< တရားသူကြီးမှတ်စာ 9 >

1 ယေရုဗ္ဗာလ သား အဘိမလက် သည် ရှေခင် မြို့သို့ သွား ၍ ဦးရီး များ၊ အမိ ၏အဆွေအမျိုး များအပေါင်း တို့နှင့် နှုတ်ဆက် လျက်၊
Then Abimelech the sonne of Ierubbaal went to Shechem vnto his mothers brethren, and communed with them, and with all the familie, and house of his mothers father, saying,
2 ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့သည် သင် တို့ကို အုပ်စိုး ကောင်း သလော။ သား တယောက် တည်း အုပ်စိုး ကောင်းသလော။ ငါ သည် သင် တို့၏ အရိုး အသား စစ်ဖြစ်ကြောင်း ကို မ မေ့ကြနှင့်ဟု ရှေခင် မြို့သား အပေါင်းတို့အား ပြော ရမည်အကြောင်းကို တိုင်ပင်လေ၏။
Say, I pray you, in the audience of all the men of Shechem, Whether is better for you, that all the sonnes of Ierubbaal, which are seuentie persons, reigne ouer you, either that one reigne ouer you? Remember also, that I am your bone, and your flesh.
3 ထို စကား ကို ဦးရီး တို့သည် ရှေခင် မြို့သား တို့အား အကုန်အစင် ပြန်ပြော ၍၊ သူတို့က၊ အဘိမလက် သည် ငါ တို့ညီအစ်ကို ဖြစ်သည်ဟုဆို လျှက် သူ့နောက် သို့ လိုက်ချင်သောစိတ် နူးညွတ် သဖြင့်၊
Then his mothers brethren spake of him in the audience of all the men of Shechem, all these wordes: and their hearts were moued to follow Abimelech: for sayd they, He is our brother.
4 ငွေ ခုနစ်ဆယ် ကို ဗာလဗေရိတ် အိမ် မှ ထုတ် ၍ပေးလျှင် ၊ အဘိမလက် သည် လျှပ်ပေါ် သောသူတို့ကို ထိုငွေ နှင့် ငှါး ၍ အမှု ကို ထမ်းစေ၏။
And they gaue him seuentie pieces of siluer out of the house of Baal-berith, wherewith Abimelech hired vayne and light fellowes which followed him.
5 တဖန် ဩဖရ မြို့၌ ရှိသောမိမိ အဘ အိမ် သို့ သွား ၍ ၊ မိမိ ညီအစ်ကို ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့ကို ကျောက် တခု ပေါ် မှာ သတ် လေ၏။ သို့ရာတွင် ၊ ယေရုဗ္ဗာလ သား အငယ်ဆုံး ယောသံ သည် ပုန်းရှောင် ၍ နေသောကြောင့် ကျန်ရစ် သတည်း။
And he went vnto his fathers house at Ophrah, and slew his brethren, the sonnes of Ierubbaal, about seuentie persons vpon one stone: yet Iotham the yongest sonne of Ierubbaal was left: for he hid himselfe.
6 ရှေခင် မြို့သား အပေါင်း တို့နှင့် မိလ္လော အဆွေအမျိုးအပေါင်း တို့သည် ရှေခင် မြို့တွင် ရှိသောအထိမ်းအမှတ် သပိတ် ပင်အနား မှာ စည်းဝေး ၍ အဘိမလက် ကို ရှင်ဘုရင် အရာ၌ ခန့် ထားကြ၏။
And all the men of Shechem gathered together with all the house of Millo, and came and made Abimelech King in the playne, where the stone was erected in Shechem.
7 ထိုအမှုကို ယောသံ သည် ကြား သိသောအခါ ၊ ဂေရဇိမ် တောင် သို့ သွား ၍ ၊ တောင်ပေါ် မှာ ရပ် လျက် အသံ ကို လွှင့် ၍ ကြွေးကြော် လေသည်မှာ၊ အိုရှေခင် မြို့သား တို့၊ သင် တို့စကားကို ဘုရား သခင်နားထောင် တော်မူမည်အကြောင်း ၊ ငါ့ စကားကို နားထောင် ကြလော့။
And when they told it to Iotham, he went and stoode in the top of mount Gerizim, and lift vp his voyce, and cryed, and sayd vnto them, Hearken vnto mee, you men of Shechem, that God may hearken vnto you.
