< တရားသူကြီးမှတ်စာ 17 >
1 ၁ မိက္ခါ အမည် ရှိသောဧဖရိမ် တောင် သား တယောက်ရှိ ၏။
Now there was a man of the hill-country of Ephraim named Micah.
2 ၂ သူ သည် အမိ အား ၊ အိုအမေ၊ ပျောက် သောငွေ ၊ အကျွန်ုပ် ရှေ့မှာ ကျိန်ဆဲ သောစကားကိုပြော သော ငွေ ဆယ်တပိဿာသည် အကျွန်ုပ် ၌ ရှိပါ၏။ အကျွန်ုပ်ယူ မိပြီဟု ဆို သော် ၊ အမိ က၊ ငါ့ သား ၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ဆို ၏။
And he said to his mother, The eleven hundred shekels of silver which were taken from you, about which you took an oath and said in my hearing, I have given this silver to the Lord from my hand for myself, to make a pictured image and a metal image: see, I have the silver, for I took it: so now I will give it back to you. And his mother said, May the blessing of the Lord be on my son.
3 ၃ ထိုငွေ ဆယ်တ ပိဿာကို အမိ အား ပြန် ပေးသောအခါ ၊ အမိ က၊ ငါ့ သား သည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် စရာဘို့ ဤငွေ ရှိသမျှကို ထာဝရဘုရား အား ငါပူဇော် နှင့်ပြီ။
And he gave back the eleven hundred shekels of silver to his mother, and his mother said, I have made the silver holy to the Lord from me for my son, to make a pictured image and a metal image.
4 ၄ သို့ဖြစ်၍ငါ့သားအား ယခု ငါပြန် ပေးမည်ဟု ဆို သော်လည်း ၊ သားသည် ထိုငွေ ကို အမိ အား ပြန် ပေး၏။ အမိ သည်လည်း နှစ် ပိဿာကိုယူ ၍ ပန်းတိမ် သမား၌ အပ် သဖြင့် ၊ သူသည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် ၍ ရုပ်တုတို့သည် မိက္ခါ အိမ် ၌ ရှိ ၏။
So he gave the silver back to his mother. Then his mother took two hundred shekels of silver and gave them to a metal-worker who made a pictured image and a metal image from them: and it was in the house of Micah.
5 ၅ ထိုလူမိက္ခါ သည် ဘုရား ကျောင်း ရှိ၍ ၊ သင်တိုင်း တော်နှင့် တေရပ်ရုပ်တုကို လုပ် ပြီးမှ ၊ မိမိ သား တယောက် ကို မိမိယဇ်ပုရောဟိတ် အရာ ၌ ခန့် ထားလေ၏။
And the man Micah had a house of gods; and he made an ephod and family gods and put one of his sons in the position of priest.
6 ၆ ထို ကာလ ၌ ဣသရေလ ရှင်ဘုရင် မ ရှိ။ လူ တိုင်း မိမိ စိတ် အလိုရှိသည်အတိုင်း ပြု သတည်း။
In those days there was no king in Israel: every man did as seemed right to him.
7 ၇ ယုဒ အမျိုး နှင့် စပ်ဆိုင်သော ဗက်လင် ယုဒ မြို့သားလေဝိ အမျိုး လုလင် တယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို ၍ နေပြီးလျှင်၊
Now there was a young man living in Beth-lehem-judah, of the family of Judah and a Levite, who was not a townsman of the place.
8 ၈ တဖန် ထွက် သွား၍ တည်းခို စရာအရပ် ကို ရှာ လျက် ခရီး သွား သဖြင့် ၊ ဧဖရိမ် တောင် ၊ မိက္ခါ အိမ် သို့ ရောက် လေ၏။
And he went away from the town of Beth-lehem-judah, looking for somewhere to make his living-place; and on his journey he came to the hill-country of Ephraim, to the house of Micah.
9 ၉ မိက္ခါ ကလည်း ၊ သင်သည် အဘယ် က လာ သနည်းဟုမေး သော် ၊ လုလင်က၊ ငါ သည် ယုဒ ခရိုင် ဗက်လင် မြို့သားလေဝိ လူဖြစ်၏။ တည်းခို စရာအရပ် ကို ရှာ ၏ဟု ပြန် ပြောသော်၊
And Micah said to him, Where do you come from? And he said to him, I am a Levite from Beth-lehem-judah, and I am looking for a living-place.
10 ၁၀ မိက္ခါ က၊ အကျွန်ုပ် နှင့်အတူ နေ ပါ။ အကျွန်ုပ် ၏အဘ ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ် ပါ။ အကျွန်ုပ် သည် တနှစ်တနှစ်လျှင် ငွေ အကျပ်တဆယ် နှင့် အဝတ် စုံ ကို၎င်း ၊ စားစရာ ကို၎င်း ပေး ပါမည်ဟု ပင့်ဘိတ် သောအခါ၊ လေဝိ လူသည် ဝင် ၍၊
Then Micah said to him, Make your living-place with me, and be a father and a priest to me, and I will give you ten shekels of silver a year and your clothing and food.
11 ၁၁ ထိုသူ နှင့်အတူ နေ ခြင်းငှါ အလို ရှိသဖြင့် သား ကဲ့သို့ ဖြစ် လေ၏။
And the Levite said he would make his living-place with the man, and he became to him as one of his sons.
12 ၁၂ မိက္ခါ သည်လည်း ၊ ထိုလေဝိ လုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသည်အတိုင်း၊ လုလင် သည် ယဇ်ပုရောဟိတ် လုပ် ၍ မိက္ခါ အိမ် ၌ နေ ၏။
And Micah gave the position to the Levite, and the young man became his priest, and was in the house of Micah.
13 ၁၃ မိက္ခါ ကလည်း ၊ ယခု မှာ လေဝိ လူသည် ငါ ၏ယဇ်ပုရောဟိတ် ဖြစ် သောကြောင့်၊ ထာဝရဘုရား သည် ငါ၌ ကျေးဇူး ပြုတော်မူမည်ကို ငါသိ သည်ဟု ဆို ၏။
Then Micah said, Now I am certain that the Lord will do me good, seeing that the Levite has become my priest.