< မြည်တမ်းစကား 2 >
1 ၁ ထာဝရ ဘုရားသည် ဇိအုန် သတို့သမီး ကို အမျက် တော် မိုဃ်းတိမ် ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလ အမျိုး ၏ ဂုဏ် အသရေကို ကောင်းကင် မှ မြေကြီး တိုင်အောင်ချ တော်မူပြီ။ အမျက် တော်ထွက်ချိန် ၌ ခြေ တော်တင် ရာခုံ ကို မ အောက်မေ့ ဘဲနေတော်မူပါပြီတကား။
၁ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။
2 ၂ ထာဝရ ဘုရားသည် သနား ခြင်းမ ရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှ တို့ကို မျို တော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒ သတို့သမီး ၏ရဲတိုက် တို့ကို မြေ တိုင်အောင် ဖြိုဖျက် ၍ ၊ နိုင်ငံ တော်နှင့် မင်းသား တို့ကို ရှုတ်ချ တော်မူပြီ။
၂ထာဝရဘုရားသည်သနားကရုဏာကင်းမဲ့စွာ ယုဒရွာရှိသမျှကိုဖျက်ဆီးတော်မူ၍ ယုဒပြည်ကိုကာကွယ်သည့်ခံတပ်များကို ဖြိုချတော်မူ၏။ ကိုယ်တော်သည်နိုင်ငံနှင့်အုပ်စိုးသူမင်းများကို အသရေပျက်စေတော်မူ၏။
3 ၃ ပြင်းစွာ အမျက် တော်ထွက်၍ ၊ ဣသရေလ ၏ ဦးချို ရှိသမျှ တို့ကို ဖြတ် တော်မူပြီ။ ရန်သူ ရှေ့ မှာ လက်ရုံး တော်ကို ရုပ်သိမ်း တော်မူပြီ။ အရပ်ရပ် လောင် သော မီး တောက်ကဲ့သို့ ယာကုပ် အမျိုးကို လောင် စေတော်မူပြီ။
၃ကိုယ်တော်သည်ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ဣသရေလအမျိုးသားတို့၏ အင်အားကိုဖြိုခွဲတော်မူပါ၏။ ရန်သူများလာရောက်ချိန်၌ငါတို့အားကူမရန် ငြင်းဆန်တော်မူ၏။ ကိုယ်တော်သည်မီးသဖွယ်တောက်လောင်ကာ ရှိသမျှကိုလောင်စေတော်မူ၏။
4 ၄ ရန်သူ ကဲ့သို့ လေး ကိုတင် လျက်၊ ရန်ဘက် ပြုသောသူကဲ့သို့ လက်ျာ လက်ကို ချီ ကြွလျက်၊ တင့်တယ် ခြင်း အသရေရှိသော သူအပေါင်း တို့ကိုသတ် တော်မူပြီ။ ဇိအုန် သတို့သမီး ၏နေရာ တဲ ပေါ် မှာမီး ကဲ့သို့ သော အမျက် တော်ကို သွန်းလောင်း တော်မူ၏။
၄ကိုယ်တော်သည်ငါတို့အားမြားတော်များဖြင့် အသင့်ချိန်ရွယ်ကာအားရရွှင်လန်းဂုဏ်ယူ ဝါကြွားရာဖြစ်သူလူအပေါင်းတို့အား ကွပ်မျက်တော်မူ၏။ ယေရုရှလင်မြို့၌ငါတို့သည်ကိုယ်တော်၏ တောက်လောင်သောအမျက်တော်ကိုခံစား ရကြ၏။
5 ၅ ထာဝရ ဘုရားသည် ရန်ဘက် ပြု၍ ၊ ဣသရေလ အမျိုးကို၎င်း၊ ဘုံ ဗိမာန်အပေါင်း တို့ကို၎င်းမျို တော်မူပြီ။ ရဲတိုက် တို့ကို ဖြိုဖျက် တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေး မြည်တမ်းသောအကြောင်း တို့ကို များပြား စေတော်မူပြီ။
