< တရားသူကြီးမှတ်စာ 5 >

1 ထို နေ့ ၌ ဒေဗောရ နှင့် အဘိနောင် ၏ သား ဗာရက် တို့ဆို သော သီချင်းစကားဟူမူကား၊
וַתָּ֣שַׁר דְּבוֹרָ֔ה וּבָרָ֖ק בֶּן־אֲבִינֹ֑עַם בַּיּ֥וֹם הַה֖וּא לֵאמֹֽר׃
2 ဣသရေလ အမျိုး၌ မင်း တို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကိုလှူ သောကြောင့်၎င်း၊ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
בִּפְרֹ֤עַ פְּרָעוֹת֙ בְּיִשְׂרָאֵ֔ל בְּהִתְנַדֵּ֖ב עָ֑ם בָּרֲכ֖וּ יְהוָֽה׃
3 အိုရှင်ဘုရင် တို့ ကြား ကြလော့။ အိုမင်းသား တို့ နားထောင် ကြလော့။ ငါသီချင်းဆို မည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း မည်။
שִׁמְע֣וּ מְלָכִ֔ים הַאֲזִ֖ינוּ רֹֽזְנִ֑ים אָֽנֹכִ֗י לַֽיהוָה֙ אָנֹכִ֣י אָשִׁ֔ירָה אֲזַמֵּ֕ר לַֽיהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃
4 အိုထာဝရဘုရား ၊ ကိုယ်တော် သည် စိရ တောင်ရိုးပေါ်မှ ကြွ ၍ ဧဒုံ တော မှ စစ်ချီ တော်မူသောအခါ ၊ မြေကြီး လှုပ် ၍ မိုဃ်း ရွာသဖြင့် မိုဃ်းတိမ် တို့မှ မိုဃ်းရေ သည် စီး ပါ၏။
יְהוָ֗ה בְּצֵאתְךָ֤ מִשֵּׂעִיר֙ בְּצַעְדְּךָ֙ מִשְּׂדֵ֣ה אֱד֔וֹם אֶ֣רֶץ רָעָ֔שָׁה גַּם־שָׁמַ֖יִם נָטָ֑פוּ גַּם־עָבִ֖ים נָ֥טְפוּ מָֽיִם׃
5 တောင်ရိုး တို့သည် ထာဝရဘုရား ရှေ့ တော်၌ ၎င်း၊ သိနာ တောင်သည်လည်း ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ၎င်း တုန်လှုပ် ပါ၏။
הָרִ֥ים נָזְל֖וּ מִפְּנֵ֣י יְהוָ֑ה זֶ֣ה סִינַ֔י מִפְּנֵ֕י יְהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃
6 အာနတ် သား ရှံဂါ မင်းလက်ထက် ၌ ၎င်း၊ ယေလ မင်းလက်ထက် ၌ ၎င်း၊ လမ်းမ တို့သည် ဆိတ်ညံ လျက် ရှိ၍ ခရီးသွား သောသူတို့သည် လမ်းကြားတို့၌ လိုက် သွားရကြ၏။
בִּימֵ֞י שַׁמְגַּ֤ר בֶּן־עֲנָת֙ בִּימֵ֣י יָעֵ֔ל חָדְל֖וּ אֳרָח֑וֹת וְהֹלְכֵ֣י נְתִיב֔וֹת יֵלְכ֕וּ אֳרָח֖וֹת עֲקַלְקַלּֽוֹת׃
7 ဣသရေလ အမျိုး၌ မင်းဆက်ပြတ် လျက်ရှိ၏။ ငါဒေဗောရ သည် မပေါ် ၊ ငါသည် ဣသရေလ အမျိုး၌ အမိ မပေါ်ထွန်း မှီတိုင်အောင် မင်းဆက်ပြတ် လျက် ရှိ၏။
חָדְל֧וּ פְרָז֛וֹן בְּיִשְׂרָאֵ֖ל חָדֵ֑לּוּ עַ֤ד שַׁקַּ֙מְתִּי֙ דְּבוֹרָ֔ה שַׁקַּ֥מְתִּי אֵ֖ם בְּיִשְׂרָאֵֽל׃
