< မြည်တမ်းစကား 3 >

1 ငါ သည် ဘုရား သခင်၏ အမျက် တော်ကြိမ်လုံး အောက်၌ ဆင်းရဲ ခြင်းကို ခံရ သောသူဖြစ်၏။
I am the man who has seen affliction by the rod of his wrath.
2 ငါ့ ကိုသွေးဆောင် ၍ အလင်း သို့မ ပို့၊ မှောင်မိုက် ထဲသို့ ပို့ဆောင် တော်မူ၏။
He has led me and caused me to walk in darkness, and not in light.
3 အကယ် စင်စစ်ငါ့ ကို တနေ့လုံး အထပ်ထပ် ဒဏ်ခတ် တော်မူ၏။
Surely he turns his hand against me again and again all day long.
4 ငါ့ အရေ နှင့် အသား ကို ဆွေးရိ စေ၍ ငါ့ အရိုး တို့ကိုလည်း ချိုး တော်မူ၏။
He has made my flesh and my skin old. He has broken my bones.
5 ငါ့ တဘက် ၌ တပ် တည်၍ ခါး သောအရာ၊ ပင်ပန်း စရာအကြောင်းတို့နှင့် ဝိုင်း တော်မူ၏။
He has built against me, and surrounded me with bitterness and hardship.
6 သေ လွန်သောသူတို့ကို ပြုတတ်သကဲ့သို့ ၊ ငါ့ ကို မိုက် သောအရပ်၌ ထား တော်မူ၏။
He has made me dwell in dark places, as those who have been long dead.
7 ငါမ ထွက် နိုင်အောင် ဝင်း ခတ်၍ ၊ လေးသော သံကြိုး နှင့် ချည်နှောင် တော်မူ၏။
He has walled me about, so that I cannot go out. He has made my chain heavy.
8 ထိုမျှမက ငါသည် ကြွေးကြော် အော်ဟစ် ၍ ဆုတောင်း သော်လည်း ငြင်းပယ် တော်မူ၏။
Yes, when I cry, and call for help, he shuts out my prayer.
9 ငါ သွားရာလမ်း ကို ကျောက် ထရံနှင့် ပိတ် ၍၊ ကောက် သောလမ်းဖြင့် သွားစေတော်မူ၏။
He has walled up my ways with cut stone. He has made my paths crooked.
10 ၁၀ ငါ့ ကို ချောင်းမြောင်း သောဝက်ဝံ ကဲ့သို့၎င်း ၊ မ ထင်ရှားသော အရပ်၌ နေသောခြင်္သေ့ ကဲ့သို့၎င်း ဖြစ် တော်မူ၏။
He is to me as a bear lying in wait, as a lion in hiding.
11 ၁၁ ငါ့ ကိုလမ်း လွဲ စေပြီးလျှင် အပိုင်းပိုင်း ဖြတ်၍ ဖျက်ဆီး တော်မူ၏။
He has turned away my path, and pulled me in pieces. He has made me desolate.
12 ၁၂ လေး တော်ကိုတင် ၍ ပစ်စရာစက် အရာ၌ ငါ့ ကို ထား တော်မူ၏။
He has bent his bow, and set me as a mark for the arrow.
13 ၁၃ မြှား တော်တို့ကိုလည်း၊ ငါ့ ကျောက်ကပ် ကို ခွင်း စေတော်မူ၏။
He has caused the shafts of his quiver to enter into my kidneys.
14 ၁၄ ငါသည်ငါ ၏လူ တို့တွင် ကဲ့ရဲ့ စရာအကြောင်း နှင့် တနေ့လုံး သီချင်း ဆိုစရာအကြောင်းဖြစ် ပါသည်တကား။
I have become a derision to all my people, and their song all day long.
15 ၁၅ ခါး သောဆေးနှင့် ငါ့ ကိုဖြည့် ၍၊ ဒေါန နှင့်ယစ်မူး စေတော်မူ၏။
He has filled me with bitterness. He has stuffed me with wormwood.
16 ၁၆ ကျောက်စရစ် ကိုကျွေး၍ ငါ့ သွား တို့ကို ချိုး တော်မူ ၏။ မီးဖိုပြာ နှင့် ဖုံး တော်မူ၏။
He has also broken my teeth with gravel. He has covered me with ashes.
17 ၁၇ ငါ ၏ဝိညာဉ် ကို ချမ်းသာ နှင့် ဝေး စွာ ရွေ့တော်မူသောကြောင့် ၊ ငါသည် မင်္ဂလာ အကြောင်းကို မေ့လျော့ ၏။
You have removed my soul far away from peace. I forgot prosperity.