8 သစ်ပင် တို့သည် မိမိ တို့ကို အုပ်စိုးရသောရှင်ဘုရင် ကို ခန့်ထားလျက် ဘိသိက် ပေးခြင်းငှါ ထွက်သွား ၍ ၊ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သံလွင် ပင်အား လျှောက် ကြလျှင်၊
The trees went foorth to anoynt a King ouer them, and sayde vnto the oliue tree, Reigne thou ouer vs.
9 သံလွင် ပင်က၊ ဘုရား အသရေ ၊ လူ အသရေကို ပြုစုစရာ ငါ့ အဆီ အပြားကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
But the oliue tree said vnto them, Should I leaue my fatnes, wherewith by me they honour God and man, and go to aduance me aboue ye trees?
10 ၁၀ တဖန် သင်္ဘောသဖန်း ပင်အား ၊ ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် တို့သည် လျှောက် ကြလျှင်၊
Then the trees sayde to the fig tree, Come thou, and be King ouer vs.
11 ၁၁ သင်္ဘောသဖန်း ပင်က၊ ငါ ၌ ချို သော အရသာနှင့် ကောင်း သောအသီး ကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
But the fig tree answered them, Should I forsake my sweetenesse, and my good fruite, and goe to aduance me aboue the trees?
12 ၁၂ တဖန် စပျစ် ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် တို့သည် လျှောက် ကြလျှင်၊
Then sayd the trees vnto the Vine, Come thou, and be king ouer vs.
13 ၁၃ စပျစ် ပင်က၊ ဘုရား ၏စိတ်နှင့် လူ ၏စိတ်ကို ရွှင်လန်း စေသော ငါ့ စပျစ်ရည် ကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
But the Vine sayde vnto them, Should I leaue my wine, whereby I cheare God and man, and goe to aduance me aboue the trees?
14 ၁၄ တဖန် ဆူးလေ ပင်အား ကိုယ်တော် ကြွ ၍ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု သစ်ပင် အပေါင်း တို့သည် လျှောက် ကြလျှင်၊
Then said all the trees vnto the bramble, Come thou, and reigne ouer vs.
15 ၁၅ ဆူးလေ ပင်က၊ သင်တို့သည် ငါ့ ကို သင် တို့၏ ရှင်ဘုရင် ဖြစ်စေခြင်းငှါခန့်ထား၍ ဧကန်အမှန် ဘိသိက် ပေးလိုလျှင် ၊ လာ ကြ၊ ငါ့ အရိပ် ကို ခိုလှုံ ကြ။ သို့မဟုတ် ဆူးလေ ပင်ထဲက မီး ထွက် ၍ လေဗနုန် အာရစ် ပင်တို့ကို လောင် လိမ့်မည်ဟု သစ်ပင် တို့အား ပြန်ပြော ၏။
And the bramble said vnto the trees, If ye will in deede anoynt me King ouer you, come, and put your trust vnder my shadowe: and if not, the fire shall come out of the bramble, and consume the Cedars of Lebanon.
16 ၁၆ ယခု မှာ သင်တို့သည် အဘိမလက် ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလ နှင့် သူ ၏အမျိုးအနွယ် အား ကောင်းမွန် စွာ ပြု ကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။
Now therefore, if ye doe truely and vncorruptly to make Abimelech King, and if ye haue delt well with Ierubbaal and with his house, and haue done vnto him according to the deseruing of his handes,
17 ၁၇ ငါ့ အဘ သည် သင် တို့အဘို့ စစ်တိုက် ၍ ကိုယ် အသက် ကို စွန့်စား လျက်၊ သင် တို့ကို မိဒျန် အမျိုးလက် မှ ကယ်နှုတ် လေပြီ။
(For my father fought for you, and aduentured his life, and deliuered you out of the handes of Midian.
