< တရားသူကြီးမှတ်စာ 6 >
1 ၁ တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ သူ တို့ကို မိဒျန် အမျိုးလက် ၌ ခုနစ် နှစ် ပတ်လုံးအပ် တော်မူသဖြင့်၊
Los hijos de Israel, hicieron lo malo a los ojos de Yahvé, y los entregó Yahvé en manos de Madián, por siete años.
2 ၂ မိဒျန် အမျိုးသည် ဣသရေလ အမျိုးကို နိုင် ၍ ညှဉ်းဆဲ သောကြောင့် ၊ ဣသရေလ အမျိုးသားတို့သည် တောင်ရိုး ၌ ခိုင်ခံ့ သော ဥမင် မြေတွင်း တို့ကို လုပ် ရကြ၏။
La mano de Madián pesó sobre Israel de tal manera que los hijos de Israel por miedo a los madianitas se hicieron los antros que se hallan en las montañas, las cuevas y los lugares fortificados.
3 ၃ ဣသရေလ အမျိုးသည် လယ် လုပ်ပြီးမှ၊ မိဒျန် ပြည်သားနှင့် အာမလက် ပြည်သားအစရှိသော အရှေ့ ပြည်သား တို့သည် ချီ လာ၍၊
Pues cuando Israel había hecho la siembra subían contra ellos Madián y Amalec con los hijos del Oriente.
4 ၄ တပ်ချ သဖြင့်၊ ဂါဇ မြို့တိုင်အောင်မြေ အသီးအနှံ ကို သုတ်သင် ပယ်ရှင်းလျက် စားစရာ ကို ချန်၍မထား။ သိုး နွား မြည်း ကိုလည်း ချန် ၍ မ ထားကြ။
Acampaban frente a ellos y destruían los productos de la tierra hasta la región de Gaza, no dejando a Israel sustento alguno, ni oveja, ni buey, ni asno.
5 ၅ အဘယ်သို့နည်းဟူမူကား၊ သူ တို့သည် တိရစ္ဆာန် များ၊ တဲ များပါလျက်၊ ကျိုင်းကောင် များပြား သကဲ့သို့ ၊ သူ တို့နှင့် ကုလားအုပ် တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလ ပြည် ကို ဖျက်ဆီး လျက် လာ ကြ၏။
Porque llegaban con sus ganados y sus tiendas, numerosos como las langostas; ellos y sus camellos eran innumerables, y venían al país para devastarlo.
6 ၆ ဣသရေလ အမျိုးသားတို့သည် မိဒျန် အမျိုးသားတို့ကြောင့် အလွန် ဆင်းရဲ ၍ ထာဝရဘုရား အား ဟစ်ကြော် ကြ၏။
Con lo que Israel fue muy debilitado por los madianitas, y los hijos de Israel clamaron a Yahvé.
7 ၇ ထိုသို့ မိဒျန် အမျိုးသားတို့ကြောင့် ၊ ထာဝရဘုရား အား ဟစ်ကြော် ကြသောအခါ၊
Cuando los hijos de Israel clamaron a Yahvé a causa de Madián,
8 ၈ ထာဝရဘုရား သည် ပရောဖက် တယောက် ကို ဣသရေလ အမျိုးသားတို့ထံ သို့စေလွှတ် တော်မူ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါနှုတ် ဆောင်ပြီ။
envió Yahvé un profeta a los hijos de Israel, que les dijo: “Así dice Yahvé, el Dios de Israel: Yo os hice subir de Egipto, sacándoos de la casa de la servidumbre;
9 ၉ အဲဂုတ္တု ပြည်သားလက် မှ ၎င်း ၊ ညှဉ်းဆဲ သောသူအပေါင်း တို့လက် မှ ၎င်း၊ သင် တို့ကို ကယ်နှုတ် ၍ ၊ သူ တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် သဖြင့် သူ တို့ပြည် ကိုပေး ပြီ။
os libré de las manos de los egipcios y de todos los que os oprimieron; los expulsé de delante de vosotros y os di su tierra;
10 ၁၀ ငါ သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင် တို့နေ သောအာမောရိ ပြည်သားကိုးကွယ်သော ဘုရား တို့ကို မ ကြောက်ရွံ့ ကြနှင့်ဟု ငါပညတ် သော်လည်း ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်ကြဟု မိန့် တော်မူ၏။
y os dije: Yo soy Yahvé, vuestro Dios; no temáis a los dioses de los amorreos en cuyo país habitáis; pero no habéis escuchado mi voz.”
