< တရားသူကြီးမှတ်စာ 8 >
1 ၁ ဧဖရိမ် လူ တို့က၊ သင်သည် မိဒျန် လူတို့ကို တိုက် သွား သောအခါ ၊ ငါ တို့ကို မ ခေါ် ဘဲ ငါ တို့၌ အဘယ်သို့ ပြု သနည်းဟု ကျပ်ကျပ် အပြစ်တင် ကြ၏။
၁ထိုနောက်ဧဖရိမ်နယ်သားတို့ကဂိဒေါင် အား``သင်သည်မိဒျန်အမျိုးသားတို့ထံသွား ရောက်တိုက်ခိုက်စဉ်အခါက အဘယ်ကြောင့် ငါတို့အားမခေါ်ဘဲနေပါသနည်း။ အဘယ် ကြောင့်ဤသို့ငါတို့အားပြုပါသနည်း'' ဟု ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
2 ၂ ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။
၂သို့ရာတွင်ဂိဒေါင်က``သင်တို့ပြုခဲ့သမျှ နှင့်နှိုင်းယှဉ်ကြည့်လျှင် ငါပြုခဲ့သမျှသည် ဘာမျှမဖြစ်လောက်ပါ။ သင်တို့ပြုသည့် အမှုအနည်းငယ်ကပင်လျှင် ငါတို့သား ချင်းစုတစ်ရပ်လုံးပြုသည့်အမှုထက်ပို၍ တန်ဖိုးရှိပါ၏။-
3 ၃ ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။
၃သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
4 ၄ ဂိဒေါင် သည် ယော်ဒန် မြစ်သို့ ရောက် သောအခါ ၊ သူ ၌ ရှိသော သူ သုံး ရာ တို့သည် ပင်ပန်း လျက်နှင့် ကူး ၍ လိုက် ကြ၏။
၄ထိုအခါ၌ဂိဒေါင်နှင့်သူ၏တပ်သားသုံး ရာတို့သည် ယော်ဒန်မြစ်သို့ရောက်ရှိလာ ကာမြစ်ကူးဖြတ်ပြီးဖြစ်သည်။ သူတို့သည် အလွန်ပင်ပန်းနွမ်းနယ်လျက်နေကြသော် လည်းရန်သူအားဖိ၍လိုက်လျက်ပင်။-
5 ၅ သုကုတ် မြို့သား တို့အား လည်း ၊ ငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း၊
၅ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။
6 ၆ သုကုတ် မင်း တို့က၊ ငါတို့သည် သင့် အမှုထမ်း တို့အား မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ပြန်ပြော ကြ၏။
၆သို့ရာတွင်သုကုတ်မြို့မှခေါင်းဆောင်များ က``ငါတို့သည်အဘယ်ကြောင့်သင်၏တပ် သားများအား အစာရေစာပေးရပါမည် နည်း။ ဇေဘဟနှင့်ဇာလမုန္နတို့ကိုသင်တို့ မဖမ်းမိသေးပါတကား'' ဟုပြန်ပြော ကြ၏။
7 ၇ ဂိဒေါင် ကလည်း ၊ သို့ဖြစ်၍ ထာဝရဘုရား သည် ဇေဘဟ နှင့် ဇာလမုန္န တို့ကို ငါ့ လက် ၌ အပ် တော်မူသောအခါ ၊ သင် တို့ကျော ကွဲအောင် တော ဆူး ပင်အမျိုးမျိုးနှင့် ငါ ရိုက်မည်ဟုဆို ပြီးလျှင်၊
၇သို့ဖြစ်၍ဂိဒေါင်က``ကောင်းပြီ၊ ဇေဘဟ နှင့်ဇာလမုန္နတို့အား ငါ၏လက်သို့ဘုရားသခင်အပ်တော်မူသောအခါ ငါသည်သင် တို့ကိုသဲကန္တာရမှဆူးပင်များနှင့်ရိုက် နှက်မည်'' ဟုဆိုလေသည်။-
8 ၈ ထိုအရပ်ကပေနွေလ မြို့သို့ သွား ၍ ၊ သူ တို့အား ထို နည်းတူ တောင်း သော်လည်း ၊ သုကုတ် မြို့သား တို့ ပြန်ပြော သည်နည်းတူ ၊ ပေနွေလ မြို့သား တို့သည် ပြန်ပြော ကြ၏။
