< ဝတ်ပြုရာ 10 >

1 အာရုန် ၏သား နာဒပ် နှင့် အဘိဟု တို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်း တို့ကို ယူ လျက် မီး ကိုထည့် ၍ လောဗန် ကို တင် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသောမီးမ ဟုတ်၊ ထူးခြား သော မီး ကို ရှေ့ တော်၌ ပူဇော် ၏။
အာ​ရုန်​၏​သား​များ​ဖြစ်​ကြ​သော​နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည် မိ​မိ​တို့​တစ်​ဦး​စီ​နှင့်​ဆိုင်​ရာ မီး​ကျီး​ခံ​လင်​ပန်း​ကို​ယူ​၍​မီး​သွေး​မီး​ထည့် ပြီး​လျှင် နံ့​သာ​ကို​ဖြူး​လျက်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။ သို့​ရာ​တွင်​ယင်း​သို့​ပူ​ဇော် ရန်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား​အ​မိန့် မ​ပေး​သော​ကြောင့် ထို​မီး​သည်​သန့်​ရှင်း​သော မီး​မ​ဟုတ်၊-
2 ထိုအခါ ထာဝရဘုရား ထံ တော်မှ မီး ထွက် ၍ ၊ သူ တို့ကို လောင် သဖြင့် ရှေ့ တော်၌ သေ ကြ၏။
ထို့​ကြောင့်​ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​မှ သူ​တို့​အ​ပေါ်​သို့​လောင်​မီး​ကျ ၍​သူ​တို့​သည်​ရှေ့​တော်​တွင်​သေ​ဆုံး​ကြ​၏။-
3 ထိုအခါ မောရှေ သည် အာရုန် ကို ခေါ်၍၊ ထာဝရဘုရား က၊ ငါသည် သန့်ရှင်း ခြင်းရှိသည်ဟု ငါ့ ထံသို့ ချဉ်းကပ် သောသူတို့သည် မှတ်ရမည်။ လူ အပေါင်း တို့သည် ငါ့ဘုန်း ကို ချီးမြှင့်ရကြမည်ဟု မိန့် တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန် သည် တိတ်ဆိတ် စွာ နေလေ၏။
ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။
4 မောရှေ သည် အာရုန် ၏ ဘထွေး ဩဇေလ သား မိရှေလ နှင့် ဧလဇာဖန် ကို ခေါ် ၍ ၊ လာ ကြ။ သင် တို့ပေါက်ဘော် တို့ကို သန့်ရှင်း ရာ ဌာနတော်က ၊ တပ် ပြင် သို့ ယူ သွားကြလော့ဟု ဆို သည်အတိုင်း၊
မော​ရှေ​သည်​အာ​ရုန်​၏​ဦး​ရီး​တော်​သြ​ဇေ​လ ၏​သား​များ​ဖြစ်​ကြ​သော မိ​ရှေ​လ​နှင့်​ဧ​လ​ဇာ ဖန်​တို့​ကို​ခေါ်​၍``သင်​တို့​ညီ​အစ်​ကို​များ​၏ အ​လောင်း​များ​ကို​သန့်​ရှင်း​ရာ​တဲ​တော်​မှ စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​သွား​ကြ'' ဟု စေ​ခိုင်း​လေ​သည်။-
5 သူတို့သည် လာ ၍ အင်္ကျီ ဝတ်လျက်ရှိသောအသေကောင်ကို တပ် ပြင် သို့ ယူ သွားကြ၏။
ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​မိန့်​မှာ​သည့်​အ​တိုင်း အ​လောင်း​များ​ကို​လက်​ဖြင့်​မ​ထိ​ကိုင်​မိ​စေ​ရန် အ​ဝတ်​အင်္ကျီ​များ​မှ​ဆွဲ​၍​စ​ခန်း​အ​ပြင်​သို့ ထုတ်​ဆောင်​သွား​ကြ​လေ​သည်။
6 မောရှေ သည် အာရုန် နှင့် သူ ၏သား ဧလာဇာ နှင့် ဣသမာ တို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူ အပေါင်း တို့အပေါ် မှာ အမျက် တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ် ကို မ ဆုတ် နှင့်။ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှ တို့သည် ထာဝရဘုရား ပြု တော်မူသော မီးလောင် ခြင်းကိုသာ ငိုကြွေး မြည်တမ်းကြစေ။
