< ဝတ်ပြုရာ 13 >
1 ၁ တဖန် ထာဝရဘုရား သည်၊ မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
၁ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အောက်ဖော်ပြပါပညတ်များကိုချ မှတ်ပေးတော်မူ၏။-
2 ၂ လူ သည် ကိုယ် အရေ ၌ အဖူး ဖြစ်စေ ၊ ယားနာ ဖြစ်စေ ၊ နူကွက် ဖြစ်စေ၊ နူ သောလက္ခဏာပေါ် လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန် ထံ သို့ဖြစ်စေ ၊ သူ ၏သား ယဇ်ပုရောဟိတ် တစုံ တယောက်ထံ သို့ဖြစ်စေခေါ် ခဲ့ရမည်။
၂တစ်စုံတစ်ယောက်တွင်အရေပြား၌အနာစိမ်း ဖြစ်စေ၊ ဖူးယောင်နာဖြစ်စေ၊ အနာကွက်ဖြစ်စေ၊ ပေါ်လာသဖြင့် ဆိုးရွားသောကိုယ်ရေပြားရောဂါ စွဲမည့်လက္ခဏာရှိလာလျှင် ထိုသူကိုအာရုန်မှ ဆင်းသက်သောယဇ်ပုရောဟိတ်ထံသို့ခေါ် ဆောင်ခဲ့ရမည်။-
3 ၃ ယဇ် ပုရောဟိတ်သည်၊ ထိုသူ၏ အရေ ၌ ပေါ်သော အနာ ကို ကြည့်ရှုသောအခါ၊ အနာ ၌ ရှိသောအမွေး သည် ဖြူ လျှင် ၎င်း၊ အနာ သည် အရေ အောက်၌ စွဲဟန် ရှိလျှင်၎င်း နူနာ မှန်၏။ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ကြည့်ရှု ပြီးမှ ၊ မ စင်ကြယ်ဟု စီရင်ရမည်။
၃ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီး လျှင် အနာပေါ်ရှိအမွေးများဖြူ၍အနာ တွင်းနက်နေလျှင် ထိုသူ၌ဆိုးဝါးသောကိုယ် ရေပြားရောဂါစွဲကပ်နေပြီဖြစ်သောကြောင့် မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေးရ မည်။-
4 ၄ ကိုယ် အရေ ၌ ရှိသောနူကွက် သည် ဖြူ လျှင် ၎င်း၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ အမွေး မ ဖြူ လျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာ ရှိသောသူကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
၄သို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။-
5 ၅ သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ သည် အရေ ၌ မ တိုးမလျော့နေလျှင် ၊ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
၅သတ္တမနေ့၌ယဇ်ပုရောဟိတ်သည် ထိုသူအား ထပ်မံစစ်ဆေးပြီးအနာသည် ပကတိအတိုင်း ပြန့်ပွားမှုမရှိဟုထင်မြင်လျှင် ထိုသူအား ခုနစ်ရက်ထပ်မံသီးခြားနေထိုင်စေရမည်။-
6 ၆ တဖန် သတ္တမ နေ့ ၌ ကြည့်ရှု ၍ အနာ သည် အရေ ၌ မ တိုးပွား ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။
၆တစ်ဖန်သတ္တမနေ့၌ထိုသူအားထပ်မံစစ်ဆေး ၍ အနာညိုးလျက်မပြန့်ပွားကြောင်းတွေ့ရလျှင် ရိုးရိုးအနာဖြစ်သဖြင့်ဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟူ၍အဆုံးအဖြတ်ပေးရ မည်။ ထိုသူသည်မိမိအဝတ်များကိုလျှော်ဖွပ် ပြီးနောက် ဘာသာရေးထုံးနည်းအရသန့်ရှင်း စင်ကြယ်လာလိမ့်မည်။-