၈ထိုနောက်သူသည်ပေနွေလမြို့သို့သွား၍ ရှေးနည်းတူ ထိုမြို့သားတို့ထံမှအကူအညီ တောင်းခံသော်လည်း ပေနွေလမြို့သားတို့က သုကုတ်မြို့သားတို့နည်းတူပြန်လည်ဖြေ ကြားကြ၏။-
9 ၉ ဂိဒေါင်ကလည်း ၊ ငါ သည် တဖန် ငြိမ်ဝပ် စွာ လာသောအခါ ၊ ဤ ရဲတိုက် ကို ဖြိုဖျက် မည်ဟု သူ တို့အား ဆို ၏။
၉ထို့ကြောင့်ဂိဒေါင်သည်သူတို့အား``စစ်ငြိမ်း၍ ငါပြန်လာသောအခါ၌ ဤခံတပ်မျှော်စင် ကိုဖျက်ဆီးပစ်အံ့'' ဟုဆိုလေသည်။
10 ၁၀ ထိုအခါ ထား ကိုင် သော လူ တသိန်း နှစ်သောင်းသေ သောကြောင့် ၊ အရှေ့ မျက်နှာအရပ်သား အပေါင်း တို့တွင် ကျန် ကြွင်းသော လူတသောင်း ငါးထောင်ခန့် မျှသာပါ လျက်၊ ဇေဘဟ နှင့် ဇာလမုန္န တို့သည် ကာကော် မြို့၌ ရှိကြ၏။
၁၀ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-
11 ၁၁ ဂိဒေါင် သည် နောဗာ မြို့၊ ယုဗ္ဗေဟ မြို့အရှေ့ ၊ တဲ ၌ နေ သူတို့လမ်း ဖြင့် ချီ သွား၍ ၊ မ စိုးရိမ်ဘဲနေ သောမိဒျန်တပ် ကို လုပ်ကြံ သဖြင့်၊
၁၁ဂိဒေါင်သည်နောဗာမြို့နှင့်ယုဗ္ဗေဟမြို့အရှေ့ ဘက်သဲကန္တာရအစွန်လမ်းအတိုင်းလိုက်ပြီး လျှင် ထိုတပ်မတော်အားရုတ်တရက်အမှတ် မထင်ဝင်ရောက်တိုက်ခိုက်လေသည်။-
12 ၁၂ မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ပြေး သောအခါ ၊ ဂိဒေါင်သည် လိုက် ၍ တပ် ကို ဖျက် လေ၏။
၁၂ထိုအခါမိဒျန်ဘုရင်နှစ်ပါးဖြစ်သော ဇေဘဟ နှင့်ဇာလမုန္နတို့သည်ထွက်ပြေးကြ၏။ သို့ရာ တွင်ဂိဒေါင်သည်သူတို့ကိုလိုက်လံဖမ်းဆီးရ မိသဖြင့် သူတို့၏တပ်မတော်ကြီးတစ်ခုလုံး မှာကစဥ့်ကရဲပြိုလဲ၍သွားတော့၏။
13 ၁၃ ယောရှ သား ဂိဒေါင် သည် နေမထွက်မှီ စစ်တိုက် ရာမှ ပြန်လာ ၍၊
၁၃ဂိဒေါင်သည်ဟေရက်တောင်ကြားလမ်းဖြင့် တိုက်ပွဲမှပြန်လာသောအခါ၊-
14 ၁၄ သုကုတ် မြို့သား လုလင် တယောက်ကို ဘမ်းမိ ၍ မေး စစ်လျှင် ၊ ထိုသူသည်သုကုတ် မြို့အရာရှိ ၊ အသက်ကြီး သူခုနစ်ဆယ် ခုနစ် ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြော လေ၏။
၁၄သုကုတ်မြို့သားလူငယ်တစ်ဦးကိုဖမ်းဆီး၍ စစ်ဆေးမေးမြန်းကြည့်ရာ ထိုသူငယ်ကသုကုတ် မြို့မှခေါင်းဆောင်ခုနစ်ဆယ့်ခုနစ်ယောက်တို့ ၏အမည်များကိုဂိဒေါင်အားရေးပေး၏။-
15 ၁၅ ဂိဒေါင်သည်လည်း ၊ သုကုတ် မြို့သား တို့ရှိရာသို့ လာ ၍ ၊ သင်တို့က၊ ပင်ပန်း သော သင့် အမှုထမ်း တို့အား ငါတို့သည် မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ငါ့ ကို ကဲ့ရဲ့ ၍ သင်တို့ပြော သော ဇေဘဟ နှင့် ဇာလမုန္န ကို ကြည့် ကြလော့ဟုဆို လျက်၊