11 ၁၁ တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည်လာ ၍ ၊ ဩဖရ ရွာမှာ အဗျေဇာ အမျိုးသားယောရှ ပိုင်သော သပိတ် ပင်အောက် ၌ ထိုင် လေ၏။ ယောရှ သား ဂိဒေါင် သည် မိမိစပါးကို မိဒျန် လူတို့ မ တွေ့စေခြင်းငှါ ၊ စပျစ်သီး နယ်ရာ တန်ဆာအနား မှာ စပါး ကို နယ် လျက်နေ၏။
Vino el Ángel de Yahvé y se sentó bajo el terebinto de Ofrá, que pertenecía a Joás de la familia de Abiéser, cuando Gedeón, su hijo, estaba batiendo el trigo en el lagar, para esconderlo de los madianitas.
12 ၁၂ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကိုယ်ထင်ရှား ၍ ၊ ခွန်အားကြီး သော အချင်းသူရဲ ၊ ထာဝရဘုရား သည် သင် နှင့်အတူ ရှိတော်မူ၏ဟု ဆို လျှင်၊
Se le apareció el Ángel de Yahvé y le dijo: “Yahvé está contigo, ¡oh valiente héroe!”
13 ၁၃ ဂိဒေါင် က၊ အိုသခင် ၊ ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့်အတူ ရှိ တော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤ အမှုကြီး ရောက် ရပါသနည်း။ ထာဝရဘုရား သည် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်တော်မူသည် မဟုတ် လောဟု အကျွန်ုပ် တို့အဘ များ ပြော သည်အတိုင်း ပြုတော်မူသော၊ အံ့ဘွယ် သော အမှုရှိသမျှ တို့သည် အဘယ်မှာ ရှိပါသနည်း။ ယခု မှာ ထာဝရဘုရား သည် အကျွန်ုပ် တို့ကို စွန့် ၍ မိဒျန် လူတို့လက် သို့ အပ် တော်မူပြီတကားဟု ဆို လေသော်၊
Gedeón contestó: “Ah, señor mío; si Yahvé está con nosotros, ¿cómo es que nos ha sucedido todo esto? ¿Dónde están todos sus prodigios que nos han contado nuestros padres, diciendo: No nos sacó Yahvé de Egipto? Mas ahora Yahvé nos ha abandonado y entregado en manos de Madián.”
14 ၁၄ ထာဝရဘုရား သည် သူ့ ကို ကြည့်ရှု ၍ ယခု သင် ရသောတန်ခိုး ကို အမှီပြု လျှက် သွား လော့။ သင်သည် ဣသရေလ အမျိုးကို မိဒျန် လူတို့လက် မှ ကယ်နှုတ် လိမ့်မည်။ သင့် ကို ငါစေခိုင်း သည် မဟုတ် လောဟု မိန့် တော်မူ၏။
Entonces Yahvé se volvió hacia él y dijo: “Anda con esta tu fuerza, y salvarás a Israel de la mano de Madián. ¿No soy Yo quien te envío?”
15 ၁၅ ဂိဒေါင်ကလည်း ၊ အိုသခင် ၊ အကျွန်ုပ်သည် ဣသရေလ အမျိုးကို အဘယ်သို့ ကယ်နှုတ် နိုင်ပါမည်နည်း။ အကျွန်ုပ် အဆွေအမျိုး သည် မနာရှေ အမျိုး၌ သာ၍ဆင်းရဲ ပါ၏။ အကျွန်ုပ် သည်လည်း ၊ ကိုယ် အဆွေအမျိုး ၌ အယုတ် ဆုံးသောသူဖြစ် ပါ၏ဟု လျှောက် လျှင်၊
Mas él le dijo: “¡Ah, Señor! ¿Con qué he de salvar yo a Israel? Mira, mi familia es la más pobre en Manasés, y yo soy el más pequeño de la casa de mi padre.”
16 ၁၆ ထာဝရဘုရား က၊ အကယ်စင်စစ် ငါသည် သင် နှင့်အတူ ရှိ သဖြင့် ၊ သင်သည် လူ တ ယောက်ကို လုပ်ကြံသကဲ့သို့ ၊ မိဒျန် လူတို့ကို လုပ်ကြံ လိမ့်မည်ဟု မိန့် တော်မူ၏။
Yahvé le respondió: “Yo estaré contigo; y derrotarás a Madián como si fuese un solo hombre.”
17 ၁၇ ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာရ ပါလျှင် အကျွန်ုပ် နှင့် ယခု နှုတ်ဆက် တော်မူကြောင်း ထင်ရှားသော နိမိတ် လက္ခဏာကို ပြ တော်မူပါ။
Entonces él le dijo: “Si he hallado gracia a tus ojos, te ruego que me des una señal de que eres Tú quien hablas conmigo.