18 ၁၈ သို့ဖြစ်၍ ၊ ငါ သည် ထာဝရဘုရား ရှေ့တော်၌ အစွမ်း သတ္တိနှင့် မြော်လင့် စရာအကြောင်းပျက် လေပြီဟု ဆို ရ၏။
I said, “My strength has perished, along with my expectation from the LORD.”
19 ၁၉ အကျွန်ုပ် ခံရသောဆင်းရဲ ငြိုငြင် ခြင်းကို၎င်း ၊ ဒေါန နှင့် သည်းခြေ အရည်ကို၎င်းအောက်မေ့ တော်မူပါ။
Remember my affliction and my misery, the wormwood and the bitterness.
20 ၂၀ ဧကန်အမှန်အောက်မေ့ တော်မူလိမ့်မည်။
My soul still remembers them, and is bowed down within me.
21 ၂၁ ထိုသို့ အကျွန်ုပ် ၏ စိတ် နှလုံးသည် ဆင်ခြင် ၍ သတိရသောအခါ မြော်လင့် စရာအခွင့်ရှိပါ၏။
This I recall to my mind; therefore I have hope.
22 ၂၂ ထာဝရဘုရား သည် သနား တော်မူ၍ ကရုဏာ တော်သည် မ ကုန် သောကြောင့် ငါတို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်ဘဲနေကြ၏။
It is because of the LORD’s loving kindnesses that we are not consumed, because his mercies do not fail.
23 ၂၃ နံနက် တိုင်းကရုဏာတော်အသစ် ကိုခံရကြ၏။ သစ္စာ တော်သည် ကြီးမြတ် ပါ၏။
They are new every morning. Great is your faithfulness.
24 ၂၄ ငါ့ ဝိညာဉ် ၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့် ၊ ကိုယ်တော် ကို ငါမြော်လင့် ပါ၏။
“The LORD is my portion,” says my soul. “Therefore I will hope in him.”
25 ၂၅ ကိုယ်တော် ကို မြော်လင့် သောသူနှင့် ကိုယ်တော် ကို ရှာ သောသူ၏ စိတ် ဝိညာဉ်အား ထာဝရဘုရား သည် ကျေးဇူး ပြုတော်မူ၏။
The LORD is good to those who wait for him, to the soul who seeks him.
26 ၂၆ ကယ်တင် တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ် စွာ စောင့် ၍ နေကောင်း ၏။
It is good that a man should hope and quietly wait for the salvation of the LORD.
27 ၂၇ လူ သည်အသက် ပျိုစဉ် အခါ ထမ်းဘိုး ကို ထမ်း ကောင်း ၏။
It is good for a man that he bear the yoke in his youth.
28 ၂၈ ထမ်းဘိုး ကို တင် တော်မူသောကြောင့် တယောက် တည်းထိုင် ၍ ငြိမ်ဝပ် စွာနေစေ။
Let him sit alone and keep silence, because he has laid it on him.
29 ၂၉ မြော်လင့် စရာအခွင့်ရှိကောင်း ရှိ လိမ့်မည်ဟု ထင်လျက်၊ မိမိ နှုတ် ကို မြေမှုန့် ၌ ကပ် စေ။
Let him put his mouth in the dust, if it is so that there may be hope.
30 ၃၀ ရိုက် သောသူအား မိမိ ပါး ကိုပေး ၍၊ ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် ပြည့်ဝ စေ။
Let him give his cheek to him who strikes him. Let him be filled full of reproach.
31 ၃၁ အကြောင်း မူကား၊ ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မ မူတတ်။
For the Lord will not cast off forever.
32 ၃၂ ဝမ်းနည်း စေတော်မူသော်လည်း ၊ ကရုဏာ တော် များပြား သည်နှင့်အညီ သနား တော်မူလိမ့်မည်။
For though he causes grief, yet he will have compassion according to the multitude of his loving kindnesses.
33 ၃၃ ဆင်းရဲစေချင်သောစိတ် နှင့် လူ သား တို့ကို ညှဉ်းဆဲ ၍ ဝမ်းနည်း စေတော်မူသည်မ ဟုတ်။
For he does not afflict willingly, nor grieve the children of men.
34 ၃၄ ချုပ် ထားသော ပြည် သားအပေါင်း တို့ကို ခြေ နှင့် နင်း ကြိတ်ခြင်းအမှု၊
To crush under foot all the prisoners of the earth,
35 ၃၅ လူ ခံထိုက်သောတရား ကို အမြင့်ဆုံး သော ဘုရား မျက်မှောက် ၌ ဖျက် ခြင်းအမှု၊
to turn away the right of a man before the face of the Most High,
36 ၃၆ သူတပါး ကိုမ တရားသဖြင့် ရှုံး စေခြင်းအမှုတို့ကို ထာဝရ ဘုရားနှစ်သက် တော်မ မူ။
to subvert a man in his cause, the Lord does not approve.