7 ၇ စင်ကြယ် စေခြင်းငှါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြီးမှ ၊ နောက်တဖန် ယားနာ တိုးပွား ပြန်လျှင် ၊ ယဇ် ပုရောဟိတ် ကြည့်ရှု ပြန်၍၊
၇သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အနာကိုစစ်ဆေး၍ သန့်ရှင်းသူဟုအဆုံး အဖြတ်ပေးပြီးနောက်မှအနာပြန့်ပွားလာ လျှင် ထိုသူသည်ယဇ်ပုရောဟိတ်ထံ၌တစ် ဖန်အစစ်ဆေးခံရမည်။-
8 ၈ ယားနာ တိုးပွား သည်ကိုမြင် သောအခါ ၊ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ နူနာ ဖြစ်၏။
၈ယဇ်ပုရောဟိတ်သည်သူ၏အနာကိုထပ်မံ စစ်ဆေး၍အနာပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ် ရေပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေး ရမည်။
9 ၉ နူနာ စွဲသောသူ ကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ရမည်။
၉တစ်စုံတစ်ယောက်သောသူ၌ ဆိုးရွားသောကိုယ် ရေပြားရောဂါစွဲလျှင် ထိုသူကိုယဇ်ပုရော ဟိတ်ထံသို့ခေါ်ဆောင်ခဲ့ရမည်။-
10 ၁၀ ယဇ်ပုရောဟိတ် ကြည့်ရှု ၍ ၊ အရေ ၌ ထ သော အဖူးနှင့်တကွ အမွေး သည် ဖြူ လျှင် ၎င်း၊ အဖူး ၌ အသား စို ရှိလျှင်၎င်း၊
၁၀ယဇ်ပုရောဟိတ်သည်သူ့ကိုစစ်ဆေး၍ အရေ ပြားပေါ်တွင်အဖြူကွက်အနာရှိပြီး ထိုအဖြူ ကွက်ပေါ်ရှိအမွေးများဖြူလျက်အနာသည် လည်းပြည်တည်နေလျှင်၊-
11 ၁၁ ကိုယ် အရေ ၌ ဟောင်း သော နူနာ ဖြစ်၏။ ထိုသူသည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ် ထားသဖြင့် ၊ သူ သည် မ စင်ကြယ်ဘဲနေရမည်။
၁၁ထိုအနာသည်ဆိုးရွားသောအရေပြားရောဂါ ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့် ရှင်းဟုအဆုံးအဖြတ်ပေးရမည်။ ထိုသူ၌ ရောဂါဆိုးစွဲလျက်ရှိကြောင်း သိသာထင်ရှား သဖြင့်သူ့အားသီးခြားနေထိုင်စေရန်မလို။-
12 ၁၂ နူနာ သည် အရေ ၌ တိုးပွား ၍ အနာ စွဲသော သူတကိုယ်လုံး ၊ ခေါင်း ထိပ်မှ သည် ခြေဘဝါး တိုင်အောင် ၊ ယဇ်ပုရောဟိတ် ကြည့်ရှု လေရာရာ ၌ နူနာ နှံ့ပြား လျှင်၊
၁၂အကယ်၍သူ၏အရေပြားရောဂါသည် ဦး ခေါင်းမှခြေထောက်သို့တိုင်အောင်ပြန့်ပွား လာလျှင်၊-
13 ၁၃ ထိုသို့ တကိုယ်လုံး အနာ နှံ့ပြား သောသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင် ၍ စီရင်ရမည်။ တကိုယ်လုံး ဖြူ သည်ဖြစ်၍စင်ကြယ် ၏။
၁၃ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံ၍စစ် ဆေးရမည်။ သူ၏အနာသည် တစ်ကိုယ်လုံးပြန့် နှံ့သွားကြောင်းတွေ့ရှိရလျှင် ယဇ်ပုရောဟိတ် သည်သူ့အားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ သူသည်တစ် ကိုယ်လုံးဖြူဆွတ်သွားလျှင်ဘာသာရေးထုံး နည်းအရသန့်ရှင်းစင်ကြယ်၏။-
14 ၁၄ သို့မဟုတ် အသား စို ပေါ် လျှင် မ စင်ကြယ်။
