< မြည်တမ်းစကား 1 >
1 ၁ စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။
How is seated alone, the city that abounded with people, hath become as a widow, —She who abounded among the nations was a princess among provinces, hath come under tribute.
2 ၂ ညဉ့် အခါ ပြင်းစွာ ငိုကြွေး၍ ၊ သူ ၏ပါး သည် မျက်ရည် နှင့် စိုစွတ်လေ၏။ ရည်းစား အပေါင်း တို့တွင် နှစ်သိမ့် စေသောသူ တယောက် မျှမရှိ။ အဆွေ ခင်ပွန်းအပေါင်း တို့သည် သစ္စာ ပျက်၍ ရန်သူ ဖြစ် ကြပြီ။
She, weepeth sore, in the night, and, her tear, is on her cheek, She hath none to comfort her, of all her lovers, —All her friends, have betrayed her, have become her foes.
3 ၃ ယုဒ သတို့သမီးသည် ညှဉ်းဆဲ ခြင်း၊ ကြမ်းတမ်း စွာ စေစား ခြင်းကို ခံရသောကြောင့် ပြောင်း သွားပြီ။ သာသနာပ လူတို့အထဲ မှာနေ လျက် ချမ်းသာ မ ရ။ လိုက် သော သူအပေါင်း တို့သည် ကျဉ်းမြောင်း ရာ၌ မှီ ကြ၏။
Carried away captive is Judah—because of oppression, and because of great servitude, She, hath remained among the nations, hath found no place of rest, —All her pursuers, have overtaken her, between straits.
4 ၄ အဘယ်သူမျှပွဲ သဘင်သို့ မ လာ သောကြောင့် ၊ ဇိအုန် လမ်း တို့သည် ညည်းတွား ကြ၏။ သူ ၏မြို့တံခါး ရှိသမျှ တို့သည် လူ ဆိတ်ညံလျက်ရှိကြ၏။ သူ ၏ယဇ် ပုရောဟိတ်တို့သည်လည်း ညည်းတွား ကြ၏။ သူ ၏သမီး ကညာ တို့သည်လည်း နာကြည်း သောစိတ်ရှိ၍၊ သူ သည် ကိုယ်တိုင်ညှိုးငယ် လျက်နေရ၏။
The ways to Zion, are mourning, because none come to her appointed feasts, All her gates, are desolate, her priests, are sighing, —her virgins, are grieved, and, she, it is bitter for her.
5 ၅ သူ ပြစ်မှားသော အပြစ် များပြား သောကြောင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့်၊ သူ နှင့် ဆန့်ကျင် ဘက်ပြုသောသူတို့ သည် အစိုးရ ၍ ၊ သူ ၏ရန်သူ တို့ သည်ကောင်းစား ကြပြီ။ သူ ၏သားသမီး တို့ကိုလည်း ရန်သူ သိမ်း သွား ပြီ။
Her adversaries have become chief, her foes, are at ease, for, Yahweh, hath grieved her, because of the multitude of her transgressions, —Her children, have gone into captivity, before the adversary.
6 ၆ ဇိအုန် သတို့သမီး ၏ ဂုဏ် အသရေသည်အကြွင်းမဲ့ ကွယ် ပျောက်၏။ သူ ၏မင်းသား တို့သည် ကျက်စား ရာ ကိုရှာ၍ မ တွေ့ သော သမင် ဒရယ်ကဲ့သို့ ဖြစ် ၍ ၊ လိုက် သောသူ ရှေ့ မှာ အား မ ရှိဘဲ ပြေး သွားကြပြီ။
Thus hath gone forth from the daughter of Zion, all that adorned her, —Her princes have become like harts that have found no pasture, and have gone strengthless before the pursuer.
7 ၇ ယေရုရှလင် မြို့သည် ဆင်းရဲ ငြိုငြင်ခြင်းကိုခံ ရစဉ် တွင်၊ အရင် ခံစားဘူးသော စည်းစိမ် ကို အောက်မေ့ ၏။ သူ ၏လူ တို့သည် ရန်သူ လက် သို့ ရောက် ၍ မစ သော သူ မရှိသောအခါ ၊ ဆန့်ကျင် ဘက်ပြုသောသူတို့သည် သူ ၏အမှုကိုမြင် ၍ ၊ သူ ၏ဆုံး ခြင်းကို ကဲ့ရဲ့ ကြ၏။
Jerusalem hath remembered in the days of her humiliation and her fleeings—all her precious things, which have existed from the days of old, —Now that her people have been falling into the hand of the adversary, with none to help her, the adversaries have seen her, have mocked over her sabbath-keepings.
