< ဝတ်ပြုရာ 19 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊
And the Lord spake vnto Moses, saying,
2 သင်သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို ရမည်မှာ ၊ သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်း သောကြောင့် ၊ သင်တို့လည်း သန့်ရှင်း ခြင်းရှိ ကြလော့။
Speake vnto all the Congregation of the children of Israel, and say vnto them, Ye shalbe holy, for I the Lord your God am holy.
3 လူတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်။ ငါ့ ဥပုသ် နေ့တို့ကိုလည်း စောင့် ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Yee shall feare euery man his mother and his father, and shall keepe my Sabbaths: for I am the Lord your God.
4 ရုပ်တု ဆင်းတုကိုလည်း မ ချဉ်း မကပ်ရ။ ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Ye shall not turne vnto idoles, nor make you molten gods: I am the Lord your God.
5 မိဿဟာယ ယဇ်ကို ထာဝရဘုရား အား ပူဇော် လျှင် ၊ စိတ် တော်နှင့်တွေ့အောင် ပူဇော် ရမည်။
And when yee shall offer a peace offering vnto the Lord, ye shall offer it freely.
6 ပူဇော် သောနေ့ နှင့် နက်ဖြန် နေ့၌ စား ရမည်။ သန်ဘက် နေ့ တိုင်အောင် ကျန် ကြွင်းလျှင် မီး ရှို့ ရမည်။
It shall be eaten the day yee offer it, or on the morowe: and that which remaineth vntill the third day, shalbe burnt in the fire.
7 သန်ဘက် နေ့ ၌ အနည်းငယ်ကိုမျှစား လျှင် ရွံရှာ ဘွယ်ဖြစ်၏။ စိတ် တော်နှင့်မ တွေ့။
For if it be eaten the third day, it shall be vncleane, it shall not be accepted.
8 စား သောသူသည် ထာဝရဘုရား ၏ သန့်ရှင်း သောအရာကို ရှုတ်ချ သောကြောင့် မိမိ အပြစ် ကိုခံရ မည်။ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
Therefore he that eateth it, shall beare his iniquitie, because he hath defiled the halowed thing of the Lord, and that person shalbe cut off from his people.
9 ကိုယ် မြေ ၌ဖြစ်သော စပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန် အစင်မ ရိတ် ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။
When yee reape the haruest of your land, ye shall not reape euery corner of your field, neither shalt thou gather the glainings of thy haruest.
10 ၁၀ ကိုယ် စပျစ်သီး ကိုလည်း အကုန်အစင်မ သိမ်း ရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မ ဆွတ် ရ။ ထိုအသီးကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Thou shalt not gather the grapes of thy vineyarde cleane, neyther gather euery grape of thy vineyarde, but thou shalt leaue them for the poore and for the straunger: I am the Lord your God.
11 ၁၁ သူ့ဥစ္စာကို မ ခိုး ရ။ သူတပါး ကို မ လှည့်စား ရ။ တယောက်ကိုတယောက်မုသာ စကားမ ပြောရ။
Ye shall not steale, neither deale falsely, neither lie one to another.
12 ၁၂ ငါ့ နာမ ကို တိုင်တည်၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို ခြင်းကို မ ပြုရ။ သင် ၏ ဘုရား သခင်နာမ ကို မရှုတ် မချရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Also yee shall not sweare by my name falsely, neither shalt thou defile the name of thy God: I am the Lord.
13 ၁၃ ကိုယ် နှင့်စပ်ဆိုင်သောသူ ၏ဥစ္စာကို မ တရားသဖြင့် မ သိမ်းရ။ အနိုင် အထက်ပြု၍ မ ယူရ။ သူငှါး ခံ ထိုက်သော အခ ကို တညဉ့်လုံးနံနက် တိုင်အောင် မ ထား ရ။
Thou shalt not do thy neighbour wrong, neither rob him. The workemans hire shall not abide with thee vntil the morning.
14 ၁၄ နားပင်း သောသူကို မ ကျိန်ဆဲ ရ။ မျက်စိ မမြင်သောသူရှေ့ မှာ ထိမိ ၍ လဲစရာကို မ ထား ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Thou shalt not curse the deafe, neither put a stumbling blocke before the blinde, but shalt feare thy God: I am the Lord.
