< တရားသူကြီးမှတ်စာ 19 >

1 ဣသရေလ ရှင်ဘုရင် မ ရှိသည်ကာလ ၊ ဧဖရိမ် တောင် ခါးပန်း ၌ တည်းခို သော လေဝိ လူ တယောက်သည်၊ ယုဒ ခရိုင် ဗက်လင် မြို့သူမိန်းမ တယောက်ကို သိမ်းယူ ၏။
Il arriva, en ce temps-là, où il n'y avait point de roi en Israël, qu'un Lévite qui demeurait au fond de la montagne d'Éphraïm, prit pour sa concubine une femme de Bethléhem de Juda.
2 ထိုမိန်းမသည် လင် ကို ပြစ်မှား ၍ ဗက်လင် မြို့ မိမိ အဘ အိမ် သို့ သွား သဖြင့် လေး လ နေ လေ၏။
Et sa concubine se prostitua chez lui, et s'en alla d'avec lui à la maison de son père, à Bethléhem de Juda; et elle y resta l'espace de quatre mois.
3 လင် သည် သူ့ ကို ချော့မော့ ၍ ဆောင်ခဲ့ခြင်းငှါ ငယ်သား တယောက်နှင့် မြည်း နှစ် စီးပါ လျက် ထ သွား ၍ ရောက် သောအခါ၊ မယား ငယ်သည် မိမိ အဘ အိမ် ထဲသို့ ခေါ် သွင်း၍၊ အဘ သည် သမက် ကို တွေ့ မြင်လျှင် ဝမ်းမြောက် သောစိတ်ရှိ၍ သိမ်းဆည်း လေ၏။
Ensuite son mari se leva, et il s'en alla après elle, pour lui parler selon son cœur, et la ramener. Il avait avec lui son serviteur et deux ânes; et elle le fit entrer dans la maison de son père. Et le père de la jeune femme, le voyant venir, le reçut avec joie.
4 ထိုကြောင့် သမက်သည် စား သောက် လျက် ၊ အိပ် လျက်၊ သုံး ရက် ပတ်လုံးယောက္ခမ အိမ်၌ နေ ၏။
Son beau-père, le père de la jeune femme, le retint chez lui, et il demeura avec lui trois jours; ils y mangèrent et burent, et y passèrent la nuit.
5 စတုတ္တ နေ့ ရက်နံနက် စောစော ထ၍ ထွက် သွားအံ့သောငှါ ပြင်ဆင် သောအခါ ၊ ယောက္ခမက၊ မုန့် အနည်းငယ် ကို စား၍ အား ဖြည့်ပြီးမှ သွား ကြပါဟု သမက် အား ဆို သည့်အတိုင်း၊
Le quatrième jour, ils se levèrent de bon matin; et comme le Lévite se levait pour s'en aller, le père de la jeune femme dit à son gendre: Prends une bouchée de pain pour te fortifier, et après cela, vous vous en irez.
6 နှစ် ယောက်လုံးထိုင် ၍ စား သောက် လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျ ပါတော့။ ယနေ့ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့ လျက် နေ ပါတော့ဟု သမက် အား ဆို ပြန်၍၊
Ils s'assirent donc et mangèrent eux deux, et burent ensemble; et le père de la jeune femme dit au mari: Décide-toi donc à passer la nuit, et que ton cœur se réjouisse.
7 သမက် သည် သွား အံ့သောငှါ ထ သော်လည်း ၊ ယောက္ခမ သွေးဆောင် သဖြင့် သမက်သည် ထို အရပ်၌ အိပ် ပြန်လေ၏။
Et comme le mari se levait pour s'en aller, son beau-père le pressa tellement, qu'il revint, et passa encore la nuit.
8 ပဉ္စမ နေ့ ရက်နံနက် စောစော သွား အံ့သောငှါ ထသောအခါ ၊ ယောက္ခမက၊ အား ဖြည့်ပါဦးတော့ဟု ဆို ၍ မွန်းလွဲ သည်တိုင်အောင် နှစ် ယောက်လုံး စားသောက် လျက်နေကြ၏။
Et au cinquième jour il se leva de bon matin pour s'en aller, et le père de la jeune femme lui dit: Je te prie, fortifie ton cœur. Or ils tardèrent jusqu'au déclin du jour, pendant qu'ils mangeaient tous deux.