၁၄သို့ရာတွင်ထိုသူ၏ကိုယ်ပေါ်၌ အနာပေါက်လာ သည်နှင့်တစ်ပြိုင်နက်သူသည်မသန့်ရှင်းချေ။-
15 ၁၅ ယဇ် ပုရောဟိတ်သည် အသား စို ကို ကြည့်ရှု ၍ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ အသား စို သည် မ စင်ကြယ်။ နူနာ အမှန်ဖြစ်၏။
၁၅ထိုအခါယဇ်ပုရောဟိတ်သည်သူ့အားတစ်ဖန် စစ်ဆေး၍ ကိုယ်ပေါ်၌အနာပေါက်နေသည်ကို တွေ့ရှိရလျှင် သူ့ကိုမသန့်ရှင်းဟုဆုံးဖြတ်ရ မည်။ အနာပေါက်လာခြင်းသည်ဆိုးရွားသော ကိုယ်ရေပြားရောဂါစွဲခြင်းလက္ခဏာဖြစ်၍ ထိုသူသည်မသန့်ရှင်းချေ။-
16 ၁၆ အသား စို သည် ခြားနား ၍ ဖြူ ပြန်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့တဖန် လာ ရမည်။
၁၆အနာသည်ပျောက်ကင်း၍တစ်ဖန်ဖြူလာ လျှင် သူသည်ယဇ်ပုရောဟိတ်ထံသို့သွား ရမည်။-
17 ၁၇ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ ဖြူ ပြန်သည်ကိုမြင် လျှင် ၊ ထိုအနာ ရှိသောသူ စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူ သည် စင်ကြယ် ၏။
၁၇ယဇ်ပုရောဟိတ်သည်သူ့ကိုတစ်ဖန်စစ်ဆေး ရမည်။ အနာသည်ပြန်၍ဖြူလာလျှင် သူသည် ဘာသာရေးထုံးနည်းအရစင်ကြယ်၏။ ယဇ် ပုရောဟိတ်သည်လည်းသူ့အားစင်ကြယ် သည်ဟုအဆုံးအဖြတ်ပေးရမည်။
18 ၁၈ ကိုယ် အရေ ၌ အနာစိမ်း ဖြစ် ၍ ပျောက် ပြီးမှ၊
၁၈တစ်စုံတစ်ယောက်သောသူ၏ကိုယ်ရေပြားပေါ် တွင် ပျောက်ကင်းသွားသောအနာစိမ်းနေရာ၌၊-
19 ၁၉ အနာ ရွတ်၌ ဖြူ သောအဖူး ဖြစ်စေ ၊ ဖြူ နီ သော အနူ ကွက်ဖြစ်စေ၊ ပေါ် လာသည်ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍၊
၁၉ဖြူသောအဖုဖြစ်စေ၊ နီဖျော့ဖျော့အကွက်ဖြစ် စေပေါ်လာလျှင် သူသည်ယဇ်ပုရောဟိတ်ထံ သို့သွားရမည်။-
20 ၂၀ အရေ အောက်၌ စွဲဟန် ရှိ၍ အမွေး ဖြူ လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်း ထဲက ထွက်သော နူနာ ဖြစ်၏။
၂၀ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီးနောက် အနာတွင်းနက်လျက် အနာပေါ်ရှိအမွေးများ ဖြူလာကြောင်းတွေ့ရှိရလျှင် ထိုသူအားမသန့် ရှင်းဟုဆုံးဖြတ်ရမည်။ ထိုအနာသည်အနာ စိမ်းနေရာမှဖြစ်ပေါ်လာသောဆိုးရွားသည့် ကိုယ်ရေပြားရောဂါဖြစ်သည်။-
21 ၂၁ ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ ဖြူ သောအမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
၂၁ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေး၍ အနာနေရာတွင်အမွေးများမဖြူ၊ အနာ တွင်းလည်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေလျှင်ထိုသူအားခုနစ်ရက်ပတ်လုံး သီးခြားနေထိုင်စေရမည်။-
22 ၂၂ အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။
၂၂အနာကွက်ပြန့်ပွားလာကြောင်းကိုတွေ့ရှိရ လျှင် ထိုသူ၌ရောဂါစွဲကပ်ပြီးဖြစ်၍သူ အားမသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
