< တရားသူကြီးမှတ်စာ 16 >

1 နောက်တဖန် ရှံဆုန် သည် ဂါဇ မြို့သို့ သွား ၍ ပြည်တန်ဆာ မိန်းမ ကို တွေ့ ပြီးလျှင် သူ့ ဆီသို့ ဝင် ၍ နေ၏။
One day Samson went to Gaza, where he saw a prostitute and went in to spend the night with her.
2 ရှံဆုန် ရောက် ကြောင်းကို ဂါဇ မြို့သားတို့သည် ကြားလျှင် ဝိုင်း ထားလျက် ၊ မြို့ တံခါးဝ ၌ တညဉ့် လုံး ချောင်းမြောင်း လျက် ၊ နံနက် မိုဃ်းလင်း သောအခါ သူ့ ကိုသတ် မည်ဟု ဆို ၍ တညဉ့် လုံး ငြိမ်သက် စွာနေကြ၏။
When the Gazites heard that Samson was there, they surrounded that place and lay in wait for him all night at the city gate. They were quiet throughout the night, saying, “Let us wait until dawn; then we will kill him.”
3 ရှံဆုန် သည် သန်းခေါင် တိုင်အောင် အိပ် ပြီးမှ ၊ သန်းခေါင် အချိန်၌ ထ ၍ မြို့ တံခါး ရွက် တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင် နှင့်တကွ ယူ ၍ ပခုံး ပေါ် မှာ တင် လျက် ထမ်း သွား၍၊ ဟေဗြုန် မြို့ရှေ့ ၊ တောင် ပေါ် ၌ ပစ်ထားလေ၏။
But Samson lay there only until midnight, when he got up, took hold of the doors of the city gate and both gateposts, and pulled them out, bar and all. Then he put them on his shoulders and took them to the top of the mountain overlooking Hebron.
4 နောက်တဖန် စောရက် ချိုင့် ၌ နေသောဒေလိလ အမည် ရှိသောမိန်းမ တယောက်ကို ချစ် ပြန်၏။
Some time later, Samson fell in love with a woman in the Valley of Sorek, whose name was Delilah.
5 ဖိလိတ္တိ မင်း တို့သည် ထိုမိန်းမ ဆီသို့ လာ ၍ ၊ ရှံဆုန်၌ ကြီး သောခွန်အား သည် အဘယ် အရာအားဖြင့် တည်သနည်း၊ သူ့ ကို ချည်နှောင် ၍ နှိပ်စက် ခြင်းငှါ အဘယ်သို့ တတ်နိုင် မည်နည်းဟု သူ့ ကို ချော့မော့ ၍ စူးစမ်း ပါ။ ငါတို့သည် ဝိုင်း၍ ငွေ ဆယ်တ ပိဿာကို ပေး မည်ဟု ဆို ကြ၏။
The lords of the Philistines went to her and said, “Entice him and find out the source of his great strength and how we can overpower him to tie him up and subdue him. Then each one of us will give you eleven hundred shekels of silver.”
6 ဒေလိလ ကလည်း ၊ သင် ၌ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို၎င်း၊ သင့် ကို နှိပ်စက် ခြင်းငှါ အဘယ်သို့ ချည်နှောင် ရမည်ကို၎င်းပြော ပါဟု ရှံဆုန် အား တောင်းပန် သော်၊
So Delilah said to Samson, “Please tell me the source of your great strength and how you can be tied up and subdued.”
7 ရှံဆုန် က၊ တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းနှင့် ငါ့ ကို ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
Samson told her, “If they tie me up with seven fresh bowstrings that have not been dried, I will become as weak as any other man.”
8 ထိုအခါ ဖိလိတ္တိ မင်း တို့သည် တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းတို့ကို ယူ ခဲ့၍ ၊ ထိုမိန်းမသည် ရှံဆုန် ကို ချည်နှောင် လေ၏။
So the lords of the Philistines brought her seven fresh bowstrings that had not been dried, and she tied him up with them.
