< ဝတ်ပြုရာ 12 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
YHWH spoke to Moses, saying,
2 မိန်းမ သည် ပဋိသန္ဓေယူ၍ သား ယောက်ျားကို ဘွားမြင် ပြီးလျှင် ၊ ဥတုရောက်၍ ခုနစ် ရက် မ စင်ကြယ်သကဲ့သို့ ခုနစ်ရက် မစင်ကြယ်နေရမည်။
"Speak to the children of Israel, saying, 'If a woman conceives, and bears a male child, then she shall be unclean seven days; as in the days of her monthly period she shall be unclean.
3 အဋ္ဌမ နေ့ ၌ သားယောက်ျားအား အရေဖျား လှီးခြင်းကို ပြုရမည်။
In the eighth day the flesh of his foreskin shall be circumcised.
4 ထိုနောက် အမိသည် စင်ကြယ် စေခြင်းနှင့် ဆိုင်သော အသွေး ရှိ၍၊ အရက် သုံး ဆယ်သုံး ရက် ပတ်လုံးနေ ရမည်။ စင်ကြယ် စေခြင်းနေ့ ရက်မ စေ့ မှီတိုင်အောင်သန့်ရှင်း သောအရာကို မ ကိုင် ရ။ သန့်ရှင်း ရာ ဌာနတော်သို့ မ သွား ရ။
She shall continue in the blood of purification thirty-three days. She shall not touch any holy thing, nor come into the sanctuary, until the days of her purifying are completed.
5 သားမိန်းမ ကို ဘွားမြင် လျှင် ၊ ဥတုရောက်သကဲ့သို့ တဆယ် လေးရက်ပတ်လုံးမ စင်ကြယ်နေရမည်။ စင်ကြယ် စေခြင်းနှင့် ဆိုင်သောအသွေး ရှိ၍၊ အရက် ခြောက် ဆယ်ခြောက် ရက် ပတ်လုံးနေ ရမည်။
But if she bears a female child, then she shall be unclean two weeks, as in her period; and she shall continue in the blood of purification sixty-six days.
6 သား ယောက်ျားဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ စင်ကြယ် စေခြင်းနေ့ ရက်ကာလစေ့ သောအခါ ၊ မီး ရှို့ရာယဇ် ဘို့ အခါ မလည်သော သိုးသငယ် တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ချိုး ကလေး တကောင်၊ သို့မဟုတ်ခို တကောင်ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့၊ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။
"'When the days of her purification are completed, for a son, or for a daughter, she shall bring to the priest at the door of the Tent of Meeting, a year old lamb for a burnt offering, and a young pigeon, or a turtledove, for a sin offering:
7 ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ တော်၌ ပူဇော် ၍ ၊ ထိုမိန်းမ အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် အသွေး သွန် ခြင်းအပြစ်မှ သန့်ရှင်း ရလိမ့်မည်။
and he shall offer it before YHWH, and make atonement for her; and she shall be cleansed from the fountain of her blood. "'This is the law for her who bears, whether a male or a female.
8 သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ အပြစ် ဖြေရာယဇ်ဘို့ တကောင် ကို ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် သူ့ အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် သန့်ရှင်း ရလိမ့်မည်။ ဤ ရွေ့ကား၊ သား ယောက်ျား၊ သားမိန်းမ ကို ဘွားမြင် သော အမိနှင့် ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
If she cannot afford a lamb, then she shall take two turtledoves, or two young pigeons; the one for a burnt offering, and the other for a sin offering: and the priest shall make atonement for her, and she shall be clean.'"

< ဝတ်ပြုရာ 12 >