< ဝတ်ပြုရာ 2 >
1 ၁ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ မုန့်ညက် ကို ဆက် ရမည်။ မုန့်ညက် အပေါ် မှာ ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုလည်း ထည့် ပြီးမှ၊
When anyone brings a grain offering to Yahweh, his offering must be fine flour, and he will pour oil on it and put incense on it.
2 ၂ အာရုန် ၏သား ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက် တလက် ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ ကို ယူ ၍ ၊ ထိုအတွက် အတာကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
He is to take the offering to Aaron's sons the priests, and there the priest will take out a handful of the fine flour with the oil and the incense on it. Then the priest will burn the offering on the altar as a representative offering. It will produce a sweet aroma for Yahweh; it will be an offering made to him by fire.
3 ၃ ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
Whatever is left of the grain offering will belong to Aaron and his sons. It is very holy to Yahweh from the offerings to Yahweh made by fire.
4 ၄ မီးဖို ၌ ဖုတ် သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင် ၊ ဆီ နှင့် မုန့်ညက် ဖြင့် လုပ်သော တဆေး မဲ့ မုန့် ပြားသော်၎င်း၊ ဆီ လူး သော တဆေး မဲ့ မုန့် ကြွပ်သော်၎င်းဖြစ်ရမည်။
When you offer a grain offering without yeast that is baked in an oven, it must be soft bread of fine flour mixed with oil, or hard bread without yeast, which is spread with oil.
5 ၅ သံ ပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ ဆီ ရော ၍ တဆေး မပါသော မုန့်ညက် နှင့် လုပ် ရမည်။
If your grain offering is baked with a flat iron pan, it must be of fine flour without yeast that is mixed with oil.
6 ၆ ထိုမုန့် ကို ချိုးဖဲ့ ၍ ဆီ ကို လောင်း ရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
You are to divide it into pieces and pour oil on it. This is a grain offering.
7 ၇ အိုး ကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ ဆီ ရောသော မုန့်ညက် နှင့် လုပ် ရမည်။
If your grain offering is cooked in a pan, it must be made with fine flour and oil.
8 ၈ ထို ဘောဇဉ်ပူဇော်သက္ကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ဆက် ပြီးမှ ၊ သူသည် ယဇ် ပလ္လင်သို့ ဆောင် ခဲ့ရမည်။
You must bring the grain offering made from these things to Yahweh, and it will be presented to the priest, who will bring it to the altar.
9 ၉ ထိုဘောဇဉ်ပူဇော်သက္ကာ ထဲက အတွက်အတာကို နှိုက်ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
Then the priest will take some from the grain offering as a representative offering, and he will burn it on the altar. It will be an offering made by fire, and it will produce a sweet aroma for Yahweh.
10 ၁၀ ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
What is left of the grain offering will belong to Aaron and his sons. It is very holy to Yahweh from the offerings to Yahweh made by fire.
11 ၁၁ ထာဝရဘုရား အား ဆက် သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေး မ ပါ ရ။ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီး မ ရှို့ရ။ ပျားရည် ကိုလည်း မရှို့ရ။
No grain offering that you offer to Yahweh is to be made with yeast, for you must burn no leaven, nor any honey, as an offering made by fire to Yahweh.
12 ၁၂ အဦး သီးသော အသီးအနှံကို ပူဇော် သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရား အား ပူဇော် ရသော်လည်း ၊ မွှေးကြိုင် ရာဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး မ ရှို့ရ။
You will offer them to Yahweh as an offering of firstfruits, but they will not be used to produce a sweet aroma on the altar.
13 ၁၃ ဘောဇဉ်ပူဇော်သက္ကာ ပြုလေ ရာရာ၌ ဆား ခပ်ရမည်။ သင် ပြုသောဘောဇဉ်ပူဇော်သက္ကာ ၌ ၊ သင် ၏ ဘုရား သခင်ပဋိညာဉ် ဆား ကို မ ခပ်ဘဲမနေရ။
You must season each of your grain offerings with salt. You must never allow the salt of the covenant of your God to be missing from your grain offering. With all your offerings you must offer salt.
14 ၁၄ အဦး သီးသော အသီးအနှံကို၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင် ၊ စပါးနှံကို အရည်စစ် အောင် မီး နားမှာ ထား ၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊
If you offer a grain offering of firstfruits to Yahweh, offer fresh grain that is roasted with fire and then crushed into meal.
15 ၁၅ ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုတင် လျက် ၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
Then you must put oil and incense on it. This is a grain offering.
16 ၁၆ ပွတ်ယူသော စပါး စေ့အချို့၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသောထိုဘောဇဉ်ပူဇော်သက္ကာအတွက် အတာကို၊ ယဇ် ပုရောဟိတ်သည် မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
Then the priest will burn part of the crushed grain and oil and incense as a representative offering. This is an offering made by fire to Yahweh.