23 ၂၃ သို့မဟုတ် နူကွက် မ ရွေ့၊ မ တိုးပွား လျှင် အနာစိမ်း ရွတ် ဖြစ်၏။ ထိုသူ စင်ကြယ် ၏ဟု စီရင်ရမည်။
၂၃သို့ရာတွင်အနာကွက်သည်မပြန့်ပွားဘဲ နဂိုမူလအတိုင်းရှိနေလျှင် အနာစိမ်း၏ အမာရွတ်မျှသာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်ကထိုသူအားဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။
24 ၂၄ အရေ အသား ၌ မီး လောင် နာရှိ ၍ ၊ မီးလောင်နာ အသားစို၌ ဖြူ နီ သော နူကွက် ရှိ လျှင်၊
၂၄တစ်စုံတစ်ယောက်သောသူသည်မီးလောင်ခံရ၍ မီးလောင်သောနေရာတွင်အရေပြားဖြူလာ လျှင်ဖြစ်စေ၊ နီဖျော့ဖျော့ဖြစ်လာလျှင်ဖြစ်စေ၊-
25 ၂၅ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ရမည်။ နူကွက် အမွေး ဖြူ ၍ အရေ အောက်၌ စွဲဟန် ရှိလျှင် ၊ မီး လောင်နာ ထဲက ထွက် သော နူနာ ဖြစ်၏။ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ မှန်၏။
၂၅ယဇ်ပုရောဟိတ်သည်ထိုအနာကိုစစ်ဆေးရ မည်။ အနာကွက်တွင်ရှိသောအမွေးများသည် ဖြူ၍အနာတွင်းနက်ကြောင်းတွေ့ရှိရလျှင် မီး လောင်သောအနာမှဖြစ်ပေါ်လာသောဆိုးရွား သည့်ကိုယ်ရေပြားရောဂါဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
26 ၂၆ ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ နူကွက် ၌ ဖြူ သော အမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
၂၆သို့ရာတွင်အနာကွက်၌ရှိသောအမွေးသည် မဖြူ၊ အနာတွင်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေကြောင်းတွေ့ရှိရလျှင် ထိုသူအားခုနစ် ရက်သီးခြားနေထိုင်စေရမည်။-
27 ၂၇ သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ နူကွက်သည် အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။
၂၇သတ္တမနေ့တွင်ယဇ်ပုရောဟိတ်သည် သူ့ကိုထပ်မံ စစ်ဆေး၍အနာသည်ပြန့်ပွားနေကြောင်းတွေ့ရ လျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြား ရောဂါဖြစ်သောကြောင့် ထိုသူကိုမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။-
28 ၂၈ သို့မဟုတ် နူကွက် မ ရွေ့ အရေ ၌ မ တိုးပွား ခပ်မည်းမည်း ဖြစ်လျှင် ၊ မီ လောင်နာ အဖူး ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မီး လောင်သော အနာရွတ် သက်သက်ဖြစ်၏။
၂၈သို့သော်အနာကွက်သည်မူလအခြေအနေ၌ ရှိ၍ မပြန့်ပွားကြောင်းကိုလည်းကောင်း၊ အရောင် ဖျော့နေကြောင်းကိုလည်းကောင်းတွေ့ရှိရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြားရော ဂါမဟုတ်။ ထိုအနာသည်မီးလောင်သည့်အမာ ရွတ်မျှသာဖြစ်ခြင်းကြောင့် ယဇ်ပုရောဟိတ်သည် ထိုသူအားဘာသာရေးထုံးနည်းအရသန့်ရှင်း သည်ဟုဆုံးဖြတ်ရမည်။