၁၅ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-
16 ၁၆ ထိုမြို့ ၌ အသက်ကြီး သူတို့ကို ခေါ် ၍ တော ဆူး ပင်အမျိုးမျိုးနှင့် သုကုတ် မြို့သား တို့ကို ဆုံးမ လေ၏။
၁၆သဲကန္တာရမှဆူးခက်များကိုယူ၍ သုကုတ် မြို့သားခေါင်းဆောင်တို့အားရိုက်နှက်လေ သည်။-
17 ၁၇ ပေနွေလ မြို့ ရဲတိုက် ကိုလည်း ဖြိုဖျက် ၍ မြို့ သား တို့ကို ကွပ်မျက် လေ၏။
၁၇သူသည်ပေနွေလမြို့မှခံတပ်မျှော်စင်ကို လည်းဖြိုချ၍ ထိုမြို့သားတို့ကိုသုတ်သင် ပစ်လိုက်၏။
18 ၁၈ ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊
၁၈ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။ သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။
19 ၁၉ ဂိဒေါင်က၊ ထိုသူ တို့သည် ငါ့ အမိ ၏သား ၊ ငါ့ ညီ ဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူ တို့ကို အသက် ချမ်းသာပေးမိလျှင် ၊ သင် တို့ကို ငါမ သတ် ဘဲ နေလိမ့်မည်ဟု၊
၁၉ဂိဒေါင်က``သူတို့သည်ကားငါ့အမိ၏သား များဖြစ်၍ ငါ၏ညီများဖြစ်သည်။ အကယ် ၍သင်တို့သည်သူတို့အားမသတ်ခဲ့ပါမူ ငါသည်လည်းသင်တို့အားသတ်လိမ့်မည် မဟုတ်ကြောင်း ထာဝရဘုရားကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြော၏။-
20 ၂၀ မိမိ သားဦး ယေသာ အား ၊ ဤသူ တို့ကို ထ ၍ သတ် လော့ဟုဆို သော်လည်း ၊ သား သည် အသက်အရွယ်ငယ် သောကြောင့် ၊ ထား ကို မ ဆွဲ မထုတ်ဘဲနေ၏။
၂၀ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဋ္ဌားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။
21 ၂၁ ဇေဘဟ နှင့် ဇာလမုန္န တို့ကလည်း ၊ ကိုယ်တော် တိုင်ထ ၍ ငါ တို့ကို လုပ်ကြံ လော့။ လူ ဖြစ်သကဲ့သို့ သူ့ အစွမ်း သတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင် သည် ထ ၍ ဇေဘဟ နှင့် ဇာလမုန္န ကို သတ် သဖြင့် ၊ သူ တို့ ကုလားအုပ် ၏ လည်ပင်း ၌ ဆင်သော တန်ဆာ တို့ကို ချွတ် ယူလေ၏။
၂၁ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။
22 ၂၂ ထိုအခါ ဣသရေလ လူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မိဒျန် လူတို့လက် မှ ကယ်နှုတ် သောကြောင့် ၊ သားစဉ်မြေးဆက် နှင့်တကွ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု၊ ဂိဒေါင် အား လျှောက် ဆိုကြသော်၊
၂၂ထိုနောက်ဣသရေလအမျိုးသားတို့သည် ဂိဒေါင်အား``ကိုယ်တော်သည်အကျွန်ုပ်တို့အား မိဒျန်အမျိုးသားများလက်မှကယ်ဆယ်ခဲ့ ပါ၏။ ထို့ကြောင့်ကိုယ်တော်နှင့်သားမြေးစဉ် ဆက်အပေါင်းသည် အကျွန်ုပ်တို့ကိုအုပ်စိုး တော်မူပါ'' ဟုလျှောက်ထားကြ၏။