9 ထိုသူသည် မယားငယ် နှင့် ငယ်သား ကို ခေါ်၍ သွား အံ့သောငှါ ထ ပြန်သောအခါ ၊ သူ ၏ ယောက္ခမ ဖြစ်သော ထိုမိန်းမ ၏ အဘ က၊ ကြည့် ပါ၊ မိုဃ်းချုပ် လုပြီ။ ယနေ့ညဉ့် ကိုလည်း လွန်စေပါတော့။ နေ့ အချိန် ကုန် လုပြီ။ ဤ အရပ်၌ အိပ် ၍ ပျော်မွေ့ လျက်နေပါတော့။ နက်ဖြန် နံနက်စောစော ထ၍ ကိုယ် နေရာ အရပ်သို့ သွား တော့ဟု ဆို သော်လည်း၊
Alors le mari se leva pour s'en aller, lui et sa concubine, et son serviteur; mais son beau-père, père de la jeune femme, lui dit: Voici, maintenant le jour baisse, le soir approche; passez ici la nuit, je vous prie. Voici, le jour finit, passez ici la nuit, et que ton cœur se réjouisse; demain matin vous vous lèverez pour continuer votre chemin, et tu t'en iras en ta maison.
10 ၁၀ သမက် သည် ထိုညဉ့် ကို မ လွန်စေဘဲ ထ သွား ၍ ကုန်းနှီး တင်သော မြည်း နှစ် စီးနှင့် မယားငယ် လည်း ပါ လျက် ယေရုရှလင် မြို့တည်းဟူသောယေဗုတ် မြို့အနီး သို့ ရောက် လေ၏။
Mais le mari ne voulut point passer la nuit; il se leva, et s'en alla, et vint jusque devant Jébus, qui est Jérusalem, ayant avec lui ses deux ânes bâtés; et sa concubine était avec lui.
11 ၁၁ ထိုမြို့ အနီး သို့ ရောက်သောအခါ ၊ မိုဃ်းချုပ် သောကြောင့်ငယ်သား က၊ နားထောင်ပါတော့။ ယေဗုသိ လူနေရာ ဤ မြို့ သို့ ဝင် ၍ အိပ် ကြကုန်အံ့ဟု သခင် အား ဆို သော်၊
Lorsqu'ils furent près de Jébus, le jour avait beaucoup baissé. Le serviteur dit à son maître: Allons, dirigeons-nous vers cette ville des Jébusiens, et nous y passerons la nuit.
12 ၁၂ သခင် က၊ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားနေသောမြို့ သို့ မ ဝင် ၊ ဂိဗာ မြို့သို့ သွား ဦးမည်။
Son maître lui répondit: Nous n'entrerons pas dans une ville d'étrangers, où il n'y a point d'enfants d'Israël; mais nous irons jusqu'à Guibea.
13 ၁၃ ဂိဗာ မြို့၊ ရာမ မြို့ အစရှိ သော တစုံတခု သောအရပ် ၌ ညဉ့် ကိုလွန်စေခြင်းငှါသွား ကြကုန်အံ့ဟု ငယ်သား အား ဆို လျက်၊
Il dit encore à son serviteur: Marche, et nous gagnerons l'un de ces lieux-là, Guibea ou Rama, et nous y passerons la nuit.
14 ၁၄ ခရီး သွားပြန်၍ ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့အနီး သို့ ရောက်သောအခါ နေ ဝင် လေ၏။
Ils passèrent donc plus avant, et marchèrent; et le soleil se coucha comme ils étaient près de Guibea, qui appartient à Benjamin.
15 ၁၅ ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေမည်အကြံနှင့် မြို့ ထဲသို့ဝင် ၍ အဘယ်သူ မျှ ဧည့် မခံသေးသောကြောင့် လမ်း မှာ ထိုင် နေ၏။
Alors ils se dirigèrent vers Guibea, pour y entrer et y passer la nuit. Ils y entrèrent donc et se tinrent sur la place de la ville, et il n'y eut personne qui les reçut dans sa maison pour y passer la nuit.
16 ၁၆ ဂိဗာ မြို့သားတို့သည် ဗင်္ယာမိန် အမျိုးသားဖြစ်ကြ၏။ သို့ရာတွင်တည်းခို သော ဧဖရိမ် တောင် သား လူ အို တယောက်ရှိသည်ဖြစ်၍၊ ထိုသူ သည် ညဦး ယံ၌ လယ် လုပ် ရာမှ လာ စဉ်၊
Mais voici, sur le soir, un vieillard revenait des champs, de son travail. Cet homme était de la montagne d'Éphraïm, mais il demeurait à Guibea, dont les habitants étaient Benjamites.
