< တရားသူကြီးမှတ်စာ 5 >

1 ထို နေ့ ၌ ဒေဗောရ နှင့် အဘိနောင် ၏ သား ဗာရက် တို့ဆို သော သီချင်းစကားဟူမူကား၊
A wannan rana ce Debora da Barak ɗan Abinowam suka rera wannan waƙa.
2 ဣသရေလ အမျိုး၌ မင်း တို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကိုလှူ သောကြောင့်၎င်း၊ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
“Sa’ad da’ya’yan sarki a Isra’ila suka yi jagora, sa’ad da mutane suka niyya su ba da kansu, suna yabon Ubangiji!
3 အိုရှင်ဘုရင် တို့ ကြား ကြလော့။ အိုမင်းသား တို့ နားထောင် ကြလော့။ ငါသီချင်းဆို မည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း မည်။
“Ya sarakuna, ku ji! Ku saurara, ku masu mulki! Zan yi waƙa ga Ubangiji, zan yi waƙa; zan yi kaɗe-kaɗe ga Ubangiji, Allah na Isra’ila.
4 အိုထာဝရဘုရား ၊ ကိုယ်တော် သည် စိရ တောင်ရိုးပေါ်မှ ကြွ ၍ ဧဒုံ တော မှ စစ်ချီ တော်မူသောအခါ ၊ မြေကြီး လှုပ် ၍ မိုဃ်း ရွာသဖြင့် မိုဃ်းတိမ် တို့မှ မိုဃ်းရေ သည် စီး ပါ၏။
“Ya Ubangiji, sa’ad da ka bar Seyir, sa’ad da ka yi tafiya daga ƙasar Edom, ƙasa ta girgiza, sammai suka zubo, gizagizai sun zubo da ruwa.
5 တောင်ရိုး တို့သည် ထာဝရဘုရား ရှေ့ တော်၌ ၎င်း၊ သိနာ တောင်သည်လည်း ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ၎င်း တုန်လှုပ် ပါ၏။
Duwatsu suka girgizu a gaban Ubangiji, Wannan na Sinai, a gaban Ubangiji, Allah na Isra’ila.
6 အာနတ် သား ရှံဂါ မင်းလက်ထက် ၌ ၎င်း၊ ယေလ မင်းလက်ထက် ၌ ၎င်း၊ လမ်းမ တို့သည် ဆိတ်ညံ လျက် ရှိ၍ ခရီးသွား သောသူတို့သည် လမ်းကြားတို့၌ လိုက် သွားရကြ၏။
“A zamanin Shamgar ɗan Anat, a zamanin Yayel, an yashe dukan hanyoyi; matafiye suka bi hanyoyin da suka yi kona-kona.
7 ဣသရေလ အမျိုး၌ မင်းဆက်ပြတ် လျက်ရှိ၏။ ငါဒေဗောရ သည် မပေါ် ၊ ငါသည် ဣသရေလ အမျိုး၌ အမိ မပေါ်ထွန်း မှီတိုင်အောင် မင်းဆက်ပြတ် လျက် ရှိ၏။
Rayuwar ƙauye a Isra’ila ta daina, ta daina sai da ni, Debora, na taso, na taso mahaifiya a Isra’ila.
8 ဣသရေလအမျိုးသားတို့သည် ဘုရား သစ် တို့ကို ရွေး ယူကြ၏။ ထိုအခါ သူတို့မြို့ များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလ အမျိုးသားလေးသောင်း တွင် ဒိုင်းလွှား တခု၊ လှံ တစင်းမျှ မရှိ။
Sa’ad da suka zaɓi sababbin alloli, sai ga yaƙi a ƙofofin birnin, ba a kuwa ga garkuwa ko māshi a cikin mutum dubu arba’in a Isra’ila ba.
9 စေတနာစိတ်ရှိ၍ ဆင်းရဲသား တို့တွင် မိမိကိုယ်ကို လှူ သော ဣသရေလ အမျိုး မင်း တို့အား ငါ စိတ် နူးညွတ်၏။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Zuciyata tana tare da’ya’yan sarakunan Isra’ila, tare da masu niyyar ba da kansu da yardan rai cikin mutane. Yabo ya tabbata ga Ubangiji!
