< တရားသူကြီးမှတ်စာ 7 >

1 ယေရုဗ္ဗာလ အမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင် သည် နံနက်စောစော ထ၍ ၊ ရှိသမျှ သော သူ တို့နှင့်တကွ ဟာရုတ် ရေတွင်းနား မှာ တပ်ချ သဖြင့် ၊ မိဒျန် တပ် သည် မြောက် ဘက်၊ မောရေ တောင် ခြေရင်းချိုင့် ၌ ရှိ ၏။
Early in the morning Jerubbaal (that is, Gideon) and all the men with him camped beside the spring of Harod. And the camp of Midian was north of them in the valley near the hill of Moreh.
2 ထာဝရဘုရား ကလည်း ၊ သင် ၌ ပါသောလူ တို့သည် အလွန်များ ၍၊ သူ တို့လက် ၌ မိဒျန် လူတို့ကို ငါ မ အပ် ရ။ အပ်လျှင် ဣသရေလ အမျိုးက၊ ငါ့ လက်ရုံး သည် ငါ့ ကို ကယ်တင် ပြီဟု ငါ့ တစ်ဘက်၌ ဝါကြွား လိမ့်မည်။
Then the LORD said to Gideon, “You have too many people for Me to deliver Midian into their hands, lest Israel glorify themselves over Me, saying, ‘My own hand has saved me.’
3 သို့ဖြစ်၍ ၊ ကြောက်လန့် သောသူ မည်သည်ကား၊ ဂိလဒ် တောင် မှ စောစောပြန် သွားစေဟု လူ များတို့ အား ဟစ်ကြော် လော့ဟု ဂိဒေါင် အား မိန့် တော်မူသဖြင့်၊ လူ နှစ်သောင်း နှစ်ထောင်ပြန် သွား၍ တသောင်း ကျန်ရစ် ၏။
Now, therefore, proclaim in the hearing of the people: ‘Whoever is fearful and trembling may turn back and leave Mount Gilead.’” So twenty-two thousand of them turned back, but ten thousand remained.
4 တဖန် ထာဝရဘုရား ကလည်း ၊ လူ တို့သည် အလွန် များသေး ၏။ ရေဆိပ် သို့ ခေါ် ခဲ့လော့။ သူ တို့ကို ရေဆိပ် မှာ သင့် အဘို့ ငါစုံစမ်း မည်။ ထိုအခါ ဤ မည်သောသူ သည် သင် နှင့်အတူ သွား ရမည်ဟု ငါဆို လျှင်၊ ထိုသူ သည် သွား ရမည်။ ဤ မည်သော သူ မ သွား ရဟု ငါဆို လျှင် ထိုသူ သည် မ သွား ရဟု မိန့် တော်မူသည်အတိုင်း၊
Then the LORD said to Gideon, “There are still too many people. Take them down to the water, and I will sift them for you there. If I say to you, ‘This one shall go with you,’ he shall go. But if I say, ‘This one shall not go with you,’ he shall not go.”
5 ဂိဒေါင်သည် လူ တို့ကို ရေဆိပ် သို့ ခေါ် ခဲ့၍ ၊ ထာဝရဘုရား က၊ ခွေး သည် ရေ ကိုလျက် ၍ သောက်သကဲ့သို့ လျှာ နှင့် လျက် ၍ သောက်သောသူ တစု၊ ဒူး ထောက်လျက် ဝပ် ၍ သောက် သောသူတစု၊ ထိုလူနှစ်စုကို ခွဲ ထားလော့ဟု ဂိဒေါင် အား မိန့် တော်မူ၏။
So Gideon brought the people down to the water, and the LORD said to him, “Separate those who lap the water with their tongues like a dog from those who kneel to drink.”
6 ထိုအခါ မိမိလက်ခုပ် နှင့် ရေကို ယူသဖြင့် လျက် ၍ သောက်သောသူ သုံး ရာ ရှိ ၏။ ကြွင်း သောသူ အပေါင်း တို့သည် ရေ သောက် ခြင်းငှါ ဒူး ထောက်၍ ဝပ် ကြ၏။
And the number of those who lapped the water with their hands to their mouths was three hundred men; all the others knelt to drink.