23 ၂၃ ဂိဒေါင် က၊ ငါ သည် သင် တို့ကို မ အုပ်စိုး ရ။ ငါ့ သား လည်း မ အုပ်စိုး ရ။ ထာဝရဘုရား သည် သင် တို့ကို အုပ်စိုး တော်မူရ၏ဟူ၍၎င်း၊
၂၃ဂိဒေါင်ကလည်း``ငါသည်သင်တို့အားအုပ် စိုးလိမ့်မည်မဟုတ်။ ငါ၏သားသည်လည်း အုပ်စိုးလိမ့်မည်မဟုတ်။ သင်တို့အားထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်'' ဟုပြန် ပြောလေသည်။-
24 ၂၄ သို့ရာတွင် သင်တို့ရှိသမျှ သည် လု ယူ၍ ရသောနားတောင်း တို့ကိုပေး ပါမည်အကြောင်း ၊ ငါတောင်း ချင်သည်ဟူ၍၎င်း ဆို လေ၏။ ရန်သူ တို့သည် ဣရှမေလ အမျိုးဖြစ်၍ ရွှေ နားတောင်း ကို ဆင်တတ်ကြသတည်း။
၂၄သို့ရာတွင်သူသည်ဆက်လက်၍``သင်တို့ထဲ မှငါတောင်းခံလိုသည့်အရာတစ်ခုရှိပါ သည်။ သင်တို့ရယူထားသည့်ရွှေနားကွင်း များကိုငါ့အားပေးကြလော့'' ဟုဆို၏။ (မိဒျန်အမျိုးသားတို့သည်အခြားသဲကန္တာရ နေသူများကဲ့သို့ပင် ရွှေနားကွင်းများကို တပ်ဆင်လေ့ရှိသတည်း။)
25 ၂၅ သူတို့ကလည်း၊ စင်စစ်ပေး ပါမည်ဟုဆို လျက် စောင် ကို ခင်း ၍ ၊ လူအပေါင်းတို့သည် မိမိ တို့ လု ယူ၍ ရသောနားတောင်း များကို ချ ထားကြ၏။
၂၅လူတို့ကလည်း``ရွှေနားကွင်းများကို အကျွန်ုပ် တို့ဝမ်းမြောက်စွာကိုယ်တော်အားပေးပါမည်'' ဟုပြန်လျှောက်ပြီးလျှင်စောင်ကိုခင်း၍ မိမိ တို့ရယူထားသမျှသောနားကွင်းများကို လူတိုင်းလာရောက်ချထားကြ၏။-
26 ၂၆ ဂိဒေါင်တောင်း သော ရွှေ နားတောင်း များ အချိန် ကား၊ အခွက်တဆယ်ခုနစ် ပိဿာရှိ ၏။ ထို မှတပါး၊ မိဒျန် မင်းကြီး ဝတ်ဆင်သော တန်ဆာ ၊ လည်ဆွဲ ၊ နီမောင်း သောအဝတ် ၊ ကုလားအုပ် လည် ကြိုး များကို ရသေး၏။
၂၆မိဒျန်ဘုရင်တို့ဝတ်ဆင်ထားသည့်တန်ဆာ များ၊ လည်ဆွဲများ၊ နီမောင်းသောအဝတ်နှင့် ကုလားအုတ်လည်ပတ်ကြိုးများအပြင်၊ ဂိ ဒေါင်ရရှိသည့်ရွှေနားကွင်းများ၏အလေး ချိန်မှာပေါင်လေးဆယ်ကျော်ရှိသတည်း။
27 ၂၇ ထိုတန်ဆာတို့နှင့် ဂိဒေါင် သည် သင်တိုင်း တော်ကို လုပ် ၍ မိမိ နေရာ ဩဖရ မြို့မှာ ထား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်း လျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင် နှင့် သူ ၏အမျိုး ပြစ်မှား ရာအကြောင်း ဖြစ် သတည်း။
၂၇ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။
28 ၂၈ ထိုသို့ မိဒျန် အမျိုးသည် ဣသရေလ အမျိုးရှေ့ မှာ ရှုံး ၍ ၊ နောက်တဖန် အစိုး မ ရဘဲ နေကြ၏။ ဂိဒေါင် လက်ထက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။