၅ထာဝရဘုရားသည်ရန်သူသဖွယ်ဣသရေလ လူမျိုးအားဖျက်ဆီးမူ၏။ သူတို့၏ခံတပ်များနှင့်နန်းတော် အဆောက်အအုံများကိုယိုယွင်းပျက်စီးလျက် ကျန်ရစ်စေတော်မူလေပြီ။ ကိုယ်တော်သည်ယုဒပြည်သူတို့အားဝမ်းနည်း ကြေကွဲ၍မဆုံးနိုင်အောင်ပြုတော်မူပြီ။
6 ၆ ဝင်း တော်ကို တောင်ယာ ခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက် တော်မူပြီ။ မိမိ ပွဲသဘင် တော်ကို ဖျက်ဆီး တော်မူပြီ။ ဇိအုန် မြို့၌ ခံ သော ဓမ္မပွဲနေ့၊ ဥပုသ် နေ့တို့ကို ထာဝရဘုရား မေ့ စေတော်မူပြီ။ အမျက် တော်အရှိန် ပြင်း၍ ရှင်ဘုရင် နှင့် ယဇ် ပုရောဟိတ်ကို မ ရှုမမှတ်ပြုတော်မူပြီ။
၆ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။
7 ၇ ထာဝရ ဘုရားသည် မိမိ ယဇ် ပလ္လင်တော်ကို ပယ် တော်မူပြီ။ မိမိ သန့်ရှင်း ရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံ ဗိမာန်တော်ကို ရန်သူ လက် သို့ အပ် တော်မူသဖြင့်၊ ပွဲ သဘင်ခံသောနေ့ ၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား ၏ အိမ် တော်၌ အသံ ပြု ကြပြီ။
၇ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
8 ၈ ထာဝရဘုရား သည် ဇိအုန် သတို့သမီး ၏မြို့ရိုး ကို ဖြိုဖျက် မည်ဟု အကြံ တော်ရှိသည်အတိုင်း ၊ ကြိုး ကိုတန်း ၍ အစဉ်မပြတ်ဖြိုဖျက် တော်မူသဖြင့် ၊ အတွင်းမြို့ရိုး နှင့် ပြင်မြို့ရိုး တို့သည် အတူ ညည်းတွား ၍ ငိုကြွေးမြည်တမ်းရမည် အကြောင်းပြု တော်မူပြီ။
၈ထာဝရဘုရားသည်ဇိအုန်မြို့ရိုးများ ပြိုပျက်စေရန်သန္နိဋ္ဌာန်ချမှတ်ထားသဖြင့် ယင်းတို့ဧကန်မုချလုံးဝပျက်စီးစိမ့်သောငှာ တိုင်းထွာသတ်မှတ်ပေးတော်မူ၏။ ယခုအခါပြအိုးများနှင့်မြို့ရိုးများသည် အတူတကွယိုယွင်းပျက်စီးလျက်ရှိကြ၏။
9 ၉ မြို့ တံခါးရွက် တို့သည် မြေ ၌ မြှုပ် လျက်ရှိကြ၏။ ကန့်လန့်ကျင် တို့ကို ချိုးဖဲ့ တော်မူပြီ။ ရှင်ဘုရင် နှင့် မင်းသား တို့သည် သာသနာပ လူတို့တွင် နေရကြ၏။ တရား တော်မ ရှိ။ ပရောဖက် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ကို မ ခံ မရကြ။
၉မြို့တံခါးတို့သည်ကန့်လန့်ကျင်များကျိုးပဲ့ကာ အမှိုက်ပုံအောက်တွင်မြုပ်၍နေလေ၏။ ရှင်ဘုရင်နှင့်မင်းညီမင်းသားတို့သည်ယခုအခါ တိုင်းတစ်ပါးတွင်ပြည်နှင်ဒဏ်သင့်လျက်ရှိကြ၏။ ပညတ်တရားတော်ကိုသွန်သင်မှုမရှိတော့ သဖြင့် ပရောဖက်များသည်ထာဝရဘုရား၏ ထံတော်မှ ဗျာဒိတ်ရူပါရုံများကိုမတွေ့မမြင်ရကြ။