18 ၁၈ အကျွန်ုပ် သည် တဖန်လာ ပြန်၍ ၊ ဘောဇဉ် ပူဇော်သက္ကာကို ဆောင် ခဲ့သဖြင့် ၊ ကိုယ်တော် ရှေ့ ၌ မ တင် မှီတိုင်အောင်၊ ဤ အရပ်က ကြွ သွားတော်မ မူပါနှင့်ဟု တောင်းပန် လျှင် ၊ သင် သည် ပြန် ၍ မ လာမှီတိုင်အောင်ငါနေ မည်ဟု မိန့် တော်မူ၏။
Y no te retires de aquí hasta que yo vuelva hacia ti y traiga mi ofrenda para ponerla delante de ti.” A lo cual respondió: “Yo me quedaré hasta que vuelvas.”
19 ၁၉ ဂိဒေါင် သည် သွား ၍ ဆိတ် သငယ် တကောင်ကို၎င်း၊ မုန့်ညက် တဧဖာ နှင့် လုပ်သော တဆေး မဲ့ မုန့်ပြားတို့ကို၎င်းပြင်ဆင် လေ၏။ ဆိတ်သား ကို တောင်း ၌ ထည့် ၍ ၊ ဆိတ်သားပြုတ်ရည် ကို အိုး ၌ လောင်း ပြီးမှ ၊ ကောင်းကင်တမန် ရှိရာ သပိတ် ပင်အောက် သို့ ဆောင် ခဲ့၍ ဆက် လေ၏။
Fue Gedeón y aderezó un cabrito, y con un efa de flor de harina coció ácimos; luego puso la carne en un canasto y echó el caldo en una olla, y los llevó para presentarlos debajo del terebinto.
20 ၂၀ ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ အမဲသား နှင့် တဆေး မဲ့မုန့်ပြားတို့ကို ယူ ၍ ဤ ကျောက် ပေါ် မှာ တင် ထားလော့။ အမဲသားပြုတ်ရည် ကို သွန်းလောင်း လော့ဟု ဆို လျှင် ၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြု လေ၏။
Y le dijo el Ángel de Dios: “Toma la carne y los ácimos, ponlos sobre esta peña y echa sobre ellos el caldo.” Y él lo hizo así.
21 ၂၁ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် မိမိ ကိုင် သော တောင်ဝေး ကို ဆန့် ၍ ၊ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကိုတို့ သဖြင့် ၊ ကျောက် ထဲက မီး ထ ၍ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကို လောင် ပြီးမှ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကွယ် လေ၏။
Entonces el Ángel de Yahvé extendió la punta del báculo que tenía en la mano, y tocó la carne y los ácimos; y salió fuego de la peña, que consumió la carne y los ácimos. Luego el Ángel de Yahvé desapareció de su vista.
22 ၂၂ ထာဝရဘုရား ၏ကောင်းကင် တမန်ဖြစ်သည်ကို ဂိဒေါင် သည် သိမြင် သောအခါ ၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ ကောင်းကင်တမန် ကို မျက်နှာချင်းဆိုင် ၍ မြင် ရပါပြီတကားဟုလျှောက် သော်၊
Viendo Gedeón que era el Ángel de Yahvé, dijo: “Ay de mí, Señor Yahvé, pues yo he visto al Ángel de Yahvé cara a cara.”
23 ၂၃ ထာဝရဘုရား က၊ ချမ်းသာ ပါစေ။ မ စိုးရိမ် နှင့်။ သင်သည် သေ ဘေးနှင့် လွတ် လျက်ရှိသည်ဟု မိန့် တော်မူ၏။
Yahvé le dijo: “La paz sea contigo; no temas, no morirás.”
24 ၂၄ ထို အရပ်၌ ဂိဒေါင် သည် ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ၍ ၊ ယေဟောဝါ ရှာလုံ အမည်ဖြင့် မှည့် လေ၏။ အဗျေဇာ သား၏ နေရာဩဖရ ရွာ၌ ယနေ့ တိုင်အောင် ရှိသတည်း။
Gedeón erigió allí un altar a Yahvé, y lo llamó Paz de Yahvé. Este altar está hasta el día de hoy en Ofrá de Abiéser.