8 ၈ ယေရုရှလင် မြို့ပြစ်မှား သောအပြစ် သည် အလွန်များသောကြောင့်၊ ရွံ့ရှာ ဘွယ် ဖြစ် လေ၏။ သူ့ ကို ရိုသေ ဘူးသောသူ အပေါင်း တို့သည် သူ ၌အချည်းစည်း ရှိ ခြင်းကို မြင် သောကြောင့် မထီမဲ့မြင် ပြုကြ၏။ သူ သည် လည်း ညည်းတွား ၍ နောက် သို့ပြန် သွားလေ၏။
Jerusalem, hath grievously sinned, For this cause, unto exile, hath she been delivered, —All who used to honour her, have despised her, for they have descried her unseemliness, yea, she herself, hath sighed, and turned back.
9 ၉ သူ ၌မ စင်ကြယ်သော လက္ခဏာထင်ရှားသော်လည်း ၊ နောက်ခံရသောအပြစ်ကို မ အောက်မေ့ ။ ထိုကြောင့်၊ မျက်နှာ ပေးသောသူမ ရှိဘဲ အံ့ဩဘွယ် သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု တော်မူပါ။
Her impurity, is in her skirts, She hath not remembered her hereafter, Therefore hath she come down wonderfully, none to comfort her, —Behold, O Yahweh, my humiliation, that the foe, hath made himself great.
10 ၁၀ ရန်သူ သည် ကိုယ်ကိုချီးမြှောက် ပါပြီ။ ပရိသတ် တော်ထဲသို့ မ ဝင် ရဟုမြစ်တား တော်မူသော သာသနာပ လူတို့သည် သူ ၏သန့်ရှင်း ရာဌာနတော်ထဲသို့ ဝင် ကြောင်း ကို သူမြင် ရပါ၏။
His hand, hath the adversary spread out, over all her precious things, —for she saw that, the nations, entered her sanctuary, as to whom thou didst command they should not enter—in the convocation—unto thee!
11 ၁၁ သူ ၏လူ အပေါင်း တို့သည် ညည်းတွား လျက်၊ မုန့် ကိုရှာ လျက် နေကြ၏။ သေ ဘေးနှင့်လွတ်ခြင်းငှါ မိမိ စည်းစိမ် ကို စားစရာ ဘို့ စွန့် ရ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ရှုတ်ချ ခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ။
All her people, are sighing, seeking bread, They have given their precious things for food, to bring back life, —Behold, O Yahweh, and discern, that I have become worthless.
12 ၁၂ အိုခရီး သွား သောသူ အပေါင်း တို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရား သည် ပြင်းစွာ အမျက် တော် ထွက်သောနေ့ ၌ ငါ့ ကို ညှဉ်းဆဲ ၍ ၊ ဖြစ် စေတော်မူသော ဒုက္ခ နှင့် တူသော ဒုက္ခ ရှိ သလော ။
Is it nothing to you, all ye that pass by? Look around and see, whether there is pain like my pain, which is severely dealt out to me, —in that Yahweh, hath caused grief, in the day of the glow of his anger?
13 ၁၃ အထက် မှ မီး ကို ငါ့ အရိုး ထဲသို့ လွှတ် လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ ခြေ ကို ကျော့မိ စေခြင်းငှါ ကျော့ကွင်း ထောင် ၍ ငါ့ ကိုပြန် စေတော်မူပြီ။ တနေ့လုံး ညှိုးငယ် ခြင်းအကြောင်း၊ စိတ်ပျက် ခြင်းအကြောင်းကို ငါ ၌ဖြစ် စေတော်မူ၏။
From on high, sent he fire, among my bones, and laid them prostrate, —He spread out a net for my feet, he made me turn back, he made me desolate, all the day, faint.
14 ၁၄ ငါ ပြစ်မှားသော အပြစ် ထမ်းဘိုး ကို လက် တော် နှင့် ငါ့ လည်ပင်း ပေါ် ၌တပ်၍ချည်နှောင် ပြီးမှ၊ ထာဝရ ဘုရား သည် ငါ့ ကိုအား လျော့ စေ၍၊ ငါမ ဆီးတားနိုင် သော သူ့တို့လက် သို့ ရောက် စေတော်မူပြီ။
The yoke of my transgressions, hath been bound, by his hand—They have intertwined themselves, have come up on my neck, it hath paralysed my strength, —My Lord, hath delivered me, into the hands of those against whom I cannot rise up.
15 ၁၅ ထာဝရ ဘုရားသည် ငါ ၏သူရဲ အပေါင်း တို့ကို ငါ့ အလယ် ၌ ကျော် နင်းတော်မူပြီ။ ငါ ၏လူပျို တို့ကို နှိပ်စက် ခြင်းငှါ လူ အလုံးအရင်းကို ခေါ် တော်မူပြီ။ ထာဝရ ဘုရား သည် ယုဒ သတို့သမီး ကညာ ကို စပျစ်သီး နယ်ရာကျင်း ၌ နင်းနယ် တော်မူပြီ။
My Lord, hath flouted at all my magnates, in my midst, He hath called against me a host, to crush my young men, —A winepress, hath My Lord trodden, to the virgin, the daughter of Judah.
