< ဝတ်ပြုရာ 19 >
1 ၁ တဖန် မောရှေ အား ထာဝရဘုရား က၊
And Jehovah speaketh unto Moses, saying,
2 ၂ သင်သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို ရမည်မှာ ၊ သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်း သောကြောင့် ၊ သင်တို့လည်း သန့်ရှင်း ခြင်းရှိ ကြလော့။
'Speak unto all the company of the sons of Israel, and thou hast said unto them, Ye are holy, for holy [am] I, Jehovah, your God.
3 ၃ လူတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်။ ငါ့ ဥပုသ် နေ့တို့ကိုလည်း စောင့် ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
'Each his mother and his father ye do fear, and My sabbaths ye do keep; I [am] Jehovah your God.
4 ၄ ရုပ်တု ဆင်းတုကိုလည်း မ ချဉ်း မကပ်ရ။ ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
'Ye do not turn unto the idols, and a molten god ye do not make to yourselves; I [am] Jehovah your God.
5 ၅ မိဿဟာယ ယဇ်ကို ထာဝရဘုရား အား ပူဇော် လျှင် ၊ စိတ် တော်နှင့်တွေ့အောင် ပူဇော် ရမည်။
'And when ye sacrifice a sacrifice of peace-offerings to Jehovah, at your pleasure ye do sacrifice it;
6 ၆ ပူဇော် သောနေ့ နှင့် နက်ဖြန် နေ့၌ စား ရမည်။ သန်ဘက် နေ့ တိုင်အောင် ကျန် ကြွင်းလျှင် မီး ရှို့ ရမည်။
in the day of your sacrificing it is eaten, and on the morrow, and that which is left unto the third day with fire is burnt,
7 ၇ သန်ဘက် နေ့ ၌ အနည်းငယ်ကိုမျှစား လျှင် ရွံရှာ ဘွယ်ဖြစ်၏။ စိတ် တော်နှင့်မ တွေ့။
and if it be really eaten on the third day, it [is] an abomination, it is not pleasing,
8 ၈ စား သောသူသည် ထာဝရဘုရား ၏ သန့်ရှင်း သောအရာကို ရှုတ်ချ သောကြောင့် မိမိ အပြစ် ကိုခံရ မည်။ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
and he who is eating it his iniquity doth bear, for the holy thing of Jehovah he hath polluted, and that person hath been cut off from his people.
9 ၉ ကိုယ် မြေ ၌ဖြစ်သော စပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန် အစင်မ ရိတ် ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။
'And in your reaping the harvest of your land ye do not completely reap the corner of thy field, and the gleaning of thy harvest thou dost not gather,
10 ၁၀ ကိုယ် စပျစ်သီး ကိုလည်း အကုန်အစင်မ သိမ်း ရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မ ဆွတ် ရ။ ထိုအသီးကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
and thy vineyard thou dost not glean, even the omitted part of thy vineyard thou dost not gather, to the poor and to the sojourner thou dost leave them; I [am] Jehovah your God.
11 ၁၁ သူ့ဥစ္စာကို မ ခိုး ရ။ သူတပါး ကို မ လှည့်စား ရ။ တယောက်ကိုတယောက်မုသာ စကားမ ပြောရ။
'Ye do not steal, nor feign, nor lie one against his fellow.
12 ၁၂ ငါ့ နာမ ကို တိုင်တည်၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို ခြင်းကို မ ပြုရ။ သင် ၏ ဘုရား သခင်နာမ ကို မရှုတ် မချရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
'And ye do not swear by My name to falsehood, or thou hast polluted the name of thy God; I [am] Jehovah.
13 ၁၃ ကိုယ် နှင့်စပ်ဆိုင်သောသူ ၏ဥစ္စာကို မ တရားသဖြင့် မ သိမ်းရ။ အနိုင် အထက်ပြု၍ မ ယူရ။ သူငှါး ခံ ထိုက်သော အခ ကို တညဉ့်လုံးနံနက် တိုင်အောင် မ ထား ရ။
'Thou dost not oppress thy neighbour, nor take plunder; the wages of the hireling doth not remain with thee till morning.
14 ၁၄ နားပင်း သောသူကို မ ကျိန်ဆဲ ရ။ မျက်စိ မမြင်သောသူရှေ့ မှာ ထိမိ ၍ လဲစရာကို မ ထား ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
'Thou dost not revile the deaf; and before the blind thou dost not put a stumbling block; and thou hast been afraid of thy God; I [am] Jehovah.