29 ၂၉ ယောက်ျား မိန်းမ သည်လည်း ၊ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ၊ အနာ ပေါက်၍၊
၂၉အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏ခေါင်းပေါ်တွင်ဖြစ်စေ၊ မေးပေါ်တွင် ဖြစ်စေအနာပေါက်လျှင်၊-
30 ၃၀ ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် နှင့်တကွ အမွေး ဝါဝါ ပါးပါး ရှိလျှင် ၊ ထိုသူ မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း ၌ဖြစ်စေ ၊ မေး ၌ဖြစ်စေ၊ ဗောက်နူနာ ဖြစ်၏။
၃၀ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
31 ၃၁ ထိုအနာ ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ နက် သော အမွေး လည်း မ ရှိလျှင် ၊ ထိုအနာ ပေါက်သောသူကို၊ ယဇ် ပုရောဟိတ်သည် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
၃၁ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး သည့်အခါ အနာတွင်းသည်မနက်သော်လည်း အနာပေါ်ရှိအမွေးများသည် ပကတိအသွေး အရောင်အတိုင်းမရှိခဲ့လျှင် သူ့ကိုခုနစ်ရက် သီးခြားနေထိုင်စေရမည်။-
32 ၃၂ သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ မ တိုးပွား ၊ ပါးသောအမွှေး မ ရှိ ၊ အရေ အောက်၌ စွဲဟန် လည်း မ ရှိလျှင်၊
၃၂သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာ ကိုတစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား အမွေးများသည်လည်းမဝါ၊ အနာတွင်း သည်လည်းမနက်ကြောင်းတွေ့ရှိရလျှင်၊-
33 ၃၃ ထိုသူ၏ အမွေးကိုရိတ် ရမည်။ အနာ အမွေးကိုကား မ ရိတ် ရ။ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
၃၃အနာပတ်လည်ရှိအမွေးများကိုရိတ်ရ မည်။ ထို့နောက်သူအားခုနစ်ရက်တိုး၍သီး ခြားနေထိုင်စေရမည်။-
34 ၃၄ သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အရေ ၌ အနာ မ တိုးပွါး ၊ အရေ အောက်၌ မ စွဲလျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။
၃၄သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာကို တစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား၊ အနာတွင်းသည်လည်းမနက်ကြောင်းတွေ့ရှိ ရလျှင် ထိုသူအားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ ထိုသူသည် မိမိအဝတ်များကိုဖွပ်လျှော်ရမည်။ ထို့ နောက်သူသည်သန့်ရှင်းလိမ့်မည်။-
35 ၃၅ စင်ကြယ် စေပြီးမှ ၊ နောက်တဖန် ဗောက်နူနာ တိုးပွါး လျှင်၊
၃၅သို့ရာတွင်သူ့အားသန့်ရှင်းသည်ဟုဆုံး ဖြတ်ပြီးနောက် အနာသည်ပြန့်ပွားလာလျှင်၊-
36 ၃၆ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ အနာ တိုးပွါး သည်မှန်လျှင် ၊ ယဇ် ပုရောဟိတ်သည် ဝါ သောအမွေး ကို မ ရှာ ရ။ ထိုသူ သည် မ စင်ကြယ်။
