< တရားသူကြီးမှတ်စာ 20 >

1 ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဂိလဒ် ပြည် သားတို့နှင့်တကွ ထ လျက် ၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ပရိသတ် အပေါင်းတို့သည် တယောက် သောသူ ကဲ့သို့ မိဇပါ မြို့၊ ထာဝရဘုရား ထံ တော်၌ စည်းဝေး ကြ၏။
Then all the children of Israel went out, and the congregation was assembled as one man, from Dan even to Beersheba, with the land of Gilead, to the LORD at Mizpah.
2 ဣသရေလ အမျိုး အနွယ်အပေါင်း ၊ ပြည်သား အပေါင်း တို့၏ အကြီးအကဲတို့သည် စည်းဝေး ကြသော်၊ ဘုရား သခင်၏လူ ၊ ထား လက်နက်စွဲကိုင် သော ခြေသည် သူရဲ လေးသိန်း နှင့်တကွချဉ်းကပ် ကြ၏။
The chiefs of all the people, even of all the tribes of Israel, presented themselves in the assembly of the people of God, four hundred thousand footmen who drew sword.
3 ဣသရေလ အမျိုးသားတို့သည် မိဇပါ မြို့သို့ သွား ကြောင်း ကို ဗင်္ယာမိန် အမျိုးသားတို့သည် ကြား သိကြ၏။ ဣသရေလ အမျိုးသားတို့က၊ ထို အဓမ္မ အမှုကားအဘယ်သို့ နည်းဟု မေးမြန်း လျှင်၊
(Now the children of Benjamin heard that the children of Israel had gone up to Mizpah.) The children of Israel said, “Tell us, how did this wickedness happen?”
4 အသေ ခံရသောမိန်းမ ၏လင် လေဝိ လူ က၊ အကျွန်ုပ် သည် မယားငယ် နှင့်အတူ လာ ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေပါ၏။
The Levite, the husband of the woman who was murdered, answered, “I came into Gibeah that belongs to Benjamin, I and my concubine, to spend the night.
5 ညဉ့် အခါ ဂိဗာ မြို့သား တို့သည် ထ ၍ အကျွန်ုပ် တည်းခိုသောအိမ် ကို ဝိုင်း လျက်၊ အကျွန်ုပ် ကို တိုက်သတ် မည် အားထုတ် ကြပါ၏။ မယားငယ် သေ သည်တိုင်အောင်ရှုတ်ချ ကြပါ၏။
The men of Gibeah rose against me, and surrounded the house by night. They intended to kill me and they raped my concubine, and she is dead.
6 အကျွန်ုပ် သည်လည်း မယားငယ် အကောင်ကိုယူ ၍ အပိုင်းပိုင်းဖြတ် ပြီးမှ ၊ ဣသရေလ အမျိုး အမွေခံ ရာ ပြည် တရှောက်လုံး သို့ ပေး လိုက်ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မ အမှုကို ပြု ကြပါပြီ။
I took my concubine and cut her in pieces, and sent her throughout all the country of the inheritance of Israel; for they have committed lewdness and folly in Israel.
7 သင် တို့ရှိသမျှ သည် ဣသရေလ အမျိုး ဖြစ်ကြပါ၏။ ဤ အရပ်၌ တိုင်ပင် စီရင် ကြပါလော့ဟု ပြောဆို လေ၏။
Behold, you children of Israel, all of you, give here your advice and counsel.”
8 လူ အပေါင်း တို့သည် တယောက် သောသူ ကဲ့သို့ ထ ၍ ငါတို့သည် တယောက်မျှ မိမိ တဲ သို့ မ သွား ၊ မိမိ အိမ် သို့ မ ပြန်။
All the people arose as one man, saying, “None of us will go to his tent, neither will any of us turn to his house.
9 ဂိဗာ မြို့၌ အဘယ်သို့ပြု မည်နည်း ဟူမူကား ၊ စာရေးတံ ချ၍ အတိုက်သွားမည်။
But now this is the thing which we will do to Gibeah: we will go up against it by lot;
10 ၁၀ ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့သားတို့သည်၊ ဣသရေလ အမျိုးတို့၌ ပြု သမျှသော အဓမ္မ အမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက် ၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူ တို့စားစရိတ် ကို ပို့ စေခြင်းငှါ ဣသရေလ အမျိုး အနွယ်အပေါင်း တို့၌ လူ တရာ တွင် တဆယ် ၊ တထောင် တွင် တရာ ၊ တသောင်း တွင် တထောင် တို့ကို ရွေးကောက် ကြကုန်အံ့ဟု ဆို လျက်၊
and we will take ten men of one hundred throughout all the tribes of Israel, and one hundred of one thousand, and a thousand out of ten thousand to get food for the people, that they may do, when they come to Gibeah of Benjamin, according to all the folly that the men of Gibeah have done in Israel.”
