< မြည်တမ်းစကား 1 >

1 စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။
كَيْفَ جَلَسَتْ وَحْدَهَا ٱلْمَدِينَةُ ٱلْكَثِيرَةُ ٱلشَّعْبِ! كَيْفَ صَارَتْ كَأَرْمَلَةٍ ٱلْعَظِيمَةُ فِي ٱلْأُمَمِ. ٱلسَّيِّدَةُ في ٱلْبُلْدَانِ صَارَتْ تَحْتَ ٱلْجِزْيَةِ!١
2 ညဉ့် အခါ ပြင်းစွာ ငိုကြွေး၍ ၊ သူ ၏ပါး သည် မျက်ရည် နှင့် စိုစွတ်လေ၏။ ရည်းစား အပေါင်း တို့တွင် နှစ်သိမ့် စေသောသူ တယောက် မျှမရှိ။ အဆွေ ခင်ပွန်းအပေါင်း တို့သည် သစ္စာ ပျက်၍ ရန်သူ ဖြစ် ကြပြီ။
تَبْكِي في ٱللَّيْلِ بُكَاءً، وَدُمُوعُهَا علَى خَدَّيْهَا. لَيْسَ لَهَا مُعَزٍّ مِنْ كُلِّ مُحِبِّيهَا. كُلُّ أَصْحَابِهَا غَدَرُوا بِهَا، صَارُوا لهَا أَعْدَاءً.٢
3 ယုဒ သတို့သမီးသည် ညှဉ်းဆဲ ခြင်း၊ ကြမ်းတမ်း စွာ စေစား ခြင်းကို ခံရသောကြောင့် ပြောင်း သွားပြီ။ သာသနာပ လူတို့အထဲ မှာနေ လျက် ချမ်းသာ မ ရ။ လိုက် သော သူအပေါင်း တို့သည် ကျဉ်းမြောင်း ရာ၌ မှီ ကြ၏။
قَد سُبِيَتْ يَهُوذَا مِنَ ٱلْمَذَلَّةِ وَمِنْ كَثْرَةِ ٱلْعُبُودِيَّةِ. هِيَ تَسْكُنُ بَيْنَ ٱلْأُمَمِ. لَا تَجِدُ رَاحَةً. قَدْ أَدْرَكَهَا كُلُّ طَارِدِيهَا بَيْنَ ٱلضِّيقَاتِ.٣
4 အဘယ်သူမျှပွဲ သဘင်သို့ မ လာ သောကြောင့် ၊ ဇိအုန် လမ်း တို့သည် ညည်းတွား ကြ၏။ သူ ၏မြို့တံခါး ရှိသမျှ တို့သည် လူ ဆိတ်ညံလျက်ရှိကြ၏။ သူ ၏ယဇ် ပုရောဟိတ်တို့သည်လည်း ညည်းတွား ကြ၏။ သူ ၏သမီး ကညာ တို့သည်လည်း နာကြည်း သောစိတ်ရှိ၍၊ သူ သည် ကိုယ်တိုင်ညှိုးငယ် လျက်နေရ၏။
طُرُقُ صِهْيَوْنَ نَائِحَةٌ لِعَدَمِ ٱلْآتِينَ إِلَى ٱلْعِيدِ. كُلُّ أَبْوَابِهَا خَرِبَةٌ. كَهَنَتُهَا يَتَنَهَّدُونَ. عَذَارَاهَا مُذَلَّلَةٌ وَهِيَ فِي مَرَارَةٍ.٤
5 သူ ပြစ်မှားသော အပြစ် များပြား သောကြောင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့်၊ သူ နှင့် ဆန့်ကျင် ဘက်ပြုသောသူတို့ သည် အစိုးရ ၍ ၊ သူ ၏ရန်သူ တို့ သည်ကောင်းစား ကြပြီ။ သူ ၏သားသမီး တို့ကိုလည်း ရန်သူ သိမ်း သွား ပြီ။
صَارَ مُضَايِقُوهَا رَأْسًا. نَجَحَ أَعْدَاؤُهَا لِأَنَّ ٱلرَّبَّ قَدْ أَذَلَّهَا لِأَجْلِ كَثْرَةِ ذُنُوبِهَا. ذَهَبَ أَوْلَادُهَا إِلَى ٱلسَّبْيِ قُدَّامَ ٱلْعَدُوِّ.٥