၃၆ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံစစ်ဆေး ရမည်။ အနာသည်ပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် အမွေးဝါသည်မဝါသည်ကိုစစ် ဆေးကြည့်ရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည်မသန့်ရှင်းကြောင်းထင်ရှားနေပြီ ဖြစ်သည်။-
37 ၃၇ သို့မဟုတ် ဗောက်နူနာ သည် ရပ် နေဟန်ရှိ၍ နက် သော အမွေး ပေါက် လျှင် ၊ အနာ ပျောက် ၍ ထိုသူ သည် စင်ကြယ် သောကြောင့် ၊ ယဇ် ပုရောဟိတ်က ထိုသူ သည် စင်ကြယ် ၏ဟု စီရင်ရမည်။
၃၇သို့ရာတွင်ယဇ်ပုရောဟိတ်သည်အနာမပြန့် မပွား၊ အနာပေါ်ရှိအမွေးနက်များသည် ပကတိအသွေးအရောင်ရှိ၍ ပျောက်ကင်း သွားပြီဟုထင်မြင်ယူဆလျှင် ထိုသူအား ဘာသာရေးထုံးနည်းအရသန့်ရှင်းသည် ဟူ၍ဆုံးဖြတ်ရမည်။
38 ၃၈ ယောက်ျား မိန်းမ သည်လည်း ၊ ကိုယ် အရေ ၌ ဖြူ သောနူကွက် ရှိ ၍၊
၃၈အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏အရေပြားပေါ်တွင်အဖြူကွက် များပေါ်လျှင်၊-
39 ၃၉ ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ မွဲ သောအဆင်းရှိလျှင်၊ အရေ ၌ ပေါက် သော ညှင်း ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏။
၃၉ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး ရမည်။ အကွက်များသည်ဖြူမွဲမွဲဖြစ်လျှင် အရေပြားပေါ်တွင်ဖြစ်ပေါ်တတ်သောညှင်း ကွက်များဖြစ်၍သူသည်ဘာသာရေးထုံး နည်းအရသန့်ရှင်းသည်။
40 ၄၀ ဆံပင် ကျွတ် သောသူ သည်၊ ခေါင်းပြောင် သော်လည်း စင်ကြယ် ၏။
၄၀အမျိုးသားသို့မဟုတ် အမျိုးသမီးတစ် ယောက်၏ဦးခေါင်းအနောက်ပိုင်းမှဖြစ်စေ၊ အရှေ့ပိုင်းမှဖြစ်စေဆံပင်များကျွတ်လျှင် မသန့်ရှင်းသူဟူ၍မသတ်မှတ်ရ။-
41 ၄၁ နဖူး ဆံ ကျွတ် သောသူ သည် နဖူးပြောင် သော်လည်းစင်ကြယ် ၏။
၄၁
42 ၄၂ ပြောင် သောခေါင်း၌ ဖြစ်စေ ၊ ပြောင် သောနဖူး၌ ဖြစ်စေ၊ ဖြူ နီ သောအနာ ပေါက် လျှင် ၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။
၄၂သို့ရာတွင်ဆံပင်ပြောင်သောနေရာ၌နီ ဖျော့ဖျော့အနာပေါက်လျှင် ထိုအနာသည် ဆိုးရွားသောအရေပြားရောဂါဖြစ်သည်။-
43 ၄၃ ထိုအခါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ကိုယ် အရေ ၌ နူနာ ထင် သကဲ့သို့ ၊ ပြောင် ရာ၌ ပေါက်သော အနာ ၏အဖူး ဖြူ နီ လျှင်၊
၄၃ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး၍ အနာသည်နီဖျော့ဖျော့ဖြစ်လျှင်၊-
44 ၄၄ ထိုသူ သည် မ စင်ကြယ်။ လူ နူ ဖြစ်၏။ ခေါင်း ၌ အနာ ပေါက်သောကြောင့်၊ အလျှင်းမ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။