11 ၁၁ ဣသရေလ အမျိုးသား အပေါင်း တို့သည် ဂိဗာမြို့ တဘက်၌ စည်းဝေး ၍ တယောက် သောသူ ကဲ့သို့ သင်း ဖွဲ့လျက်နေကြ၏။
So all the men of Israel were gathered against the city, knit together as one man.
12 ၁၂ ဣသရေလ အမျိုးသား တို့သည်၊ ဗင်္ယာမိန် ခရိုင်တရှောက်လုံး သို့ စေလွှတ် ၍၊ သင် တို့တွင် ပြု သော ဤ အဓမ္မ အမှုကား အဘယ်သို့ နည်း။
The tribes of Israel sent men through all the tribe of Benjamin, saying, “What wickedness is this that has happened among you?
13 ၁၃ ယခု မှာ ဂီဗာ မြို့၌ ရှိသော ထိုအဓမ္မ လူ တို့ကို ငါတို့ယူ၍ သတ် သဖြင့် ဣသရေလ အမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှား မည်အကြောင်းထိုလူတို့ကိုအပ် ကြပါဟု မှာ လိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလ အမျိုးသားတို့စကား ကို နား မ ထောင်ဘဲ၊
Now therefore deliver up the men, the wicked fellows who are in Gibeah, that we may put them to death and put away evil from Israel.” But Benjamin would not listen to the voice of their brothers, the children of Israel.
14 ၁၄ ထိုအမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ အမြို့ မြို့အရွာရွာက ထွက် ၍ ဂိဗာ မြို့၌ စည်းဝေး ကြ၏။
The children of Benjamin gathered themselves together out of the cities to Gibeah, to go out to battle against the children of Israel.
15 ၁၅ ထိုအခါ ဂိဗာ မြို့သား ယောက်ျား ကောင်း ခုနစ် ရာ မှတပါး အမြို့ မြို့အရွာရွာက လာ သော ဗင်္ယာမိန် အမျိုးသား အရေအတွက်ကား၊ ထား လက်နက်စွဲကိုင် သောသူ နှစ်သောင်း ခြောက်ထောင်တည်း။
The children of Benjamin were counted on that day out of the cities twenty-six thousand men who drew the sword, in addition to the inhabitants of Gibeah, who were counted seven hundred chosen men.
16 ၁၆ ထို လူ အပေါင်း တို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည် တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ် နိုင်သော ယောက်ျား ကောင်း ခုနှစ် ရာ ပါသတည်း။
Among all these soldiers there were seven hundred chosen men who were left-handed. Every one of them could sling a stone at a hair and not miss.
17 ၁၇ ဗင်္ယာမိန် အမျိုးသားမှတပါး ထား လက်နက်စွဲကိုင် ၍ စစ်သူရဲ ဖြစ်သော ဣသရေလ အမျိုးသား အရေအတွက်ကား လေးသိန်း တည်း။
The men of Israel, besides Benjamin, were counted four hundred thousand men who drew sword. All these were men of war.
18 ၁၈ ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်၏ အိမ်တော်သို့ ထ ၍ သွား ပြီးလျှင် ၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ဗင်္ယာမိန် အမျိုးကို အဦး ချီ သွားရပါမည်နည်းဟု ဘုရား သခင်ထံတော်၌ မေး လျှောက်ကြသော် ၊ ထာဝရဘုရား က၊ ယုဒ သည် အဦး ချီသွားရမည်ဟု မိန့် တော်မူ၏။
The children of Israel arose, went up to Bethel, and asked counsel of God. They asked, “Who shall go up for us first to battle against the children of Benjamin?” The LORD said, “Judah first.”
19 ၁၉ နံနက် စောစောဣသရေလ အမျိုးသားတို့သည် ထ ၍ ဂိဗာ မြို့အနား ၌ တပ်ချ ပြီးမှ၊
The children of Israel rose up in the morning and encamped against Gibeah.
20 ၂၀ ဗင်္ယာမိန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ဂိဗာ မြို့ရှေ့ မှာ စစ် ခင်းကျင်း လျက် နေကြ၏။
The men of Israel went out to battle against Benjamin; and the men of Israel set the battle in array against them at Gibeah.
