< ဝတ်ပြုရာ 1 >
1 ၁ ထာဝရဘုရား သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲက အသံကို လွင့်လျက် မောရှေ ကို ခေါ် တော်မူ၍ ၊
၁ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
2 ၂ သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရား အား ပူဇော် သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား ၊ သိုး ၊ ဆိတ်ကို ဆောင် ခဲ့၍ ဆက်ရမည်။
၂
3 ၃ နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။
၃နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
4 ၄ ပူဇော် သော နွား၏ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ရသဖြင့် ၊ သူ ၏အပြစ် ကို ဖြေမည်အကြောင်း လက်ခံ တော်မူမည်။
၄သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။-
5 ၅ ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး အနားယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
၅သူသည်ထိုနေရာတွင်နွားကိုသတ်၍ အာရုန် ၏သားများဖြစ်ကြသောယဇ်ပုရောဟိတ်တို့ ကသွေးကို ထာဝရဘုရားအားဆက်သပြီး လျှင် တဲတော်တံခါးဝတွင်ရှိသောယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရ ကြမည်။-
6 ၆ ပူဇော် သောသူသည် ထိုအကောင်၏ အရေ ကို ချွတ်၍ အပိုင်းပိုင်း ဖြတ် ရမည်။
၆ထိုနောက်သူသည်နွားကိုအရေဆုတ်၍ ခုတ် ဖြတ်ရမည်။-
7 ၇ အာရုန် ၏သား ၊ ယဇ် ပုရောဟိတ်တို့သည်၊ ယဇ် ပလ္လင်ပေါ် မှာ မီး ကိုထည့် ၍ မီး ပေါ် မှာ ထင်း ကိုခင်း ပြီးမှ၊
၇ယဇ်ပုရောဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင် ထင်းကိုစီခင်း၍ မီးညှိရမည်။-
8 ၈ ထင်း ပေါ် မှာ ခေါင်း ၊ ဆီဥ ၊ သား တစ်များကို တင် ရမည်။
၈ထို့နောက်အသားတစ်၊ ဦးခေါင်းနှင့်အဆီကို ထင်းပေါ်တွင်စီတင်ရမည်။-
9 ၉ ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
၉ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
10 ၁၀ သိုး ၊ ဆိတ် ကို မီး ရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင် ခဲ့၍၊
၁၀ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။-
11 ၁၁ ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပလ္လင်မြောက် ဘက်နား မှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
၁၁သူသည်ယဇ်ကောင်ကိုယဇ်ပလ္လင်၏မြောက်ဘက် တွင်သတ်ရမည်။ ယဇ်ပုရောဟိတ်များသည်ယဇ် ကောင်၏သွေးကို ပလ္လင်ဘေးလေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
12 ၁၂ ပူဇော်သောသူသည် အပိုင်း ပိုင်းဖြတ် ၍ ခေါင်း နှင့် ဆီဥ ကို စုထားပြီးလျှင်ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ ရှိသော ထင်း မီး အပေါ် မှာ ခင်း ရမည်။
၁၂သူသည်ယဇ်ကောင်ကိုခုတ်ဖြတ်ပြီးနောက် တာဝန် ကျယဇ်ပုရောဟိတ်သည်အသားတစ်၊ ဦးခေါင်း နှင့်အဆီကိုထင်းမီးပေါ်တွင်တင်ရမည်။-
13 ၁၃ ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင် ဆေး ရမည်။ ယဇ် ပုရောဟိတ်သည် တကောင်လုံး ကို ဆောင် ခဲ့၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
၁၃သူသည်ဝမ်းတွင်းသားနှင့်နောက်ခြေများကို ရေဆေးရမည်။ ယဇ်ပုရောဟိတ်သည်တစ်ကောင် လုံးကိုပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤ ပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။
14 ၁၄ ထာဝရဘုရား အား ငှက် ကို မီး ရှို့ရာယဇ်ပြုလိုလျှင် ၊ ခို ဖြစ်စေ ၊ ချိုး ကလေး ဖြစ်စေဆောင်ခဲ့၍ ဆက် ရမည်။
၁၄တစ်စုံတစ်ယောက်သည်ငှက်ကိုယဇ်ပူဇော် လိုလျှင် ငှက်သည်ချိုးငှက်သို့မဟုတ်ခိုဖြစ် ရမည်။-
15 ၁၅ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်သို့ ဆောင် ခဲ့၍ ၊ ခေါင်း ကို လိမ် ဖြတ်ပြီးလျှင် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အသွေး ကို ယဇ် ပလ္လင်နား မှာ ညှစ် ရမည်။
၁၅ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
16 ၁၆ စာလုတ် မှစ၍စာလုတ်၌ ရှိသောအရာကို ချွတ် ပြီးလျှင် ၊ ပြာ စုထားရာအရပ် ၊ ယဇ် ပလ္လင်အရှေ့ ဘက်နား ၌ ပစ် ထားရမည်။
၁၆ထို့နောက်စလုတ်ရှိအစာနှင့်တကွစလုတ် ကိုထုတ်၍ ပလ္လင်အရှေ့ဘက်ရှိပြာပုံထဲသို့ ပစ်လိုက်ရမည်။-
17 ၁၇ အတောင် ပါလျက် ငှက်ကောင်ကိုခွဲ ဖွင့်၍ ၊ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ရှိသောထင်း မီး အပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
၁၇သူသည်အတောင်ပံများကိုကိုင်၍ငှက်ကိုယ် ကိုဆွဲဖွင့်ရမည်။ သို့ရာတွင်အတောင်များမ ကျွတ်ထွက်စေရ။ ထို့နောက်တစ်ကောင်လုံးကို ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။