ထို​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား များ​ဖြစ်​ကြ​သော ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``သင်​တို့​သည်​သေ​ဆုံး​သူ​များ​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​ပြ​ရန် ဆံ​ပင်​ကို မ​ဖြီး​ဘဲ​မ​နေ​ကြ​နှင့်။ အ​ဝတ်​အင်္ကျီ​များ ကို​လည်း​မ​ဆုတ်​ဖြဲ​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​၏​အ​သက်​ဆုံး​ရ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား​အ​မျက်​တော်​ထွက်​လိမ့်​မည်။ သို့​သော်​သင်​တို့​၏​သွေး​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​မူ ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လောင်​မီး ကျ​၍ သေ​ဆုံး​သူ​တို့​အ​တွက်​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​ပြ​နိုင်​သည်။-
7 သင်တို့သေ မည်ကိုစိုးရိမ်သည်ဖြစ်၍ ၊ ပရိသတ်စည်းဝေး ရာ တံခါး ပြင်သို့ မ ထွက် နှင့်။ ထာဝရဘုရား ၏ ဘိသိက် ဆီသည် သင် တို့အပေါ် ၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြု ကြ၏။8တဖန် အာရုန် အား ထာဝရဘုရား က
သင်​တို့​ကား​ထာ​ဝ​ရ​ဘု​ရား​၏​သိက္ခာ​တင် ဆီ​လောင်း​၍ ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သော ကြောင့် သင်​တို့​သည်​တဲ​တော်​တံ​ခါး​မှ​ထွက် ခွာ​မ​သွား​ရ။ ထွက်​ခွာ​သွား​လျှင်​သင်​တို့​သေ ရ​မည်'' ဟု​ဆို​လေ​၏။ သူ​တို့​သည်​မော​ရှေ မှာ​ကြား​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။
8 သင် နှင့် သင် ၏သား တို့သည် သေဘေး နှင့်ကင်းလွတ်ခြင်းငှါ၎င်း ၊ သန့်ရှင်း သောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ် သောအရာ၊ မစင်ကြယ် သောအရာတို့ကိုပိုင်းခြား တတ်ခြင်းငှါ ၎င်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား သမျှ သောပညတ် တို့ကို ဣသရေလ အမျိုးသား တို့၌ သွန်သင် တတ်ခြင်းငှါ ၎င်း ၊ ပရိသတ်စည်းဝေး ရာတဲ တော်သို့ ဝင် သောအခါ ၊ စပျစ်ရည် အစရှိသောယစ်မျိုး ကိုမ သောက် နှင့်။ သင် တို့အမျိုး အစဉ်အဆက်စောင့် ရသောပညတ်ဖြစ်သတည်းဟု မိန့် တော်မူ၏။
ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား၊-
9
``သင်​နှင့်​သင်​၏​သား​တို့​သည်​စ​ပျစ်​ရည် သို့ မ​ဟုတ်​သေ​ရည်​သေ​ရက်​ကို​သောက်​၍​တဲ​တော် ထဲ​သို့​မဝင်​ရ။ ထို​သို့​ပြု​လျှင်​သင်​တို့​သေ​ရ မည်။ ဤ​ပ​ညတ်​ကို​သင်​တို့​၏​အ​ဆက်​အ​နွယ် အား​လုံး​စောင့်​ထိန်း​ရ​ကြ​မည်။-
10 ၁၀
၁၀သင်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ၊ မ​ဆိုင်​သော​အ​ရာ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ တို့​ကို​ခွဲ​ခြား​တတ်​ရ​မည်။-
11 ၁၁
၁၁မော​ရှေ​အား​ဖြင့်​ငါ​ပေး​သော​ပညတ်​ရှိ​သ​မျှ တို့​ကို သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​သွန်​သင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