21 ၂၁ ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ၊ ထို နေ့ တွင် ဣသရေလ လူ တသောင်း နှစ်ထောင်တို့ကို မြေ ပေါ် မှာ လှဲ ၍ သတ်ကြ၏။
The children of Benjamin came out of Gibeah, and on that day destroyed twenty-two thousand of the Israelite men down to the ground.
22 ၂၂ သို့ရာတွင် ဣသရေလ အမျိုးသားတို့သည် ရဲရင့် သောစိတ်ကိုယူ၍ ပဌမ နေ့ တွင် စစ်ခင်းကျင်း သော အရပ် ၌ တဖန် ခင်းကျင်း ကြ၏။
The people, the men of Israel, encouraged themselves, and set the battle again in array in the place where they set themselves in array the first day.
23 ၂၃ ထာဝရဘုရား ထံ တော်သို့ သွား ၍ ညဦး ယံတိုင်အောင် ငိုကြွေး လျက် ၊ အကျွန်ုပ် တို့ညီ ဗင်္ယာမိန် အမျိုးသားတို့ကို တဖန် စစ်တိုက် ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က ချီ သွားကြလော့ဟု မိန့် တော်မူ၏။
The children of Israel went up and wept before the LORD until evening; and they asked of the LORD, saying, “Shall I again draw near to battle against the children of Benjamin my brother?” The LORD said, “Go up against him.”
24 ၂၄ ဒုတိယ နေ့ တွင် ဣသရေလ အမျိုးသားတို့သည် ဗင်္ယာမိန် အမျိုးတို့အနီးသို့ ချဉ်း ကြသောအခါ၊
The children of Israel came near against the children of Benjamin the second day.
25 ၂၅ ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ၊ ထား လက်နက်စွဲကိုင် သော ဣသရေလ လူတသောင်း ရှစ်ထောင်တို့ကို မြေ ပေါ် ၌ လှဲ ၍ သတ်ကြ၏။
Benjamin went out against them out of Gibeah the second day, and destroyed down to the ground of the children of Israel again eighteen thousand men. All these drew the sword.
26 ၂၆ ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ၍ ငိုကြွေး လျက် ၊ ထာဝရဘုရား ထံ တော်၌ ဝပ် လျက် ၊ တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
Then all the children of Israel and all the people went up, and came to Bethel, and wept, and sat there before the LORD, and fasted that day until evening; then they offered burnt offerings and peace offerings before the LORD.
27 ၂၇ ထို ကာလ ၌ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ပါလျက်၊ အာရုန် ၏သား ဖြစ်သော ဧလာဇာ ၏ သား ဖိနဟတ် သည်၊ သေတ္တာ တော်ရှေ့ မှာ အမှု စောင့်သည် ဖြစ်၍၊
The children of Israel asked the LORD (for the ark of the covenant of God was there in those days,
28 ၂၈ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့ ညီ ဗင်္ယာမိန် အမျိုးသား တို့ကို တဖန် သွား ၍ တိုက်ရပါမည်လော၊ မ သွားဘဲနေရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က သွား ကြလော့။ နက်ဖြန် နေ့တွင် သူ တို့ကို သင် တို့လက် ၌ ငါအပ် မည်ဟု မိန့် တော်မူ၏။
and Phinehas, the son of Eleazar, the son of Aaron, stood before it in those days), saying, “Shall I yet again go out to battle against the children of Benjamin my brother, or shall I cease?” The LORD said, “Go up; for tomorrow I will deliver him into your hand.”
29 ၂၉ ဣသရေလ အမျိုးသားတို့သည် ဂိဗာ မြို့ပတ်လည် ၌ ကင်းစောင့် လူတို့ကို ထား ပြီးမှ၊
Israel set ambushes all around Gibeah.
30 ၃၀ တတိယ နေ့ တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီ သွား၍ ၊ ယမန် ကဲ့သို့ ဂိဗာ မြို့အနား၌ စစ် ခင်းကျင်းလျက် နေကြ၏။
The children of Israel went up against the children of Benjamin on the third day, and set themselves in array against Gibeah, as at other times.
