< တရားသူကြီးမှတ်စာ 8 >

1 ဧဖရိမ် လူ တို့က၊ သင်သည် မိဒျန် လူတို့ကို တိုက် သွား သောအခါ ၊ ငါ တို့ကို မ ခေါ် ဘဲ ငါ တို့၌ အဘယ်သို့ ပြု သနည်းဟု ကျပ်ကျပ် အပြစ်တင် ကြ၏။
ויאמרו אליו איש אפרים מה הדבר הזה עשית לנו לבלתי קראות לנו כי הלכת להלחם במדין ויריבון אתו בחזקה
2 ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။
ויאמר אליהם מה עשיתי עתה ככם הלא טוב עללות אפרים--מבציר אביעזר
3 ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။
בידכם נתן אלהים את שרי מדין את ערב ואת זאב ומה יכלתי עשות ככם אז רפתה רוחם מעליו בדברו הדבר הזה
4 ဂိဒေါင် သည် ယော်ဒန် မြစ်သို့ ရောက် သောအခါ ၊ သူ ၌ ရှိသော သူ သုံး ရာ တို့သည် ပင်ပန်း လျက်နှင့် ကူး ၍ လိုက် ကြ၏။
ויבא גדעון הירדנה עבר הוא ושלש מאות האיש אשר אתו עיפים ורדפים
5 သုကုတ် မြို့သား တို့အား လည်း ၊ ငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း၊
ויאמר לאנשי סכות תנו נא ככרות לחם לעם אשר ברגלי כי עיפים הם--ואנכי רדף אחרי זבח וצלמנע מלכי מדין
6 သုကုတ် မင်း တို့က၊ ငါတို့သည် သင့် အမှုထမ်း တို့အား မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ပြန်ပြော ကြ၏။
ויאמר שרי סכות הכף זבח וצלמנע עתה בידך כי נתן לצבאך לחם
7 ဂိဒေါင် ကလည်း ၊ သို့ဖြစ်၍ ထာဝရဘုရား သည် ဇေဘဟ နှင့် ဇာလမုန္န တို့ကို ငါ့ လက် ၌ အပ် တော်မူသောအခါ ၊ သင် တို့ကျော ကွဲအောင် တော ဆူး ပင်အမျိုးမျိုးနှင့် ငါ ရိုက်မည်ဟုဆို ပြီးလျှင်၊
ויאמר גדעון--לכן בתת יהוה את זבח ואת צלמנע בידי ודשתי את בשרכם את קוצי המדבר ואת הברקנים
8 ထိုအရပ်ကပေနွေလ မြို့သို့ သွား ၍ ၊ သူ တို့အား ထို နည်းတူ တောင်း သော်လည်း ၊ သုကုတ် မြို့သား တို့ ပြန်ပြော သည်နည်းတူ ၊ ပေနွေလ မြို့သား တို့သည် ပြန်ပြော ကြ၏။
ויעל משם פנואל וידבר אליהם כזאת ויענו אותו אנשי פנואל כאשר ענו אנשי סכות
9 ဂိဒေါင်ကလည်း ၊ ငါ သည် တဖန် ငြိမ်ဝပ် စွာ လာသောအခါ ၊ ဤ ရဲတိုက် ကို ဖြိုဖျက် မည်ဟု သူ တို့အား ဆို ၏။
ויאמר גם לאנשי פנואל לאמר בשובי בשלום אתץ את המגדל הזה
10 ၁၀ ထိုအခါ ထား ကိုင် သော လူ တသိန်း နှစ်သောင်းသေ သောကြောင့် ၊ အရှေ့ မျက်နှာအရပ်သား အပေါင်း တို့တွင် ကျန် ကြွင်းသော လူတသောင်း ငါးထောင်ခန့် မျှသာပါ လျက်၊ ဇေဘဟ နှင့် ဇာလမုန္န တို့သည် ကာကော် မြို့၌ ရှိကြ၏။
וזבח וצלמנע בקרקר ומחניהם עמם כחמשת עשר אלף--כל הנותרים מכל מחנה בני קדם והנפלים מאה ועשרים אלף איש שלף חרב
11 ၁၁ ဂိဒေါင် သည် နောဗာ မြို့၊ ယုဗ္ဗေဟ မြို့အရှေ့ ၊ တဲ ၌ နေ သူတို့လမ်း ဖြင့် ချီ သွား၍ ၊ မ စိုးရိမ်ဘဲနေ သောမိဒျန်တပ် ကို လုပ်ကြံ သဖြင့်၊
ויעל גדעון דרך השכוני באהלים מקדם לנבח ויגבהה ויך את המחנה והמחנה היה בטח
12 ၁၂ မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ပြေး သောအခါ ၊ ဂိဒေါင်သည် လိုက် ၍ တပ် ကို ဖျက် လေ၏။
וינסו זבח וצלמנע וירדף אחריהם וילכד את שני מלכי מדין את זבח ואת צלמנע וכל המחנה החריד
13 ၁၃ ယောရှ သား ဂိဒေါင် သည် နေမထွက်မှီ စစ်တိုက် ရာမှ ပြန်လာ ၍၊