15 ၁၅ တရား တွေ့သည်အမှုမှာ မ တရားသဖြင့် မ စီရင် ရ။ ဆင်းရဲ သောသူဘက် ၌ မ ငဲ့ကွက် ၊ ကြီး သောသူ၏ မျက်နှာ ကို မ ထောက် ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရား သဖြင့် စီရင် ရမည်။
'Ye do not do perversity in judgment; thou dost not lift up the face of the poor, nor honour the face of the great; in righteousness thou dost judge thy fellow.
16 ၁၆ သူ့အသရေ ပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ် အမျိုးသား ချင်းတို့တွင် မ လှည့်လည် ရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
'Thou dost not go slandering among thy people; thou dost not stand against the blood of thy neighbour; I [am] Jehovah.
17 ၁၇ သင် ၏ ညီအစ်ကို ကို စိတ်အခုအခံမရှိရ။ ကိုယ် နှင့် စပ်ဆိုင်သောသူ ၌ရှိသောအပြစ် ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမ ရမည်။
'Thou dost not hate thy brother in thy heart; thou dost certainly reprove thy fellow, and not suffer sin on him.
18 ၁၈ သင့် အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မ တုံ့ ရ။ အငြိုး မ ထားရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့် အမျှ ချစ် ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
'Thou dost not take vengeance, nor watch the sons of thy people; and thou hast had love to thy neighbour as thyself; I [am] Jehovah.
19 ၁၉ ငါ ၏ ပညတ် တရားကို သင်တို့သည် စောင့် ရကြမည်။ အမျိုး ခြားသော တိရစ္ဆာန် အထီးအမတို့ကို မ ရှက် မတင်စေရ။ ခြားနား သော မျိုးစေ့ကို ရောနှော၍ လယ် ၌ မ ကြဲ ရ။ ဝါ နှင့်သိုးမွေးရော၍ ရက်သောအဝတ် ကို မ ဝတ် ရ။
'My statutes ye do keep: thy cattle thou dost not cause to gender [with] diverse kinds; thy field thou dost not sow with diverse kinds, and a garment of diverse kinds, shaatnez, doth not go up upon thee.
20 ၂၀ ထိမ်းမြား ဆောင်နှင်းလျက်၊ မ ရွေး မ လွှတ် သေးသော ကျွန် မိန်းမ နှင့် သင့် နေသောသူသည် ရိုက်နှက် ခြင်းကိုခံရ မည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့်သေ ပြစ်နှင့် လွတ် ရမည်။
'And when a man lieth with a woman with seed of copulation, and she a maid-servant, betrothed to a man, and not really ransomed, or freedom hath not been given to her, an investigation there is; they are not put to death, for she [is] not free.
21 ၂၁ ယောက်ျားသည်လည်း၊ ဒုစရိုက် ဖြေရာယဇ်ဘို့ သိုး ထီးတကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်။
'And he hath brought in his guilt-offering to Jehovah, unto the opening of the tent of meeting, a ram [for] a guilt-offering,
22 ၂၂ ထိုယောက်ျားပြု မိသော အပြစ် ကို ဖြေခြင်းငှါ၊ ဒုစရိုက် ဖြေရာယဇ် သိုး ကို၊ ယဇ် ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ် လွတ်ခြင်းသို့ ရောက်လိမ့်မည်။
and the priest hath made atonement for him with the ram of the guilt-offering before Jehovah, for his sin which he hath sinned, and it hath been forgiven him because of his sin which he hath sinned.
23 ၂၃ သင်တို့သည် ငါပေးသောပြည် သို့ ရောက် ၍ ၊ စားအပ်သော အပင် အမျိုးမျိုး ကို စိုက် ပြီးမှ ၊ သုံး နှစ် ပတ်လုံး သီးသော အသီး ကို၊ အရေဖျား လှီးခြင်းကို မခံသော အသီးဟူ၍မှတ်ရမည်။ ထိုအသီးကို မ စား ရ။
'And when ye come in unto the land, and have planted all [kinds] of trees [for] food, then ye have reckoned as uncircumcised its fruit, three years it is to you uncircumcised, it is not eaten,
24 ၂၄ စတုတ္ထ နှစ် တွင် သီးသောအသီး ရှိသမျှ သည် သန့်ရှင်း ၍ ၊ ထာဝရ ဘုရား၏ ကျေးဇူး တော်ကို ချီးမွမ်းဘို့ရာဖြစ် ရမည်။
and in the fourth year all its fruit is holy — praises for Jehovah.