15 ၁၅ တရား တွေ့သည်အမှုမှာ မ တရားသဖြင့် မ စီရင် ရ။ ဆင်းရဲ သောသူဘက် ၌ မ ငဲ့ကွက် ၊ ကြီး သောသူ၏ မျက်နှာ ကို မ ထောက် ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရား သဖြင့် စီရင် ရမည်။
Ye shall not doe vniustly in iudgement. Thou shalt not fauour the person of the poore, nor honour the person of the mightie, but thou shalt iudge thy neighbour iustly.
16 ၁၆ သူ့အသရေ ပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ် အမျိုးသား ချင်းတို့တွင် မ လှည့်လည် ရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Thou shalt not walke about with tales among thy people. Thou shalt not stand against the blood of thy neighbour: I am the Lord.
17 ၁၇ သင် ၏ ညီအစ်ကို ကို စိတ်အခုအခံမရှိရ။ ကိုယ် နှင့် စပ်ဆိုင်သောသူ ၌ရှိသောအပြစ် ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမ ရမည်။
Thou shalt not hate thy brother in thine heart, but thou shalt plainely rebuke thy neighbour, and suffer him not to sinne.
18 ၁၈ သင့် အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မ တုံ့ ရ။ အငြိုး မ ထားရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့် အမျှ ချစ် ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Thou shalt not auenge, nor be mindful of wrong against ye childre of thy people, but shalt loue thy neighbour as thy selfe: I am the Lord.
19 ၁၉ ငါ ၏ ပညတ် တရားကို သင်တို့သည် စောင့် ရကြမည်။ အမျိုး ခြားသော တိရစ္ဆာန် အထီးအမတို့ကို မ ရှက် မတင်စေရ။ ခြားနား သော မျိုးစေ့ကို ရောနှော၍ လယ် ၌ မ ကြဲ ရ။ ဝါ နှင့်သိုးမွေးရော၍ ရက်သောအဝတ် ကို မ ဝတ် ရ။
Yee shall keepe mine ordinances. Thou shalt not let thy cattel gender with others of diuers kindes. Thou shalt not sowe thy fielde with mingled seede, neyther shall a garment of diuers thinges, as of linen and wollen come vpon thee.
20 ၂၀ ထိမ်းမြား ဆောင်နှင်းလျက်၊ မ ရွေး မ လွှတ် သေးသော ကျွန် မိန်းမ နှင့် သင့် နေသောသူသည် ရိုက်နှက် ခြင်းကိုခံရ မည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့်သေ ပြစ်နှင့် လွတ် ရမည်။
Whosoeuer also lyeth and medleth with a woman that is a bonde mayde, affianced to a husband, and not redeemed, nor freedome giuen her, she shalbe scourged, but they shall not die, because she is not made free.
21 ၂၁ ယောက်ျားသည်လည်း၊ ဒုစရိုက် ဖြေရာယဇ်ဘို့ သိုး ထီးတကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်။
And he shall bring for his trespasse offring vnto the Lord, at the doore of the Tabernacle of the Congregation, a ramme for a trespasse offering.
22 ၂၂ ထိုယောက်ျားပြု မိသော အပြစ် ကို ဖြေခြင်းငှါ၊ ဒုစရိုက် ဖြေရာယဇ် သိုး ကို၊ ယဇ် ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ် လွတ်ခြင်းသို့ ရောက်လိမ့်မည်။
Then the Priest shall make an atonement for him with the ramme of the trespasse offering before the Lord, concerning his sinne which he hath done, and pardon shalbe giuen him for his sinne which he hath committed.
23 ၂၃ သင်တို့သည် ငါပေးသောပြည် သို့ ရောက် ၍ ၊ စားအပ်သော အပင် အမျိုးမျိုး ကို စိုက် ပြီးမှ ၊ သုံး နှစ် ပတ်လုံး သီးသော အသီး ကို၊ အရေဖျား လှီးခြင်းကို မခံသော အသီးဟူ၍မှတ်ရမည်။ ထိုအသီးကို မ စား ရ။
Also when ye shall come into the land, and haue planted euery tree for meate, ye shall count the fruite thereof as vncircumcised: three yeere shall it be vncircumcised vnto you, it shall not be eaten:
24 ၂၄ စတုတ္ထ နှစ် တွင် သီးသောအသီး ရှိသမျှ သည် သန့်ရှင်း ၍ ၊ ထာဝရ ဘုရား၏ ကျေးဇူး တော်ကို ချီးမွမ်းဘို့ရာဖြစ် ရမည်။
But in the fourth yere all the fruite thereof shalbe holy to the praise of the Lord.