וישב גדעון בן יואש מן המלחמה מלמעלה החרס
14 ၁၄ သုကုတ် မြို့သား လုလင် တယောက်ကို ဘမ်းမိ ၍ မေး စစ်လျှင် ၊ ထိုသူသည်သုကုတ် မြို့အရာရှိ ၊ အသက်ကြီး သူခုနစ်ဆယ် ခုနစ် ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြော လေ၏။
וילכד נער מאנשי סכות וישאלהו ויכתב אליו את שרי סכות ואת זקניה--שבעים ושבעה איש
15 ၁၅ ဂိဒေါင်သည်လည်း ၊ သုကုတ် မြို့သား တို့ရှိရာသို့ လာ ၍ ၊ သင်တို့က၊ ပင်ပန်း သော သင့် အမှုထမ်း တို့အား ငါတို့သည် မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ငါ့ ကို ကဲ့ရဲ့ ၍ သင်တို့ပြော သော ဇေဘဟ နှင့် ဇာလမုန္န ကို ကြည့် ကြလော့ဟုဆို လျက်၊
ויבא אל אנשי סכות ויאמר הנה זבח וצלמנע אשר חרפתם אותי לאמר הכף זבח וצלמנע עתה בידך כי נתן לאנשיך היעפים לחם
16 ၁၆ ထိုမြို့ ၌ အသက်ကြီး သူတို့ကို ခေါ် ၍ တော ဆူး ပင်အမျိုးမျိုးနှင့် သုကုတ် မြို့သား တို့ကို ဆုံးမ လေ၏။
ויקח את זקני העיר ואת קוצי המדבר ואת הברקנים וידע בהם את אנשי סכות
17 ၁၇ ပေနွေလ မြို့ ရဲတိုက် ကိုလည်း ဖြိုဖျက် ၍ မြို့ သား တို့ကို ကွပ်မျက် လေ၏။
ואת מגדל פנואל נתץ ויהרג את אנשי העיר
18 ၁၈ ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊
ויאמר אל זבח ואל צלמנע איפה האנשים אשר הרגתם בתבור ויאמרו כמוך כמוהם אחד כתאר בני המלך
19 ၁၉ ဂိဒေါင်က၊ ထိုသူ တို့သည် ငါ့ အမိ ၏သား ၊ ငါ့ ညီ ဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူ တို့ကို အသက် ချမ်းသာပေးမိလျှင် ၊ သင် တို့ကို ငါမ သတ် ဘဲ နေလိမ့်မည်ဟု၊
ויאמר אחי בני אמי הם חי יהוה לו החיתם אותם--לא הרגתי אתכם
20 ၂၀ မိမိ သားဦး ယေသာ အား ၊ ဤသူ တို့ကို ထ ၍ သတ် လော့ဟုဆို သော်လည်း ၊ သား သည် အသက်အရွယ်ငယ် သောကြောင့် ၊ ထား ကို မ ဆွဲ မထုတ်ဘဲနေ၏။
ויאמר ליתר בכורו קום הרג אותם ולא שלף הנער חרבו כי ירא כי עודנו נער
21 ၂၁ ဇေဘဟ နှင့် ဇာလမုန္န တို့ကလည်း ၊ ကိုယ်တော် တိုင်ထ ၍ ငါ တို့ကို လုပ်ကြံ လော့။ လူ ဖြစ်သကဲ့သို့ သူ့ အစွမ်း သတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင် သည် ထ ၍ ဇေဘဟ နှင့် ဇာလမုန္န ကို သတ် သဖြင့် ၊ သူ တို့ ကုလားအုပ် ၏ လည်ပင်း ၌ ဆင်သော တန်ဆာ တို့ကို ချွတ် ယူလေ၏။
ויאמר זבח וצלמנע קום אתה ופגע בנו--כי כאיש גבורתו ויקם גדעון ויהרג את זבח ואת צלמנע ויקח את השהרנים אשר בצוארי גמליהם
22 ၂၂ ထိုအခါ ဣသရေလ လူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မိဒျန် လူတို့လက် မှ ကယ်နှုတ် သောကြောင့် ၊ သားစဉ်မြေးဆက် နှင့်တကွ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု၊ ဂိဒေါင် အား လျှောက် ဆိုကြသော်၊
ויאמרו איש ישראל אל גדעון משל בנו גם אתה גם בנך גם בן בנך כי הושעתנו מיד מדין
23 ၂၃ ဂိဒေါင် က၊ ငါ သည် သင် တို့ကို မ အုပ်စိုး ရ။ ငါ့ သား လည်း မ အုပ်စိုး ရ။ ထာဝရဘုရား သည် သင် တို့ကို အုပ်စိုး တော်မူရ၏ဟူ၍၎င်း၊
ויאמר אלהם גדעון לא אמשל אני בכם ולא ימשל בני בכם יהוה ימשל בכם
24 ၂၄ သို့ရာတွင် သင်တို့ရှိသမျှ သည် လု ယူ၍ ရသောနားတောင်း တို့ကိုပေး ပါမည်အကြောင်း ၊ ငါတောင်း ချင်သည်ဟူ၍၎င်း ဆို လေ၏။ ရန်သူ တို့သည် ဣရှမေလ အမျိုးဖြစ်၍ ရွှေ နားတောင်း ကို ဆင်တတ်ကြသတည်း။