8 ဣသရေလအမျိုးသားတို့သည် ဘုရား သစ် တို့ကို ရွေး ယူကြ၏။ ထိုအခါ သူတို့မြို့ များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလ အမျိုးသားလေးသောင်း တွင် ဒိုင်းလွှား တခု၊ လှံ တစင်းမျှ မရှိ။
יִבְחַר֙ אֱלֹהִ֣ים חֲדָשִׁ֔ים אָ֖ז לָחֶ֣ם שְׁעָרִ֑ים מָגֵ֤ן אִם־יֵֽרָאֶה֙ וָרֹ֔מַח בְּאַרְבָּעִ֥ים אֶ֖לֶף בְּיִשְׂרָאֵֽל׃
9 စေတနာစိတ်ရှိ၍ ဆင်းရဲသား တို့တွင် မိမိကိုယ်ကို လှူ သော ဣသရေလ အမျိုး မင်း တို့အား ငါ စိတ် နူးညွတ်၏။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
לִבִּי֙ לְחוֹקְקֵ֣י יִשְׂרָאֵ֔ל הַמִּֽתְנַדְּבִ֖ים בָּעָ֑ם בָּרֲכ֖וּ יְהוָֽה׃
10 ၁၀ ဖြူ သော မြည်း ကို စီး သောသူ၊ တရားမှု ကို စီရင် သောသူ၊ လမ်း ၌ သွား သောသူတို့၊
רֹכְבֵי֩ אֲתֹנ֨וֹת צְחֹר֜וֹת יֹשְׁבֵ֧י עַל־מִדִּ֛ין וְהֹלְכֵ֥י עַל־דֶּ֖רֶךְ שִֽׂיחוּ׃
11 ၁၁ ရေကျင်း များအနား မှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံ ကိုကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား ၏ တရား သောအမှု၊ ဣသရေလ မြို့ရွာတို့၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထို အရပ်တို့တွင် ချီးမွမ်း ကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား ၏ လူ တို့သည် မိမိတို့နေသောမြို့ သို့ ပြန် သွားကြလိမ့်မည်။
מִקּ֣וֹל מְחַֽצְצִ֗ים בֵּ֚ין מַשְׁאַבִּ֔ים שָׁ֤ם יְתַנּוּ֙ צִדְק֣וֹת יְהוָ֔ה צִדְקֹ֥ת פִּרְזֹנ֖וֹ בְּיִשְׂרָאֵ֑ל אָ֛ז יָרְד֥וּ לַשְּׁעָרִ֖ים עַם־יְהוָֽה׃
12 ၁၂ နိုး ပါ၊ နိုး ပါ၊ ဒေဗောရ ။ နိုး ပါ၊ နိုး ပါ၊ သီချင်း ဆို ပါ၊ အိုဗာရက် ၊ ထ ပါ၊ အဘိနောင် သား ၊ သင် ဘမ်းဆီး ချုပ် ထားသောသူတို့ကို ထုတ်ပြပါ။
עוּרִ֤י עוּרִי֙ דְּבוֹרָ֔ה ע֥וּרִי ע֖וּרִי דַּבְּרִי־שִׁ֑יר ק֥וּם בָּרָ֛ק וּֽשֲׁבֵ֥ה שֶׁבְיְךָ֖ בֶּן־אֲבִינֹֽעַם׃
13 ၁၃ ထိုအခါ ကျန်ကြွင်း သောသူတို့သည် သူရဲကြီး တို့ထံသို့ ဆင်း ကြ၏။ ထာဝရဘုရား ၏လူ တို့သည် အစွမ်း တန်ခိုးကြီးသောသူတို့ထံသို့ ငါ့ အဘို့ ဆင်း ကြ၏။
אָ֚ז יְרַ֣ד שָׂרִ֔יד לְאַדִּירִ֖ים עָ֑ם יְהוָ֕ה יְרַד־לִ֖י בַּגִּבּוֹרִֽים׃