17 ၁၇ မြော် ကြည့်၍ ၊ မြို့ လမ်း မှာ ဧည့်သည် တယောက် ရှိသည်ကိုမြင် လျှင် ၊ သင်သည် အဘယ် အရပ်သို့ သွား သနည်း၊ အဘယ် အရပ်က လာ သနည်းဟုမေး သော်၊
Levant les yeux, il vit ce voyageur sur la place de la ville; alors le vieillard lui dit: Où vas-tu, et d'où viens-tu?
18 ၁၈ ကျွန်ုပ် တို့သည် ယုဒ ခရိုင်ဗက်လင် မြို့မှ ဧဖရိမ် တောင် ခါးပန်း သို့ သွား ၏။ ကျွန်ုပ် သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင် မြို့သို့ ခဏသွား ပြီးမှ ယခုထာဝရဘုရား ၏ အိမ် တော်သို့ သွား ၏။ အဘယ်သူ မျှ ဧည့် မခံသေး။
Et il lui répondit: Nous allons de Bethléhem de Juda vers le fond de la montagne d'Éphraïm, d'où je suis. J'étais allé jusqu'à Bethléhem de Juda, et je me rends à la maison de l'Éternel; et il n'y a personne qui me reçoive dans sa maison;
19 ၁၉ သို့ရာတွင်မြည်း ဘို့ မြက် ခြောက်နှင့် အခြားကျွေး စရာရှိ ၏။ ကိုယ် နှင့် ကိုယ်တော် ကျွန်မ လိုက်လာသော ငယ်သား ဘို့ မုန့် နှင့် စပျစ်ရည် ရှိ ၏။ တစုံတခု မျှ မလို ပါဟု ပြောဆို ၏။
Cependant nous avons de la paille et du fourrage pour nos ânes, et du pain et du vin pour moi et pour ta servante, et pour le garçon qui est avec tes serviteurs. Il ne nous manque rien.
20 ၂၀ လူ အို ကလည်း ၊ သင် ၌ ချမ်းသာ ရှိပါစေသော။ သင် လို သမျှ သည် ငါ့ တာ ရှိစေတော့။ လမ်း မှာ ညဉ့် ကို မ လွန်စေနှင့်ဟုဆို လျက်
Et le vieillard lui dit: La paix soit avec toi! Je me charge de tout ce dont tu auras besoin; tu ne passeras pas la nuit sur la place.
21 ၂၁ ၊မိမိ အိမ် သို့ ခေါ် သွင်း၍ မြည်း တို့ကို ကျွေး လေ၏။ သူတို့သည် ခြေ ကို ဆေး ၍ စား သောက် ကြ၏။
Alors il le fit entrer dans sa maison, et il donna à manger aux ânes. Ils lavèrent aussi leurs pieds; puis ils mangèrent et burent.
22 ၂၂ ထိုသို့ ပျော်မွေ့ လျက်နေကြသောအခါ ၊ ထိုမြို့ သား အဓမ္မ လူ အချို့တို့သည် အိမ် ကို ဝိုင်း ၍ တံခါး ကို ရိုက် ကြ၏။ အိမ်ရှင် လူအို ကိုလည်းခေါ် ၍၊ သင့် အိမ် သို့ ဝင် သောယောက်ျား နှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍ ၊ ထုတ် ခဲ့လော့ဟု ဆို ကြ၏။
Comme leur cœur se réjouissait, voici, les gens de la ville, des hommes pervers, environnèrent la maison, heurtèrent à la porte, et dirent au vieillard, maître de la maison: Fais sortir cet homme qui est entré chez toi, pour que nous le connaissions.
23 ၂၃ အိမ်ရှင် သည်လည်း ထွက် ၍ ၊ ညီအစ်ကို တို့၊ ဆိုး သောအမှုကို မ ပြုပါနှင့်။ ဤ သူ သည် အကျွန်ုပ် အိမ် ၌ တည်းခို သောသူဖြစ်၍ အဓမ္မ မ ပြု ကြပါနှင့်။
Mais l'homme, le maître de la maison, sortit vers eux et leur dit: Non, mes frères, ne faites point le mal, je vous prie; puisque cet homme est entré dans ma maison, ne commettez pas cette infamie.
