< တရားသူကြီးမှတ်စာ 17 >

1 မိက္ခါ အမည် ရှိသောဧဖရိမ် တောင် သား တယောက်ရှိ ၏။
မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သား တယောက်ရှိ၏။
2 သူ သည် အမိ အား ၊ အိုအမေ၊ ပျောက် သောငွေ ၊ အကျွန်ုပ် ရှေ့မှာ ကျိန်ဆဲ သောစကားကိုပြော သော ငွေ ဆယ်တပိဿာသည် အကျွန်ုပ် ၌ ရှိပါ၏။ အကျွန်ုပ်ယူ မိပြီဟု ဆို သော် ၊ အမိ က၊ ငါ့ သား ၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ဆို ၏။
သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကို ပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရ ဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို၏။-
3 ထိုငွေ ဆယ်တ ပိဿာကို အမိ အား ပြန် ပေးသောအခါ ၊ အမိ က၊ ငါ့ သား သည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် စရာဘို့ ဤငွေ ရှိသမျှကို ထာဝရဘုရား အား ငါပူဇော် နှင့်ပြီ။
ထိုငွေဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။
4 သို့ဖြစ်၍ငါ့သားအား ယခု ငါပြန် ပေးမည်ဟု ဆို သော်လည်း ၊ သားသည် ထိုငွေ ကို အမိ အား ပြန် ပေး၏။ အမိ သည်လည်း နှစ် ပိဿာကိုယူ ၍ ပန်းတိမ် သမား၌ အပ် သဖြင့် ၊ သူသည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် ၍ ရုပ်တုတို့သည် မိက္ခါ အိမ် ၌ ရှိ ၏။
သို့ဖြစ်၍ ငါ့သားအား ယခု ငါပြန်ပေးမည်ဟု ဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအား ပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။
5 ထိုလူမိက္ခါ သည် ဘုရား ကျောင်း ရှိ၍ ၊ သင်တိုင်း တော်နှင့် တေရပ်ရုပ်တုကို လုပ် ပြီးမှ ၊ မိမိ သား တယောက် ကို မိမိယဇ်ပုရောဟိတ် အရာ ၌ ခန့် ထားလေ၏။
ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိ သားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
6 ထို ကာလ ၌ ဣသရေလ ရှင်ဘုရင် မ ရှိ။ လူ တိုင်း မိမိ စိတ် အလိုရှိသည်အတိုင်း ပြု သတည်း။
ထိုကာလ၌ ဣသရေလရှင် ဘုရင်မရှိ။ လူတိုင်း မိမိစိတ် အလိုရှိသည်အတိုင်း ပြုသတည်း။
7 ယုဒ အမျိုး နှင့် စပ်ဆိုင်သော ဗက်လင် ယုဒ မြို့သားလေဝိ အမျိုး လုလင် တယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို ၍ နေပြီးလျှင်၊
ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည်၊ ဗက်လင် မြို့မှာ တည်းခို၍ နေပြီးလျှင်၊-
8 တဖန် ထွက် သွား၍ တည်းခို စရာအရပ် ကို ရှာ လျက် ခရီး သွား သဖြင့် ၊ ဧဖရိမ် တောင် ၊ မိက္ခါ အိမ် သို့ ရောက် လေ၏။
တဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။
9 မိက္ခါ ကလည်း ၊ သင်သည် အဘယ် က လာ သနည်းဟုမေး သော် ၊ လုလင်က၊ ငါ သည် ယုဒ ခရိုင် ဗက်လင် မြို့သားလေဝိ လူဖြစ်၏။ တည်းခို စရာအရပ် ကို ရှာ ၏ဟု ပြန် ပြောသော်၊
မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟု မေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊-
10 ၁၀ မိက္ခါ က၊ အကျွန်ုပ် နှင့်အတူ နေ ပါ။ အကျွန်ုပ် ၏အဘ ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ် ပါ။ အကျွန်ုပ် သည် တနှစ်တနှစ်လျှင် ငွေ အကျပ်တဆယ် နှင့် အဝတ် စုံ ကို၎င်း ၊ စားစရာ ကို၎င်း ပေး ပါမည်ဟု ပင့်ဘိတ် သောအခါ၊ လေဝိ လူသည် ဝင် ၍၊
၁၀မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်လုပ်ပါ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေအကျပ်တဆယ်နှင့် အဝတ်စုံကို၎င်း၊ စားစရာကို၎င်း ပေးပါမည် ဟု ပင့်ဘိတ်သောအခါ၊ လေဝိဘူသည် ဝင်၍၊-
11 ၁၁ ထိုသူ နှင့်အတူ နေ ခြင်းငှါ အလို ရှိသဖြင့် သား ကဲ့သို့ ဖြစ် လေ၏။
၁၁ထိုသူနှင့်အတူနေခြင်းငှါ အလိုရှိသဖြင့် သားကဲ့သို့ ဖြစ်လေ၏။
12 ၁၂ မိက္ခါ သည်လည်း ၊ ထိုလေဝိ လုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသည်အတိုင်း၊ လုလင် သည် ယဇ်ပုရောဟိတ် လုပ် ၍ မိက္ခါ အိမ် ၌ နေ ၏။
၁၂မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ်၍ မိက္ခာအိမ်၌ နေ၏။
13 ၁၃ မိက္ခါ ကလည်း ၊ ယခု မှာ လေဝိ လူသည် ငါ ၏ယဇ်ပုရောဟိတ် ဖြစ် သောကြောင့်၊ ထာဝရဘုရား သည် ငါ၌ ကျေးဇူး ပြုတော်မူမည်ကို ငါသိ သည်ဟု ဆို ၏။
၁၃မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။

< တရားသူကြီးမှတ်စာ 17 >