31 ၃၁ ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက် ၍ မြို့ နှင့် ကွာ သွားကြ၏။ ဗေသလ မြို့သို့ သွား သောလမ်း ၊ ဂိဗာ တောရွာသို့ သွားသောလမ်းတွင် ယမန် ကဲ့သို့ ဣသရေလ အမျိုးသူရဲတို့ကို လုပ်ကြံ စ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။
The children of Benjamin went out against the people, and were drawn away from the city; and they began to strike and kill of the people as at other times, in the highways, of which one goes up to Bethel and the other to Gibeah, in the field, about thirty men of Israel.
32 ၃၂ ဗင်္ယာမိန် အမျိုးသားတို့က၊ သူ တို့သည် ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို သော်လည်း ၊ ဣသရေလ အမျိုးသားတို့က ပြေး ကြကုန်အံ့၊ သူ တို့ကို မြို့ နှင့် ဝေးသော လမ်း တို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆို လျက်၊
The children of Benjamin said, “They are struck down before us, as at the first.” But the children of Israel said, “Let’s flee, and draw them away from the city to the highways.”
33 ၃၃ ဣသရေလ လူအပေါင်း တို့သည် မိမိ တို့ နေရာ အရပ်မှ ထ ၍ ဗာလတာမာ မြို့၌ စစ်ခင်း ကြ၏။ ကင်းစောင့် လျက်နေသော ဣသရေလ လူတို့သည်လည်း မိမိ တို့နေရာ ဂိဗာ လွင်ပြင် မှ ထ ကြသဖြင့်၊
All the men of Israel rose up out of their place and set themselves in array at Baal Tamar. Then the ambushers of Israel broke out of their place, even out of Maareh Geba.
34 ၃၄ ဣသရေလ အမျိုးသားယောက်ျား ကောင်း တသောင်း တို့သည် ဂိဗာ မြို့သို့ ချီ လာ၍ ၊ ဗင်္ယာမိန် အမျိုးသားတို့သည် ဘေး ရောက် လုနီးသည်ကို မ ရိပ်မိ သောကြောင့်၊ ကျပ်တည်း စွာ ဆီး၍ တိုက် ကြ၏။
Ten thousand chosen men out of all Israel came over against Gibeah, and the battle was severe; but they did not know that disaster was close to them.
35 ၃၅ ထိုအခါ ထာဝရဘုရား သည် ဗင်္ယာမိန် လူတို့ကို ဣသရေလ လူတို့ရှေ့ မှာ ရှုံး စေတော်မူသဖြင့် ၊ ထို နေ့ တွင် ဣသရေလ လူတို့သည် ထား လက်နက်စွဲကိုင် သော ဗင်္ယာမိန် လူ နှစ်သောင်း ငါးထောင်တရာ တို့ကို ပယ်ရှင်း ကြ၏။
The LORD struck Benjamin before Israel; and the children of Israel destroyed of Benjamin that day twenty-five thousand one hundred men. All these drew the sword.
36 ၃၆ ဗင်္ယာမိန် အမျိုးသားတို့သည် မိမိတို့ ရှုံး သည်ကို သိမြင် ကြ၏။ ဣသရေ လူ တို့သည်၊ ဂိဗာ မြို့အနား၌ ထား သော ကင်း တပ်ကို ကိုးစား သောကြောင့် ၊ အစက ဗင်္ယာမိန် လူတို့ရှေ့ မှာ ဆုတ် ကြ၏။
So the children of Benjamin saw that they were struck, for the men of Israel yielded to Benjamin because they trusted the ambushers whom they had set against Gibeah.
37 ၃၇ ကင်း တပ်သားတို့သည် ဂိဗာ မြို့သို့ တဟုန်တည်း ပြေး ဝင်၍ အနှံ့အပြားတိုက် သဖြင့် တမြို့ လုံး ကို ထား နှင့် လုပ်ကြံ ကြ၏။
The ambushers hurried, and rushed on Gibeah; then the ambushers spread out, and struck all the city with the edge of the sword.
38 ၃၈ မြို့ ထဲမှာ ကြီးစွာ သော မီးခိုး တက် စေရမည်အကြောင်း ဣသရေလ လူ တို့သည် ကင်း စောင့်လူတို့အား အကြံ ပေးနှင့်ကြပြီဖြစ်၍၊
Now the appointed sign between the men of Israel and the ambushers was that they should make a great cloud of smoke rise up out of the city.
39 ၃၉ ဣသရေလ လူ တို့သည် စစ်တိုက် ရာတွင် ဆုတ် သောအခါ၊ ဗင်္ယာမိန် လူတို့က၊ အကယ်၍သူတို့သည် ယမန် စစ် ရှုံး သကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို လျက် သူရဲတို့ကို လုပ်ကြံ စ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။
The men of Israel turned in the battle, and Benjamin began to strike and kill of the men of Israel about thirty persons; for they said, “Surely they are struck down before us, as in the first battle.”