6 ဇိအုန် သတို့သမီး ၏ ဂုဏ် အသရေသည်အကြွင်းမဲ့ ကွယ် ပျောက်၏။ သူ ၏မင်းသား တို့သည် ကျက်စား ရာ ကိုရှာ၍ မ တွေ့ သော သမင် ဒရယ်ကဲ့သို့ ဖြစ် ၍ ၊ လိုက် သောသူ ရှေ့ မှာ အား မ ရှိဘဲ ပြေး သွားကြပြီ။
وَقَدْ خَرَجَ مِنْ بِنْتِ صِهْيَوْنَ كُلُّ بَهَائِهَا. صَارَتْ رُؤَسَاؤُهَا كَأَيَائِلَ لَا تَجِدُ مَرْعًى، فَيَسِيرُونَ بِلَا قُوَّةٍ أَمَامَ ٱلطَّارِدِ.٦
7 ယေရုရှလင် မြို့သည် ဆင်းရဲ ငြိုငြင်ခြင်းကိုခံ ရစဉ် တွင်၊ အရင် ခံစားဘူးသော စည်းစိမ် ကို အောက်မေ့ ၏။ သူ ၏လူ တို့သည် ရန်သူ လက် သို့ ရောက် ၍ မစ သော သူ မရှိသောအခါ ၊ ဆန့်ကျင် ဘက်ပြုသောသူတို့သည် သူ ၏အမှုကိုမြင် ၍ ၊ သူ ၏ဆုံး ခြင်းကို ကဲ့ရဲ့ ကြ၏။
قَدْ ذَكَرَتْ أُورُشَلِيمُ فِي أَيَّامِ مَذَلَّتِهَا وَتَطَوُّحِهَا كُلَّ مُشْتَهَيَاتِهَا ٱلَّتِي كَانَتْ فِي أَيَّامِ ٱلْقِدَمِ. عِنْدَ سُقُوطِ شَعْبِهَا بِيَدِ ٱلْعَدُوِّ وَلَيْسَ مَنْ يُسَاعِدُهَا. رَأَتْهَا ٱلْأَعْدَاءُ. ضَحِكُوا عَلَى هَلَاكِهَا.٧
8 ယေရုရှလင် မြို့ပြစ်မှား သောအပြစ် သည် အလွန်များသောကြောင့်၊ ရွံ့ရှာ ဘွယ် ဖြစ် လေ၏။ သူ့ ကို ရိုသေ ဘူးသောသူ အပေါင်း တို့သည် သူ ၌အချည်းစည်း ရှိ ခြင်းကို မြင် သောကြောင့် မထီမဲ့မြင် ပြုကြ၏။ သူ သည် လည်း ညည်းတွား ၍ နောက် သို့ပြန် သွားလေ၏။
قَدْ أَخْطَأَتْ أُورُشَلِيمُ خَطِيَّةً، مِنْ أَجْلِ ذَلِكَ صَارَتْ رَجِسَةً. كُلُّ مُكَرِّمِيهَا يَحْتَقِرُونَهَا لِأَنَّهُمْ رَأَوْا عَوْرَتَهَا، وَهِيَ أَيْضًا تَتَنَهَّدُ وَتَرْجِعُ إِلَى ٱلْوَرَاءِ.٨
9 သူ ၌မ စင်ကြယ်သော လက္ခဏာထင်ရှားသော်လည်း ၊ နောက်ခံရသောအပြစ်ကို မ အောက်မေ့ ။ ထိုကြောင့်၊ မျက်နှာ ပေးသောသူမ ရှိဘဲ အံ့ဩဘွယ် သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု တော်မူပါ။
نَجَاسَتُهَا فِي أَذْيَالِهَا. لَمْ تَذْكُرْ آخِرَتَهَا وَقَدِ ٱنْحَطَّتِ ٱنْحِطَاطًا عَجِيبًا. لَيْسَ لَهَا مُعَزٍّ. «ٱنْظُرْ يَارَبُّ إِلَى مَذَلَّتِي لِأَنَّ ٱلْعَدُوَّ قَدْ تَعَظَّمَ».٩