25 ၂၅ ပဉ္စမ နှစ် တွင် သီးသောအသီး ကို စား ရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
And in the fifth yeere shall ye eate of the fruite of it that it may yeelde to you the encrease thereof: I am the Lord your God.
26 ၂၆ အသွေး ပါသောအသေကောင်ကို မ စား ရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
Ye shall not eat the flesh with the blood, ye shall not vse witchcraft, nor obserue times.
27 ၂၇ ဦးခေါင်း အနား ပတ်လည်၌ ဆံပင်ကိုဝန်း၍ မ ရိတ် ရ။ ပါးမုန်း ကိုလည်း မ ရိတ် ရ။
Ye shall not cut rounde the corners of your heades, neither shalt thou marre the tuftes of thy beard.
28 ၂၈ သေ သောသူအတွက် ကိုယ် အသား ကို မ ခုတ် မရှရ။ သံပူ မ ထိုး ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Ye shall not cut your flesh for the dead, nor make any print of a marke vpon you: I am the Lord,
29 ၂၉ ကိုယ် သမီး ကို ပြည်တန်ဆာ ဖြစ်စေခြင်းငှါ မ ရှုတ် မချရ။ သို့ပြုလျှင် တပြည်လုံး သည် မ တရားသောမေထုန် သို့လိုက်၍ အဓမ္မ အမှုနှင့် ပြည့် လိမ့်မည်။
Thou shalt not make thy daughter common, to cause her to be a whore, least the lande also fall to whoredome, and the lande bee full of wickednesse.
30 ၃၀ ငါ့ ဥပုသ် နေ့တို့ကို စောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Ye shall keepe my Sabbaths and reuerence my Sanctuarie: I am the Lord.
31 ၃၁ ကိုယ်ကိုကိုယ်ညစ်ညူး စေခြင်းငှါ ၊ နတ်ဝင် သူကို မ မှီဝဲ ရ။ စုန်း လုပ်သူကိုလည်း မ ရှာဖွေ ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Ye shall not regarde them that worke with spirites, neither soothsayers: ye shall not seeke to them to be defiled by them: I am the Lord your God.
32 ၃၂ ဆံပင် ဖြူသောသူရှေ့ မှာ ထ ရမည်။ အသက် ကြီးသောသူ၏ မျက်နှာ ကို ရိုသေ ရမည်။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Thou shalt rise vp before the horehead, and honour the person of the old man, and dread thy God: I am the Lord.
33 ၃၃ သင် ၏ ပြည် ၌ တည်း နေသောဧည့်သည် ကို မ ညှဉ်းဆဲ ရ။
And if a stranger soiourne with thee in your lande, ye shall not vexe him.
34 ၃၄ သင် နှင့်အတူ နေ သောဧည့်သည် ကို ကိုယ် အမျိုးသား ချင်းကဲ့သို့ မှတ် ရမည်။ ကိုယ် နှင့် အမျှ ချစ် ရမည်။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
But the stranger that dwelleth with you, shalbe as one of your selues, and thou shalt loue him as thy selfe: for ye were strangers in the lad of Egypt: I am the Lord your God.
35 ၃၅ တိုင်းထွာ သောအမှု၊ ချိန်တွယ် သောအမှု၊ ခြင်တွက် သောအမှု၌ မ တရားစွာ မ ပြု ရ။
Ye shall not doe vniustly in iudgement, in line, in weight, or in measure.
36 ၃၆ မှန် သောချိန်ခွင် ၊ မှန် သောအလေး ၊ မှန် သောဧဖာ ၊ မှန် သောဟိန် တို့ကို သုံး ရမည်။ ငါသည်သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
You shall haue iust ballances, true weightes, a true Ephah, and a true Hin. I am the Lord your God, which haue brought you out of the lande of Egypt.
37 ၃၇ သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက် အလုံးစုံ တို့ကို စောင့်ရှောက် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
Therefore shall ye obserue all mine ordinances, and all my iudgements, and doe them: I am the Lord.

< ဝတ်ပြုရာ 19 >