37 ၃၇ ထာဝရ ဘုရားမှာ ထားတော်မ မူဘဲ၊ အဘယ်သူ သည် ပြော ၍ တစုံတခုကို ဖြစ် စေနိုင်သနည်း။
Who is he who says, and it comes to pass, when the Lord does not command it?
38 ၃၈ အမြင့်ဆုံး သော ဘုရား၏နှုတ် ထွက်ရှိသည် အတိုင်း မင်္ဂလာ နှင့် အမင်္ဂလာ ဖြစ် တတ်သည် မ ဟုတ် လော။
Does not evil and good come out of the mouth of the Most High?
39 ၃၉ အသက်ရှင် သောလူ သတ္တဝါသည် အဘယ် ကြောင့် မြည်တမ်း ရမည်နည်း။ မိမိ ဒုစရိုက် အပြစ်ကြောင့် မြည်တမ်းရမည်လော။
Why should a living man complain, a man for the punishment of his sins?
40 ၄၀ ငါ တို့သည်ကိုယ်လိုက်သောလမ်း တို့ကို စစ်ကြော စုံစမ်း၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြန် သွားကြကုန်အံ့။
Let us search and try our ways, and turn again to the LORD.
41 ၄၁ ကောင်းကင် ဘုံ၌ ရှိတော်မူသောဘုရား သခင့်ထံ တော်သို့ နှလုံး နှင့် လက် တို့ကို ချီကြွ ကြကုန်အံ့။
Let’s lift up our heart with our hands to God in the heavens.
42 ၄၂ အကျွန်ုပ် တို့သည် ပြစ်မှား ပုန်ကန် မိပါပြီ။ ကိုယ်တော် သည် အပြစ် လွှတ်တော်မ မူပါ။
“We have transgressed and have rebelled. You have not pardoned.
43 ၄၃ အမျက် တော်ထွက်၍ မျက်နှာ လွှဲတော်မူ၏။ တဖန် အကျွန်ုပ် တို့ကိုလိုက် ၍ ကရုဏာ မ ရှိဘဲ ကွပ်မျက် တော်မူ၏။
“You have covered us with anger and pursued us. You have killed. You have not pitied.
44 ၄၄ အကျွန်ုပ်တို့ ပဌနာ စကားသည် အထံ တော်သို့ မပေါက် နိုင်အောင်၊ မိုဃ်းတိမ် ဖြင့် ကိုယ်ကို ကွယ်ကာ တော်မူ၏။
You have covered yourself with a cloud, so that no prayer can pass through.
45 ၄၅ အကျွန်ုပ် တို့ကိုလူမျိုး တို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့၎င်း ၊ ရွံစရာ အရာကဲ့သို့၎င်း ဖြစ် စေတော်မူ၏။
You have made us an off-scouring and refuse in the middle of the peoples.
46 ၄၆ ရန်သူ အပေါင်း တို့သည် အကျွန်ုပ် တို့တဘက် ၌ နှုတ် ကိုဖွင့် ကြပါ၏။
“All our enemies have opened their mouth wide against us.
47 ၄၇ အကျွန်ုပ် တို့သည် ကြောက်လန့် ဘွယ်သော အရာထဲသို့၎င်း ၊ တွင်း ထဲသို့၎င်း ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ခြင်းထဲသို့၎င်း ရောက် ကြပါပြီ။
Terror and the pit have come on us, devastation and destruction.”
48 ၄၈ ငါ ၏လူမျိုး သတို့သမီး ပျက်စီး သောကြောင့် ၊ ငါ့ မျက်စိ သည် မြစ် ရေ ဖြစ်၍ စီး လျက်ရှိ၏။
My eye runs down with streams of water, for the destruction of the daughter of my people.
49 ၄၉ ထာဝရဘုရား သည် ကောင်းကင် က ငုံ့ကြည့် ၍ ရှုမှတ် တော်မ မူမှီတိုင်အောင်၊
My eye pours down and does not cease, without any intermission,
50 ၅၀ ငါ့ မျက်ရည် သည်ကျ ၍ အစဉ်မပြတ်ယိုစီးလျက်ရှိ၏။
until the LORD looks down, and sees from heaven.
51 ၅၁ ငါ ၏မြို့ သမီး အပေါင်း တို့အတွက် ကြောင့်၊ ငါ မျက်စိ သည် ငါ့ နှလုံး ကို ပူ စေတတ်၏။
My eye affects my soul, because of all the daughters of my city.