18 ၁၈ သင်တို့သည် ငါ့ အဘ ၏အဆွေအမျိုး တစ်ဘက်၌ ယနေ့ ထ ၍ သူ ၏သား ခုနစ်ဆယ် တို့ကို ကျောက် တခု ပေါ် မှာ သတ် ပြီးလျှင် ၊ သူ ၏ကျွန်မ တွင် မြင်သော သား အဘိမလက် သည် သင် တို့ညီအစ်ကို ဖြစ်သောကြောင့် ၊ သူ့ ကို ရှေခင် မြို့သား တို့၏ ရှင်ဘုရင် ခန့်ထားကြပြီတကား။
And yee are risen vp against my fathers house this day, and haue slayne his children, about seuentie persons vpon one stone, and haue made Abimelech the sonne of his mayde seruant, King ouer the men of Shechem, because hee is your brother)
19 ၁၉ ယခုမှာ သင်တို့သည် ယေရုဗ္ဗာလ နှင့် သူ ၏အမျိုးအနွယ် အား သစ္စာတရား အတိုင်း ယနေ့ ပြု ပြီးလျှင် ၊ အဘိမလက် ကို အမှီပြု ၍ ဝမ်းမြောက် ကြလော့။ အဘိမလက် သည်လည်း သင် တို့ကို အမှီပြု ၍ ဝမ်းမြောက် ပါစေ။
If ye then haue delt truely and purely with Ierubbaal, and with his house this day, then reioyce with you.
20 ၂၀ သို့မဟုတ် လျှင် အဘိမလက် ထဲက မီး ထွက် ၍ ၊ ရှေခင် မြို့သား နှင့် မိလ္လော အဆွေအမျိုးကိုလောင် ပါစေ။ ရှေခင် မြို့သား နှင့် မိလ္လော အဆွေအမျိုးထဲက မီး ထွက် ၍ အဘိမလက် ကို လောင် ပါစေဟု ကြွေးကြော်ပြီးမှ၊
But if not, let a fire come out from Abimelech, and consume the men of Shechem and the house of Millo: also let a fire come foorth from the men of Shechem, and from the house of Millo, and consume Abimelech.
21 ၂၁ အလျင်အမြန်ပြေး ၍ အစ်ကို အဘိမလက် ကို ကြောက်သောကြောင့် ဗေရ မြို့သို့ သွား ၍ နေ လေ၏။
And Iotham ran away, and fled, and went to Beer, and dwelt there for feare of Abimelech his brother.
22 ၂၂ အဘိမလက် သည် ဣသရေလ အမျိုးကို အုပ်စိုး ၍ သုံး နှစ် စေ့သောအခါ၊
So Abimelech reigned three yeere ouer Israel.
23 ၂၃ ဘုရား သခင်သည် အဘိမလက် နှင့် ရှေခင် မြို့သား စပ်ကြား မှာ ဆိုး သောဝိညာဉ် ကို စေလွှတ် တော်မူ၍ ၊ ရှေခင် မြို့သား တို့သည် အဘိမလက် ၏သစ္စာကို ဖျက် ကြ၏။
But God sent an euil spirit betweene Abimelech, and the men of Shechem: and the men of Shechem brake their promise to Abimelech,
24 ၂၄ အကြောင်းမူကား၊ ယေရုဗ္ဗာလ ၏ သား ခုနစ်ဆယ် တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ်သည် သူတို့ကိုသတ်သောသူ တို့ ညီအစ်ကို အဘိမလက် အပေါ် သို့၎င်း၊ ညီအစ်ကို များကိုသတ် သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင် မြို့သား တို့အပေါ် သို့၎င်း ရောက် ရမည်အကြောင်းတည်း။
That the crueltie toward the seuentie sonnes of Ierubbaal and their blood might come and be laide vpon Abimelech their brother, which had slayne them, and vpon the men of Shechem, which had ayded him to kill his brethren.