7 ထာဝရဘုရား ကလည်း ၊ လျက် ၍ သောက်သောသူ သုံး ရာ အားဖြင့် သင့် ကို ငါကယ်တင် ၍ မိဒျန် လူတို့ကို သင့် လက် ၌ အပ် မည်။ ကြွင်း သောသူ တို့ကို မိမိ နေရာ သို့ ပြန် သွားစေဟု ဂိဒေါင် အား မိန့် တော်မူ၏။
Then the LORD said to Gideon, “With the three hundred men who lapped the water I will save you and deliver the Midianites into your hand. But all the others are to go home.”
8 ထိုသူတို့သည် စားစရိတ် နှင့် တံပိုး များကို ယူ ၍ ၊ ကြွင်း သော ဣသရေလ အမျိုးသား အပေါင်းတို့ကို မိမိ နေရာ သို့ ဂိဒေါင်သည် လွှတ် လိုက်သဖြင့် ၊ ထိုသုံး ရာ သော လူ တို့ကိုသာ မိမိနှင့်အတူချန် ထားလေ၏။ မိဒျန် လူတို့သည် သူ့ အောက် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
So Gideon sent the rest of the Israelites to their tents but kept the three hundred men, who took charge of the provisions and rams’ horns of the others. And the camp of Midian lay below him in the valley.
9 ထို ညဉ့် တွင် ထာဝရဘုရား က၊ ထ လော့။ ရန်သူတပ် ချရာသို့ ချီ သွားလော့။ သင့် လက် ၌ ငါအပ် မည်။
That night the LORD said to Gideon, “Get up and go down against the camp, for I have delivered it into your hand.
10 ၁၀ မ ချီ ဝံ့လျှင် သင် ၏ ကျွန် ဖုရ ကို ရှေ့ဦးစွာခေါ် သွားလော့။
But if you are afraid to do so, then go down to the camp with your servant Purah
11 ၁၁ သူတို့သည် အဘယ်သို့ ပြော သည်ကို ကြား လိမ့်မည်။ ထိုနောက်မှ တပ် ချရာသို့ ချီ သွားခြင်းငှါ သင့် လက် အားကြီး လိမ့်မည်ဟု မိန့် တော်မူသည်အတိုင်း ၊ ဂိဒေါင် သည် မိမိ ကျွန် ဖုရ ကို ခေါ်၍ ရန်သူ၏ တပ် ပြင် ၌ ကင်း ထိုးသောသူရှိရာသို့ သွား လေ၏။
and listen to what they are saying. Then your hands will be strengthened to attack the camp.” So he went with Purah his servant to the outposts where armed men were guarding the camp.
12 ၁၂ မိဒျန် ပြည်သား၊ အာမလက် ပြည်သား၊ အရှေ့ ပြည်သား အပေါင်း တို့သည် ချိုင့် ၌ အိပ် လျက်၊ ကျိုင်းကောင် နှင့်အမျှ များ ကြ၏။ ကုလားအုပ် တို့သည်လည်း ၊ သမုဒ္ဒရာ သဲ လုံးနှင့်အမျှ အတိုင်းမသိ များ ကြ၏။
Now the Midianites, Amalekites, and all the other people of the east had settled in the valley like a swarm of locusts, and their camels were as countless as the sand on the seashore.
13 ၁၃ ဂိဒေါင် သည် ရောက် သောအခါ ၊ လူ တယောက်သည် မိမိမြင်မက် သော အိပ်မက် ကို မိမိ အပေါင်းအဘော် အား ပြန် ပြောသည်မှာ၊ ငါမြင်မက် သည်ကား၊ မုယော မုန့် တပြား သည် မိဒျန် တပ် ထဲ သို့ လိမ့် ၍ တဲ တဆောင်ကို တွေ့လျှင်၊ ထိခိုက် မှောက်လှန် ဖြိုချ လေ၏ဟု ဆို သော်၊
And as Gideon arrived, a man was telling his friend about a dream. “Behold, I had a dream,” he said, “and I saw a loaf of barley bread come tumbling into the Midianite camp. It struck the tent so hard that the tent overturned and collapsed.”