25 ၂၅ ထို နေ့ည မှာ ထာဝရဘုရား က၊ သင့် အဘ ၏နွား ပိုက် နှင့် အသက်ခုနစ် နှစ် ရှိ သောဒုတိယ နွားထီး ကို ယူ ပြီးလျှင် ၊ သင့် အဘ တည်သော ဗာလ ဘုရား၏ ယဇ်ပလ္လင် ကို ဖြိုဖျက် ၍ ၊ ယဇ်ပလ္လင် အနား မှာရှိသော အာရှရ ပင်ကို ခုတ်လှဲ လော့။
En aquella misma noche dijo Yahvé a Gedeón: “Toma el toro de tu padre, el toro segundo que tiene siete años, y derriba el altar de Baal que pertenece a tu padre, y corta la aschera que está junto a él;
26 ၂၆ ငါစီရင်သည်အတိုင်း၊ ဤ ကျောက် ပေါ် မှာ ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ပြီးလျှင် ၊ ခုတ်လှဲ သော သစ်သား ဖြင့် ဒုတိယ နွား ကို မီးရှို့ ၍ ယဇ် ပူဇော်လော့ဟု မိန့် တော်မူ၏။
y edifica un altar a Yahvé, tu Dios, sobre la cumbre de este peñasco, según lo dispuesto, y tomando aquel segundo toro, lo ofrecerás en holocausto con la madera de la aschera cortada.”
27 ၂၇ ဂိဒေါင် လည်း မိမိ ကျွန် ဆယ် ယောက်တို့ကို ခေါ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု လေ၏။ မိမိ အဘ ၏ အိမ်သား တို့ကို၎င်း ၊ မြို့ သား တို့ကို၎င်းကြောက် ၍၊ နေ့ အချိန်၌ မပြု ဝံ့သောကြောင့် ၊ ညဉ့် အချိန်၌ ပြု ၏။
Tomó Gedeón diez hombres de entre sus siervos, e hizo lo que Yahvé le había mandado, pero por temor a la casa de su padre y a los hombres de la ciudad no lo hizo de día, sino de noche.
28 ၂၈ နံနက် စောစောမြို့ သား တို့သည် ထ ကြသောအခါ ၊ ဗာလ ဘုရား၏ ယဇ်ပလ္လင် သည် ပြိုပျက် လျက် ၊ အနား မှာရှိသော အာရှရ ပင်လည်း လဲ လျက် ၊ နောက်တည် သော ယဇ်ပလ္လင် ပေါ် မှာ ဒုတိယ နွားထီး ကို ပူဇော် လျက်ရှိသည်ကို တွေ့ ကြလျှင်၊
Cuando al día siguiente madrugaron los hombres de la ciudad vieron derribado el altar de Baal, cortada la aschera que había junto a él, y el toro segundo ofrecido en holocausto sobre el altar edificado.
29 ၂၉ ဤ အမှု ကို အဘယ်သူ ပြု သနည်းဟု တယောက် ကို တယောက်မေးမြန်း စစ်ကြော လျှင် ၊ ဤ အမှု ကို ယောရှ သား ဂိဒေါင် ပြု ပြီဟု လူအချို့တို့သည် ဆို ကြ၏။
Se preguntaban entonces unos a otros: “¿Quién ha hecho esto?” Investigaron y buscaron, y se les dijo: “Gedeón, hijo de Joás, ha hecho esto.”
30 ၃၀ ထိုအခါ မြို့ သား တို့သည် ယောရှ အား ၊ သင် ၏သား သည် ဗာလ ဘုရား၏ ယဇ်ပလ္လင် ကို ဖြိုဖျက် ၍ ၊ အနား မှာရှိသောအာရှရ ပင်ကို ခုတ်လှဲ သောကြောင့် ၊ သူ့ကို အသေခံ စေခြင်းငှါ ထုတ် လော့ဟု ဆို သော်လည်း၊
Por lo cual los hombres de la ciudad dijeron a Joás: “Saca a tu hijo para que muera; pues ha derribado el altar de Baal, y cortado la aschera que estaba a su lado.”
31 ၃၁ ယောရှ သည် တစ်ဘက်၌ နေ သောသူအပေါင်း တို့အား ၊ သင် တို့သည် ဗာလ ဘုရားဘက်၌ အမှု စောင့်မည်လော။ သူ့ ကို ကယ်တင် မည်လော။ သူ့ ဘက်၌ အမှု စောင့်သောသူ သည်၊ နံနက် မ လွန်မှီ အသေခံ ပါလေစေ။ ဗာလ သည် ဘုရား မှန်လျှင် ၊ သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် ၊ မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ပြန်ပြော ၏။
Mas Joás respondió a todos los que estaban delante de él: “¿Queréis acaso combatir por Baal? ¿Pretendéis vosotros salvarle? Quien se atreva luchar por él, que muera antes que llegue la mañana. Si él es Dios que luche por sí mismo contra el que ha derribado su altar.”