40 ၄၀ တဖန် မီးလောင်၍ ထူထပ် သော မီးခိုး သည် မြို့ ထဲမှာ တက် စ ရှိသောအခါ ၊ ဗင်္ယာမိန် လူတို့သည် ပြန် ကြည့်၍ မြို့ ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင် သို့ တက် သည်ကို မြင် ကြ၍၊
But when the cloud began to arise up out of the city in a pillar of smoke, the Benjamites looked behind them; and behold, the whole city went up in smoke to the sky.
41 ၄၁ ဣသရေလ လူ တို့သည် လှည့် ၍ ပြန်သောအခါ ၊ ဗင်္ယာမိန် လူ တို့သည် ဘေး ရောက် ကြောင်း ကို သိမြင် လျှင်၊
The men of Israel turned, and the men of Benjamin were dismayed; for they saw that disaster had come on them.
42 ၄၂ မိန်းမော တွေဝေ၍ ဣသရေလ လူ တို့ရှေ့ မှာ တော လမ်း သို့ ပြေး သော်လည်း ၊ စစ်တိုက် လိုက် လာသောသူတို့သည် မှီသဖြင့် ပြေးသောသူတို့ကို၎င်း၊ မြို့ ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီး ကြ၏။
Therefore they turned their backs before the men of Israel to the way of the wilderness, but the battle followed hard after them; and those who came out of the cities destroyed them in the middle of it.
43 ၄၃ ဗင်္ယာမိန် လူတို့ကို ဝိုင်း လျက်လိုက် လျက်၊ နုခါရွာမှစ၍နေ ထွက် ရာဘက် ၊ ဂိဗာ မြို့အနား တိုင်အောင် နှိပ် နင်းကြ၏။
They surrounded the Benjamites, chased them, and trod them down at their resting place, as far as near Gibeah toward the sunrise.
44 ၄၄ ထိုအခါ ဗင်္ယာမိန် သူရဲ တသောင်း ရှစ်ထောင်တို့သည် လဲ ၍ သေကြ၏။
Eighteen thousand men of Benjamin fell; all these were men of valor.
45 ၄၅ ကြွင်းသောသူတို့သည် လှည့် ၍ တော အရပ် ရိမ္မုန် ကျောက် သို့ ပြေး ကြစဉ်တွင်၊ လိုက်သောသူတို့သည် လူ ငါး ထောင် တို့ကို လမ်း မှာ ဖမ်း မိကြ၏။ ဂိဒုံ မြို့တိုင်အောင် အပြင်းလိုက် ၍ လူ နှစ်ထောင် တို့ကိုလည်း သတ် ကြ၏။
They turned and fled toward the wilderness to the rock of Rimmon. They gleaned five thousand men of them in the highways, and followed hard after them to Gidom, and struck two thousand men of them.
46 ၄၆ ထို နေ့ တွင် လဲ ၍ သေသော ဗင်္ယာမိန် ထား စွဲ သူရဲ တို့အရေအတွက်ကား၊ နှစ်သောင်း ငါးထောင်တည်း။
So that all who fell that day of Benjamin were twenty-five thousand men who drew the sword. All these were men of valor.
47 ၄၇ လူ ခြောက် ရာ တို့သည် လှည့် ၍ တော အရပ်ရိမ္မုန် ကျောက် ကို မှီအောင်ပြေး သဖြင့် ၊ ထိုကျောက် အောက်မှာ လေး လ နေ ကြ၏။
But six hundred men turned and fled toward the wilderness to the rock of Rimmon, and stayed in the rock of Rimmon four months.
48 ၄၈ ဣသရေလ လူ တို့သည် တဖန် လှည့် ၍ ၊ ဗင်္ယာမိန် အမျိုးသား တို့ကို တိုက်လျက် မြို့ ရွာ၌ ရှိသောလူ ၊ တိရစ္ဆာန် တွေ့ သမျှ တို့ကို ထား နှင့် လုပ်ကြံ ၍၊ တွေ့ သမျှ သောမြို့ ရွာတို့ကို မီး ရှို့ ကြ၏။
The men of Israel turned again on the children of Benjamin, and struck them with the edge of the sword—including the entire city, the livestock, and all that they found. Moreover they set all the cities which they found on fire.

< တရားသူကြီးမှတ်စာ 20 >