14 ၁၄ အာမလက် လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ် ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန် အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရ အမျိုးထဲက မင်းများ၊ ဇာဗုလုန် အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာ ကြ၏။
מִנִּ֣י אֶפְרַ֗יִם שָׁרְשָׁם֙ בַּעֲמָלֵ֔ק אַחֲרֶ֥יךָ בִנְיָמִ֖ין בַּֽעֲמָמֶ֑יךָ מִנִּ֣י מָכִ֗יר יָֽרְדוּ֙ מְחֹ֣קְקִ֔ים וּמִ֨זְּבוּלֻ֔ן מֹשְׁכִ֖ים בְּשֵׁ֥בֶט סֹפֵֽר׃
15 ၁၅ ဣသခါ မင်း တို့သည်လည်း ၊ ဒေဗောရ ၌ ပါ၍ ဣသခါ အမျိုးသည် ဗာရက် ၏ လက်ရုံးဖြစ်၏။ ဗာရက် နောက် မှာ ချိုင့် ထဲ သို့ ပြေးလိုက်ကြ၏။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး ပြဌာန်း ခြင်း များ ကြ၏။
וְשָׂרַ֤י בְּיִשָּׂשכָר֙ עִם־דְּבֹרָ֔ה וְיִשָּׂשכָר֙ כֵּ֣ן בָּרָ֔ק בָּעֵ֖מֶק שֻׁלַּ֣ח בְּרַגְלָ֑יו בִּפְלַגּ֣וֹת רְאוּבֵ֔ן גְּדֹלִ֖ים חִקְקֵי־לֵֽב׃
16 ၁၆ နောက်တဖန်သင်သည် သိုး မြည်သံ ကို နားထောင် ခြင်းငှါ တောင် ကြား မှာ အဘယ်ကြောင့် ထိုင် နေသနည်း။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တို ခြင်းများ ကြသည်တကား။
לָ֣מָּה יָשַׁ֗בְתָּ בֵּ֚ין הַֽמִּשְׁפְּתַ֔יִם לִשְׁמֹ֖עַ שְׁרִק֣וֹת עֲדָרִ֑ים לִפְלַגּ֣וֹת רְאוּבֵ֔ן גְּדוֹלִ֖ים חִקְרֵי־לֵֽב׃
17 ၁၇ ဂိလဒ် ပြည်သားတို့သည် ယော်ဒန် မြစ်တစ်ဘက် ၌ ငြိမ်ဝပ်စွာနေ ကြ၏။ ဒန် အမျိုးသည် သင်္ဘော ဆိပ် အနားမှာ အဘယ်ကြောင့် နေ ရစ်သနည်း။ အာရှာ အမျိုးသည်လည်း ပင်လယ် ကမ်းနား သင်္ဘောဆိုက်ရာ ကွေ့ တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာနေ သည်တကား။
גִּלְעָ֗ד בְּעֵ֤בֶר הַיַּרְדֵּן֙ שָׁכֵ֔ן וְדָ֕ן לָ֥מָּה יָג֖וּר אֳנִיּ֑וֹת אָשֵׁ֗ר יָשַׁב֙ לְח֣וֹף יַמִּ֔ים וְעַ֥ל מִפְרָצָ֖יו יִשְׁכּֽוֹן׃
18 ၁၈ ဇာဗုလုန် အမျိုး သည် အသက် ကို စွန့်စား သည်တိုင်အောင်ရဲရင့်၍ နဿလိ အမျိုးသည် မြင့် သော တော အရပ်၌ ထိုနည်းတူပြု၏။
זְבֻל֗וּן עַ֣ם חֵרֵ֥ף נַפְשׁ֛וֹ לָמ֖וּת וְנַפְתָּלִ֑י עַ֖ל מְרוֹמֵ֥י שָׂדֶֽה׃
19 ၁၉ ရှင်ဘုရင် တို့သည် လာ ၍ စစ်တိုက် ကြ၏။ ခါနနိ ရှင်ဘုရင် တို့သည် မေဂိဒ္ဒေါ အိုင် ၊ တာနက် မြို့အနား မှာ တိုက် သော်လည်း၊ ငွေ ကို လုယူ ၍ မ ရ ကြ။