10 ၁၀ ဇိအုန် သတို့သမီး ၏ အသက်ကြီး သူတို့သည် မြေမှုန့် ကိုမိမိ တို့ ခေါင်း ပေါ် မှာပစ်တင် လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်း လျက်၊ မြေ ပေါ် မှာထိုင် ၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင် မြို့ သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက် ညွှတ်လျက်နေကြ၏။
၁၀ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
11 ၁၁ ငါ ၏လူမျိုး သတို့သမီး ပျက်စီး သောကြောင့် ၊ ငါ သည် မျက်ရည် ကျ၍ မျက်စိ ပျက် လေပြီ။ ဝမ်း ၌ဆူလှိုက် ခြင်းရှိ၍ အသည်း လည်းမြေ ပေါ် မှာ သွန်း လျက်ရှိ၏။ အကြောင်း မူကား၊ သူငယ် နှင့် နို့စို့ ကလေးတို့သည် မြို့ လမ်း ၌ အား ပျက်လျက်နေကြ၏။
၁၁ငါ၏မျက်စိများသည်ငိုရလွန်းသဖြင့် နွမ်းနယ်လျက်နေပါ၏။ ငါ၏စိတ်ဝိညာဉ်သည်လည်းပူဆွေးလျက်ရှိပါ၏။ ငါသည်မိမိအမျိုးသားတို့ဆုံးပါးပျက်စီး ကြသည့်အတွက်ဝမ်းနည်းကြေကွဲမှုဖြင့် အားအင်ကုန်ခန်းလျက်နေပေသည်။ သူငယ်နှင့်နို့စို့ကလေးတို့သည်မြို့တွင်းရှိ လမ်းများပေါ်တွင်မေ့မြော၍နေကြ၏။
12 ၁၂ သူတို့ကလည်း၊ ဆန် စပါးနှင့် စပျစ်ရည် သည် အဘယ် မှာရှိသနည်းဟု၊ ရန်သူ ညှဉ်းဆဲသော သူကဲ့သို့ မြို့ လမ်း ၌ အားပျက် လျက် ၊ အမိ ရင်ခွင် ၌ မိမိ အသက် ကို သွန်း လျက်၊ အမိ ကို မေး တတ်ကြသည်တကား။
၁၂သူတို့သည်ရေငတ်ဆာလောင်သဖြင့်မိခင် များထံတွင် ငိုကြွေးလျက်နေကြ၏။ ဒဏ်ရာရသူများကဲ့သို့သူတို့သည် လမ်းများပေါ်တွင်လဲကျကာ မိခင်များ၏ရင်ခွင်၌တဖြည်းဖြည်း သေဆုံးသွားရကြလေသည်။
13 ၁၃ အိုယေရုရှလင် သတို့သမီး ၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန် သတို့သမီး ကညာ ၊ သင့် ကိုနှစ်သိမ့် စေခြင်းငှါ ၊ သင် နှင့် အဘယ် သူကို ငါခိုင်းနှိုင်း ရမည်နည်း။ သင် ၏ပြိုပျက် ရာသည် သမုဒ္ဒရာ ကဲ့သို့ ကျယ် သောကြောင့် အဘယ်သူ ပြုပြင် နိုင် သနည်း။
၁၃အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။ အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။ အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။ သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။ မျှော်လင့်စရာမရှိနိုင်ပါ။
14 ၁၄ သင် ၏ပရောဖက် တို့သည် အချည်းနှီး သော အရာ၊ မိုက် သောအရာတို့ကို သင် အဘို့ မြင် ကြပြီ။ သိမ်းသွား ချုပ်ထားသော အမှုကိုပြေ စေခြင်းငှါ ၊ သင် ၏ အပြစ် ကို မ ဘော် မပြဘဲ မှား သောရူပါရုံ ၊ လမ်း လွဲစရာ အရာကို သင့် အဘို့ မြင် ကြပြီ။
