်စုံတစ်ခုချွတ်ယွင်းနေသောယဇ်ပုရော ဟိတ်သည် ငါ့အားပူဇော်သကာမဆက်သရ။-
22 ၂၂ သန့်ရှင်း သော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်း သော မုန့်ဖြစ်စေ၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို စား ရမည်။
၂၂ထိုသို့သောယဇ်ပုရောဟိတ်သည် ငါ့အား ဆက်သသောသန့်ရှင်းသည့်ပူဇော်သကာ ကိုသော်လည်းကောင်း၊ အလွန်သန့်ရှင်းသည့် ပူဇော်သကာကိုသော်လည်းကောင်းစား သုံးနိုင်သည်။-
23 ၂၃ ကိုယ် ၌ အပြစ် ပါသောကြောင့် ၊ ငါ့ သန့်ရှင်း ရာ ဌာနအရပ်တို့ကို ရှုတ်ချ မည်ကို စိုးရိမ်၍ ၊ ကုလားကာ အတွင်း သို့ မ ဝင် ရ။ ယဇ် ပလ္လင်သို့ မ ချဉ်း မကပ်ရ။ ငါ ထာဝရဘုရား သည် ထိုအရပ်တို့ကို သန့်ရှင်း စေ သည်ဟု မိန့် တော်မူ၏။
၂၃သို့ရာတွင်သူ၏ကိုယ်အင်္ဂါချွတ်ယွင်းနေ သောကြောင့် ကန့်လန့်ကာတော်အနီးသို့လည်း ကောင်း၊ ယဇ်ပလ္လင်တော်အနီးသို့လည်းကောင်း မချဉ်းကပ်ရ။ ငါသည်ထာဝရဘုရား ဖြစ်၏။ ငါသည်ထိုကန့်လန့်ကာတော်နှင့်ယဇ် ပလ္လင်တော်တို့ကိုသန့်ရှင်းစေသောကြောင့် သူ သည်ယင်းတို့ကိုမညစ်ညမ်းစေရ'' ဟု မိန့်တော်မူ၏။
24 ၂၄ မောရှေ သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို လေ၏။
၂၄မောရှေသည်အာရုန်နှင့်တကွသူ၏သားများ၊ ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုသောပညတ်များသည်ကားအထက် ပါအတိုင်းဖြစ်သတည်း။