בָּ֤אוּ מְלָכִים֙ נִלְחָ֔מוּ אָ֤ז נִלְחֲמוּ֙ מַלְכֵ֣י כְנַ֔עַן בְּתַעְנַ֖ךְ עַל־מֵ֣י מְגִדּ֑וֹ בֶּ֥צַע כֶּ֖סֶף לֹ֥א לָקָֽחוּ׃
20 ၂၀ ကောင်းကင် မှ စစ်ကူ ကြ၏။ ကြယ် တို့သည် လှည့်ပတ် စဉ်အခါသိသရ ကို စစ်တိုက် ကြ၏။
מִן־שָׁמַ֖יִם נִלְחָ֑מוּ הַכּֽוֹכָבִים֙ מִמְּסִלּוֹתָ֔ם נִלְחֲמ֖וּ עִם־סִיסְרָֽא׃
21 ၂၁ ကိရှုန် မြစ် ၊ စစ်မှုကြောင့် ကျော်စောသောမြစ် ၊ ကိရှုန် မြစ် သည် ရန်သူ တို့ကို ပယ် သွား၏။ အိုငါ့ ဝိညာဉ် ၊ သင်သည် ခွန်အားကြီး သောသူကို နှိပ် နင်းပြီ။
נַ֤חַל קִישׁוֹן֙ גְּרָפָ֔ם נַ֥חַל קְדוּמִ֖ים נַ֣חַל קִישׁ֑וֹן תִּדְרְכִ֥י נַפְשִׁ֖י עֹֽז׃
22 ၂၂ ထိုအခါ မြင်းစီးသူရဲ တို့သည် မြင်း ကို နှင် လျက် နှင် လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာ နှင့် ထိခိုက် လျက် ပြေးကြ၏။
אָ֥ז הָלְמ֖וּ עִקְּבֵי־ס֑וּס מִֽדַּהֲר֖וֹת דַּהֲר֥וֹת אַבִּירָֽיו׃
23 ၂၃ မေရောဇမြို့သားတို့သည် ထာဝရ ဘုရားဘက်၊ စစ်သူရဲ တို့နှင့် ဝိုင်း၍ ထာဝရ ဘုရားဘက်သို့ မ ကူ ကြသောကြောင့် ၊ မေရောဇ မြို့ကို ကျိန် ကြလော့။ မြို့ သားတို့ကို ပြင်းစွာကျိန် ကြလော့ဟု ထာဝရဘုရား ၏ကောင်းကင်တမန် သည် မှာ ထား၏။
א֣וֹרוּ מֵר֗וֹז אָמַר֙ מַלְאַ֣ךְ יְהוָ֔ה אֹ֥רוּ אָר֖וֹר יֹשְׁבֶ֑יהָ כִּ֤י לֹֽא־בָ֙אוּ֙ לְעֶזְרַ֣ת יְהוָ֔ה לְעֶזְרַ֥ת יְהוָ֖ה בַּגִּבּוֹרִֽים׃
24 ၂၄ ကေနိ အမျိုးသားဟေဗာ ၏မယား ယေလ သည်၊ မိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။ တဲ ၌ နေသောမိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။
תְּבֹרַךְ֙ מִנָּשִׁ֔ים יָעֵ֕ל אֵ֖שֶׁת חֶ֣בֶר הַקֵּינִ֑י מִנָּשִׁ֥ים בָּאֹ֖הֶל תְּבֹרָֽךְ׃
25 ၂၅ ထိုသူသည် ရေ ကို တောင်း ၍ ယေလသည် နို့ ကိုပေး ၏။ မင်း သုံးသော ဖလား နှင့် နို့ဓမ်း ကို ဆက် လေ၏။
מַ֥יִם שָׁאַ֖ל חָלָ֣ב נָתָ֑נָה בְּסֵ֥פֶל אַדִּירִ֖ים הִקְרִ֥יבָה חֶמְאָֽה׃
26 ၂၆ တဲတံသင် ကို ယူ ၍ လက်ျာ လက်နှင့် လက်ရိုက် ကို ကိုင်လျက် သိသရ ကို ရိုက် လေ၏။ သူ ၏ ခေါင်း ကို ထိုး ရိုက်၍ နားပန်း ကို ထုတ်ချင်း ခွင်းဖောက် လေ၏။
