< တရားသူကြီးမှတ်စာ 19 >
1 ၁ ဣသရေလ ရှင်ဘုရင် မ ရှိသည်ကာလ ၊ ဧဖရိမ် တောင် ခါးပန်း ၌ တည်းခို သော လေဝိ လူ တယောက်သည်၊ ယုဒ ခရိုင် ဗက်လင် မြို့သူမိန်းမ တယောက်ကို သိမ်းယူ ၏။
၁ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတယောက် သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတယောက်ကို သိမ်းယူ၏။
2 ၂ ထိုမိန်းမသည် လင် ကို ပြစ်မှား ၍ ဗက်လင် မြို့ မိမိ အဘ အိမ် သို့ သွား သဖြင့် လေး လ နေ လေ၏။
၂ထိုမိန်းမသည် လင်ကို ပြစ်မှား၍ ဗက်လင်မြို့ မိမိအဘအိမ်သို့ သွားသဖြင့် လေးလ နေလေ၏။
3 ၃ လင် သည် သူ့ ကို ချော့မော့ ၍ ဆောင်ခဲ့ခြင်းငှါ ငယ်သား တယောက်နှင့် မြည်း နှစ် စီးပါ လျက် ထ သွား ၍ ရောက် သောအခါ၊ မယား ငယ်သည် မိမိ အဘ အိမ် ထဲသို့ ခေါ် သွင်း၍၊ အဘ သည် သမက် ကို တွေ့ မြင်လျှင် ဝမ်းမြောက် သောစိတ်ရှိ၍ သိမ်းဆည်း လေ၏။
၃လင်သည် သူ့ကို ချော့မော့၍ ဆောင်ခဲ့ခြင်းငှါ ငယ်သားတယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား ၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘ အိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကို တွေ့မြင်လျှင် ဝမ်းမြောက်သော စိတ်ရှိ၍ သိမ်းဆည်းလေ၏။
4 ၄ ထိုကြောင့် သမက်သည် စား သောက် လျက် ၊ အိပ် လျက်၊ သုံး ရက် ပတ်လုံးယောက္ခမ အိမ်၌ နေ ၏။
၄ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌ နေ၏။
5 ၅ စတုတ္တ နေ့ ရက်နံနက် စောစော ထ၍ ထွက် သွားအံ့သောငှါ ပြင်ဆင် သောအခါ ၊ ယောက္ခမက၊ မုန့် အနည်းငယ် ကို စား၍ အား ဖြည့်ပြီးမှ သွား ကြပါဟု သမက် အား ဆို သည့်အတိုင်း၊
၅စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှါ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့် အနည်းငယ်ကို စား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည့်အတိုင်း၊
6 ၆ နှစ် ယောက်လုံးထိုင် ၍ စား သောက် လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျ ပါတော့။ ယနေ့ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့ လျက် နေ ပါတော့ဟု သမက် အား ဆို ပြန်၍၊
၆နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊
7 ၇ သမက် သည် သွား အံ့သောငှါ ထ သော်လည်း ၊ ယောက္ခမ သွေးဆောင် သဖြင့် သမက်သည် ထို အရပ်၌ အိပ် ပြန်လေ၏။
၇သမက်သည် သွားအံ့သောငှါ ထသော်လည်း၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ်၌ အိပ်ပြန်လေ၏။
8 ၈ ပဉ္စမ နေ့ ရက်နံနက် စောစော သွား အံ့သောငှါ ထသောအခါ ၊ ယောက္ခမက၊ အား ဖြည့်ပါဦးတော့ဟု ဆို ၍ မွန်းလွဲ သည်တိုင်အောင် နှစ် ယောက်လုံး စားသောက် လျက်နေကြ၏။
၈ပဥ္စမနေ့ရက် နံနက်စောစော သွားအံ့သောငှါ ထသောအခါ၊ ယောက္ခမက၊ အားဖြည့်ပါဦးတော့ဟု ဆို၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ၏။