၁၄သင်၏ပရောဖက်များသည်မုသားစကားမှ တစ်ပါး သင့်အားအခြားမည်သည့်စကားကိုမျှ မပြောတတ်ကြပါ။ သူတို့ဟောပြောသမျှသည်သင့်ကို လှည့်စားခြင်းသာဖြစ်၏။ သင်၏အပြစ်ကိုအဘယ်ခါမျှမဖော်ပြသဖြင့် သင်သည်နောင်တရစရာမလိုဟုထင်မှတ်စေခဲ့ သည်။
15 ၁၅ လမ်း ၌ ရှောက် သွားသမျှ သောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်း ရာဘွဲ့ ရှိသောမြို့ ကား ဤ မြို့လော ဟု၊ ယေရုရှလင် သတို့သမီး ကို လက်ခုပ် တီး လျက် ၊ ကဲ့ရဲ့ သံကိုပြုလျက်၊ ခေါင်း ကို ညှိတ် လျက် မေး တတ်ကြ၏။
၁၅မြို့ကိုဖြတ်သန်းသွားလာသူတို့သည် မထီမဲ့မြင်ပြုကာလက်ခုပ်တီးကြ၏။ သူတို့သည်ဦးခေါင်းကိုခါလျက်ယေရုရှလင် မြို့ပျက်ကိုပြက်ရယ်ပြုကြ၏။ ``နှစ်လိုဖွယ်ကောင်းသည့်မြို့ကားဤမြို့ပေလော။ ကမ္ဘာ၏ဂုဏ်အသရေကိုဆောင်သောမြို့ကား ဤမြို့ပေလော'' ဟုပျက်ရယ်ပြုကြ၏။
16 ၁၆ သင် ၏ရန်သူ အပေါင်း တို့သည် သင့် တဘက် ၌ နှုတ် ကို ဖွင့် ကြ၏။ ငါတို့သည် သူ့ ကိုမျို ပြီ။ အကယ် စင်စစ်ဤ သည်နေ့ ကား ၊ ငါတို့မြော်လင့် ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင် ရပြီဟု ကဲ့ရဲ့ သံကိုပြုလျက် ၊ အံသွား ကို ခဲကြိတ် လျက် ဆို ကြ၏။
၁၆သင်၏ရန်သူအပေါင်းတို့သည် သင့်ကိုပြောင်လှောင်ကြလျက်မုန်းစိတ်နှင့် စိုက်၍ကြည့်ကြ၏။ သူတို့သည်မဲ့ရွဲ့ကာနှာခေါင်းရှုံ့လျက်``သူ့ကို ငါတို့သုတ်သင်ဖျက်ဆီးလိုက်ကြလေပြီ။ ဤနေ့ကားငါတို့စောင့်မျှော်နေခဲ့သည့်နေ့ပေ တည်း'' ဟုဆိုကြ၏။
17 ၁၇ ထာဝရဘုရား သည် ကြံစည် သောအမှု ကို ပြု တော်မူပြီ။ ရှေး ကာလ ၌ မိန့် တော်မူသောစကား တော်ကို ပြည့်စုံ စေတော်မူပြီ။ မ နှမြော ဘဲဖြိုဖျက် တော်မူပြီ။ ရန်သူ သည် သင် ၏အပေါ် မှာဝမ်းမြောက် ရသောအခွင့်ကိုပေး ၍ ၊ ရန်သူ ၏ဦးချို ကို ချီးမြှင့် တော်မူပြီ။
၁၇နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။
18 ၁၈ သူ တို့သည်စိတ် နှလုံးထဲက ထာဝရ ဘုရားကို အော်ဟစ် ကြ၏။ အိုဇိအုန် သတို့သမီး ၏မြို့ရိုး ၊ သင်၏ မျက်ရည် သည် မြစ် ရေစီးသကဲ့သို့ နေ့ ညဉ့်မပြတ်စီး စေလော့ ။ ကိုယ်ကိုကိုယ် မ ငြိမ်း စေနှင့်။ သင် ၏မျက်ဆန် ကိုလည်း မ ငြိမ်း စေနှင့်။
၁၈အို ယေရုရှလင်မြို့၊ သင်၏မြို့ရိုးတို့ကို ထာဝရဘုရားထံတော်သို့ အော်ဟစ်စေပါလော့။ မြစ်များသဖွယ်သင်၏မျက်ရည်များကို နေ့ရောညပါစီးဆင်းစေပါလော့။ သင်သည်ငိုကြွေးမှုဝမ်းနည်းကြေကွဲမှု တို့ဖြင့် မိမိကိုယ်ကိုနွမ်းနယ်စေပါလော့။
19 ၁၉ ညဦးယံ အချိန်၌ ထ ၍အော်ဟစ် လော့။ ထာဝရ ဘုရား ၏မျက်နှာ တော်ရှေ့ မှာ သင် ၏နှလုံး ကို ရေ ကဲ့သို့ သွန်းလောင်း လော့။ ငတ်မွတ် ၍ ခပ်သိမ်း သော လမ်း ဝ မှာ အားပျက် လျက်နေသောသင် ၏သူငယ် တို့ကို အသက် ချမ်းသာစေခြင်းငှါ ၊ အထံ တော်သို့ သင် ၏လက် ကို ချီ ဆန့်လော့။