12 ၁၂ မောရှေ သည်လည်း ၊ အာရုန် နှင့် ကြွင်း သော သား ဧလာဇာ ၊ ဣသမာ တို့ကို ခေါ်၍၊ သင်တို့သည် ထာဝရဘုရား အား မီး ဖြင့်ပြုသောဘောဇဉ်ပူဇော်သက္ကာ အကြွင်း ကိုယူ ၍ တဆေး မပါဘဲ ယဇ် ပလ္လင်နား မှာ စား ကြလော့။ အလွန်သန့်ရှင်း ပေ၏။
၁၂မော​ရှေ​သည်​အာ​ရုန်​နှင့်​အ​သက်​ရှင်​လျက် ကျန်​သော​သား​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မှ ကြွင်း​ကျန်​သော မုန့်​ညက်​ဖြင့်​တ​ဆေး​မဲ့​မုန့်​ပြု​လုပ်​၍ ယဇ် ပလ္လင်​နား​တွင်​စား​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။-
13 ၁၃ ထိုအကြွင်းသည် ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက သင် နှင့် သင် ၏ သား တို့ ခံထိုက်သောအဘို့ ဖြစ်၍၊ သန့်ရှင်း ရာဌာန တော်၌ စား ရကြမည်။ ထိုပညတ် တော်ကို ငါခံရပြီ။
၁၃ထို​မုန့်​ကို​သန့်​ရှင်း​ရာ​ဌာ​န​တွင်​စား​ရ​မည်။ ထို​မုန့်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သော​ပူ​ဇော်​သ​ကာ​ထဲ​မှ သင်​နှင့်​သင်​၏​သား တို့​ရ​သော​ဝေ​စု​ဖြစ်​သည်။ ဤ​ပ​ညတ်​သည် ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​ဆင့်​ဆို​သော ပ​ညတ်​ဖြစ်​သည်။-
14 ၁၄ ချီလွှဲ သောရင်ပတ် ၊ ချီမြှောက်သော ပခုံး ကိုကား၊ သင် နှင့်တကွ သင် ၏ သား သမီး တို့သည် စင်ကြယ် သောအရပ် ၌ စား ရကြမည်။ ဣသရေလ အမျိုးသား တို့သည် ပူဇော်သော မိဿဟာယ ယဇ်ထဲက ၊ သင် နှင့် သင် ၏သား တို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
၁၄သင်​နှင့်​သင်​တို့​၏​မိ​သား​စု​များ​သည်​ယဇ် ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​ဆက်​သ​သော​ရင်​ဒူး​သား​နှင့် ပေါင်​တို့​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့် ရှင်း​သော​အ​ရပ်​တွင်​စား​ရ​မည်။ ဤ​ဝေ​စု များ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​များ​ထဲ​မှ သင်​နှင့်​သင်​၏​သား​သ​မီး​များ​အ​တွက် ဝေ​စု​များ​ဖြစ်​သည်။-
15 ၁၅ မီး ဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥ နှင့်တကွ ၊ ချီမြှောက်ရာပခုံး ၊ ချီလွှဲ ရာရင်ပတ် ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ၍ ၊ ချီလွှဲ သော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင် ခဲ့ရကြ၍ ၊ ထာဝရ ပညတ် တော် အတိုင်း ၊ သင် နှင့် သင် ၏ သား တို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာ ထားတော်မူပြီ ဟုဆိုလေ၏။
၁၅သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​အ​ဖြစ်​ယဇ်​ကောင်​အ​ဆီ​ကို​ပူ​ဇော် သော​အ​ခါ ရင်​ဒူး​နှင့်​ပေါင်​တို့​ကို​ယူ​ဆောင် ခဲ့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း ဤ​ယဇ်​ကောင်​ပိုင်း​များ​သည် သင်​နှင့် သင်​၏​သား​စဉ်​မြေး​ဆက်​အ​တွက်​ဝေ​စု ဖြစ်​ရ​မည်'' ဟု​ဆို​လေ​သည်။