9 ၉ ထိုသူသည် မယားငယ် နှင့် ငယ်သား ကို ခေါ်၍ သွား အံ့သောငှါ ထ ပြန်သောအခါ ၊ သူ ၏ ယောက္ခမ ဖြစ်သော ထိုမိန်းမ ၏ အဘ က၊ ကြည့် ပါ၊ မိုဃ်းချုပ် လုပြီ။ ယနေ့ညဉ့် ကိုလည်း လွန်စေပါတော့။ နေ့ အချိန် ကုန် လုပြီ။ ဤ အရပ်၌ အိပ် ၍ ပျော်မွေ့ လျက်နေပါတော့။ နက်ဖြန် နံနက်စောစော ထ၍ ကိုယ် နေရာ အရပ်သို့ သွား တော့ဟု ဆို သော်လည်း၊
၉ထိုသူသည် မယားငယ်နှင့် ငယ်သားကို ခေါ်၍ သွားအံ့သောငှါ ထပြန်သောအခါ၊ သူ၏ ယောက္ခ မဖြစ်သော ထိုမိန်းမ၏ အဘက၊ ကြည့်ပါ၊ မိုဃ်းချုပ်လုပြီ။ ယနေ့ညဉ့်ကိုလည်း လွန်စေပါတော့။ နေ့အချိန် ကုန်လုပြီ။ ဤအရပ်၌ အိပ်၍ ပျော်မွေ့လျက်နေပါတော့။ နက်ဖြန် နံနက် စောစောထ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း၊-
10 ၁၀ သမက် သည် ထိုညဉ့် ကို မ လွန်စေဘဲ ထ သွား ၍ ကုန်းနှီး တင်သော မြည်း နှစ် စီးနှင့် မယားငယ် လည်း ပါ လျက် ယေရုရှလင် မြို့တည်းဟူသောယေဗုတ် မြို့အနီး သို့ ရောက် လေ၏။
၁၀သမက်သည် ထိုညဉ့်ကို မလွန်စေဘဲ ထသွား၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်း ပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ၏။
11 ၁၁ ထိုမြို့ အနီး သို့ ရောက်သောအခါ ၊ မိုဃ်းချုပ် သောကြောင့်ငယ်သား က၊ နားထောင်ပါတော့။ ယေဗုသိ လူနေရာ ဤ မြို့ သို့ ဝင် ၍ အိပ် ကြကုန်အံ့ဟု သခင် အား ဆို သော်၊
၁၁ထိုမြို့အနီးသို့ ရောက်သောအခါ၊ မိုဃ်းချုပ်သောကြောင့် ငယ်သားက၊ နားထောင်ပါတော့။ ယေဗုသိ လူနေရာ ဤမြို့သို့ ဝင်၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော်၊-
12 ၁၂ သခင် က၊ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားနေသောမြို့ သို့ မ ဝင် ၊ ဂိဗာ မြို့သို့ သွား ဦးမည်။
၁၂သခင်က၊ ဣသရေလ အမျိုးမဟုတ်၊ တပါးအမျိုးသားနေသော မြို့သို့ မဝင်၊ ဂိဗာမြို့သို့ သွားဦးမည်။
13 ၁၃ ဂိဗာ မြို့၊ ရာမ မြို့ အစရှိ သော တစုံတခု သောအရပ် ၌ ညဉ့် ကိုလွန်စေခြင်းငှါသွား ကြကုန်အံ့ဟု ငယ်သား အား ဆို လျက်၊
၁၃ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစုံတခုသောအရပ်၌ ညဉ့်ကိုလွန်စေခြင်းငှါ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊-
14 ၁၄ ခရီး သွားပြန်၍ ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့အနီး သို့ ရောက်သောအခါ နေ ဝင် လေ၏။
၁၄ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။
15 ၁၅ ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေမည်အကြံနှင့် မြို့ ထဲသို့ဝင် ၍ အဘယ်သူ မျှ ဧည့် မခံသေးသောကြောင့် လမ်း မှာ ထိုင် နေ၏။
၁၅ဂိဗာမြို့မှာ ညဉ့်ကို လွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူ မျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။
16 ၁၆ ဂိဗာ မြို့သားတို့သည် ဗင်္ယာမိန် အမျိုးသားဖြစ်ကြ၏။ သို့ရာတွင်တည်းခို သော ဧဖရိမ် တောင် သား လူ အို တယောက်ရှိသည်ဖြစ်၍၊ ထိုသူ သည် ညဦး ယံ၌ လယ် လုပ် ရာမှ လာ စဉ်၊