၁၉တစ်ညလုံးအကြိမ်ကြိမ်အဖန်ဖန်ထ၍ ထာဝရဘုရားထံတော်သို့အော်ဟစ်လော့။ ထာဝရဘုရားရှေ့တော်၌သင်၏စိတ်နှလုံးကို သွန်ချလျက်၊ သင်၏သားသမီးများအတွက် အသနားခံတောင်းပန်လော့။ သင့်သားသမီးများလမ်းဆုံလမ်းခွတိုင်းတွင် အစာငတ်၍သေရကြလေပြီ။
20 ၂၀ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်သူ ၌ ဤသို့စီရင် တော်မူသည်ကို ကြည့်ရှု ဆင်ခြင် တော်မူပါ။ မိန်းမ သည် မိမိ ရင်သွေး ၊ မိမိချီပိုက် သော သား ကို စား ရပါမည် လော။ ယဇ်ပုရောဟိတ် နှင့် ပရောဖက် သည် ထာဝရ ဘုရား ၏ သန့်ရှင်း ရာဌာနတော်၌ အသေ သတ်ခြင်းကိုခံရပါမည်လော။
၂၀အို ထာဝရဘုရားကြည့်တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အဘယ်ကြောင့်ဤမျှဒဏ်ခတ်တော်မူသနည်း။ အမျိုးသမီးတို့သည်မိမိတို့ချစ်မြတ်နိုးသည့် သားသမီးများ၏အသားကိုစားနေကြပါ၏။ ယဇ်ပုရောဟိတ်များနှင့်ပရောဖက်များသည်လည်း ဗိမာန်တော်အတွင်း၌ပင် အသတ်ခံလျက်နေရကြပါ၏။
21 ၂၁ လူ အကြီးအငယ် တို့သည် လမ်း ၌မြေ ပေါ် မှာ တုံးလုံး နေရကြပါ၏။ အကျွန်ုပ် ၏လူပျို နှင့် အပျို တို့သည် ထား ဖြင့် သေ ရကြပါပြီ။ ကိုယ်တော် သည် အမျက် တော် ထွက်သောနေ့ ၌၊ သူတို့ကို မ သနား ဘဲကွပ်မျက် တော်မူပြီ။
၂၁လူကြီးလူငယ်တို့သည်လမ်းများပေါ်တွင် လဲ၍သေရကြပါ၏။ ပျိုရွယ်သူအမျိုးသားအမျိုးသမီးများသည် ရန်သူ၏ဋ္ဌားဘေးသင့်၍သေရကြပါ၏။ ကိုယ်တော်ရှင်သည်အမျက်ထွက်တော်မူသောနေ့၌ သနားညှာတာခြင်းမရှိဘဲ သူတို့ကိုကွပ်မျက်တော်မူပါ၏။
22 ၂၂ ပွဲ သဘင်နေ့ ၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ် ပတ်လည် ၌ ကြောက်မက် ဘွယ်သော အရာတို့ကို ခေါ် ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက် တော် ထွက် သောနေ့ ၌ အဘယ်သူမျှမ လွတ် ၊ မကျန်ကြွင်း ရပါ။ အကျွန်ုပ်ချီပိုက် ကျွေးမွေးသောသူ တို့ ကို အကျွန်ုပ် ၏ ရန်သူ သည် ဖျက်ဆီး ပါပြီ။
၂၂ကိုယ်တော်ရှင်သည်ရန်သူများကိုကျွန်တော်မျိုး၏ ပတ်လည်တွင်ကြောက်မက်ဖွယ်သောပျော်ပွဲသဘင် ဆင်ယင်ရန်ဖိတ်ခေါ်တော်မူပါ၏။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူရာ ထိုနေ့ရက်ကာလ၌အဘယ်သူမျှချမ်းသာရာ ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်ကျွန်တော်မျိုးချစ်မြတ်နိုး၍ ကျွေးမွေးပြုစုခဲ့သည့်သားသမီးများကို သတ်ဖြတ်ကြပါ၏။