10 ၁၀ ဖြူ သော မြည်း ကို စီး သောသူ၊ တရားမှု ကို စီရင် သောသူ၊ လမ်း ၌ သွား သောသူတို့၊
“Ku da kuke hawan fararen jakuna, kuna zama a sirdin barguna, da ku da kuke tafiya a kan hanya, ku kula
11 ၁၁ ရေကျင်း များအနား မှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံ ကိုကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား ၏ တရား သောအမှု၊ ဣသရေလ မြို့ရွာတို့၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထို အရပ်တို့တွင် ချီးမွမ်း ကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား ၏ လူ တို့သည် မိမိတို့နေသောမြို့ သို့ ပြန် သွားကြလိမ့်မည်။
da muryoyin mawaƙa a wuraren ruwaye. Suna faɗi ayyukan adalcin Ubangiji, ayyukan adalcin mayaƙansa a Isra’ila. “Sa’an nan mutanen Ubangiji suka gangara zuwa ƙofofin birni.
12 ၁၂ နိုး ပါ၊ နိုး ပါ၊ ဒေဗောရ ။ နိုး ပါ၊ နိုး ပါ၊ သီချင်း ဆို ပါ၊ အိုဗာရက် ၊ ထ ပါ၊ အဘိနောင် သား ၊ သင် ဘမ်းဆီး ချုပ် ထားသောသူတို့ကို ထုတ်ပြပါ။
‘Ki farka, ki farka, Debora! Ki farka, ki farka, ki tā da waƙa! Ka farka, ya Barak! Ka ta sa kamammunka gaba, ya ɗan Abinowam.’
13 ၁၃ ထိုအခါ ကျန်ကြွင်း သောသူတို့သည် သူရဲကြီး တို့ထံသို့ ဆင်း ကြ၏။ ထာဝရဘုရား ၏လူ တို့သည် အစွမ်း တန်ခိုးကြီးသောသူတို့ထံသို့ ငါ့ အဘို့ ဆင်း ကြ၏။
“Sa’an nan waɗanda aka bari suka sauko zuwa wajen shugabanni; mutane na Ubangiji suka zo wurina tare da masu ƙarfi.
14 ၁၄ အာမလက် လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ် ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန် အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရ အမျိုးထဲက မင်းများ၊ ဇာဗုလုန် အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာ ကြ၏။
Waɗansu suka zo daga Efraim, waɗanda ainihinsu daga Amalek ne; Benyamin yana tare da mutanen da suka bi ka. Daga Makir, shugabannin sojoji suka gangaro, daga Zebulun waɗanda suke riƙe da sandan komanda suka fito.
15 ၁၅ ဣသခါ မင်း တို့သည်လည်း ၊ ဒေဗောရ ၌ ပါ၍ ဣသခါ အမျိုးသည် ဗာရက် ၏ လက်ရုံးဖြစ်၏။ ဗာရက် နောက် မှာ ချိုင့် ထဲ သို့ ပြေးလိုက်ကြ၏။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး ပြဌာန်း ခြင်း များ ကြ၏။
’Ya’yan sarautar Issakar suna tare da Debora; I, Issakar yana tare da Barak, yana binsa a guje zuwa kwari. A yankunan Ruben aka kuma bincike zuciya sosai.
16 ၁၆ နောက်တဖန်သင်သည် သိုး မြည်သံ ကို နားထောင် ခြင်းငှါ တောင် ကြား မှာ အဘယ်ကြောင့် ထိုင် နေသနည်း။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တို ခြင်းများ ကြသည်တကား။
Don me kuka tsaya a wutar sansani don ku ji makiyaya suna kiran garkuna? A yankunan Ruben aka yi bincike zuciya sosai.