24 ၂၄ အကျွန်ုပ် ၌ သမီး ကညာ ရှိပါ၏။ သူ ၏မယားငယ် လည်း ရှိပါ၏။ သူ တို့ကို ထုတ် ၍ ပေးပါမည်။ သူ တို့ကို ရှုတ်ချ ကြပါ။ အလို ရှိသည်အတိုင်း ပြု ကြပါ။ ဤ ယောက်ျား ၌ ဤ မျှလောက်ဆိုး သောအမှု ကို မ ပြု ပါနှင့်ဟု တောင်းပန် သော်လည်း၊
Voici, j'ai une fille vierge, et cet homme a sa concubine; je vous les amènerai dehors, vous leur ferez violence, et vous ferez d'elles ce qui vous plaira; mais ne commettez pas sur cet homme une action si infâme.
25 ၂၅ သူတို့သည် နား မ ထောင်သောကြောင့် ၊ လေဝိလူ သည် မိမိ မယားငယ် ကို ထုတ် ၍အပ် သဖြင့် ၊ သူတို့သည် တညဉ့် လုံး အဓမ္မ ပြု၍ နံနက် တိုင်အောင် ရှုတ်ချ ပြီးမှ အာရုဏ် တက် မှ လွှတ် လိုက်ကြ၏။
Mais ces gens-là ne voulurent point l'écouter. Alors l'homme prit sa concubine et la leur amena; et ils la connurent, et ils abusèrent d'elle toute la nuit jusqu'au matin; puis ils la renvoyèrent au lever de l'aurore.
26 ၂၆ အာရုဏ် တက်သောအခါ ၊ မိန်းမ သည် လာ ၍ မိမိ သခင် နေရာ အိမ် တံခါး ရှေ့မှာ မိုဃ်းလင်း သည် တိုင်အောင် လဲ နေ၏။
Et, comme le jour approchait, cette femme alla tomber à la porte de la maison de l'homme où était son mari, et y demeura jusqu'au jour.
27 ၂၇ နံနက် အချိန်ရောက်မှ သူ ၏ သခင် သည် ထ ၍ အိမ် တံခါး ကို ဖွင့် သဖြင့် ၊ ခရီး သွား အံ့သောငှါ ထွက် သောအခါ ၊ မယားငယ် သည် အိမ် တံခါး ရှေ့မှာလဲ ၍ တံခါး ခုံကို လက် တင်လျက် ရှိသည် မြင် သော်၊
Et le matin, son mari se leva, ouvrit la porte, et sortit pour continuer son chemin; mais voici, la femme, sa concubine, était étendue à la porte de la maison, les mains sur le seuil.
28 ၂၈ ထ လော့။ သွား ကြကုန်အံ့ဟု ဆို သော်လည်း သူသည် ပြန် မ ပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ ကို မြည်း ပေါ် မှာ တင် သဖြင့် မိမိ နေရာ သို့ သွား လေ၏။
Et il lui dit: Lève-toi, et allons-nous-en. Mais elle ne répondit pas. Alors il la chargea sur un âne, et se mit en chemin, et s'en retourna chez lui.
29 ၂၉ မိမိ အိမ် သို့ ရောက် သောအခါ ထား ကိုယူ ၍ မယားငယ် အကောင်ကို အရိုး နှင့်တကွဆယ် နှစ် ပိုင်း ပိုင်း ၍ ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက်လေ၏။
Puis, étant venu dans sa maison, il prit un couteau, saisit sa concubine, et la coupa membre par membre en douze parts, qu'il envoya dans tout le territoire d'Israël.
30 ၃၀ သိမြင် သောသူ အပေါင်း တို့က၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် က ထွက် သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဤ ကဲ့သို့ သောအမှုကို အဘယ်သူမျှမ ပြု၊ တခါမျှမ ဖြစ် စဖူး။ ဆင်ခြင် ၍ တိုင်ပင် စီရင် ကြလော့ဟု ပြောဆို ကြ၏။
Et tous ceux qui virent cela, dirent: On n'a jamais fait ni vu rien de pareil, depuis que les enfants d'Israël sont montés hors du pays d'Égypte, jusqu'à ce jour! Faites attention à cela; consultez-vous et prononcez.

< တရားသူကြီးမှတ်စာ 19 >