၂၈သို့ဖြစ်၍မိဒျန်အမျိုးသားတို့သည် ဣသ ရေလအမျိုးသားတို့၏နှိမ်နင်းခြင်းကိုခံ ရ၍ နောက်တစ်ဖန်သူတို့အတွက်ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်တော့ချေ။ တိုင်းပြည်သည်လည်း ဂိဒေါင်ကွယ်လွန်ချိန်တိုင်အောင် နှစ်ပေါင်းလေး ဆယ်မျှငြိမ်းချမ်းသာယာလျက်နေသတည်း။
29 ၂၉ ယောရှ သား ယေရုဗ္ဗာလ သည် မိမိ အိမ် သို့ သွား ၍ နေ သတည်း။
၂၉ဂိဒေါင်သည်မိမိ၏ကိုယ်ပိုင်နေအိမ်သို့ ပြန် လည်သွားရောက်နေထိုင်လေသည်။-
30 ၃၀ ဂိဒေါင် သည် မယား များ ၍ ၊ ကိုယ် ရ သောသား ခုနစ်ဆယ် ရှိ ၏။
၃၀သူ၌မယားအမြောက်အမြားရှိသဖြင့် သားခုနစ်ဆယ်ကိုရ၏။-
31 ၃၁ ရှေခင် မြို့၌ နေသောမယားငယ် သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ထိုသားကို အဘိမလက် အမည် ဖြင့် မှည့် လေ၏။
၃၁ရှေခင်မြို့တွင်လည်းမယားငယ်တစ်ယောက်ရှိ သဖြင့် ထိုမယားမှသားတစ်ယောက်ကိုရရှိ ပြန်သည်။ သူသည်ထိုသားကိုအဘိမလက် ဟုအမည်မှည့်၏။-
32 ၃၂ ယောရှ သား ဂိဒေါင် သည် အသက် ကြီးရင့်သော် အနိစ္စရောက် ၍ ၊ အဗျေဇာ သားနေရာ ဩဖရ မြို့မှာ ၊ အဘ ယောရှ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။
၃၂ယောရှ၏သားဂိဒေါင်သည်အသက်ကြီးရင့် ၍ကွယ်လွန်သော်သူ၏ရုပ်အလောင်းကို အဗျေ ဇာသားချင်းစု၏ဌာနေဖြစ်သောသြဖရမြို့ ရှိအဖယောရှ၏သင်္ချိုင်းဂူ၌သင်္ဂြိုဟ်ကြ၏။
33 ၃၃ ဂိဒေါင် သေ သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် ဖောက်ပြန် ၍ ဗာလ ဘုရားတို့နှင့် မှားယွင်း သဖြင့် ၊ ဗာလဗေရိတ် ကို ဘုရား အရာ ၌ ချီးမြှောက် ကြ၏။
၃၃ဂိဒေါင်ကွယ်လွန်ပြီးနောက်ဣသရေလအမျိုး သားတို့သည် ဘုရားသခင်အားတစ်ဖန်သစ္စာ ဖောက်ကြပြန်၏။ ဗာလဘုရားများကိုဝတ် ပြုကိုးကွယ်ကြပြန်၏။ သူတို့ကပဋိညာဉ် ပြုထားသည့်ဗာလဘုရားကို မိမိတို့၏ ဘုရားအဖြစ်ချီးမြှောက်ကာ၊-
34 ၃၄ ပတ်ဝန်းကျင် ရန်သူ လက် မှ ကယ်နှုတ် တော်မူသောမိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ အောက်မေ့ ဘဲ၊
၃၄မိမိတို့အားပတ်လည်ဝိုင်းလျက်နေသည့်ရန် သူများ၏လက်မှ ကယ်ဆယ်တော်မူခဲ့သော ဘုရားသခင်ထာဝရဘုရားကိုမူဝတ်မ ပြုတော့ချေ။-
35 ၃၅ ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီ ၊ သူ၏အမျိုး ၌ ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။
၃၅သူတို့သည်ဣသရေလလူမျိုးအတွက် ဂိဒေါင် ပြုခဲ့သမျှသောကောင်းကျိုးများအတွက် သူ၏အိမ်ထောင်စုသားများအပေါ်တွင် ကျေးဇူးကန်းကြကုန်သည်။