< ဝတ်ပြုရာ 2 >

1 ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ မုန့်ညက် ကို ဆက် ရမည်။ မုန့်ညက် အပေါ် မှာ ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုလည်း ထည့် ပြီးမှ၊
"'When anyone offers a grain offering to YHWH, his offering shall be of fine flour; and he shall pour oil on it, and put frankincense on it.
2 အာရုန် ၏သား ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက် တလက် ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ ကို ယူ ၍ ၊ ထိုအတွက် အတာကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
He shall bring it to Aaron's sons, the priests; and he shall take his handful of its fine flour, and of its oil, with all its frankincense; and the priest shall burn its memorial on the altar, an offering made by fire, of a pleasant aroma to YHWH.
3 ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
That which is left of the meal offering shall be Aaron's and his sons'. It is a most holy thing of the offerings of YHWH made by fire.
4 မီးဖို ၌ ဖုတ် သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင် ၊ ဆီ နှင့် မုန့်ညက် ဖြင့် လုပ်သော တဆေး မဲ့ မုန့် ပြားသော်၎င်း၊ ဆီ လူး သော တဆေး မဲ့ မုန့် ကြွပ်သော်၎င်းဖြစ်ရမည်။
"'When you offer an offering of a meal offering baked in the oven, it shall be unleavened cakes of fine flour mixed with oil, or unleavened wafers anointed with oil.
5 သံ ပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ ဆီ ရော ၍ တဆေး မပါသော မုန့်ညက် နှင့် လုပ် ရမည်။
If your offering is a meal offering of the griddle, it shall be of unleavened fine flour, mixed with oil.
6 ထိုမုန့် ကို ချိုးဖဲ့ ၍ ဆီ ကို လောင်း ရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
You shall cut it in pieces, and pour oil on it. It is a meal offering.
7 အိုး ကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ ဆီ ရောသော မုန့်ညက် နှင့် လုပ် ရမည်။
If your offering is a meal offering of the pan, it shall be made of fine flour with oil.
8 ထို ဘောဇဉ်ပူဇော်သက္ကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ဆက် ပြီးမှ ၊ သူသည် ယဇ် ပလ္လင်သို့ ဆောင် ခဲ့ရမည်။
And you shall bring the meal offering that is made of these things to YHWH, and it shall be presented to the priest, and he shall bring it to the altar.
9 ထိုဘောဇဉ်ပူဇော်သက္ကာ ထဲက အတွက်အတာကို နှိုက်ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
The priest shall take from the meal offering its memorial, and shall burn it on the altar, an offering made by fire, of a pleasant aroma to YHWH.
10 ၁၀ ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
That which is left of the meal offering shall be Aaron's and his sons'. It is a thing most holy of the offerings of YHWH made by fire.
11 ၁၁ ထာဝရဘုရား အား ဆက် သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေး မ ပါ ရ။ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီး မ ရှို့ရ။ ပျားရည် ကိုလည်း မရှို့ရ။
"'No meal offering, which you shall offer to YHWH, shall be made with yeast; for you shall burn no yeast, nor any honey, as an offering made by fire to YHWH.
12 ၁၂ အဦး သီးသော အသီးအနှံကို ပူဇော် သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရား အား ပူဇော် ရသော်လည်း ၊ မွှေးကြိုင် ရာဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး မ ရှို့ရ။
As an offering of firstfruits you shall offer them to YHWH: but they shall not ascend for a pleasant aroma on the altar.
13 ၁၃ ဘောဇဉ်ပူဇော်သက္ကာ ပြုလေ ရာရာ၌ ဆား ခပ်ရမည်။ သင် ပြုသောဘောဇဉ်ပူဇော်သက္ကာ ၌ ၊ သင် ၏ ဘုရား သခင်ပဋိညာဉ် ဆား ကို မ ခပ်ဘဲမနေရ။
Every offering of your meal offering you shall season with salt; neither shall you allow the salt of the covenant of your God to be lacking from your meal offering. With all your offerings you shall offer salt.
14 ၁၄ အဦး သီးသော အသီးအနှံကို၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြု လိုလျှင် ၊ စပါးနှံကို အရည်စစ် အောင် မီး နားမှာ ထား ၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊
"'If you offer a meal offering of first fruits to YHWH, you shall offer for the meal offering of your first fruits grain in the ear parched with fire, bruised grain of the fresh ear.
15 ၁၅ ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုတင် လျက် ၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
You shall put oil on it, and lay frankincense on it: it is a meal offering.
16 ၁၆ ပွတ်ယူသော စပါး စေ့အချို့၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသောထိုဘောဇဉ်ပူဇော်သက္ကာအတွက် အတာကို၊ ယဇ် ပုရောဟိတ်သည် မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
The priest shall burn as its memorial, part of its bruised grain, and part of its oil, along with all its frankincense: it is an offering made by fire to YHWH.

< ဝတ်ပြုရာ 2 >