17 ၁၇ ဂိလဒ် ပြည်သားတို့သည် ယော်ဒန် မြစ်တစ်ဘက် ၌ ငြိမ်ဝပ်စွာနေ ကြ၏။ ဒန် အမျိုးသည် သင်္ဘော ဆိပ် အနားမှာ အဘယ်ကြောင့် နေ ရစ်သနည်း။ အာရှာ အမျိုးသည်လည်း ပင်လယ် ကမ်းနား သင်္ဘောဆိုက်ရာ ကွေ့ တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာနေ သည်တကား။
Gileyad ya tsaya gaban Urdun. Kai kuma Dan, don me ka ka yi ta zama a wajen jiragen ruwa? Asher ya ci gaba da kasance a bakin teku ya kasance a wuraren zamansa.
18 ၁၈ ဇာဗုလုန် အမျိုး သည် အသက် ကို စွန့်စား သည်တိုင်အောင်ရဲရင့်၍ နဿလိ အမျိုးသည် မြင့် သော တော အရပ်၌ ထိုနည်းတူပြု၏။
Mutanen Zebulun sun kasai da rayukansu; haka ma Naftali a bakin dāgā.
19 ၁၉ ရှင်ဘုရင် တို့သည် လာ ၍ စစ်တိုက် ကြ၏။ ခါနနိ ရှင်ဘုရင် တို့သည် မေဂိဒ္ဒေါ အိုင် ၊ တာနက် မြို့အနား မှာ တိုက် သော်လည်း၊ ငွေ ကို လုယူ ၍ မ ရ ကြ။
“Sarakuna suka zo, suka yi yaƙi; sarakunan Kan’ana sun yi yaƙi a Ta’anak a gefen ruwan Megiddo, amma ba su ɗauki azurfa, ko ganima ba.
20 ၂၀ ကောင်းကင် မှ စစ်ကူ ကြ၏။ ကြယ် တို့သည် လှည့်ပတ် စဉ်အခါသိသရ ကို စစ်တိုက် ကြ၏။
Daga sama taurari suka yi faɗa, daga bakin tekuna suka yi yaƙi da Sisera.
21 ၂၁ ကိရှုန် မြစ် ၊ စစ်မှုကြောင့် ကျော်စောသောမြစ် ၊ ကိရှုန် မြစ် သည် ရန်သူ တို့ကို ပယ် သွား၏။ အိုငါ့ ဝိညာဉ် ၊ သင်သည် ခွန်အားကြီး သောသူကို နှိပ် နင်းပြီ။
Kogin Kishon ya kwashe su, tsohon kogi, kogin Kishon. Ci gaba raina; ka ƙarfafa!
22 ၂၂ ထိုအခါ မြင်းစီးသူရဲ တို့သည် မြင်း ကို နှင် လျက် နှင် လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာ နှင့် ထိခိုက် လျက် ပြေးကြ၏။
Sa’an nan kofatan dawakai suka ƙwaƙula, suna sukuwa, haka dawakansa masu ƙarfi suke tafiya.
23 ၂၃ မေရောဇမြို့သားတို့သည် ထာဝရ ဘုရားဘက်၊ စစ်သူရဲ တို့နှင့် ဝိုင်း၍ ထာဝရ ဘုရားဘက်သို့ မ ကူ ကြသောကြောင့် ၊ မေရောဇ မြို့ကို ကျိန် ကြလော့။ မြို့ သားတို့ကို ပြင်းစွာကျိန် ကြလော့ဟု ထာဝရဘုရား ၏ကောင်းကင်တမန် သည် မှာ ထား၏။
Mala’ikan Ubangiji ya ce, ‘Ka la’anci Meroz.’ ‘Ka la’anci mutanensa sosai, domin ba su kawo wa Ubangiji taimako ba, su kawo wa Ubangiji taimako a kan masu ƙarfi ba.’
24 ၂၄ ကေနိ အမျိုးသားဟေဗာ ၏မယား ယေလ သည်၊ မိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။ တဲ ၌ နေသောမိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။
“Mafi albarka a ciki mata ta zama Yayel matar Heber Bakene, mafi albarka na mata masu zama a alfarma.