10 ၁၀ ရန်သူ သည် ကိုယ်ကိုချီးမြှောက် ပါပြီ။ ပရိသတ် တော်ထဲသို့ မ ဝင် ရဟုမြစ်တား တော်မူသော သာသနာပ လူတို့သည် သူ ၏သန့်ရှင်း ရာဌာနတော်ထဲသို့ ဝင် ကြောင်း ကို သူမြင် ရပါ၏။
بَسَطَ ٱلْعَدُوُّ يَدَهُ عَلَى كُلِّ مُشْتَهَيَاتِهَا، فَإِنَّهَا رَأَتِ ٱلْأُمَمَ دَخَلُوا مَقْدِسَهَا، ٱلَّذِينَ أَمَرْتَ أَنْ لَا يَدْخُلُوا فِي جَمَاعَتِكَ.١٠
11 ၁၁ သူ ၏လူ အပေါင်း တို့သည် ညည်းတွား လျက်၊ မုန့် ကိုရှာ လျက် နေကြ၏။ သေ ဘေးနှင့်လွတ်ခြင်းငှါ မိမိ စည်းစိမ် ကို စားစရာ ဘို့ စွန့် ရ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ရှုတ်ချ ခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ။
كُلُّ شَعْبِهَا يَتَنَهَّدُونَ، يَطْلُبُونَ خُبْزًا. دَفَعُوا مُشْتَهَيَاتِهِمْ لِلْأَكْلِ لِأَجْلِ رَدِّ ٱلنَّفْسِ. «ٱنْظُرْ يَارَبُّ وَتَطَلَّعْ لِأَنِّي قَدْ صِرْتُ مُحْتَقَرَةً».١١
12 ၁၂ အိုခရီး သွား သောသူ အပေါင်း တို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရား သည် ပြင်းစွာ အမျက် တော် ထွက်သောနေ့ ၌ ငါ့ ကို ညှဉ်းဆဲ ၍ ၊ ဖြစ် စေတော်မူသော ဒုက္ခ နှင့် တူသော ဒုက္ခ ရှိ သလော ။
«أَمَا إِلَيْكُمْ يَا جَمِيعَ عَابِرِي ٱلطَّرِيقِ؟ تَطَلَّعُوا وَٱنْظُرُوا إِنْ كَانَ حُزْنٌ مِثْلُ حُزْنِي ٱلَّذِي صُنِعَ بِي، ٱلَّذِي أَذَلَّنِي بِهِ ٱلرَّبُّ يَوْمَ حُمُوِّ غَضَبِهِ؟١٢
13 ၁၃ အထက် မှ မီး ကို ငါ့ အရိုး ထဲသို့ လွှတ် လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ ခြေ ကို ကျော့မိ စေခြင်းငှါ ကျော့ကွင်း ထောင် ၍ ငါ့ ကိုပြန် စေတော်မူပြီ။ တနေ့လုံး ညှိုးငယ် ခြင်းအကြောင်း၊ စိတ်ပျက် ခြင်းအကြောင်းကို ငါ ၌ဖြစ် စေတော်မူ၏။
مِنَ ٱلْعَلَاءِ أَرْسَلَ نَارًا إِلَى عِظَامِي فَسَرَتْ فِيهَا. بَسَطَ شَبَكَةً لِرِجْلَيَّ. رَدَّنِي إِلَى ٱلْوَرَاءِ. جَعَلَنِي خَرِبَةً. ٱلْيَوْمَ كُلَّهُ مَغْمُومَةً.١٣
14 ၁၄ ငါ ပြစ်မှားသော အပြစ် ထမ်းဘိုး ကို လက် တော် နှင့် ငါ့ လည်ပင်း ပေါ် ၌တပ်၍ချည်နှောင် ပြီးမှ၊ ထာဝရ ဘုရား သည် ငါ့ ကိုအား လျော့ စေ၍၊ ငါမ ဆီးတားနိုင် သော သူ့တို့လက် သို့ ရောက် စေတော်မူပြီ။