25 ၂၅ ရှေခင် မြို့သား တို့သည် အဘိမလက်ကို ချောင်းမြောင်း စေခြင်းငှါ၊ လူတို့ကို တောင် ထိပ် ပေါ် မှာထား ၍ ထိုသူတို့သည် ခရီး သွား သောသူ အပေါင်း တို့၏ ဥစ္စာကို လု ယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက် သည်ကြား ၏။
So the men of Shechem set men in wayte for him in the toppes of the mountaines: who robbed all that passed that way by them: and it was tolde Abimelech.
26 ၂၆ ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့ဘက်သို့ ဝင် ၍ ရှေခင် မြို့သား တို့သည် သူ့ ကို ကိုးစား ကြ၏။
Then Gaal the sonne of Ebed came with his brethren, and they went to Shechem: and the men of Shechem put their confidence in him.
27 ၂၇ ဥယျာဉ် ၌ လည် လျက် စပျစ်သီး ကို သိမ်း ယူလျက် ပျော်မွေ့ ခြင်းကို ပြု သဖြင့် ၊ မိမိ တို့ ဘုရား ၏ကျောင်း သို့သွား ၍ အဘိမလက် ကို ကျိန်ဆဲ ကြ၏။
Therefore they went out into the field, and gathered in their grapes and troade them, and made merie, and went into the house of their gods, and did eate and drinke, and cursed Abimelech.
28 ၂၈ ဧဗက် ၏သား ဂါလ ကလည်း ၊ ငါတို့သည် အဘိမလက် အမှု ကို စောင့်ရမည်အကြောင်း ၊ အဘိမလက် ကားအဘယ်သူ နည်း၊ ရှေခင် ကား အဘယ်သူ နည်း။ အဘိမလက်သည် ယေရုဗ္ဗာလ သား မဟုတ် လော။ ဇေဗုလ သည် သူ ၏အမှုထမ်း မဟုတ်လော။ ရှေခင် အဘ ဟာမော် လူ တို့၏ အမှု ကို ထမ်းကြလော့။ အဘိမလက် အမှု ကို အဘယ်ကြောင့် ထမ်းရမည်နည်း။
Then Gaal the sonne of Ebed sayde, Who is Abimelech? and who is Shechem, that wee should serue him? Is he not the sonne of Ierubbaal? and Zebul is his officer? Serue rather the men of Hamor the father of Shechem: for why should we serue him?
29 ၂၉ ဤ လူ တို့သည် ငါ့ လက် သို့ ရောက် ပါစေသော။ သို့ဖြစ်လျှင် အဘိမလက် ကို ငါပယ် မည်ဟူ၍၎င်း၊ အဘိမလက် အား သင် ၏ ဗိုလ်ခြေ တို့ကို ပြင်ဆင် ၍ လာ တော့ဟူ၍၎င်း ဆို ၏။
Now would God this people were vnder mine hand: then would I put away Abimelech. And he said to Abimelech, Increase thine army, and come out.
30 ၃၀ ဧဗက် ၏သား ဂါလ စကား ကို မြို့ အုပ် ဇေဗုလ ကြား သောအခါ အမျက် ထွက် ၍၊
And when Zebul the ruler of the citie heard the wordes of Gaal the sonne of Ebed, his wrath was kindled.
31 ၃၁ ပရိယာယ်အားဖြင့်အဘိမလက် ထံ သို့စေလွှတ် လျက်၊ ဧဗက် ၏သား ဂါလ သည် မိမိ ညီအစ်ကို တို့နှင့်အတူ ရှေခင် မြို့သို့ လာ ၍ ကိုယ်တော် တစ်ဘက် ၌ မြို့ ကို ပြင်ဆင် ကြပါ၏။
Therefore he sent messengers vnto Abimelech priuily, saying, Beholde, Gaal the sonne of Ebed and his brethren be come to Shechem, and beholde, they fortifie the citie against thee.
32 ၃၂ သို့ဖြစ်၍ ညဉ့် အခါ ကိုယ်တော် သည် ပါ သော သူ တို့နှင့်တကွ ထ ၍ ၊ တော ၌ ချောင်းမြောင်း လျက် နေတော်မူပါ။
Now therefore arise by night, thou and the people that is with thee, and lye in wayte in the fielde.