ויאמר אלהם גדעון אשאלה מכם שאלה ותנו לי איש נזם שללו כי נזמי זהב להם כי ישמעאלים הם
25 ၂၅ သူတို့ကလည်း၊ စင်စစ်ပေး ပါမည်ဟုဆို လျက် စောင် ကို ခင်း ၍ ၊ လူအပေါင်းတို့သည် မိမိ တို့ လု ယူ၍ ရသောနားတောင်း များကို ချ ထားကြ၏။
ויאמרו נתון נתן ויפרשו את השמלה וישליכו שמה איש נזם שללו
26 ၂၆ ဂိဒေါင်တောင်း သော ရွှေ နားတောင်း များ အချိန် ကား၊ အခွက်တဆယ်ခုနစ် ပိဿာရှိ ၏။ ထို မှတပါး၊ မိဒျန် မင်းကြီး ဝတ်ဆင်သော တန်ဆာ ၊ လည်ဆွဲ ၊ နီမောင်း သောအဝတ် ၊ ကုလားအုပ် လည် ကြိုး များကို ရသေး၏။
ויהי משקל נזמי הזהב אשר שאל אלף ושבע מאות זהב--לבד מן השהרנים והנטיפות ובגדי הארגמן שעל מלכי מדין ולבד מן הענקות אשר בצוארי גמליהם
27 ၂၇ ထိုတန်ဆာတို့နှင့် ဂိဒေါင် သည် သင်တိုင်း တော်ကို လုပ် ၍ မိမိ နေရာ ဩဖရ မြို့မှာ ထား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်း လျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင် နှင့် သူ ၏အမျိုး ပြစ်မှား ရာအကြောင်း ဖြစ် သတည်း။
ויעש אותו גדעון לאפוד ויצג אותו בעירו בעפרה ויזנו כל ישראל אחריו שם ויהי לגדעון ולביתו למוקש
28 ၂၈ ထိုသို့ မိဒျန် အမျိုးသည် ဣသရေလ အမျိုးရှေ့ မှာ ရှုံး ၍ ၊ နောက်တဖန် အစိုး မ ရဘဲ နေကြ၏။ ဂိဒေါင် လက်ထက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။
ויכנע מדין לפני בני ישראל ולא יספו לשאת ראשם ותשקט הארץ ארבעים שנה בימי גדעון
29 ၂၉ ယောရှ သား ယေရုဗ္ဗာလ သည် မိမိ အိမ် သို့ သွား ၍ နေ သတည်း။
וילך ירבעל בן יואש וישב בביתו
30 ၃၀ ဂိဒေါင် သည် မယား များ ၍ ၊ ကိုယ် ရ သောသား ခုနစ်ဆယ် ရှိ ၏။
ולגדעון היו שבעים בנים יצאי ירכו כי נשים רבות היו לו
31 ၃၁ ရှေခင် မြို့၌ နေသောမယားငယ် သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ထိုသားကို အဘိမလက် အမည် ဖြင့် မှည့် လေ၏။
ופילגשו אשר בשכם ילדה לו גם היא בן וישם את שמו אבימלך
32 ၃၂ ယောရှ သား ဂိဒေါင် သည် အသက် ကြီးရင့်သော် အနိစ္စရောက် ၍ ၊ အဗျေဇာ သားနေရာ ဩဖရ မြို့မှာ ၊ အဘ ယောရှ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။
וימת גדעון בן יואש בשיבה טובה ויקבר בקבר יואש אביו בעפרה אבי העזרי
33 ၃၃ ဂိဒေါင် သေ သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် ဖောက်ပြန် ၍ ဗာလ ဘုရားတို့နှင့် မှားယွင်း သဖြင့် ၊ ဗာလဗေရိတ် ကို ဘုရား အရာ ၌ ချီးမြှောက် ကြ၏။
ויהי כאשר מת גדעון וישובו בני ישראל ויזנו אחרי הבעלים וישימו להם בעל ברית לאלהים
34 ၃၄ ပတ်ဝန်းကျင် ရန်သူ လက် မှ ကယ်နှုတ် တော်မူသောမိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ အောက်မေ့ ဘဲ၊
ולא זכרו בני ישראל את יהוה אלהיהם המציל אותם מיד כל איביהם מסביב
35 ၃၅ ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီ ၊ သူ၏အမျိုး ၌ ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။
ולא עשו חסד עם בית ירבעל גדעון ככל הטובה--אשר עשה עם ישראל

< တရားသူကြီးမှတ်စာ 8 >