יָדָהּ֙ לַיָּתֵ֣ד תִּשְׁלַ֔חְנָה וִֽימִינָ֖הּ לְהַלְמ֣וּת עֲמֵלִ֑ים וְהָלְמָ֤ה סִֽיסְרָא֙ מָחֲקָ֣ה רֹאשׁ֔וֹ וּמָחֲצָ֥ה וְחָלְפָ֖ה רַקָּתֽוֹ׃
27 ၂၇ သူသည် ယေလ ခြေရင်း ၌ ကျ ၍ လဲ လျက် တုံးလုံးနေ၏။ ခြေရင်း ၌ ကျ လဲ ၍ ကျ ရာအရပ် ၌ သေ လျက် လဲ နေ၏။
בֵּ֣ין רַגְלֶ֔יהָ כָּרַ֥ע נָפַ֖ל שָׁכָ֑ב בֵּ֤ין רַגְלֶ֙יהָ֙ כָּרַ֣ע נָפָ֔ל בַּאֲשֶׁ֣ר כָּרַ֔ע שָׁ֖ם נָפַ֥ל שָׁדֽוּד׃
28 ၂၈ သိသရ အမိ သည် ပြတင်းပေါက် ဝဖြင့် ကြည့် ၍ ကုလားကာ အတွင်း ၌ နေလျက်၊ သူ ၏ ရထား သည် အဘယ်ကြောင့် လာ ခဲ သနည်း။ ရထား ဘီး တို့သည် အဘယ်ကြောင့် နှေး သနည်းဟု မြည်တမ်း လေ၏။
בְּעַד֩ הַחַלּ֨וֹן נִשְׁקְפָ֧ה וַתְּיַבֵּ֛ב אֵ֥ם סִֽיסְרָ֖א בְּעַ֣ד הָֽאֶשְׁנָ֑ב מַדּ֗וּעַ בֹּשֵׁ֤שׁ רִכְבּוֹ֙ לָב֔וֹא מַדּ֣וּעַ אֶֽחֱר֔וּ פַּעֲמֵ֖י מַרְכְּבוֹתָֽיו׃
29 ၂၉ ပညာရှိ သော မင်းသမီး တို့သည် ပြန် လျှောက်သည်သာမက ၊ သူ့ကိုယ်တိုင်ပြန် ပြောသည်ကား၊
חַכְמ֥וֹת שָׂרוֹתֶ֖יהָ תַּעֲנֶ֑ינָּה אַף־הִ֕יא תָּשִׁ֥יב אֲמָרֶ֖יהָ לָֽהּ׃
30 ၃၀ သူတို့သည် တွေ့ ၍ရသောဥစ္စာ ကို ဝေဖန် လျက် နေကြသည်မဟုတ် လော။ စစ်သူရဲ တို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရ ဘို့ ပန်းဆိုးသော အဝတ် ၊ ပန်းဆိုး၍ ချယ်လှယ် သော အဝတ် တန်ဆာ၊ အောင် သောသူတို့၏ လည်ပင်း ၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ် လျက် အဆင်းအရောင်ထူးခြားသော အဝတ် တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
הֲלֹ֨א יִמְצְא֜וּ יְחַלְּק֣וּ שָׁלָ֗ל רַ֤חַם רַחֲמָתַ֙יִם֙ לְרֹ֣אשׁ גֶּ֔בֶר שְׁלַ֤ל צְבָעִים֙ לְסִ֣יסְרָ֔א שְׁלַ֥ל צְבָעִ֖ים רִקְמָ֑ה צֶ֥בַע רִקְמָתַ֖יִם לְצַוְּארֵ֥י שָׁלָֽל׃
31 ၃၁ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ အပေါင်း တို့သည် ထိုသို့ ပျက်စီး ခြင်းသို့ ရောက်ကြပါစေသော။ ထာဝရ ဘုရားကို ချစ် သောသူတို့သည် အရှိန် တန်ခိုးနှင့် ထွက် သွားသော နေ မင်းကဲ့သို့ ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။
כֵּ֠ן יֹאבְד֤וּ כָל־אוֹיְבֶ֙יךָ֙ יְהוָ֔ה וְאֹ֣הֲבָ֔יו כְּצֵ֥את הַשֶּׁ֖מֶשׁ בִּגְבֻרָת֑וֹ וַתִּשְׁקֹ֥ט הָאָ֖רֶץ אַרְבָּעִ֥ים שָׁנָֽה׃ פ

< တရားသူကြီးမှတ်စာ 5 >