16 ၁၆ ထို အကြောင်းကြောင့် ငါ သည်ငို ရ၏။ မျက်ရည် ကျ လျက်ရှိ၏။ ငါ့ အသက် ကို ထောက်မ ၍ ငါ့ ကို နှစ်သိမ့် စေသောသူသည် ငါ နှင့် ဝေး ပါ၏။ ရန်သူ နိုင် သောကြောင့် ငါ့ သားသမီး တို့သည် ပျောက်ပျက် ကြပြီ။
For these things, am, I, weeping, Mine eye, mine eye, is running down with waters, for, far from me, is any who could comfort, could bring back my life, —My sons are amazed, for strong is the foe.
17 ၁၇ ဇိအုန် သတို့သမီးသည် မိမိ လက်ဝါး တို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့် စေသောသူ မရှိ။ ထာဝရဘုရား သည် ယာကုပ် ပတ်လည် ၌ ရန်သူ တို့ကို ခန့်ထား တော်မူပြီ။ ယေရုရှလင် မြို့သည် သူ တို့တွင် ရွံ့ရှာ ဘွယ် ဖြစ် လေ၏။
Zion, hath spread forth, her hands, there is none to comfort her, Yahweh, hath given command, respecting Jacob, unto them who surround him—his adversaries, —Jerusalem, hath become as a removed woman, in their midst.
18 ၁၈ ထာဝရဘုရား သည် တရား သဖြင့်စီရင် တော်မူ ၏။ ငါသည် ပညတ်တော်ကို လွန်ကျူး မိပြီ။ လူမျိုး ခပ်သိမ်း တို့၊ နားထောင် ၍ ငါ ၏ဒုက္ခ ကို ဆင်ခြင် ကြပါ လော့။ ငါ ၏လူပျို နှင့် အပျို တို့ကို သိမ်းသွား ကြပြီ။
Righteous is Yahweh, for, against his bidding, had I rebelled, —Hear, I pray you, all ye peoples, and see my pain, My virgins and my young men, have gone into exile.
19 ၁၉ ငါ သည် ရည်းစား တို့ကိုခေါ် ၍ သူ တို့သည် သစ္စာ မရှိကြ။ ငါ ၏ယဇ် ပုရောဟိတ်တို့နှင့် ငါ ၏အသက်ကြီး သူတို့သည် ကိုယ် အသက် မွေး ဘို့ စားစရာ ကို ရှာ စဉ် ပင် မြို့ ထဲ၌ အသက် ချုပ်ကြပြီ။
I called to my lovers, they, deceived me, My priests and mine elders, in the city, have breathed their last, —for they sought them food, that they might bring back their life.
20 ၂၀ အိုထာဝရဘုရား ၊ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် ပင်ပန်း ပါ၏။ ဝမ်း ၌ဆူလှိုင် ခြင်းရှိပါ၏။ နှလုံး မှောက် လျက် ရှိပါ၏။ အကျွန်ုပ် သည် အလွန် ပြစ်မှားပါပြီ။ ပြင် မှာ ထား ဘေးနှင့်တွေ့ရပါပြီ။ အတွင်း ၌ လည်း သေမင်း နေသကဲ့သို့ ရှိပါ၏။
See, O Yahweh, that I am in distress, Mine inward parts, are in ferment, My heart is turned within me, for I have obstinately rebelled, —Without, bereaveth the sword, Within, is like death,
21 ၂၁ အကျွန်ုပ် ညည်းတွား သံကို ကြား သော သူတို့တွင်၊ နှစ်သိမ့် စေသောသူတယောက်မျှမ ရှိပါ။ အကျွန်ုပ် ၌ ရောက်သောအမှု ကို အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ကြား ကြပါပြီ။ ကိုယ်တော် ပြု တော်မူသည်ကို ဝမ်းမြောက် ကြပါ၏။ ကိုယ်တော်ချိန်းချက် သော နေ့ရက် ကိုရောက် စေ တော်မူသောအခါ ၊ သူတို့သည် အကျွန်ုပ် ကဲ့သို့ ပင် ဖြစ် ကြ ပါစေသော။
They have heard—that, sighing am, I, [and am saying] —There is none to comfort me, All my foes, —having heard of my calamity—have rejoiced, because, thou, hast done it, —thou hast brought in the day thou didst proclaim, So let them become like me.
22 ၂၂ သူ တို့၏ဒုစရိုက် အလုံးစုံ တို့ကို စစ်ကြော တော်မူ ပါ။ အကျွန်ုပ် ပြစ်မှားမိသမျှ သော အပြစ် တို့ကြောင့် ၊ အကျွန်ုပ် ၌ ပြု တော်မူသကဲ့သို့ သူ တို့၌ ပြု တော်မူပါ။ အကျွန်ုပ် သည် ညည်းတွား ခြင်းများပြား ၍ စိတ် ပျက် လျက်ရှိပါ၏။
Let all their wickedness, come in, before thee, and deal thou severely with them, according as thou hast dealt severely with me, for all my transgressions; for many are my sighs, and, my heart, is sick.