9 ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်း ထဲမှ ချောင်းမြောင်း လျက် နေ သည်ဖြစ်၍မိန်းမက၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆို သော် ၊ သူသည် မီး ထိ သော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ် လေ၏။ သို့ဖြစ်၍ သူ ၏ခွန်အား ကို မ သိ ရကြ။
While the men were hidden in her room, she called out, “Samson, the Philistines are here!” But he snapped the bowstrings like a strand of yarn seared by a flame. So the source of his strength remained unknown.
10 ၁၀ ဒေလိလ ကလည်း ၊ သင်သည် ငါ့ ကို ကျီစား ၍ မုသာ ကိုသာ ပြော ပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခု ပြော ပါဟု ရှံဆုန် အား တောင်းပန် သော်၊
Then Delilah said to Samson, “You have mocked me and lied to me! Now please tell me how you can be tied up.”
11 ၁၁ သူက၊ မ သုံး ဘူးသော ကြိုး သစ် နှင့် ကျပ်ကျပ်ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သော သူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
He replied, “If they tie me up with new ropes that have never been used, I will become as weak as any other man.”
12 ၁၂ ဒေလိလ သည် ကြိုး သစ် တို့ကို ယူ ၍ ချည်နှောင် ပြီးမှ ၊ ထိုအခန်း ၌ ချောင်းမြောင်း သော သူအချို့ ရှိ နေလျက်၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ၊ ရှံဆုန်သည် လက်ရုံး ၌ ချည်သော ကြိုးတို့ကို အပ်ချည် ကဲ့သို့ ဖြတ် လေ၏။
So Delilah took new ropes, tied him up with them, and called out, “Samson, the Philistines are here!” But while the men were hidden in her room, he snapped the ropes off his arms like they were threads.
13 ၁၃ ဒေလိလ ကလည်း ၊ ယခု တိုင်အောင် သင်သည် ငါ့ ကို ကျီစား ၍ မုသာ ကိုသာ ပြော ပြီ။ အဘယ်သို့ ချည်နှောင် ရမည်ကို ပြော ပါဟု ရှံဆုန် အား တောင်းပန် သော် ၊ သူက၊ ငါ့ ဆံပင် ခုနစ် စု တို့ကို ရက်ကန်းသား ၌ ရက် သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ငါဖြစ်လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
Then Delilah said to Samson, “You have mocked me and lied to me all along! Tell me how you can be tied up.” He told her, “If you weave the seven braids of my head into the web of a loom and tighten it with a pin, I will become as weak as any other man.”
14 ၁၄ ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့ နှင့် ရိုက် ထားပြီးမှ ၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ၊ ရှံဆုန်နိုး ၍ ရက်ကန်းလက်လိပ် ၊ စို့ ၊ ရက်ကန်းသား ပါလျက် သွား ၏။
So while he slept, Delilah took the seven braids of his hair and wove them into the web. Then she tightened it with a pin and called to him, “Samson, the Philistines are here!” But he awoke from his sleep and pulled out the pin with the loom and the web.
15 ၁၅ ဒေလိလကလည်း၊ သင် သည် ငါ့ကို ချစ် သည်ဟု စိတ်နှလုံး မ ပါ ဘဲလျက် အဘယ်သို့ ပြော နိုင်သနည်း။ သင့် ၌ ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို မ ပြော။ သုံး ကြိမ် တိုင်အောင်ငါ့ ကို ကျီစား ပြီဟု ဆို ၏။
“How can you say, ‘I love you,’” she asked, “when your heart is not with me? This is the third time you have mocked me and failed to reveal to me the source of your great strength!”
16 ၁၆ ထိုသို့ ဒေလိလသည် နေ့ တိုင်း ပူဆာ ၍ သူ အသက် သေ လုအောင် နှောင့်ရှက် သောကြောင့်၊
Finally, after she had pressed him daily with her words and pleaded until he was sick to death,
17 ၁၇ ရှံဆုန်သည် မိမိ စိတ်နှလုံး ၌ ရှိသမျှ အတိုင်းပြော ၍၊ ငါ့ ဆံပင် ကို တခါမျှ မရိတ် သေး။ အမိ ဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ်၏။ ငါ့ဆံပင်ကိုရိတ် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
Samson told her all that was in his heart: “My hair has never been cut, because I have been a Nazirite to God from my mother’s womb. If I am shaved, my strength will leave me, and I will become as weak as any other man.”