၄၄သူ၏ဦးခေါင်းပေါ်၌ဆိုးရွားသောအရေ ပြားရောဂါစွဲသည်ဖြစ်သောကြောင့် မသန့် ရှင်းသူဟုဆုံးဖြတ်ရမည်။-
45 ၄၅ နူနာ စွဲသောသူသည် စုတ် သော အဝတ် ကို ဝတ် ရမည်။ ခေါင်း ကို မ ဖုံး၊ အထက် နှုတ်ခမ်းကို ဖုံး လျက် ၊ မ စင်ကြယ်၊ မ စင်ကြယ်ဟု ဟစ်ကြော် ရမည်။
၄၅ဆိုးရွားသောကိုယ်ရေပြားရောဂါစွဲသော သူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ဆံပင် ကိုမဖြီးရ။ မျက်နှာအောက်ပိုင်းကိုဖုံးလျက် မသန့်ရှင်း၊ မသန့်ရှင်းဟုအော်ရမည်။-
46 ၄၆ ထိုအနာ စွဲသည် ကာလ ပတ်လုံး ၊ သူသည် ညစ်ညူး ၏ မ စင်ကြယ်သည်ဖြစ်၍တယောက် တည်းနေ ရမည်။ သူ့ နေရာ သည် တပ် ပြင် မှာ ရှိရမည်။
၄၆သူ၏ကိုယ်၌ထိုရောဂါစွဲနေသည့်ကာလ ပတ်လုံး သူသည်မသန့်ရှင်းသဖြင့် လူသူနှင့် ဝေးရာစခန်းအပြင်၌ထွက်၍နေထိုင်ရမည်။
47 ၄၇ ၎င်း နည်းနူနာ စွဲသော အဝတ် သည်၊ ပိတ် အဝတ် ဖြစ်စေ ၊ သိုးမွေး အဝတ်ဖြစ်စေ၊
၄၇သိုးမွေးအဝတ်အထည်သို့မဟုတ်ပိတ်ချော အဝတ်အထည်တွင်ဖြစ်စေ၊-
48 ၄၈ ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ၊ သားရေ နှင့်လုပ် သော အသုံးအဆောင် ဖြစ်စေ၊
၄၈သိုးမွေးအထည်စသို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေသို့မဟုတ် သားရေထည်ပစ္စည်းတွင်ဖြစ်စေ၊-
49 ၄၉ အဝတ် ၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း ၊ ခပ်နီနီ ရှိလျှင်၊ နူနာ ဖြစ် ၏။ ယဇ်ပုရောဟိတ် အား ပြ ရမည်။
၄၉စိမ်းဖန့်ဖန့်သို့မဟုတ်နီကြန့်ကြန့်ဖားဥ ကွက်များကိုတွေ့ရလျှင် ပြန့်ပွားတက်သော ဖားဥမျိုးဖြစ်သဖြင့် ထိုပစ္စည်းများကိုယဇ် ပုရောဟိတ်ထံပြသရမည်။-
50 ၅၀ ယဇ် ပုရောဟိတ်သည် အနာ စွဲသော အဝတ်ကို ကြည့်ရှု ၍ ခုနစ် ရက် ပတ်လုံးလုံခြုံ စွာ ထားရမည်။
၅၀ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ်ဆေးပြီး ခုနစ်ရက်သိမ်းထားရမည်။-
51 ၅၁ သတ္တမ နေ့ ၌ တဖန်ကြည့်ရှု ၍ အဝတ် ၌ အနာ တိုးပွါး လျှင် ၊ ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ ၊ သားရေနှင့် လုပ် သော အရာ ဖြစ်စေ၊ မ စင်ကြယ်။ စားတတ်သော နူနာ စွဲပြီ။
၅၁သတ္တမနေ့၌ထိုပစ္စည်းကိုထပ်မံစစ်ဆေး၍ ဖားဥကွက်ပြန့်ပွားလာလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။-
52 ၅၂ ထိုအဝတ် ကို မီး ရှို့ရမည်။ စားတတ်သော နူနာ စွဲသော ရက်ကန်း ပင်၊ ရက်ကန်း သား၊ ပိတ် အဝတ်၊ သိုးမွေး အဝတ်၊ သားရေ အသုံး အဆောင်ကို မီး ရှို့ ရမည်။
၅၂ထိုဖားဥကွက်သည်ကူးစက်တတ်သောဖားဥ မျိုးဖြစ်သဖြင့် ယဇ်ပုရောဟိတ်သည်ပစ္စည်း ကိုမီးရှို့ဖျက်ဆီးရမည်။
53 ၅၃ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာ မ တိုးပွါး လျှင်၊
၅၃ယဇ်ပုရောဟိတ်သည် ပစ္စည်းကိုစစ်ဆေး၍ဖားဥ ကွက်သည်မကျယ်ပြန့်လျှင်၊-