16 ၁၆ တဖန် မောရှေ သည် အပြစ် ဖြေရာ ယဇ်ပြုသောဆိတ် ကို ကြိုးစား၍ ရှာ သော်လည်း မတွေ့။ မီး ရှို့နှင့်ပြီ။ ထိုကြောင့် ကြွင်း သော အာရုန် သား ဧလာဇာ ၊ ဣသမာ တို့ကို အမျက် ထွက်လျက် ဆို သည်ကား၊
၁၆ထို့​နောက်​မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ် သော​ဆိတ်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​သော အ​ခါ ထို​ယဇ်​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​ကြောင်း​သိ ရ​၏။ ထို့​ကြောင့်​သူ​သည်​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​အား​အ​မျက်​ထွက်​၍၊-
17 ၁၇ အပြစ် ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း ၏။ သင် တို့သည် ပရိသတ် တို့ အပြစ် ကိုခံ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကိုပေး တော်မူသည်ဖြစ်၍၊ သန့်ရှင်း ရာ ဌာန တော်၌ အဘယ်ကြောင့် မ စား သနည်း။
၁၇``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ထို​ယဇ်​ကောင်​၏ အ​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တွင်​မ​စား​ကြ သ​နည်း။ အ​ပြစ်​ဖြေ​ရာ​ယဇ်​သည်​အ​ထူး​ပူ ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ကို​ဖြေ​ရန်​အ​တွက် သင်​တို့​အား​ထို​ယဇ် ကောင်​အ​သား​ကို​ပေး​တော်​မူ​ပြီ။-
18 ၁၈ ထိုယဇ်သား အသွေး ကိုလည်း သန့်ရှင်း ရာဌာနထဲ သို့ မ သွင်း ပါတကား။ အကယ်၍ငါမှာ ထားခဲ့သည် အတိုင်း ၊ ထိုယဇ်သားကို သန့်ရှင်း ရာဌာနတော်၌ စား ရမည်ဟုဆိုလျှင်၊
၁၈ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့​မ​ယူ​ခဲ့ ပါ​တ​ကား။ သင်​တို့​သည်​ငါ​မိန့်​မှာ​သည့်​အ​တိုင်း ထို​ယဇ်​ကောင်​၏​အ​သား​ကို​တဲ​တော်​တွင်​စား ရ​မည်'' ဟု​ဆို​လေ​၏။
19 ၁၉ အာရုန် က၊ ယနေ့ သူတို့သည် လူများတို့ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် ပါပြီ။ အကျွန်ုပ် ၌ ထိုသို့ သော အမှုရောက် သည်တွင်၊ ယနေ့ အပြစ် ဖြေရာ ယဇ်သားကို စား မိလျှင် ၊ ထာဝရဘုရား နှစ်သက် တော်မူပါမည်လောဟု မောရှေ ကို ပြောဆို ၏။
၁၉ထို​အ​ခါ​အာ​ရုန်​က​မော​ရှေ​အား``အ​ကယ်​၍ အ​ကျွန်ုပ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​၏ အ​သား​ကို ယ​နေ့​စား​ခဲ့​သော်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ပါ​မည်​လော။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​နေ့​ထာ​ဝ​ရ​ဘု​ရား အား​အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့် မီး​ရှို့​ရာ​ယဇ်​တို့ ကို​ပူ​ဇော်​ကြ​ပါ​ပြီ။ သို့​ဖြစ်​ပါ​လျက်​နှင့် အ​ကျွန်ုပ်​၌ ဤ​အ​ဖြစ်​ဆိုး​နှင့်​တွေ့​ကြုံ​ရ ပါ​သည်​တ​ကား'' ဟု​ဖြေ​ကြား​လေ​၏။-
20 ၂၀ မောရှေ သည် ထိုစကားကို ကြား လျှင် ဝန်ခံ လေ၏။
၂၀မော​ရှေ​သည်​အာ​ရုန်​၏​အ​ဖြေ​ကို​ကြား​ရ လျှင်​ကျေ​နပ်​လေ​၏။

< ဝတ်ပြုရာ 10 >