14 ၁၄ သူ ၏အပေါင်းအဘော် က၊ ထို မုန့်ပြားသည် အခြားမဟုတ် ဣသရေလ အမျိုးယောရှ သား ဂိဒေါင် ၏ ထား ဖြစ်၏။ ထိုသူ လက် ၌ ဘုရား သခင်သည် မိဒျန် အမျိုး၊ မိဒျန်ဗိုလ်ခြေ အပေါင်း ကို အပ် တော်မူမည်ဟု ပြန်ပြော ၏။
His friend replied: “This is nothing less than the sword of Gideon son of Joash, the Israelite. God has delivered Midian and the whole camp into his hand.”
15 ၁၅ ထိုအိပ်မက် နှင့် အိပ်မက်အနက် ကို ဂိဒေါင် သည် ကြား သောအခါ ၊ ကိုးကွယ် ၍ ဣသရေလ တပ် သို့ ပြန် ပြီးလျှင် ၊ ထ ကြ၊ ထာဝရဘုရား သည် မိဒျန် ဗိုလ်ခြေ တို့ကို သင် တို့လက် ၌ အပ် တော်မူမည်ဟု ဆို ၏။
When Gideon heard the dream and its interpretation, he bowed in worship. He returned to the camp of Israel and said, “Get up, for the LORD has delivered the camp of Midian into your hand.”
16 ၁၆ ထိုအခါ လူ သုံး ရာ တို့ကို သုံး စု ခွဲ ၍ ၊ တံပိုး တလုံးနှင့် မီးခွက် ပါသောအိုး တလုံးစီကို လူ တိုင်း လက် ၌ ဆောင် စေ၏။
And he divided the three hundred men into three companies and gave each man a ram’s horn in one hand and a large jar in the other, containing a torch.
17 ၁၇ ငါ့ ကို ကြည့် ၍ ငါ ပြုသည်အတိုင်း ပြု ကြ။ တပ် ပြင် သို့ ရောက် သောအခါ၊ ငါပြု သည်အတိုင်း ပြု ကြ။
“Watch me and do as I do,” Gideon said. “When I come to the outskirts of the camp, do exactly as I do.
18 ၁၈ ငါ နှင့် ငါ ၌ ပါသောသူ အပေါင်း တို့သည် တံပိုး မှုတ် သောအခါ ၊ တပ် ပတ်လည် အရပ်ရပ် ၌ သင်တို့သည် တံပိုး မှုတ် ၍ ၊ ထာဝရဘုရား နှင့် ဂိဒေါင် ၏ ထားဟု ဟစ် ကြလော့ဟု မှာ ထား၏။
When I and all who are with me blow our horns, then you are also to blow your horns from all around the camp and shout, ‘For the LORD and for Gideon!’”
19 ၁၉ ထိုသို့ ဂိဒေါင် နှင့် သူ ၌ ပါသော လူ တရာ တို့သည် သန်းခေါင် ယံ ၌ ကင်း လဲ စက တပ် ပြင် သို့ ရောက် သဖြင့် တံပိုး မှုတ် ကြ၏။ မိမိ ကိုင် သော အိုး တို့ကိုလည်း ခွဲ ကြ၏။
Gideon and the hundred men with him reached the outskirts of the camp at the beginning of the middle watch, just after the changing of the guard. They blew their horns and broke the jars that were in their hands.
20 ၂၀ လူသုံး စု တို့သည် တံပိုး မှုတ် ၍ အိုး တို့ကို ခွဲ သဖြင့် လက်ဝဲ လက် ၌ မီးခွက် တို့ကို၎င်း ၊ လက်ျာ လက် ၌ မှုတ် စရာ တံပိုး တို့ကို၎င်းကိုင် လျက် ၊ ထာဝရဘုရား နှင့် ဂိဒေါင် ၏ထား ဟု ဟစ် ကြ၏။
The three companies blew their horns and shattered their jars. Holding the torches in their left hands and the horns in their right hands, they shouted, “A sword for the LORD and for Gideon!”