18 ၁၈ ထိုသို့ မိမိ စိတ် နှလုံးထဲမှာ ရှိသမျှ အတိုင်း ပြော ကြောင်း ကို ဒေလိလ သိ လျှင် ၊ ဖိလိတ္တိ မင်း တို့ကို တဖန်ခေါ် ၍ ၊ ယခုတခါ လာ ကြပါဦး။ သူသည် မိမိ စိတ် နှလုံးရှိသမျှ အတိုင်း ပြော ပြီဟု မှာ လိုက်သဖြင့်၊ သူတို့သည် ငွေ ကို ဆောင် ယူခဲ့လျက် လာ ကြ၏။
When Delilah realized that he had revealed to her all that was in his heart, she sent this message to the lords of the Philistines: “Come up once more, for he has revealed to me all that is in his heart.” Then the lords of the Philistines came to her, bringing the money in their hands.
19 ၁၉ ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိ ဒူး ပေါ် မှာ တင်လျက် သူ့ ကို အိပ် စေသဖြင့် ၊ လူ တယောက်ကို ခေါ် ၍ သူ ၏ ဆံပင် ခုနစ် စု တို့ကိုရိတ် စေပြီးမှ ၊ သူ့ ကို နှောင့်ရှက် စ ပြု၍ သူ ၏ ခွန်အား သည် လျော့ပျောက် ၏။
And having lulled him to sleep on her lap, she called a man to shave off the seven braids of his head. In this way she began to subdue him, and his strength left him.
20 ၂၀ မိန်းမကလည်း ၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက် လာကြသည်ဟု ဆို သော်၊ ရှံဆုန်နိုး ၍ ထာဝရဘုရား စွန့် တော်မူကြောင်း ကို မ ရိပ်မိ သောကြောင့် ၊ အရင် ကဲ့သို့ ငါထွက် ၍ အားထုတ် မည်ဟု အကြံ ရှိသော်လည်း၊
Then she called out, “Samson, the Philistines are here!” When Samson awoke from his sleep, he thought, “I will escape as I did before and shake myself free.” But he did not know that the LORD had departed from him.
21 ၂၁ ဖိလိတ္တိ လူတို့သည် ဘမ်းဆီး ၍ သူ့ မျက်စိ ကို ဖောက် ပြီးမှ ဂါဇ မြို့သို့ ယူ သွားပြီးလျှင် ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ထောင် အိမ် ၌ ကြိတ်ဆုံနှင့် ကြိတ် စေကြ၏။
Then the Philistines seized him, gouged out his eyes, and brought him down to Gaza, where he was bound with bronze shackles and forced to grind grain in the prison.
22 ၂၂ ရှံဆုန်ဆံပင်ရိတ် သောနောက်၊ တဖန် ပေါက် ပြန်သောအခါ၊
However, the hair of his head began to grow back after it had been shaved.
23 ၂၃ ဖိလိတ္တိ မင်း တို့ကို၊ ငါ တို့ဘုရား သည် ငါ တို့ ရန်သူ ကို ငါ တို့လက် သို့ အပ် တော်မူပြီဟု ဆို လျက်၊ သူ တို့ ဘုရား ဒါဂုန် အား ယဇ် ကြီး ကို ပူဇော် ၍ ပျော်မွေ့ ခြင်းကို ပြုအံ့သောငှါစည်းဝေး ကြ၏။
Now the lords of the Philistines gathered together to offer a great sacrifice to their god Dagon. They rejoiced and said, “Our god has delivered Samson our enemy into our hands.”
24 ၂၄ လူ များတို့သည် ရှံဆုန် ကို မြင် သောအခါ ၊ ငါ တို့ဘုရား သည် ငါ တို့ပြည် ကို ဖျက်ဆီး ၍ ၊ ပြည်သားအများ တို့ကိုသတ် သော ငါ တို့၏ရန်သူ ကို၊ ငါ တို့လက် သို့ အပ် တော်မူပြီဟု မိမိ တို့ဘုရား ကို ချီးမွမ်း ကြ၏။
And when the people saw him, they praised their god, saying: “Our god has delivered into our hands our enemy who destroyed our land and multiplied our dead.”