၁၆ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသားဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊-
17 ၁၇ မြော် ကြည့်၍ ၊ မြို့ လမ်း မှာ ဧည့်သည် တယောက် ရှိသည်ကိုမြင် လျှင် ၊ သင်သည် အဘယ် အရပ်သို့ သွား သနည်း၊ အဘယ် အရပ်က လာ သနည်းဟုမေး သော်၊
၁၇မြော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တယောက် ရှိသည်ကိုမြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးသော်၊-
18 ၁၈ ကျွန်ုပ် တို့သည် ယုဒ ခရိုင်ဗက်လင် မြို့မှ ဧဖရိမ် တောင် ခါးပန်း သို့ သွား ၏။ ကျွန်ုပ် သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင် မြို့သို့ ခဏသွား ပြီးမှ ယခုထာဝရဘုရား ၏ အိမ် တော်သို့ သွား ၏။ အဘယ်သူ မျှ ဧည့် မခံသေး။
၁၈ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခုထာဝရဘုရား၏ အိမ်တော်သို့ သွား၏။ အဘယ်သူ မျှ ဧည့်မခံသေး။
19 ၁၉ သို့ရာတွင်မြည်း ဘို့ မြက် ခြောက်နှင့် အခြားကျွေး စရာရှိ ၏။ ကိုယ် နှင့် ကိုယ်တော် ကျွန်မ လိုက်လာသော ငယ်သား ဘို့ မုန့် နှင့် စပျစ်ရည် ရှိ ၏။ တစုံတခု မျှ မလို ပါဟု ပြောဆို ၏။
၁၉သို့ရာတွင် မြည်းဘို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ၏။ ကိုယ်နှင့် ကိုယ်တော် ကျွန်မလိုက်လာ သော ငယ်သားဘို့ မုန့်နှင့်စပျစ်ရည်ရှိ၏။ တစုံတခုမျှ မလိုပါဟု ပြောဆို၏။
20 ၂၀ လူ အို ကလည်း ၊ သင် ၌ ချမ်းသာ ရှိပါစေသော။ သင် လို သမျှ သည် ငါ့ တာ ရှိစေတော့။ လမ်း မှာ ညဉ့် ကို မ လွန်စေနှင့်ဟုဆို လျက်
၂၀လူအိုကလည်း၊ သင်၌ ချမ်းသာရှိပါစေသော။ သင်လိုသမျှသည် ငါ့တာ ရှိစေတော့။ လမ်းမှာညဉ့်ကို မလွန်စေနှင့်ဟုဆိုလျက်၊-
21 ၂၁ ၊မိမိ အိမ် သို့ ခေါ် သွင်း၍ မြည်း တို့ကို ကျွေး လေ၏။ သူတို့သည် ခြေ ကို ဆေး ၍ စား သောက် ကြ၏။
၂၁မိမိအိမ်သို့ ခေါ်သွင်း၍ မြည်းတို့ကို ကျွေးလေ၏။ သူတို့သည် ခြေကို ဆေး၍ စားသောက်ကြ၏။
22 ၂၂ ထိုသို့ ပျော်မွေ့ လျက်နေကြသောအခါ ၊ ထိုမြို့ သား အဓမ္မ လူ အချို့တို့သည် အိမ် ကို ဝိုင်း ၍ တံခါး ကို ရိုက် ကြ၏။ အိမ်ရှင် လူအို ကိုလည်းခေါ် ၍၊ သင့် အိမ် သို့ ဝင် သောယောက်ျား နှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍ ၊ ထုတ် ခဲ့လော့ဟု ဆို ကြ၏။
၂၂ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကို ဝိုင်း၍ တံခါးကို ရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏။
23 ၂၃ အိမ်ရှင် သည်လည်း ထွက် ၍ ၊ ညီအစ်ကို တို့၊ ဆိုး သောအမှုကို မ ပြုပါနှင့်။ ဤ သူ သည် အကျွန်ုပ် အိမ် ၌ တည်းခို သောသူဖြစ်၍ အဓမ္မ မ ပြု ကြပါနှင့်။
၂၃အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။