33 ၃၃ နံနက် စောစောနေ ထွက်စကထ ၍ မြို့ ကို တိုက် တော်မူပါ။ ဂါလ သည် သူ ၌ ပါသော လူ တို့နှင့်တကွ ဆီး ၍ ကြိုသောအခါ ၊ အဆင်သင့်သည်အတိုင်း ပြု တော်မူပါဟု ကြား လျှောက်လေ၏။
And rise early in the morning as soone as the sunne is vp, and assault the citie: and when he and the people that is with him, shall come out against thee, doe to him what thou canst.
34 ၃၄ အဘိမလက် သည် သူ ၌ ပါသမျှ သော လူ တို့နှင့်တကွ ညဉ့် အခါ ထ ၍ တပ် လေး တပ်ခွဲပြီးလျှင်၊ ရှေခင် မြို့ကို ချောင်းမြောင်း လျက်နေကြ၏။
So Abimelech rose vp, and all the people that were with him by night: and they lay in wayte against Shechem in foure bandes.
35 ၃၅ ဧဗက် ၏သား ဂါလ သည် ထွက် ၍ မြို့ တံခါး ဝ ၌ ရပ် လျှင် ၊ အဘိမလက် သည် မိမိ ၌ ပါသော သူ တို့ နှင့်တကွ ချောင်းမြောင်း ရာမှ ထ ကြ၏။
Then Gaal the sonne of Ebed went out and stood in the entring of the gate of the citie: and Abimelech rose vp, and the folke that were with him, from lying in waite.
36 ၃၆ ဂါလ သည် ထိုလူ တို့ကို မြင် လျှင် ၊ တောင် ပေါ်မှ လူ များ ဆင်း လာကြသည်ဟု ဇေဗုလ အား ဆို သော် ၊ ဇေဗုလ က တောင် အရိပ် သည် လူ ကဲ့သို့ ထင် သည်ဟု ပြန်ပြော ၏။
And when Gaal sawe the people, he said to Zebul, Beholde, there come people downe from the tops of the mountaines: and Zebul said vnto him, The shadowe of the mountaines seeme men vnto thee.
37 ၃၇ တဖန် ဂါလ က၊ ကြည့် ပါ။ လူ အချို့တို့သည် တောင်ရိုးပေါ်မှ ဆင်း လာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ် တောလမ်း ဖြင့် လာ ကြ၏ဟု ပြောဆို လျှင်၊
And Gaal spake againe, and said, See, there come folke downe by the middle of the land, and another bande commeth by the way of the plaine of Meonenim.
38 ၃၈ ဇေဗုလ က၊ ငါတို့သည် အဘိမလက် အမှု ကို ထမ်းရမည်အကြောင်း ၊ အဘိမလက် သည် အဘယ်သူ နည်းဟု သင်ဆို သော နှုတ် သည် ယခု အဘယ်မှာ ရှိသနည်း။ ထို လူ တို့သည် သင်မထီမဲ့မြင် ပြုသောသူမဟုတ် လော။ ထွက် ၍ သူ တို့ကို စစ်တိုက် ပါလော့ဟု ဆို သော်၊
Then sayd Zebul vnto him, Where is now thy mouth, that said, Who is Abimelech, that we should serue him? Is not this the people that thou hast despised? Go out now, I pray thee, and fight with them.
39 ၃၉ ဂါလ သည် ရှေခင် မြို့သား တို့ရှေ့ မှာ ထွက် ၍ အဘိမလက် ကို တိုက် လေ၏။
And Gaal went out before the men of Shechem, and fought with Abimelech.
40 ၄၀ အဘိမလက် လိုက် ၍ ဂါလပြေး သဖြင့် များ သောသူတို့သည် မြို့တံခါး ဝ တိုင်အောင် အထိအခိုက် ခံလျက် လဲ ၍ သေကြ၏။
But Abimelech pursued him, and he fledde before him, and many were ouerthrowen and wounded, euen vnto the entring of the gate.