52 ၅၂ အကြောင်း မရှိဘဲ ငါ့ ကိုရန် ပြုသောသူတို့သည် ငှက် ကိုလိုက် ၍ ရှာသကဲ့သို့ ငါ့ ကိုလိုက် ၍ ရှာကြ၏။
They have chased me relentlessly like a bird, those who are my enemies without cause.
53 ၅၃ မြေတွင်း ၌ ငါ့ အသက် ကို ဖြတ် ၍ ငါ့ အပေါ် မှာ ကျောက် ကို တင် ထားကြ၏။
They have cut off my life in the dungeon, and have cast a stone on me.
54 ၅၄ ငါ့ ခေါင်း ကို ရေ လွှမ်းမိုး သည်ဖြစ်၍ ၊ ငါသည် ဆုံးရှုံး ပြီဟု ဆို ရ၏။
Waters flowed over my head. I said, “I am cut off.”
55 ၅၅ အိုထာဝရဘုရား ၊ နက် သော မြေတွင်း ထဲက အကျွန်ုပ်သည် ကိုယ်တော် ၏နာမ ကို ခေါ် ပါ၏။
I called on your name, LORD, out of the lowest dungeon.
56 ၅၆ အကျွန်ုပ် ခေါ်သံ ကို ကြား တော်မူသည်ဖြစ်၍၊ အကျွန်ုပ် ညည်းတွားအော်ဟစ် သောအခါ နား တော်ကို လွှဲ တော်မ မူပါနှင့်။
You heard my voice: “Do not hide your ear from my sighing, and my cry.”
57 ၅၇ အကျွန်ုပ်သည် ကိုယ်တော် ကို ဟစ်ခေါ် သောအခါ ၊ ကိုယ်တော်သည် ချဉ်းကပ် တော်မူ၍၊ မ ကြောက် နှင့် ဟု မိန့် တော်မူပြီ။
You came near in the day that I called on you. You said, “Do not be afraid.”
58 ၅၈ အိုထာဝရ ဘုရား၊ ကိုယ်တော် သည် အကျွန်ုပ် အသက် နှင့် ဆိုင်သောအမှု ကိုစောင့် ၍ ရွေးနှုတ် တော်မူပြီ။
Lord, you have pleaded the causes of my soul. You have redeemed my life.
59 ၅၉ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသောညှဉ်းဆဲ ခြင်းကို မြင် တော်မူပြီ။ အကျွန်ုပ် အဘို့ တရား စီရင် တော်မူပါ။
LORD, you have seen my wrong. Judge my cause.
60 ၆၀ သူ တို့သည် အကျွန်ုပ် ကို ရန်ငြိုး ဖွဲ့သမျှ နှင့် မကောင်းသော အကြံ ရှိသမျှ ကို ကိုယ်တော်မြင် တော်မူပြီ။
You have seen all their vengeance and all their plans against me.
61 ၆၁ အိုထာဝရဘုရား ၊ သူ တို့ကဲ့ရဲ့ သောအကြောင်းနှင့် မကောင်းသောအကြံ ရှိသမျှ ကို၎င်း ၊
You have heard their reproach, LORD, and all their plans against me,
62 ၆၂ အကျွန်ုပ် တဘက်၌ ထ သောသူတို့၏ အပြစ်တင် ခြင်း၊ အကျွန်ုပ် တဘက် ၌ တနေ့လုံး ကြံစည် ခြင်းကို၎င်းကိုယ်တော်ကြား တော်မူပြီ။
the lips of those that rose up against me, and their plots against me all day long.
63 ၆၃ သူ တို့ထိုင် ခြင်း၊ ထ ခြင်းကိုကြည့်ရှု တော်မူပါ။ အကျွန်ုပ် သည် သူ တို့သီချင်း ဆိုစရာအကြောင်း ဖြစ်ပါ၏။
You see their sitting down and their rising up. I am their song.
64 ၆၄ အိုထာဝရဘုရား ၊ သူ တို့ကျင့်သောအကျင့် နှင့် အလျောက်အကျိုးအပြစ် ကို ဆပ် ပေးတော်မူပါ။
You will pay them back, LORD, according to the work of their hands.
65 ၆၅ သူ တို့စိတ် နှလုံးကိုခိုင်မာ စေ၍ ကျိန် တော်မူပါ။
You will give them hardness of heart, your curse to them.
66 ၆၆ အမျက် တော်ထွက်၍ သူ တို့ကို ညှဉ်းဆဲ သဖြင့် ၊ ထာဝရဘုရား ၏ မိုဃ်း ကောင်းကင်အောက် မှ သုတ်သင် ပယ်ရှင်းတော်မူပါ။
You will pursue them in anger, and destroy them from under the heavens of the LORD.

< မြည်တမ်းစကား 3 >