54 ၅၄ အနာ စွဲသောအရာကို ဆေး လျော်စေမည်အကြောင်း ၊ ယဇ်ပုရောဟိတ် စီရင် ၍ တဖန် ခုနစ် ရက် ပတ်လုံး လုံခြုံ စွာ ထားရမည်။
၅၄ထိုပစ္စည်းကိုဖွပ်လျှော်စေပြီးနောက် ခုနစ်ရက် ထပ်မံ၍သိမ်းထားရမည်။-
55 ၅၅ ဆေး လျှော် ပြီးမှ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ ၊ အနာ မ တိုးပွါး သော်လည်း ၊ အဆင်း မ ခြားနား လျှင် ၊ မ စင်ကြယ်။ မီး ရှို့ ရမည်။ အတွင်း ၌ ဖြစ်စေ ၊ ပြင် ၌ ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
၅၅ထို့နောက်ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ် ဆေးရမည်။ ဖားဥကွက်သည်မပြန့်ပွားသော် လည်းအရောင်မပြောင်းလဲလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။ ထိုပစ္စည်းသည်အတွင်းအပြင် ဆွေးမြေ့နေကြောင်းတွေ့ရှိရလျှင် ယင်းကို မီးရှို့ဖျက်ဆီးရမည်။-
56 ၅၆ ဆေး လျှော်ပြီးမှ ၊ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ သည် ခပ်မည်းမည်း ဖြစ်လျှင် ၊ အဝတ် ၊ သားရေ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားထဲက အနာကွက်ကို ဆုတ် ဖဲ့ရမည်။
၅၆သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထပ်မံစစ် ဆေးသည့်အခါ ဖားဥကွက်သည်အရောင်ညှိုး သွားကြောင်းကိုတွေ့ရှိရလျှင် အဝတ်အထည် သို့မဟုတ်သားရေထည်ပစ္စည်းမှထိုအကွက် ကိုဆုတ်ထုတ်ရမည်။-
57 ၅၇ နောက် တဖန် ထိုရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာပေါ် ပြန်လျှင် ၊ တိုးပွား တတ်သောအနာ ဖြစ်၏။ ထိုသို့အနာ စွဲသောဥစ္စာကို မီး ရှို့ ရမည်။
၅၇ထို့နောက်ဖားဥကွက်တစ်ဖန်ပြန်ပေါ်လာ လျှင် ဖားဥပြန့်ပွားလာခြင်းကြောင့် ပိုင်ရှင် သည်ပစ္စည်းကိုမီးရှို့ဖျက်ဆီးရမည်။-
58 ၅၈ ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်ဟူသမျှ ကို ဆေး လျှော်၍ အနာ ပျောက် လျှင် ၊ ဒုတိယ အကြိမ် ဆေး လျှော်၍ စင်ကြယ် ရ၏။
၅၈သူသည်ပစ္စည်းကိုဖွပ်လျှော်သဖြင့်ဖားဥ ကွက်ပျောက်လျှင် နောက်တစ်ကြိမ်ထပ်မံဖွပ် လျှော်ရမည်။ ထို့နောက်ပစ္စည်းသည်ဘာသာ ရေးထုံးနည်းအရသန့်ရှင်းလိမ့်မည်။
59 ၅၉ ဤရွေ့ကား ၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို စီရင်စေခြင်းငှါ ၊ နူနာ စွဲသော ပိတ် အဝတ်၊ သိုးမွေး အဝတ် ၊ ရက်ကန်း ပင်၊ ရက်ကန်း သား၊ သားရေ အသုံး အဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
၅၉ဤပညတ်သည်ကား သိုးမွေးအဝတ်အထည် သို့မဟုတ်ပိတ်ချောအဝတ်အထည်တွင်ဖြစ် စေ၊ သိုးမွေးအထည်စ၊ သို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေထည်ပစ္စည်း တွင်ဖြစ်စေ၊ ဖားဥကွက်ပေါ်ခြင်းနှင့်ဆိုင်သော ပညတ်ဖြစ်သတည်း။