24 ၂၄ အကျွန်ုပ် ၌ သမီး ကညာ ရှိပါ၏။ သူ ၏မယားငယ် လည်း ရှိပါ၏။ သူ တို့ကို ထုတ် ၍ ပေးပါမည်။ သူ တို့ကို ရှုတ်ချ ကြပါ။ အလို ရှိသည်အတိုင်း ပြု ကြပါ။ ဤ ယောက်ျား ၌ ဤ မျှလောက်ဆိုး သောအမှု ကို မ ပြု ပါနှင့်ဟု တောင်းပန် သော်လည်း၊
၂၄အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏မယားငယ်လည်း ရှိပါ၏။ သူတို့ကို ထုတ်၍ ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက် ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊-
25 ၂၅ သူတို့သည် နား မ ထောင်သောကြောင့် ၊ လေဝိလူ သည် မိမိ မယားငယ် ကို ထုတ် ၍အပ် သဖြင့် ၊ သူတို့သည် တညဉ့် လုံး အဓမ္မ ပြု၍ နံနက် တိုင်အောင် ရှုတ်ချ ပြီးမှ အာရုဏ် တက် မှ လွှတ် လိုက်ကြ၏။
၂၅သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ် အပ်သဖြင့်၊ သူတို့သည် တညဉ့်လုံး အဓမ္မပြု၍ နံနက်တိုင်အောင် ရှုတ်ချပြီးမှ အာရုဏ်တက်မှ လွှတ်လိုက်ကြ၏။
26 ၂၆ အာရုဏ် တက်သောအခါ ၊ မိန်းမ သည် လာ ၍ မိမိ သခင် နေရာ အိမ် တံခါး ရှေ့မှာ မိုဃ်းလင်း သည် တိုင်အောင် လဲ နေ၏။
၂၆အာရုဏ်တက်သောအခါ၊ မိန်းမသည် လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုဃ်းလင်းသည် တိုင်အောင် လဲနေ၏။
27 ၂၇ နံနက် အချိန်ရောက်မှ သူ ၏ သခင် သည် ထ ၍ အိမ် တံခါး ကို ဖွင့် သဖြင့် ၊ ခရီး သွား အံ့သောငှါ ထွက် သောအခါ ၊ မယားငယ် သည် အိမ် တံခါး ရှေ့မှာလဲ ၍ တံခါး ခုံကို လက် တင်လျက် ရှိသည် မြင် သော်၊
၂၇နံနက်အချိန်ရောက်မှ သူ၏ သခင်သည် ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှါ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကို လက်တင်လျက်ရှိသည် မြင်သော်၊
28 ၂၈ ထ လော့။ သွား ကြကုန်အံ့ဟု ဆို သော်လည်း သူသည် ပြန် မ ပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ ကို မြည်း ပေါ် မှာ တင် သဖြင့် မိမိ နေရာ သို့ သွား လေ၏။
၂၈ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကို မြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။
29 ၂၉ မိမိ အိမ် သို့ ရောက် သောအခါ ထား ကိုယူ ၍ မယားငယ် အကောင်ကို အရိုး နှင့်တကွဆယ် နှစ် ပိုင်း ပိုင်း ၍ ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက်လေ၏။
၂၉မိမိအိမ်သို့ ရောက်သောအခါ ထားကိုယူ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက်လေ၏။
30 ၃၀ သိမြင် သောသူ အပေါင်း တို့က၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် က ထွက် သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဤ ကဲ့သို့ သောအမှုကို အဘယ်သူမျှမ ပြု၊ တခါမျှမ ဖြစ် စဖူး။ ဆင်ခြင် ၍ တိုင်ပင် စီရင် ကြလော့ဟု ပြောဆို ကြ၏။
၃၀သိမြင်သောသူ အပေါင်းတို့က၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု၊ တခါမျှမဖြစ်စဖူး။ ဆင်ခြင်၍ တိုင်ပင် စီရင်ကြလော့ဟု ပြောဆိုကြ၏။