25 ၂၅ စိတ် နှလုံးရွှင်လန်း သောအခါ ၊ ရှံဆုန် ကို ခေါ် ခဲ့။ ငါ တို့အဘို့ ကစား ပါလေစေဟု ဆို သဖြင့် ၊ ရှံဆုန် ကို ထောင် အိမ် မှ ခေါ် ခဲ့၍ သူသည် ကစား ရ၏။ သူ့ ကိုလည်း စရပ်တိုင် ကြား မှာထား ကြ၏။
And while their hearts were merry, they said, “Call for Samson to entertain us.” So they called Samson out of the prison to entertain them. And they stationed him between the pillars.
26 ၂၆ ရှံဆုန် ကလည်း ၊ စရပ် တိုင် တို့ကို ငါမှီ ၍ နေရအောင် လက်နှင့်တွေ့ ပါရစေဟု လက် ဆွဲ သော လူ ကလေးကို အခွင့် တောင်း၏။
Samson said to the servant who held his hand, “Lead me where I can feel the pillars supporting the temple, so I can lean against them.”
27 ၂၇ ထိုစရပ် ၌ ယောက်ျား မိန်းမ တို့သည် အပြည့် ရှိကြ၏။ ဖိလိတ္တိ မင်း အပေါင်း တို့လည်း ပါကြ၏။ စရပ်မိုး ပေါ် မှာလည်း သုံး ထောင် မျှ လောက်သော ယောက်ျား မိန်းမ တို့သည် ရှံဆုန် ကစား သည်ကို ကြည့်ရှု လျက်ရှိကြ၏။
Now the temple was full of men and women; all the lords of the Philistines were there, and about three thousand men and women were on the roof watching Samson entertain them.
28 ၂၈ ရှံဆုန် ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် မျက်စိ နှစ် ဘက်ကို ဖောက်သော ဖိလိတ္တိ လူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခု တကြိမ် မျှသာ ခွန်အား ကို ပြန်ပေးတော်မူပါဘုရား ဟု ထာဝရဘုရား အား ဆုတောင်း ပြီးမှ၊
Then Samson called out to the LORD: “O Lord GOD, please remember me. Strengthen me, O God, just once more, so that with one vengeful blow I may pay back the Philistines for my two eyes.”
29 ၂၉ စရပ် ခေါင် တိုင် နှစ် တိုင်တို့ကို လက်ျာ လက်၊ လက်ဝဲ လက်နှစ်ဘက်နှင့်ကိုင် ၍ မှီ နေလျက်၊
And Samson reached out for the two central pillars supporting the temple. Bracing himself against them with his right hand on one pillar and his left hand on the other,
30 ၃၀ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့နှင့်အတူ သေ ပါရစေဟု ဆို လျက် ၊ အား ထုတ် ၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ် သည် မင်း များ၊ လူ များအပေါင်း တို့အပေါ် မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက် ရှင်စဉ် အခါ သတ် ခဲ့သည်ထက် သေ စဉ် အခါ သာ၍များ သောသူတို့ ကိုသတ် လေ၏။
Samson said, “Let me die with the Philistines.” Then he pushed with all his might, and the temple fell on the lords and all the people in it. So in his death he killed more than he had killed in his life.
31 ၃၁ သူ့ ညီ များ၊ အဆွေအမျိုး များ အပေါင်း တို့သည် လာ ၍ အလောင်း ကောင်ကို ထမ်း သွား ပြီးလျှင် ၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား တွင် အဘ မာနော် ၏ သင်္ချိုင်း ၌ သင်္ဂြိုလ် ကြ၏။ သူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး သတည်း။
Then Samson’s brothers and his father’s family came down, carried him back, and buried him between Zorah and Eshtaol in the tomb of his father Manoah. And he had judged Israel twenty years.

< တရားသူကြီးမှတ်စာ 16 >