32 ၃၂ ထိုသို့ ဗာလ ဘုရားသည် သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် ၊ ထိုသူတဘက် မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ဆို လျှက် သူ၏သားကို ထို နေ့ ၌ ယေရုဗ္ဗာလ အမည်ဖြင့် မှည့် သတည်း။
En aquel día Gedeón fue llamado Jerobaal, porque decía: “Luche Baal con aquel que ha derribado su altar.”
33 ၃၃ ထိုအခါ မိဒျန် ပြည်သား၊ အာမလက် ပြည်သား၊ အရှေ့ ပြည်သား အပေါင်း တို့သည် စည်းဝေး သဖြင့် ၊ ယေဇရေလ ချိုင့် သို့ ကူး သွား၍ တပ်ချ ကြ၏။
Todo Madián y Amalec y los hijos del Oriente se coligaron, pasaron (el Jordán) y acamparon en el valle de Jesreel.
34 ၃၄ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဂိဒေါင် အပေါ်မှာ သက်ရောက် ၍ ၊ သူသည် တံပိုး မှုတ် သဖြင့် အဗျေဇာ သားတို့သည် လိုက်ကြ၏။
Entonces el Espíritu de Yahvé revistió a Gedeón, el cual tocó la trompeta, y se juntaron los de la familia de Abiéser para seguirle.
35 ၃၅ တမန် တို့ကို မနာရှေ ခရိုင်တရှောက်လုံး သို့ စေလွှတ် ၍ ၊ မနာရှေအမျိုးသားတို့သည် လိုက်ကြ၏။ တဖန် အာရှာ ခရိုင်၊ ဇာဗုလုန် ခရိုင်၊ နဿလိ ခရိုင်သို့ တမန် တို့ကို စေလွှတ် ၍ ၊ ထိုခရိုင်သားတို့သည်လည်း စုဝေးရာသို့ လာ ကြ၏။
Envió también mensajeros por todo Manasés, y ellos se juntaron para seguirle. Envió, además, mensajeros a Aser, Zabulón y Neftalí, los cuales salieron a su encuentro.
36 ၃၆ ဂိဒေါင် သည်လည်း ဘုရား သခင်အား ၊ ကိုယ်တော်သည် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူမည်မှန်လျှင်၊
Y dijo Gedeón a Dios: “Si quieres salvar por mi mano a Israel, como has dicho,
37 ၃၇ အကျွန်ုပ် သည် သိုး တကောင်၏အမွေးကို တလင်း ၌ ထား ပါမည်။ သိုးမွေး သည် နှင်း စို ၍ မြေ တပြင်လုံး သွေ့ခြောက် လျှင် ၊ မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူ မည်ကို အကျွန်ုပ်သိ ပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ် လေ၏။
he aquí que voy a poner un vellocino de lana en la era. Si solamente el vellocino se cubre de rocío, quedando todo el suelo seco, conoceré que salvarás por mi mano a Israel, conforme has prometido.”
38 ၃၈ နံနက်စောစော ထ၍ သိုးမွေး ကို ညှစ် သဖြင့် နှင်း ရည်သည် အင်တုံ အပြည့် ရှိလေ၏။
Así fue; cuando al día siguiente se levantó muy temprano para exprimir el vellocino, sacó del vellocino tanta agua que con ella llenó una taza.
39 ၃၉ တဖန် ဂိဒေါင် က၊ အမျက်ထွက် တော်မ မူပါနှင့်။ တကြိမ် သာ လျှောက် ပါဦးမည်။ သိုး တကောင်၏ အမွေးနှင့် ယခု တကြိမ် သာ စုံစမ်း ရသောအခွင့်ကိုပေးတော်မူပါ။ မြေ တပြင်လုံး သည် နှင်း စို ၍ သိုးမွေး သွေ့ခြောက် ပါစေဟု ဘုရား သခင်အား တောင်း လျှောက်သည်အတိုင်း၊
Dijo entonces Gedeón a Dios: “No se encienda tu ira contra mí, si hablo una vez más. Permíteme repetir la prueba con el vellocino solamente esta vez. Te ruego quede seco el vellocino, en tanto que en todo el suelo haya rocío.”
40 ၄၀ ထို ညဉ့် ၌ လည်း ဘုရား သခင်ပြု တော်မူသဖြင့် ၊ မြေ တပြင်လုံး သည် နှင်း စို ၍ သိုးမွေး သွေ့ခြောက် လျက် ရှိ ၏။
Y así lo hizo Dios en aquella noche; quedó seco el vellocino solo, y en todo el suelo hubo rocío.