21 ၂၁ သူတို့သည် တပ် ပတ်ဝန်းကျင် ၌ လူတိုင်း မိမိ နေရာ အရပ်တွင် ရပ် နေ၍ ၊ တပ်သား အပေါင်း တို့သည် ပြေး လျက် ၊ အော် လျက် ထွက်ပြေး ကြ၏။
Each Israelite took his position around the camp, and the entire Midianite army fled, crying out as they ran.
22 ၂၂ လူသုံး ရာ တို့သည် တံပိုး မှုတ် သောအခါ ၊ ထာဝရဘုရား ၏ တန်ခိုးတော်ကြောင့်၊ တပ်သား အပေါင်း တို့သည် တယောက်ကိုတယောက်တိုက်၍၊ ဇေရရတ် အရပ် ဗက်ရှိတ္တ မြို့သို့ ၎င်း၊ တဗ္ဗတ် မြို့နား မှာ အာဗေလမဟောလ မြို့နယ် သို့ ၎င်း ပြေး ကြ၏။
And when the three hundred rams’ horns sounded, the LORD set all the men in the camp against one another with their swords. The army fled to Beth-shittah toward Zererah as far as the border of Abel-meholah near Tabbath.
23 ၂၃ ဣသရေလ လူ တို့သည် နဿလိ ခရိုင်၊ အာရှာ ခရိုင်၊ မနာရှေ ခရိုင် အရပ်ရပ် ထဲက စု လာ၍ ၊ မိဒျန် လူတို့ကို လိုက် ကြ၏။
Then the men of Israel were called out from Naphtali, Asher, and all Manasseh, and they pursued the Midianites.
24 ၂၄ ဂိဒေါင် သည်လည်း ၊ တမန် တို့ကို ဧဖရိမ် တောင် တရှောက်လုံး သို့ စေလွှတ် ၍၊ သင်တို့သည် မိဒျန် လူတို့ကို ဆီးတား ခြင်းငှါ ယော်ဒန် မြစ်နား၊ ဗက်ဗာရ ရွာတိုင်အောင် သူ တို့အရင် စောင့် နေကြလော့ဟု မှာ လိုက်သည်အတိုင်း ၊ ဧဖရိမ် လူ အပေါင်း တို့သည် စုဝေး ၍ ၊ ယော်ဒန် မြစ်နား၊ ဗက်ဗာရ ရွာတိုင်အောင် စောင့် နေကြ၏။
Gideon sent messengers throughout the hill country of Ephraim to say, “Come down against the Midianites and seize the waters of the Jordan ahead of them as far as Beth-barah.” So all the men of Ephraim were called out, and they captured the waters of the Jordan as far as Beth-barah.
25 ၂၅ မိဒျန် ဗိုလ်ချုပ် နှစ် ယောက်၊ ဩရဘ နှင့် ဇေဘ ကို ဘမ်းဆီး ၍ ၊ ဩရဘ ကို ဩရဘ ကျောက် ပေါ်၌ ၎င်း၊ ဇေဘ ကိုဇေဘ စပျစ်သီးနယ်ရာ တန်ဆာ၌ ၎င်း သတ် ပြီးမှ၊ မိဒျန် လူတို့ကို လိုက် သဖြင့် ၊ ဩရဘ ၏ဦးခေါင်း နှင့် ဇေဘ ၏ဦးခေါင်းတို့ကိုယော်ဒန် မြစ်တဘက် ၊ ဂိဒေါင် ထံ သို့ဆောင် ခဲ့ကြ၏။
They also captured Oreb and Zeeb, the two princes of Midian; and they killed Oreb at the rock of Oreb and Zeeb at the winepress of Zeeb. So they pursued the Midianites and brought the heads of Oreb and Zeeb to Gideon on the other side of the Jordan.

< တရားသူကြီးမှတ်စာ 7 >