25 ၂၅ ထိုသူသည် ရေ ကို တောင်း ၍ ယေလသည် နို့ ကိုပေး ၏။ မင်း သုံးသော ဖလား နှင့် နို့ဓမ်း ကို ဆက် လေ၏။
Ya nemi ruwa, ta kuwa ta ba shi madara; a ƙwaryar da ta dace da sarakuna ta kawo masa kindirmo.
26 ၂၆ တဲတံသင် ကို ယူ ၍ လက်ျာ လက်နှင့် လက်ရိုက် ကို ကိုင်လျက် သိသရ ကို ရိုက် လေ၏။ သူ ၏ ခေါင်း ကို ထိုး ရိုက်၍ နားပန်း ကို ထုတ်ချင်း ခွင်းဖောက် လေ၏။
Hannunta ya ɗauki turken tenti, da hannunta na dama ta ɗauko guduma. Ta bugi Sisera, ta ragargaza kansa, ta ragargaza ta huda kunnensa.
27 ၂၇ သူသည် ယေလ ခြေရင်း ၌ ကျ ၍ လဲ လျက် တုံးလုံးနေ၏။ ခြေရင်း ၌ ကျ လဲ ၍ ကျ ရာအရပ် ၌ သေ လျက် လဲ နေ၏။
A ƙafafunta ya fāɗi, ya fāɗi; a can ya kwanta. A ƙafafunta ya fāɗi, ya fāɗi; a can ya fāɗi, matacce.
28 ၂၈ သိသရ အမိ သည် ပြတင်းပေါက် ဝဖြင့် ကြည့် ၍ ကုလားကာ အတွင်း ၌ နေလျက်၊ သူ ၏ ရထား သည် အဘယ်ကြောင့် လာ ခဲ သနည်း။ ရထား ဘီး တို့သည် အဘယ်ကြောင့် နှေး သနည်းဟု မြည်တမ်း လေ၏။
“Ta taga mahaifiyar Sisera ta leƙa; a bayan madogarar ƙofa ta yi ta ihu, ‘Me ya sa keken yaƙinsa ta daɗe ba tă dawo ba? Me ya sa dawakan keken yaƙinsa ba su dawo da wuri ba?’
29 ၂၉ ပညာရှိ သော မင်းသမီး တို့သည် ပြန် လျှောက်သည်သာမက ၊ သူ့ကိုယ်တိုင်ပြန် ပြောသည်ကား၊
Mafi hikima cikin’yan matanta suka amsa mata, tabbatacce, ta ci gaba ta ce wa kanta,
30 ၃၀ သူတို့သည် တွေ့ ၍ရသောဥစ္စာ ကို ဝေဖန် လျက် နေကြသည်မဟုတ် လော။ စစ်သူရဲ တို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရ ဘို့ ပန်းဆိုးသော အဝတ် ၊ ပန်းဆိုး၍ ချယ်လှယ် သော အဝတ် တန်ဆာ၊ အောင် သောသူတို့၏ လည်ပင်း ၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ် လျက် အဆင်းအရောင်ထူးခြားသော အဝတ် တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
‘Ba nema suke su raba ganima ba, yarinya guda ko biyu wa kowane mutum, riguna masu launi a matsayin ganima don Sisera, riguna masu ado, riguna masu ado sosai don wuyata, dukan wannan a matsayin ganima?’
31 ၃၁ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ အပေါင်း တို့သည် ထိုသို့ ပျက်စီး ခြင်းသို့ ရောက်ကြပါစေသော။ ထာဝရ ဘုရားကို ချစ် သောသူတို့သည် အရှိန် တန်ခိုးနှင့် ထွက် သွားသော နေ မင်းကဲ့သို့ ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။
“Ta haka bari dukan abokan gābanka su hallaka, ya Ubangiji! Amma bari waɗanda suke ƙaunarka su zama kamar rana sa’ad da ta fito da ƙarfinta.” Sa’an nan ƙasar ta sami zaman lafiya shekara arba’in.

< တရားသူကြီးမှတ်စာ 5 >