41 ၄၁ အဘိမလက် သည် အရုမ မြို့မှာ နေ ၍ ဇေဗုလ သည် ဂါလ နှင့် သူ ၏ညီအစ်ကို တို့ကို ရှေခင် မြို့၌ မနေ စေခြင်းငှါနှင်ထုတ် လေ၏။
And Abimelech dwelt at Arumah: and Zebul thrust out Gaal and his brethren that they should not dwell in Shechem.
42 ၄၂ နက်ဖြန် နေ့၌ လူ များတို့သည် မြို့ ပြင်သို့ ထွက် မည်အကြောင်း ကို အဘိမလက် သည် ကြား လျှင်၊
And on the morowe, the people went out into the fielde: which was tolde Abimelech.
43 ၄၃ မိမိလူ တို့ကို သုံး စု ခွဲ ၍ တော ၌ ချောင်းမြောင်း လျက် နေသဖြင့် ၊ မြို့ သားတို့သည် ထွက် လာကြသောအခါ ထ ၍ လုပ်ကြံ လေ၏။
And he tooke the people, and deuided them into three bandes, and layde wayte in the fieldes, and looked, and beholde, the people were come out of the citie, and he rose vp against them, and smote them.
44 ၄၄ အဘိမလက် သည် မိမိ လူတစု နှင့် မြို့ တံခါး ဝ သို့ ပြေး တက်၍ စောင့် နေ၏။ အခြားသော လူနှစ် စု တို့သည် တော ၌ ရှိသောလူတို့ဆီသို့ ပြေး ၍ သတ် ကြ၏။
And Abimelech, and the bandes that were with him, russhed forwarde, and stoode in the entring of the gate of the citie: and the two other bandes ran vpon all the people that were in the fielde and slewe them.
45 ၄၅ အဘိမလက် သည် တနေ့လုံး မြို့ ကို တိုက် ၍ ရ သောအခါ ၊ မြို့ ၌ တွေ့သောသူ တို့ကိုသတ် ပြီးလျှင် မြို့ရိုး ကိုဖြိုဖျက် ၍ မြို့ ရာကို ဆား နှင့် ကြဲဖြန့် လေ၏။
And when Abimelech had fought against the citie all that day, he tooke the citie, and slewe the people that was therein, and destroyed the citie and sowed salt in it.
46 ၄၆ ထိုသိတင်းကို ရှေခင်ရဲတိုက်သား အပေါင်း တို့သည် ကြား လျှင် ၊ ဗေရိတ်ဘုရား ၏ ကျောင်း ၌ ခိုင်ခံ့ သော အခန်းထဲမှာ စုဝေး ကြ၏။
And when all the men of the towre of Shechem heard it, they entred into an holde of the house of the god Berith.
47 ၄၇ ရှေခင်ရဲတိုက်သား အပေါင်း တို့သည် စုဝေး ကြောင်း ကို အဘိမလက် သည် ကြား လတ်သော်၊
And it was tolde Abimelech, that all the men of the towre of Shechem were gathered together.
48 ၄၈ ကိုယ်တိုင် မှစ၍ပါသော သူ အပေါင်း တို့သည် ဇလမုန် တောင် သို့ သွား ပြီးလျှင် ၊ အဘိမလက် သည် ပုဆိန် နှင့် သစ်ခက် ကို ခုတ် ၍ မိမိ ပုခုံး ပေါ် မှာ တင် ထမ်း လျက် ၊ ငါပြု သည်ကို သင်တို့မြင် သည်အတိုင်း အလျင်အမြန် ပြု ကြလော့ဟု လိုက်သောသူ တို့အား ဆို လျှင်၊
And Abimelech gate him vp to mounte Zalmon, hee and all the people that were with him: and Abimelech tooke axes with him, and cut downe boughes of trees, and tooke them, and bare them on his shoulder, and sayde vnto the folke that were with him, What ye haue seene me doe, make haste, and doe like me.