شَدَّ نِيرَ ذُنُوبِي بِيَدِهِ، ضُفِرَتْ، صَعِدَتْ عَلَى عُنُقِي. نَزَعَ قُوَّتِي. دَفَعَنِي ٱلسَّيِّدُ إِلَى أَيْدٍ لَا أَسْتَطِيعُ ٱلْقِيَامَ مِنْهَا.١٤
15 ၁၅ ထာဝရ ဘုရားသည် ငါ ၏သူရဲ အပေါင်း တို့ကို ငါ့ အလယ် ၌ ကျော် နင်းတော်မူပြီ။ ငါ ၏လူပျို တို့ကို နှိပ်စက် ခြင်းငှါ လူ အလုံးအရင်းကို ခေါ် တော်မူပြီ။ ထာဝရ ဘုရား သည် ယုဒ သတို့သမီး ကညာ ကို စပျစ်သီး နယ်ရာကျင်း ၌ နင်းနယ် တော်မူပြီ။
رَذَلَ ٱلسَّيِّدُ كُلَّ مُقْتَدِرِيَّ فِي وَسَطِي. دَعَا عَلَيَّ جَمَاعَةً لِحَطْمِ شُبَّانِي. دَاسَ ٱلسَّيِّدُ ٱلْعَذْرَاءَ بِنْتَ يَهُوذَا مِعْصَرَةً.١٥
16 ၁၆ ထို အကြောင်းကြောင့် ငါ သည်ငို ရ၏။ မျက်ရည် ကျ လျက်ရှိ၏။ ငါ့ အသက် ကို ထောက်မ ၍ ငါ့ ကို နှစ်သိမ့် စေသောသူသည် ငါ နှင့် ဝေး ပါ၏။ ရန်သူ နိုင် သောကြောင့် ငါ့ သားသမီး တို့သည် ပျောက်ပျက် ကြပြီ။
عَلَى هَذِهِ أَنَا بَاكِيَةٌ. عَيْنِي، عَيْنِي تَسْكُبُ مِيَاهًا لِأَنَّهُ قَدِ ٱبْتَعَدَ عَنِّي ٱلْمُعَزِّي، رَادُّ نَفْسِي. صَارَ بَنِيَّ هَالِكِينَ لِأَنَّهُ قَدْ تَجَبَّرَ ٱلْعَدُوُّ».١٦
17 ၁၇ ဇိအုန် သတို့သမီးသည် မိမိ လက်ဝါး တို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့် စေသောသူ မရှိ။ ထာဝရဘုရား သည် ယာကုပ် ပတ်လည် ၌ ရန်သူ တို့ကို ခန့်ထား တော်မူပြီ။ ယေရုရှလင် မြို့သည် သူ တို့တွင် ရွံ့ရှာ ဘွယ် ဖြစ် လေ၏။
بَسَطَتْ صِهْيَوْنُ يَدَيْهَا. لَا مُعَزِّيَ لَهَا. أَمَرَ ٱلرَّبُّ عَلَى يَعْقُوبَ أَنْ يَكُونَ مُضَايِقُوهُ حَوَالَيْهِ. صَارَتْ أُورُشَلِيمُ نَجِسَةً بَيْنَهُمْ.١٧
18 ၁၈ ထာဝရဘုရား သည် တရား သဖြင့်စီရင် တော်မူ ၏။ ငါသည် ပညတ်တော်ကို လွန်ကျူး မိပြီ။ လူမျိုး ခပ်သိမ်း တို့၊ နားထောင် ၍ ငါ ၏ဒုက္ခ ကို ဆင်ခြင် ကြပါ လော့။ ငါ ၏လူပျို နှင့် အပျို တို့ကို သိမ်းသွား ကြပြီ။
«بَارٌّ هُوَ ٱلرَّبُّ لِأَنِّي قَدْ عَصَيْتُ أَمْرَهُ. ٱسْمَعُوا يَا جَمِيعَ ٱلشُّعُوبِ وَٱنْظُرُوا إِلَى حُزْنِي. عَذَارَايَ وَشُبَّانِي ذَهَبُوا إِلَى ٱلسَّبْيِ.١٨