25 ၂၅ ပဉ္စမ နှစ် တွင် သီးသောအသီး ကို စား ရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
And in the fifth year ye do eat its fruit — to add to you its increase; I [am] Jehovah your God.
26 ၂၆ အသွေး ပါသောအသေကောင်ကို မ စား ရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
'Ye do not eat with the blood; ye do not enchant, nor observe clouds.
27 ၂၇ ဦးခေါင်း အနား ပတ်လည်၌ ဆံပင်ကိုဝန်း၍ မ ရိတ် ရ။ ပါးမုန်း ကိုလည်း မ ရိတ် ရ။
'Ye do not round the corner of your head, nor destroy the corner of thy beard.
28 ၂၈ သေ သောသူအတွက် ကိုယ် အသား ကို မ ခုတ် မရှရ။ သံပူ မ ထိုး ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
'And a cutting for the soul ye do not put in your flesh; and a writing, a cross-mark, ye do not put on you; I [am] Jehovah.
29 ၂၉ ကိုယ် သမီး ကို ပြည်တန်ဆာ ဖြစ်စေခြင်းငှါ မ ရှုတ် မချရ။ သို့ပြုလျှင် တပြည်လုံး သည် မ တရားသောမေထုန် သို့လိုက်၍ အဓမ္မ အမှုနှင့် ပြည့် လိမ့်မည်။
'Thou dost not pollute thy daughter to cause her to go a-whoring, that the land go not a-whoring, and the land hath been full of wickedness.
30 ၃၀ ငါ့ ဥပုသ် နေ့တို့ကို စောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
'My sabbaths ye do keep, and My sanctuary ye do reverence; I [am] Jehovah.
31 ၃၁ ကိုယ်ကိုကိုယ်ညစ်ညူး စေခြင်းငှါ ၊ နတ်ဝင် သူကို မ မှီဝဲ ရ။ စုန်း လုပ်သူကိုလည်း မ ရှာဖွေ ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
'Ye do not turn unto those having familiar spirits; and unto wizards ye do not seek, for uncleanness by them; I [am] Jehovah your God.
32 ၃၂ ဆံပင် ဖြူသောသူရှေ့ မှာ ထ ရမည်။ အသက် ကြီးသောသူ၏ မျက်နှာ ကို ရိုသေ ရမည်။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
'At the presence of grey hairs thou dost rise up, and thou hast honoured the presence of an old man, and hast been afraid of thy God; I [am] Jehovah.
33 ၃၃ သင် ၏ ပြည် ၌ တည်း နေသောဧည့်သည် ကို မ ညှဉ်းဆဲ ရ။
'And when a sojourner sojourneth with thee in your land, thou dost not oppress him;
34 ၃၄ သင် နှင့်အတူ နေ သောဧည့်သည် ကို ကိုယ် အမျိုးသား ချင်းကဲ့သို့ မှတ် ရမည်။ ကိုယ် နှင့် အမျှ ချစ် ရမည်။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
as a native among you is the sojourner to you who is sojourning with you, and thou hast had love to him as to thyself, for sojourners ye have been in the land of Egypt; I [am] Jehovah your God.
35 ၃၅ တိုင်းထွာ သောအမှု၊ ချိန်တွယ် သောအမှု၊ ခြင်တွက် သောအမှု၌ မ တရားစွာ မ ပြု ရ။
'Ye do not do perversity in judgment, in mete-yard, in weight, or in liquid measure;
36 ၃၆ မှန် သောချိန်ခွင် ၊ မှန် သောအလေး ၊ မှန် သောဧဖာ ၊ မှန် သောဟိန် တို့ကို သုံး ရမည်။ ငါသည်သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
righteous balances, righteous weights, a righteous ephah, and a righteous hin ye have; I [am] Jehovah your God, who hath brought you out from the land of Egypt;
37 ၃၇ သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက် အလုံးစုံ တို့ကို စောင့်ရှောက် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
and ye have observed all my statutes, and all my judgments, and have done them; I [am] Jehovah.'