49 ၄၉ သူ၏လူ အပေါင်း တို့သည် ထိုအတူ အသီးအသီး သစ်ခက် တို့ကို ခုတ် ၍ အဘိမလက် နောက် သို့ လိုက် လျက် ခိုင်ခံ့ သောအခန်းကို မီးရှို့ ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သား အပေါင်း တို့နှင့်အတူ တထောင် သော ယောက်ျား မိန်းမ တို့သည် သေ ကြကုန်၏။
Then all the people also cut downe euery man his bough, and followed Abimelech, and put them to the holde, and set the holde on fire with them: so all the men of the towre of Shechem dyed also, about a thousand men and women.
50 ၅၀ ထိုနောက်မှ အဘိမလက် သည် သေဗက် မြို့သို့ သွား ၍ တပ်ချ ပြီးလျှင် တိုက် ယူလေ၏။
Then went Abimelech to Tebez, and besieged Tebez, and tooke it.
51 ၅၁ သို့ရာတွင် မြို့ ထဲမှာ ခိုင်ခံ့ သော ရဲတိုက် တခုရှိ ၍ ၊ မြို့ သား ယောက်ျား မိန်းမ အပေါင်း တို့သည် ထို ရဲတိုက်ထဲ သို့ ပြေး ဝင်ကြ၏။ တံခါးကိုလည်း ပိတ် ထား၍ ရဲတိုက် အပေါ် သို့ တက် ကြ၏။
But there was a strong towre within the citie, and thither fledde all the men and women, and all the chiefe of the citie, and shut it to them, and went vp to the toppe of the towre.
52 ၅၂ အဘိမလက် သည် ရဲတိုက် ကို လာ ၍ တိုက် လျက်၊ ရဲတိုက် တံခါး ကို မီး ရှို့ ခြင်းငှါ ချဉ်းကပ် သောအခါ၊
And Abimelech came vnto the towre and fought against it, and went hard vnto the doore of the towre to set it on fire.
53 ၅၃ မိန်းမ တယောက် သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို အဘိမလက် ခေါင်း ပေါ် သို့ ပစ်ချ ၍ ဦးခေါင်းခွံ ပေါက် ကွဲလေ၏။
But a certaine woman cast a piece of a milstone vpon Abimelechs head, and brake his braine pan.
54 ၅၄ သူသည် လက်နက် ကိုင် လုလင် ကို အလျင်အမြန် ခေါ် ၍ မိန်းမ သည် အဘိမလက် ကိုသတ် သည်ဟု ပြော စရာမ ရှိစေခြင်းငှါ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုသတ် လော့ဟု ဆို သည်အတိုင်း ၊ လုလင် သည် ထိုး ၍ အဘိမလက် သေ လေ၏။
Then Abimelech called hastily his page that bare his harneis, and sayde vnto him, Drawe thy sworde and slay me, that men say not of me, A woman slewe him. And his page thrust him thorowe, and he dyed.
55 ၅၅ အဘိမလက် သေ ကြောင်း ကို ဣသရေလ လူ တို့သည် သိမြင် လျှင် ၊ အသီးအသီး မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
And when the men of Israel sawe that Abimelech was dead, they departed euery man vnto his owne place.
56 ၅၆ ထိုသို့ အဘိမလက် သည် မိမိ ညီအစ်ကို ခုနစ်ဆယ် တို့ကိုသတ် ၍ ပြု မိသော ဒုစရိုက် အပြစ်ကို ဘုရား သခင်ဆပ် ပေးတော်မူ၏။
Thus God rendred the wickednes of Abimelech, which he did vnto his father, in slaying his seuentie brethren.
57 ၅၇ ရှေခင် မြို့သား ပြုသောဒုစရိုက် အပြစ်ကိုလည်း သူ တို့ခေါင်း ပေါ် သို့ ဘုရား သခင်ရောက် စေတော်မူသဖြင့် ၊ ယေရုဗ္ဗာလ သား ယောသံ ကျိန် သော စကားအတိုင်း သူ တို့သည် ခံရ ကြ၏။
Also all the wickednes of the men of Shechem did God bring vpon their heads. So vpon them came the curse of Iotham the sonne of Ierubbaal.

< တရားသူကြီးမှတ်စာ 9 >