19 ၁၉ ငါ သည် ရည်းစား တို့ကိုခေါ် ၍ သူ တို့သည် သစ္စာ မရှိကြ။ ငါ ၏ယဇ် ပုရောဟိတ်တို့နှင့် ငါ ၏အသက်ကြီး သူတို့သည် ကိုယ် အသက် မွေး ဘို့ စားစရာ ကို ရှာ စဉ် ပင် မြို့ ထဲ၌ အသက် ချုပ်ကြပြီ။
نَادَيْتُ مُحِبِّيَّ. هُمْ خَدَعُونِي. كَهَنَتِي وَشُيُوخِي فِي ٱلْمَدِينَةِ مَاتُوا، إِذْ طَلَبُوا لِذَوَاتِهِمْ طَعَامًا لِيَرُدُّوا أَنْفُسَهُمْ.١٩
20 ၂၀ အိုထာဝရဘုရား ၊ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် ပင်ပန်း ပါ၏။ ဝမ်း ၌ဆူလှိုင် ခြင်းရှိပါ၏။ နှလုံး မှောက် လျက် ရှိပါ၏။ အကျွန်ုပ် သည် အလွန် ပြစ်မှားပါပြီ။ ပြင် မှာ ထား ဘေးနှင့်တွေ့ရပါပြီ။ အတွင်း ၌ လည်း သေမင်း နေသကဲ့သို့ ရှိပါ၏။
ٱنْظُرْ يَارَبُّ، فَإِنِّي فِي ضِيقٍ! أَحْشَائِي غَلَتْ. ٱرْتَدَّ قَلْبِي فِي بَاطِنِي لِأَنِّي قَدْ عَصَيْتُ مُتَمَرِّدَةً. فِي ٱلْخَارِجِ يَثْكُلُ ٱلسَّيْفُ، وَفِي ٱلْبَيْتِ مِثْلُ ٱلْمَوْتِ.٢٠
21 ၂၁ အကျွန်ုပ် ညည်းတွား သံကို ကြား သော သူတို့တွင်၊ နှစ်သိမ့် စေသောသူတယောက်မျှမ ရှိပါ။ အကျွန်ုပ် ၌ ရောက်သောအမှု ကို အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ကြား ကြပါပြီ။ ကိုယ်တော် ပြု တော်မူသည်ကို ဝမ်းမြောက် ကြပါ၏။ ကိုယ်တော်ချိန်းချက် သော နေ့ရက် ကိုရောက် စေ တော်မူသောအခါ ၊ သူတို့သည် အကျွန်ုပ် ကဲ့သို့ ပင် ဖြစ် ကြ ပါစေသော။
سَمِعُوا أَنِّي تَنَهَّدْتُ. لَا مُعَزِّيَ لِي. كُلُّ أَعْدَائِي سَمِعُوا بِبَلِيَّتِي. فَرِحُوا لِأَنَّكَ فَعَلْتَ. تَأْتِي بِٱلْيَوْمِ ٱلَّذِي نَادَيْتَ بِهِ فَيَصِيرُونَ مِثْلِي.٢١
22 ၂၂ သူ တို့၏ဒုစရိုက် အလုံးစုံ တို့ကို စစ်ကြော တော်မူ ပါ။ အကျွန်ုပ် ပြစ်မှားမိသမျှ သော အပြစ် တို့ကြောင့် ၊ အကျွန်ုပ် ၌ ပြု တော်မူသကဲ့သို့ သူ တို့၌ ပြု တော်မူပါ။ အကျွန်ုပ် သည် ညည်းတွား ခြင်းများပြား ၍ စိတ် ပျက် လျက်ရှိပါ၏။
لِيَأْتِ كُلُّ شَرِّهِمْ أَمَامَكَ. وَٱفْعَلْ بِهِمْ كَمَا فَعَلْتَ بِي مِنْ أَجْلِ كُلِّ ذُنُوبِي، لِأَنَّ تَنَهُّدَاتِي كَثِيرَةٌ وَقَلْبِي مَغْشِيٌّ عَلَيْهِ».٢٢

< မြည်တမ်းစကား 1 >